[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံမွာ အမ်ိဳးသား ျပန္လည္ရင္ၾကားေစ့ေရး ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ၾကဖို႔ ႏိုင္ငံတကာအသိုက္အဝန္းကို ပုပ္ရဟန္းမင္းႀကီး က အပတ္စဥ္လုပ္ေနက် ဝတ္ျပဳဆုေတာင္းပြဲမွာ ဗုဒၶဟူးေန႔က တိုက္တြန္းလိုက္ပါတယ္။
အာဏာသိမ္းတစ္ႏွစ္ျပည့္ၿပီး ေနာက္တရက္မွာ ပုပ္ရဟန္းမင္းႀကီးက ခုလို ေျပာဆိုခဲ့တာပါ။
” ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြေၾကာင့္ ေသြးေျမက်ေနတာကို စိတ္မေကာင္းစြာ ေတြ႔ျမင္ေနရပါတယ္။ ျမန္မာ-ခရစ္ယန္ ဘုန္းေတာ္ႀကီးေတြရဲ႕ ေမတၱာရပ္ခံခ်က္နဲ႔ထပ္တူ ႏိုင္ငံတကာကို ေမတၱရပ္ခံခ်င္ပါတယ္” လို႔ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။
ေဖေဖာ္ဝါရီ ၂ ရက္ေန႔အထိ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ ထုတ္ျပန္ခ်က္အရ အာဏာသိမ္းၿပီးေနာက္ ၁,၅၁၀ ေယာက္ စစ္ေကာင္စီေၾကာင့္ ေသဆုံးခဲ့ရၿပီး လူ ၂၀,၀၀၀ နီးနီးေလာက္ အဖမ္းခံခဲ့ၾကရပါတယ္။
#PopeFrancis #MilitaryCoup #အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရး #စစ္ေကာင္စီ #ေအေအပီပီ #၁၅၁၀ #ဗီြအိုေအ
=========
[[Unicode]]
မြန်မာ့အရေး နိုင်ငံတကာက တွန်းအားပေးကူညီဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်မြောက်အောင် လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ပုပ်ရဟန်းမင်းကြီး က အပတ်စဉ်လုပ်နေကျ ဝတ်ပြုဆုတောင်းပွဲမှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းတစ်နှစ်ပြည့်ပြီး နောက်တရက်မှာ ပုပ်ရဟန်းမင်းကြီးက ခုလို ပြောဆိုခဲ့တာပါ။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် သွေးမြေကျနေတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ မြန်မာ-ခရစ်ယန် ဘုန်းတော်ကြီးတွေရဲ့ မေတ္တာရပ်ခံချက်နဲ့ထပ်တူ နိုင်ငံတကာကို မေတ္တရပ်ခံချင်ပါတယ်” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၁,၅၁၀ ယောက် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရပြီး လူ ၂၀,၀၀၀ နီးနီးလောက် အဖမ်းခံခဲ့ကြရပါတယ်။
#PopeFrancis #MilitaryCoup #အမျိုးသားပြန်လည်ရင်ကြားစေ့ရေး #စစ်ကောင်စီ #အေအေပီပီ #၁၅၁၀ #ဗွီအိုအေ
=========