သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုလအတြင္းေရးမွဴးခ်ဳပ္ ျမန္မာျပည္သူေတြနဲ႔ တသားတည္းရပ္တည္


(Zawgyi / Unicode)

ဒီကေန႔ ေဖေဖၚဝါရီလ ၁ ရက္ေန႔ဟာ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္ အပါအဝင္ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမွာက္ထားတဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္အာဏာသိမ္းတာ တႏွစ္ျပည့္တဲ့ ေန႔ျဖစ္ပါတယ္။

ဒီေန႔မွာ ကုုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ျမန္မာျပည္သူေတြနဲ႔ အတူ တသားတည္းရပ္တည္ ေနေၾကာင္း ေျပာၾကားလိုက္တယ္လုိ႔ အတြင္းေရးမွဴးခ်ဳပ္ရဲ့ ဒုတိယ ေျပာခြင့္ရ Farhan Haq က တနလၤာေန႔ ကုလရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အတြင္းေရးမွဴးခ်ဳပ္ အေနနဲ႔ ျမန္မာျပည္သူေတြနဲ႔ တသားတည္း ရပ္တည္ေနေၾကာင္းနဲ႔ ရိုဟင္ဂ်ာအပါအဝင္ လူမႈအသိုင္းဝိုင္း အားလံုးအတြက္ အကာကြယ္ေပးႏိုင္ၿပီး အလံုးစံုပါဝင္တဲ့ လူ႔အဖြဲ႔အစည္းတရပ္ ျဖစ္လာဖို႔ ႏိုင္ငံသားေတြရဲ့ဒီမိုကေရစီ ေမွ်ာ္မွန္းခ်က္ေတြ အတြက္ပါ အတူရပ္တည္ေနပါတယ္ လို႔ ေျပာသြားတာပါ။

စစ္တပ္အာဏာသိမ္းထားတဲ့ တႏွစ္တာ ကာလအတြင္း အၾကမ္းဖက္မႈေတြ ျပင္းထန္သလို လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ၊ လူသားစာနာမႈ ျပႆနာေတြနဲ႔ ဆင္းရဲမြဲေတမႈလည္း ခ်က္ခ်င္းတိုးလာခဲ့တာေၾကာင့္ ႏိုင္ငံတလႊား ဘက္စံုက အားနည္းမႈ ဒဏ္ခံရသလို ေဒသတြင္း အတြက္ပါ သက္ေရာက္မႈေတြ ရွိလာတာေၾကာင့္ ဒီကိစၥကို အေရးတႀကီး တုံ႔ျပန္ ေျဖရွင္းဖို႔ လိုအပ္တယ္ လို႔လည္း ေျပာပါတယ္။

ျမန္မာျပည္သူေတြအတြက္ ခိုင္မာတဲ့ ရလဒ္ေတြ႔ရဖို႔လည္း လိုအပ္ေနသလို လက္နက္ကိုင္အဖြဲ႔အစည္း အားလံုးအေနနဲ႔ လူသားလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္ေရးကို ေလးစားဖို႔ လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။

ကုလသမဂၢနဲ႔ မိတ္ေဆြေတြဟာ ႏိုင္ငံတြင္း တကယ္လိုအပ္ေနသူေတြဆီ သြားေရာက္အကူညီေရး လက္လွမ္းမွီဖို႔ လိုအပ္ၿပီး လက္ေတြ႔လည္း အကူညီဆက္ေပးေနတယ္လို႔ ေျပာပါတယ္။ ျမန္မာႏုိင္ငံတြင္းမွာ ဒီလိုလိုအပ္ေနသူေပါင္း ၁၄ ဒသမ ၄ သန္းရွိေနၿပီး သူတုိ႔ကို အကူညီေပးဖို႔ အစီစဥ္သစ္ေတြ ခ်မွတ္ထားသလို ဒီအစီစဥ္အတြက္ ရံပံုေငြ ေဒၚလာ ၈၂၆ သန္း လိုအပ္ေနတယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်

ဒီကနေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းတာ တနှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။

ဒီနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာပြည်သူတွေနဲ့ အတူ တသားတည်းရပ်တည် နေကြောင်း ပြောကြားလိုက်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq က တနင်္လာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေကြောင်းနဲ့ ရိုဟင်ဂျာအပါအဝင် လူမှုအသိုင်းဝိုင်း အားလုံးအတွက် အကာကွယ်ပေးနိုင်ပြီး အလုံးစုံပါဝင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာဖို့ နိုင်ငံသားတွေရဲ့ဒီမိုကရေစီ မျှော်မှန်းချက်တွေ အတွက်ပါ အတူရပ်တည်နေပါတယ် လို့ ပြောသွားတာပါ။

စစ်တပ်အာဏာသိမ်းထားတဲ့ တနှစ်တာ ကာလအတွင်း အကြမ်းဖက်မှုတွေ ပြင်းထန်သလို လူ့အခွင့်ရေးချိုးဖေါက်မှုတွေ၊ လူသားစာနာမှု ပြဿနာတွေနဲ့ ဆင်းရဲမွဲတေမှုလည်း ချက်ချင်းတိုးလာခဲ့တာကြောင့် နိုင်ငံတလွှား ဘက်စုံက အားနည်းမှု ဒဏ်ခံရသလို ဒေသတွင်း အတွက်ပါ သက်ရောက်မှုတွေ ရှိလာတာကြောင့် ဒီကိစ္စကို အရေးတကြီး တုံ့ပြန် ဖြေရှင်းဖို့ လိုအပ်တယ် လို့လည်း ပြောပါတယ်။

မြန်မာပြည်သူတွေအတွက် ခိုင်မာတဲ့ ရလဒ်တွေ့ရဖို့လည်း လိုအပ်နေသလို လက်နက်ကိုင်အဖွဲ့အစည်း အားလုံးအနေနဲ့ လူသားလွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေးကို လေးစားဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂနဲ့ မိတ်ဆွေတွေဟာ နိုင်ငံတွင်း တကယ်လိုအပ်နေသူတွေဆီ သွားရောက်အကူညီရေး လက်လှမ်းမှီဖို့ လိုအပ်ပြီး လက်တွေ့လည်း အကူညီဆက်ပေးနေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဒီလိုလိုအပ်နေသူပေါင်း ၁၄ ဒသမ ၄ သန်းရှိနေပြီး သူတို့ကို အကူညီပေးဖို့ အစီစဉ်သစ်တွေ ချမှတ်ထားသလို ဒီအစီစဉ်အတွက် ရံပုံငွေ ဒေါ်လာ ၈၂၆ သန်း လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG