သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးတိုးကူညီဖို႔ အထက္လႊတ္ေတာ္အမတ္ Mitch McConnell က သမၼတ Biden ကို တိုက္တြန္း


အေမရိကန္၊ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell

[[Zawgyi/Unicode]]

ျမန္မာ့ဒီမိုေကရစီေရးအတြက္ အေမရိကန္ျပည္ေထာင္စုကကူညီမယ့္အစီအစဥ္ကို တစိုက္မတ္မတ္လုပ္ေဆာင္ဖို႔လိုအပ္ေၾကာင္း အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell က သမၼတ Biden အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

Kentucky ျပည္နယ္ အထက္လႊတ္ေတာ္အမတ္လည္းျဖစ္၊ ျမန္မာ့ေအရးကို အစဥ္တစိုက္ ကူညီေဆာင္႐ြက္ေပးေနသူတဦးလည္းျဖစ္တဲ့ Mitch McConnell က ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းတာ တႏွစ္ျပည့္တဲ့ မေန႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ရက္စြဲနဲ႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ အဲဒီလို ေဖာ္ျပထားတာပါ။

သန္းေပါင္းမ်ားစြာေသာ ျမန္မာျပည္သူေတြဟာ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ေထာက္ခံအားေပးေနေၾကၾကာင္း၊ ဒါေပမယ့္ ညီၫြတ္ၿပီး သတၱိေျပာင္ေျမာက္တဲ့ ျမန္မာ့ ဒီမိုေကရစီလႈပ္ရွားမႈႀကီးဟာ ႏိုင္ငံတကာရဲ႕ ကူညီပံ့ပိုးမႈေတြ လိုအပ္ေၾကာင္း၊ ဒါေၾကာင့္လည္း လြန္ခဲ့တဲ့ တႏွစ္တာကတည္းက သမၼတ Biden အစိုးရအေနနဲ႔ ျမန္မာ့ဒီမိုေကရစီအေရးမွာ အဟန႔္အတားျဖစ္ေနသူေတြကို အေရးယူဖို႔နဲ႔ အေမရိကန္ရဲ႕မဟာမိတ္ေတြလည္း အလားတူ လုပ္ေဆာင္ၾကဖို႔ သူ႔အေနနဲ႔ တိုက္တြန္းခဲ့ေၾကာင္း အထက္လႊတ္ေတာ္အမတ္ McConnell ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးၿပီးခ်င္း အဲဒီ အာဏာသိမ္းမႈကို သမၼတ Biden က ျပစ္တင္ရႈတ္ခ်ခဲ့တဲ့ေအပၚ အားရမႈရွိေပမယ့္ အဲဒီေလာက္နဲ႔တင္ မလုံေလာက္ေၾကာင္း၊ အေမရိကန္အစိုးရေအနနဲ႔ ဒီထက္ပိုၿပီး လုပ္ေပးႏိုင္တာေတြရွိေေနသးသလို လုပ္လည္း လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

အဲဒီလို လုပ္ေဆာင္တဲ့ေနရာမွာ အေမရိကန္အစိုးရအေနနဲ႔ အာရွေဒသတြင္းက ႏိုင္ငံေတြ၊ အထူးသျဖင့္ အိႏၵိယႏိုင္ငံနဲ႔ သံတမန္ေရးအရ ထိေတြ႔ဆက္ဆံၿပီး ဦးစားေပး ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳထားပါတယ္။ ဒါ့အျပင္ လက္ရွိ အာဆီယံအဖြဲ႔ရဲ႕ အလွည့္က်ဥကၠ႒ တာဝန္ယူထားတဲ့ ေကမာၻဒီးယားႏိုင္ငံက တရားမဝင္ စစ္အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ႏိုင္ငံတကာအစည္းေဝးပြဲေတြ ဖိတ္ေခၚဖို႔ ျပင္ဆင္ေနတဲ့ လုပ္ရပ္ေတြကို ေအမရိကန္အေနနဲ႔ လက္မခံသင့္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့အတြက္ တပ္မေတာ္တခုတည္း အက်ိဳးအျမတ္ ခံစားေနရတာမဟုတ္ေၾကာင္း၊ ဒီမိုေကရစီ ဆိတ္သုဥ္းသြားတဲ့ ျမန္မာႏိုင္ငံ တ႐ုတ္ လက္ေအာက္ခံျဖစ္လာေအာင္ တ႐ုတ္အစိုးရက ကာလရွည္ၾကာ ႀကိဳးစားလာခဲ့သလို ႐ုရွားကလည္း ပိုေနတဲ့ စစ္လက္နက္ပစၥည္းေတြ ျမန္မာႏိုင္ငံကို ေရာင္းခ်ၿပီး အျမတ္ထုတ္ေနေၾကာင္း အထက္လႊတ္ေတာ္အမတ္ McConnell ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္ဟာ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း အၾကမ္းဖက္ ဖမ္းဆီးသတ္ျဖတ္မႈေတြ လုပ္ေဆာင္ခဲ့တာမွာ သူ႔မိတ္ေဆြ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အေမရိကန္ႏိုင္ငံသား ကိုေနသန္ေမာင္နဲ႔ Danny Fensters၊ ေနာက္ၿပီး ၾသေစၾတးလ်ႏိုင္ငံသား Sean Turnell တို႔လည္း ပါဝင္တယ္ဆိုတာကို ေၾကညာခ်က္မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာ့အရေးတိုးကူညီဖို့ အထက်လွှတ်တော်အမတ် Mitch McConnell က သမ္မတ Biden ကို တိုက်တွန်း

မြန်မာ့ဒီမိုကေရစီရေးအတွက် အမေရိကန်ပြည်ထောင်စုကကူညီမယ့်အစီအစဉ်ကို တစိုက်မတ်မတ်လုပ်ဆောင်ဖို့လိုအပ်ကြောင်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က သမ္မတ Biden အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

Kentucky ပြည်နယ် အထက်လွှတ်တော်အမတ်လည်းဖြစ်၊ မြန်မာ့အေရးကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေသူတဦးလည်းဖြစ်တဲ့ Mitch McConnell က မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ တနှစ်ပြည့်တဲ့ မနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီလို ဖော်ပြထားတာပါ။

သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံအားပေးနေကြေကြာင်း၊ ဒါပေမယ့် ညီညွတ်ပြီး သတ္တိပြောင်မြောက်တဲ့ မြန်မာ့ ဒီမိုကေရစီလှုပ်ရှားမှုကြီးဟာ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေ လိုအပ်ကြောင်း၊ ဒါကြောင့်လည်း လွန်ခဲ့တဲ့ တနှစ်တာကတည်းက သမ္မတ Biden အစိုးရအနေနဲ့ မြန်မာ့ဒီမိုကေရစီအရေးမှာ အဟန့်အတားဖြစ်နေသူတွေကို အရေးယူဖို့နဲ့ အမေရိကန်ရဲ့မဟာမိတ်တွေလည်း အလားတူ လုပ်ဆောင်ကြဖို့ သူ့အနေနဲ့ တိုက်တွန်းခဲ့ကြောင်း အထက်လွှတ်တော်အမတ် McConnell ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း အဲဒီ အာဏာသိမ်းမှုကို သမ္မတ Biden က ပြစ်တင်ရှုတ်ချခဲ့တဲ့အေပါ် အားရမှုရှိပေမယ့် အဲဒီလောက်နဲ့တင် မလုံလောက်ကြောင်း၊ အမေရိကန်အစိုးရအေနနဲ့ ဒီထက်ပိုပြီး လုပ်ပေးနိုင်တာတွေရှိေနေသးသလို လုပ်လည်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အမေရိကန်အစိုးရအနေနဲ့ အာရှဒေသတွင်းက နိုင်ငံတွေ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံနဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံပြီး ဦးစားပေး ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါတယ်။ ဒါ့အပြင် လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကေမ္ဘာဒီးယားနိုင်ငံက တရားမဝင် စစ်အုပ်ချုပ်ရေးအဖွဲ့ကို နိုင်ငံတကာအစည်းဝေးပွဲတွေ ဖိတ်ခေါ်ဖို့ ပြင်ဆင်နေတဲ့ လုပ်ရပ်တွေကို အေမရိကန်အနေနဲ့ လက်မခံသင့်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် တပ်မတော်တခုတည်း အကျိုးအမြတ် ခံစားနေရတာမဟုတ်ကြောင်း၊ ဒီမိုကေရစီ ဆိတ်သုဉ်းသွားတဲ့ မြန်မာနိုင်ငံ တရုတ် လက်အောက်ခံဖြစ်လာအောင် တရုတ်အစိုးရက ကာလရှည်ကြာ ကြိုးစားလာခဲ့သလို ရုရှားကလည်း ပိုနေတဲ့ စစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောင်းချပြီး အမြတ်ထုတ်နေကြောင်း အထက်လွှတ်တော်အမတ် McConnell ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တာမှာ သူ့မိတ်ဆွေ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမေရိကန်နိုင်ငံသား ကိုနေသန်မောင်နဲ့ Danny Fensters၊ နောက်ပြီး သြစေတြးလျနိုင်ငံသား Sean Turnell တို့လည်း ပါဝင်တယ်ဆိုတာကို ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

#MitchMcConnell #Biden #NUG #MilitaryCoup #မြန်မာ့အရေး #မစ်ချ်မက်ကောနယ်လ် #ဘိုင်ဒန် #စစ်ကောင်စီ #စစ်အာဏာသိမ်းမှု #ဒီမိုကရေစီအရေး #ဗွီအိုအေမြန်မာ

=========

XS
SM
MD
LG