သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ အပါအဝင္ ကမ ၻာ့ အာဏာသိမ္း ကူးစက္ေရာဂါကို ထိထိေရာက္ေရာက္ ကိုင္တြယ္ဖို႔ လိုအပ္ (ကုလအတြင္းေရးမွဴးခ်ဳပ္)


(Zawgyi / Unicode)


ျမန္မာႏိုင္ငံ အပါအဝင္ ကမာၻေပၚက ႏိုင္ငံတခ်ိဳ႕မွာ အာဏာသိမ္းတဲ့လုပ္ရပ္ေတြဟာ ကူးစက္ေရာဂါလို ပ်ံ႕ႏွံ႔လာေနတာေၾကာင့္ လုံၿခဳံေရးေကာင္စီက ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းဖို႔ ကုလသမဂၢ အႀကီးအကဲက တိုက္တြန္းလိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ ေတြ႕ရသလို၊ အာဖရိကႏိုင္ငံေတြမွာလည္း အာဏာသိမ္းတဲ့ လုပ္ရပ္ေတြ ေတြ႕ေနရပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က သတင္းစာ ရွင္းလင္းပြဲမွာ ဗြီအိုေအရဲ႕ ေမးခြန္းကို ေျဖၾကားသြားခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း လူေပါင္း ၁,၀၀၀ ေက်ာ္ ေသဆုံးခဲ့ရတာ အပါအဝင္ ႏိုင္ငံေရး အက်ပ္အတည္းေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ေပၚေပါက္ေနေပမဲ့ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းက ထိထိေရာက္ေရာက္ မေျဖရွင္းႏိုင္တာကိုလည္း အတြင္းေရးမႉးခ်ဳပ္က အေလးထား ေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံအျပင္ အာဖရိကတိုက္က ဆူဒန္ႏိုင္ငံမွာလည္း ဒီတပတ္ထဲ စစ္တပ္က အာဏာသိမ္းခဲ့သလို၊ ဒီမတိုင္ခင္မွာ မာလီနဲ႔ ဂီႏိုင္ငံေတြမွာ အာဏာသိမ္းမႈေတြ ေပၚေပါက္ခဲ့သလို တျခားႏိုင္ငံေတြမွာ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈေတြလည္း ရွိခဲ့တာပါ။ ပိတ္ဆို႔ဒဏ္ခတ္မႈေတြနဲ႔ စစ္ေရးအရ အေရးယူတာေတြ လုပ္ပိုင္ခြင့္ရွိတဲ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီကေတာ့ ျမန္မာႏိုင္ငံ အေျခအေနနဲ႔ ပတ္သက္လို႔ စိုးရိမ္ေၾကာင္းနဲ႔ မာလီႏိုင္ငံက စစ္အာဏာသိမ္းမႈကိုေတာ့ ျပစ္တင္ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကေတာ့ ကူးစက္ေရာဂါလို ပ်ံ႕ႏွံ႔လာေနတဲ့ အာဏာသိမ္းမႈေတြကို လုံၿခဳံေရးေကာင္စီကေန ထိထိေရာက္ေရာက္ ဟန႔္တားႏိုင္ေအာင္ ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြ ညီညီၫြတ္ၫြတ္နဲ႔ ေဆာင္႐ြက္ၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာ အပါအဝင် ကမ ္ဘာ့ အာဏာသိမ်း ကူးစက်ရောဂါကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ် (ကုလအတွင်းရေးမှူးချုပ်)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတချို့မှာ အာဏာသိမ်းတဲ့လုပ်ရပ်တွေဟာ ကူးစက်ရောဂါလို ပျံ့နှံ့လာနေတာကြောင့် လုံခြုံရေးကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ တွေ့ရသလို၊ အာဖရိကနိုင်ငံတွေမှာလည်း အာဏာသိမ်းတဲ့ လုပ်ရပ်တွေ တွေ့နေရပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ဗွီအိုအေရဲ့ မေးခွန်းကို ဖြေကြားသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရတာ အပါအဝင် နိုင်ငံရေး အကျပ်အတည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကိုလည်း အတွင်းရေးမှူးချုပ်က အလေးထား ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအပြင် အာဖရိကတိုက်က ဆူဒန်နိုင်ငံမှာလည်း ဒီတပတ်ထဲ စစ်တပ်က အာဏာသိမ်းခဲ့သလို၊ ဒီမတိုင်ခင်မှာ မာလီနဲ့ ဂီနိုင်ငံတွေမှာ အာဏာသိမ်းမှုတွေ ပေါ်ပေါက်ခဲ့သလို တခြားနိုင်ငံတွေမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေလည်း ရှိခဲ့တာပါ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ စစ်ရေးအရ အရေးယူတာတွေ လုပ်ပိုင်ခွင့်ရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ မာလီနိုင်ငံက စစ်အာဏာသိမ်းမှုကိုတော့ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ကူးစက်ရောဂါလို ပျံ့နှံ့လာနေတဲ့ အာဏာသိမ်းမှုတွေကို လုံခြုံရေးကောင်စီကနေ ထိထိရောက်ရောက် ဟန့်တားနိုင်အောင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

(Unicode)

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG