သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စာနာမႈအကူအညီ လိုအပ္ခ်ိန္ ႏိုင္ငံေရးကို ေရွ႕တန္းမတင္ဖို႔လိုအပ္ (Andrew Kirkwood)


Andrew Kirkwood

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ လတ္တေလာ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို အခ်ိန္မီ မေျဖရွင္းႏိုင္ရင္ ဒီထက္ပိုဆိုးလာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အဆင့္ျမင့္အရာရွိက သတိေပးလိုက္ပါတယ္။ လူေပါင္းသန္းခ်ီ စာနာမႈ အကူအညီေတြ လိုအပ္ေနတဲ့ အေျခအေနမွာ ႏိုင္ငံေရးကို ေရွ႕တန္းမတင္ၾကဖို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရးမွဴး Andrew Kirkwood က တိုက္တြန္းလိုက္တာပါ။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အဆင့္ျမင့္အရာရွိရဲ႕ ၾကာသပေတးေန႔ အြန္လိုင္းသတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားခ်က္ေတြကိုေတာ့ ကိုေအာင္လြင္ဦး ကေျပာျပေပးမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၈ လရွိလာခ်ိန္မွာ ႏိုင္ငံေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းေတြဟာ စိုးရိမ္စရာ ေကာင္းေလာက္ေအာင္ ႀကီးထြားလာေနတဲ့အေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ ယာယီဌာေန ညႇိႏႈိင္းေရးမွဴးလည္းျဖစ္၊ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရးမွဴးလည္းျဖစ္တဲ့ Andrew Kirkwood ကေျပာလိုက္တာပါ။ ျမန္မာႏိုင္ငံမွာ ဆယ္စုႏွစ္ တခုေက်ာ္ၾကာ တာ၀န္ယူခဲ့တဲ့ ကာလတေလွ်ာက္ လက္ရွိအေျခအေနဟာ အဆိုးဆုံးအျဖစ္နဲ႔လည္း နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ က်င္းပတဲ့ ၾကာသပေတးေန႔က သတင္းစာရွင္းလင္းပဲြကို အြန္လိုင္းက ပါ၀င္ရာမွာ ေျပာဆိုလိုက္တာပါ။

“အခုေလာက္ ဆိုးတဲ့ အေျခအေနမ်ဳိး အရင္က မၾကံဳခဲ့ဖူးပါဘူး။ ဒီထက္ပို ဆိုးလာမွာကိုလည္း စိုးရိမ္ရပါတယ္။”

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းတာကို ဆန္႔က်င္အုံႂကြမႈေတြနဲ႔အတူ ေနာက္ဆက္တဲြ မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ အရင္က စာနာမႈအကူအညီ လိုအပ္သူ ၁ သန္းေလာက္ ရွိေနရာကေန ၃ သန္းအထိ တိုးလာခဲ့တဲ့အတြက္ စိုးရိမ္စရာ ေကာင္းတယ္လို႔လည္း ေျပာပါတယ္။

“လူသားခ်င္း စာနာမႈ အကူအညီလိုအပ္ေနသူ အေရအတြက္ဟာ အခုဆိုရင္ ၃ သန္း ရွိေနပါၿပီ။ ဒါဟာ ၿပီးခဲ့တဲ့ ၈ လအတြင္း ၃ ဆျဖစ္လာတာပါ။ ေနာက္ထပ္ သန္း ၂၀ ေလာက္ဟာလည္း ဆင္းရဲမဲြေတမႈအဆင့္ သတ္မွတ္ခ်က္ေအာက္မွာ ရွိေနပါတယ္။ လူဦးေရ တ၀က္ေလာက္ ဆင္းရဲမႈနဲ႔ ရင္ဆိုင္ေနရတဲ့ အေျခအေနမ်ဳိးကို အနည္းဆုံး လြန္ခဲ့တဲ့ အႏွစ္ ၂၀ မွာ မေတြ႕ခဲ့ဖူးပါဘူး။”

ျမန္မာႏိုင္ငံမွာ စာနာမႈ အကူအညီလိုအပ္ေနသူ ၃ သန္းေလာက္အတြက္ ဒီႏွစ္မွာ ရန္ပုံေငြ ေဒၚလာ ၃၈၅ သန္း လိုအပ္ေပမဲ့ အခုအခ်ိန္အထိ ၃ ပုံ ၁ ပုံသာ ရရွိထားေသးတယ္လို႔လည္း ေျပာပါတယ္။ စစ္အာဏာသိမ္းမႈ ေနာက္ဆက္တဲြ ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အျပင္းအထန္ ၾကံဳခဲ့ရတဲ့ ျမန္မာႏိုင္ငံမွာ စာနာမႈ အကူအညီေတြ ေပးအပ္ရာမွာ သြားေရးလာေရး၊ လုံျခံဳေရး စိန္ေခၚမႈေတြ ႀကီးႀကီးမားမား ရွိေနတာကိုလည္း ကုလသမဂၢ ဌာေနအရာရွိ Kirkwood ကေျပာဆိုခဲ့တာပါ။ အကူအညီလိုအပ္ခ်က္ေတြ ႀကီးႀကီးမားမား ရွိေနခ်ိန္မွာ ကုလသမဂၢ အဖဲြ႕အစည္းေတြ အပါအ၀င္ စာနာမႈ အကူအညီေပးတဲ့ သူေတြကို ႏိုင္ငံေရးအျမင္နဲ႔ မၾကည့္ၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

“ခံစားခ်က္ေတြက သိပ္ကိုျမင့္မားေနပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကလည္း စိတ္ပ်က္ေနၾကပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ စာနာမႈ အကူအညီေပးတာဟာ ပဋိပကၡမွာ တဖက္ဖက္ကို ဘက္လိုက္တယ္ဆိုတဲ့ အျမင္လဲြမွားမႈေတြလည္း ရွိပါတယ္။ ကုလသမဂၢနဲ႔ မိတ္ဖက္ အဖဲြ႕အစည္းေတြဟာ စာနာမႈ အကူအညီေတြကို ႏိုင္ငံတကာမွာ လက္ခံထားတဲ့ အေျခခံစည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ေပးအပ္ဖို႔ သႏၷိဓာန္ခ်ထားပါတယ္။ ျမန္မာျပည္သူေတြကို ကူညီတဲ့ ေနရာမွာလည္း ေသခ်ာေပါက္ ဘက္လိုက္မွာ မဟုတ္ပါဘူး။”

ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြဟာ ထိန္းမႏိုင္သိမ္းမရ အဆင့္အထိ ေရာက္မလာေအာင္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ႀကိဳးပမ္းၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္ ထြက္ေပၚလာၿပီး ေနာက္တရက္မွာပဲ ျမန္မာႏိုင္ငံဆိုင္ရာ အရာရွိရဲ႕ သတိေပးခ်က္ ထြက္ေပၚလာတာပါ။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာကို ပိုမိုခ်ဳပ္ကိုင္လာတာကို တန္ျပန္ဖို႔ ခက္ခဲလာမွာကို စိုးရိမ္ေၾကာင္းနဲ႔ အေျခအေနေတြဟာ ေဒသတြင္းမွာ သာမက တျခားကိုပါ ပ်ံ႕ႏွံ႔လာမွာ စိုးရိမ္ေၾကာင္း အေထြေထြ ညီလာခံကို ဗုဒၶဟူးေန႔က ေပးပို႔တဲ့ အစီရင္ခံစာမွာ ေျပာဆိုထားပါတယ္။

[ Unicode ]

စာနာမှု အကူအညီ လိုအပ်ချိန် နိုင်ငံရေးကို ရှေ့တန်းမတင်ဖို့လိုအပ် (Andrew Kirkwood)

မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို အချိန်မီ မဖြေရှင်းနိုင်ရင် ဒီထက်ပိုဆိုးလာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိက သတိပေးလိုက်ပါတယ်။ လူပေါင်းသန်းချီ စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေမှာ နိုင်ငံရေးကို ရှေ့တန်းမတင်ကြဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Andrew Kirkwood က တိုက်တွန်းလိုက်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိရဲ့ ကြာသပတေးနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ လရှိလာချိန်မှာ နိုင်ငံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ကြီးထွားလာနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးလည်းဖြစ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Andrew Kirkwood ကပြောလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တခုကျော်ကြာ တာဝန်ယူခဲ့တဲ့ ကာလတလျှောက် လက်ရှိအခြေအနေဟာ အဆိုးဆုံးအဖြစ်နဲ့လည်း နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းက ပါဝင်ရာမှာ ပြောဆိုလိုက်တာပါ။

“အခုလောက် ဆိုးတဲ့ အခြေအနေမျိုး အရင်က မကြုံခဲ့ဖူးပါဘူး။ ဒီထက်ပို ဆိုးလာမှာကိုလည်း စိုးရိမ်ရပါတယ်။”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်အုံကြွမှုတွေနဲ့အတူ နောက်ဆက်တွဲ မတည်မငြိမ် အခြေအနေတွေကြောင့် အရင်က စာနာမှုအကူအညီ လိုအပ်သူ ၁ သန်းလောက် ရှိနေရာကနေ ၃ သန်းအထိ တိုးလာခဲ့တဲ့အတွက် စိုးရိမ်စရာ ကောင်းတယ်လို့လည်း ပြောပါတယ်။

“လူသားချင်း စာနာမှု အကူအညီလိုအပ်နေသူ အရေအတွက်ဟာ အခုဆိုရင် ၃ သန်း ရှိနေပါပြီ။ ဒါဟာ ပြီးခဲ့တဲ့ ၈ လအတွင်း ၃ ဆဖြစ်လာတာပါ။ နောက်ထပ် သန်း ၂၀ လောက်ဟာလည်း ဆင်းရဲမွဲတေမှုအဆင့် သတ်မှတ်ချက်အောက်မှာ ရှိနေပါတယ်။ လူဦးရေ တဝက်လောက် ဆင်းရဲမှုနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးကို အနည်းဆုံး လွန်ခဲ့တဲ့ အနှစ် ၂၀ မှာ မတွေ့ခဲ့ဖူးပါဘူး။”

မြန်မာနိုင်ငံမှာ စာနာမှု အကူအညီလိုအပ်နေသူ ၃ သန်းလောက်အတွက် ဒီနှစ်မှာ ရန်ပုံငွေ ဒေါ်လာ ၃၈၅ သန်း လိုအပ်ပေမဲ့ အခုအချိန်အထိ ၃ ပုံ ၁ ပုံသာ ရရှိထားသေးတယ်လို့လည်း ပြောပါတယ်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အပြင်းအထန် ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ စာနာမှု အကူအညီတွေ ပေးအပ်ရာမှာ သွားရေးလာရေး၊ လုံခြုံရေး စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေတာကိုလည်း ကုလသမဂ္ဂ ဌာနေအရာရှိ Kirkwood ကပြောဆိုခဲ့တာပါ။ အကူအညီလိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေချိန်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် စာနာမှု အကူအညီပေးတဲ့ သူတွေကို နိုင်ငံရေးအမြင်နဲ့ မကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“ခံစားချက်တွေက သိပ်ကိုမြင့်မားနေပါတယ်။ လူတော်တော်များများကလည်း စိတ်ပျက်နေကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် စာနာမှု အကူအညီပေးတာဟာ ပဋိပက္ခမှာ တဖက်ဖက်ကို ဘက်လိုက်တယ်ဆိုတဲ့ အမြင်လွဲမှားမှုတွေလည်း ရှိပါတယ်။ ကုလသမဂ္ဂနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဟာ စာနာမှု အကူအညီတွေကို နိုင်ငံတကာမှာ လက်ခံထားတဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပေးအပ်ဖို့ သန္နိဓာန်ချထားပါတယ်။ မြန်မာပြည်သူတွေကို ကူညီတဲ့ နေရာမှာလည်း သေချာပေါက် ဘက်လိုက်မှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေဟာ ထိန်းမနိုင်သိမ်းမရ အဆင့်အထိ ရောက်မလာအောင် နိုင်ငံတကာ အသိုင်းအဝန်းက ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး နောက်တရက်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အရာရှိရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကို ပိုမိုချုပ်ကိုင်လာတာကို တန်ပြန်ဖို့ ခက်ခဲလာမှာကို စိုးရိမ်ကြောင်းနဲ့ အခြေအနေတွေဟာ ဒေသတွင်းမှာ သာမက တခြားကိုပါ ပျံ့နှံ့လာမှာ စိုးရိမ်ကြောင်း အထွေထွေ ညီလာခံကို ဗုဒ္ဓဟူးနေ့က ပေးပို့တဲ့ အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG