သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံအတြက္ လိုအပ္တဲ႔ စာနာမႈအကူအညီ မလံုေလာက္ေသး (ကုလေျပာခြင္႔ရ Stephane Dujarric)


(Zawgyi/ Unicode)

စစ္အာဏာသိမ္းမႈနဲ႔ Covid-19 ဒဏ္သင့္ ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာေထာက္ကူမႈ အကူအညီ ေပးဖို႔ လိုအပ္တဲ႔ ရန္ပံုေငြရဲ႕ ထက္၀က္နီးပါးဘဲ ရရွိေနေသးေၾကာင္း ကုလသမဂၢက တနလာၤေန႔မွာ ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ လူ ၃ သန္းေက်ာ္ကို ကူညီေပးႏိုင္ေရး အတြက္ ေဒၚလာ ၂၇၆ သန္းေက်ာ္ လိုအပ္ေနတာပါ။ မသိဂၤ ီထိုက္ စုစည္းတင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ Covid-19 ကပ္ေဘးေရာဂါ၊ ေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းမႈရဲ႕ အက်ိဳးဆက္ေတြေၾကာင့္ လူသားခ်င္းစာနာ ေထာက္ကူမႈဆိုင္ရာ အၾကပ္အတည္း ျပႆနာက ပိုၿပီး ဆိုးရြားလာေၾကာင္း ကုလသမဂၢက ေျပာပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း ႏိုင္ငံတြင္းမွာ လူသားခ်င္း စာနာေထာက္ကူမႈ အကူအညီ ေပးဖို႔ လိုအပ္တဲ႔ ျမန္မာ ျပည္သူ ၂ သန္း ထပ္တိုးလာခဲ႔ၿပီး အကူအညီ လိုအပ္သူ စုစုေပါင္း လူ ၃ သန္းေလာက္ ရွိေနေၾကာင္း၊ ဒါေပမယ့္ လိုအပ္တဲ႔ ရန္ပံုေငြ မျပည့္မီေသးေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က တနလာၤေန႔ နယူးေယာက္ ကုလသမဂၢ ရံုးခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

" လူေပါင္း ၃ သန္းေက်ာ္ကို ကူညီေပးႏိုင္ေရး အတြက္ ၂၀၂၁ ခုႏွစ္ လူသားခ်င္းစာနာမႈ တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္ အတြက္ ေဒၚလာ ၂၇၆ ဒသမ ၅ သန္း လိုအပ္ေနပါတယ္။ ဒါေပမယ့္ ၄၇ ရာခိုင္ႏႈန္းဘဲ ရရွိထားပါတယ္။"

ၿမိဳ႕ျပမွာ ေနထိုင္ၾကတဲ႔ မိသားစုေတြက အကူအညီ အလိုအပ္ဆံုး ျဖစ္ေနၿပီး အဓိက အားျဖင့္ေတာ့ ရန္ကုန္နဲ႔ မႏၲေလးမွာ ျဖစ္ေၾကာင္း၊ ပဋိ္ပကၡဒဏ္သင့္တဲ႔ ႏိုင္ငံ အေရွ႕ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္း ေဒသေတြမွာလည္း လိုအပ္ေနေၾကာင္း ကုလသမဂၢက ေျပာပါတယ္။ ပဋိပကၡေၾကာင့္ ႏိုင္ငံတြင္းမွာဘဲ ထြက္ေျပး တိမ္းေရွာင္ရမႈ အမ်ားဆံုး ေဒသေတြထဲမွာေတာ့ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ကယား၊ ကရင္ ျပည္နယ္ေတြ၊ ေနာက္ စစ္ကိုင္းနဲ႔ မေကြးတိုင္း တို႔ ပါ၀င္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း လက္နက္ကိုင္ တိုက္ပြဲေတြ အတြင္း ျပည္တြင္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူ ၂၂၀,၀၀၀ ေက်ာ္ ရွိေနေၾကာင္း ရခိုင္ျပည္နယ္မွာ ၿငိမ္သက္ေနေပမယ့္လည္း ရိကၡာမလံုေလာက္မႈ ပိုဆိုးလာတာနဲ႔ အတူ အေျခအေန ဆိုးရြားေနဆဲ ျဖစ္ေၾကာင္းလည္း ကုလသမဂၢက ေျပာပါတယ္။

ႏိုင္ငံတြင္းမွာ ျဖစ္ေနဆဲ Covid-19 ကပ္ေဘးေရာဂါ ျဖစ္ပြားသူနဲ႔ ေသဆံုးသူ အေရအတြက္က တရား၀င္ ထုတ္တာထက္ ပိုမ်ားတဲ႔ အေနအထားလို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

" ျမန္မာႏိုင္ငံမွာ ကူးစက္ ျဖစ္ပြားသူ ၄၅၀,၀၀၀ ဦး ရွိၿပီး ၁၇,၀၀၀ ေသဆံုးတယ္လို႔ ေဖာ္ျပပါတယ္။ ဒါေပမယ့္ ဒီအေရတြက္ထက္ ပိုၿပီးမ်ားပံု ရပါတယ္။ "

စက္တင္ဘာလ ၂၄ ရက္ေန႔က ထုတ္ျပန္တဲ႔ စာရင္းကို ကိုးကားၿပီး ကုလသမဂၢက ေျပာဆိုခဲ႔တာပါ။

လက္ရွိမွာေတာ့ ကုလသမဂၢနဲ႔ မိတ္ဖက္ အဖြဲ႔အစည္းေတြက ေရႊ႕ေျပာင္းရမႈေၾကာင့္ ထိခိုက္ သက္ေရာက္ရသူေတြကို ကူညီေပးေရး၊ ရိကၡာ မလံုေလာက္မႈနဲ႔ Covid-19 ဗိုင္းရပ္စ္ ကပ္ေဘး အေရးတို႔ အတြက္ ေဆာင္ရြက္ေပးေနၿပီး ကမ ၻာ့စားနပ္ရိကၡာ အဖြဲ႔ WFP က ေမလ ကတည္းက စလို႔ ရန္ကုန္မွာ လူေပါင္း ၈၀၀,၀၀၀ ေက်ာ္ အတြက္ ကူညီေထာက္ပံ႔ခဲ႔ေၾကာင္းလည္း ေျပာပါတယ္။ ဒါေပမယ့္လည္း အကူအညီေပးေရး လုပ္ငန္းေတြမွာလည္း ႀကိဳးနီစနစ္ အတားအဆီး အခက္အခဲေတြ၊ ေနာက္ ဘဏ္စနစ္ အခက္အခဲေတြ အပါအ၀င္ အခက္အခဲေတြ ၾကံဳေတြ႕ေနရေၾကာင္းလည္း ကုလသမဂၢက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ စာနာမှုအကူအညီ မလုံလောက်သေး (ကုလပြောခွင့်ရ Stephane Dujarric)

စစ်အာဏာသိမ်းမှုနဲ့ Covid-19 ဒဏ်သင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ကူမှု အကူအညီ ပေးဖို့ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ထက်ဝက်နီးပါးဘဲ ရရှိနေသေးကြောင်း ကုလသမဂ္ဂက တနလာၤနေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ ၃ သန်းကျော်ကို ကူညီပေးနိုင်ရေး အတွက် ဒေါ်လာ ၂၇၆ သန်းကျော် လိုအပ်နေတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ Covid-19 ကပ်ဘေးရောဂါ၊ နောက် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေကြောင့် လူသားချင်းစာနာ ထောက်ကူမှုဆိုင်ရာ အကြပ်အတည်း ပြဿနာက ပိုပြီး ဆိုးရွားလာကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံတွင်းမှာ လူသားချင်း စာနာထောက်ကူမှု အကူအညီ ပေးဖို့ လိုအပ်တဲ့ မြန်မာ ပြည်သူ ၂ သန်း ထပ်တိုးလာခဲ့ပြီး အကူအညီ လိုအပ်သူ စုစုပေါင်း လူ ၃ သန်းလောက် ရှိနေကြောင်း၊ ဒါပေမယ့် လိုအပ်တဲ့ ရန်ပုံငွေ မပြည့်မီသေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

" လူပေါင်း ၃ သန်းကျော်ကို ကူညီပေးနိုင်ရေး အတွက် ၂၀၂၁ ခုနှစ် လူသားချင်းစာနာမှု တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ် အတွက် ဒေါ်လာ ၂၇၆ ဒသမ ၅ သန်း လိုအပ်နေပါတယ်။ ဒါပေမယ့် ၄၇ ရာခိုင်နှုန်းဘဲ ရရှိထားပါတယ်။"

မြို့ပြမှာ နေထိုင်ကြတဲ့ မိသားစုတွေက အကူအညီ အလိုအပ်ဆုံး ဖြစ်နေပြီး အဓိက အားဖြင့်တော့ ရန်ကုန်နဲ့ မန္တလေးမှာ ဖြစ်ကြောင်း၊ ပဋိပက္ခဒဏ်သင့်တဲ့ နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာလည်း လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ပဋိပက္ခကြောင့် နိုင်ငံတွင်းမှာဘဲ ထွက်ပြေး တိမ်းရှောင်ရမှု အများဆုံး ဒေသတွေထဲမှာတော့ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင် ပြည်နယ်တွေ၊ နောက် စစ်ကိုင်းနဲ့ မကွေးတိုင်း တို့ ပါဝင်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် တိုက်ပွဲတွေ အတွင်း ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂၂၀,၀၀၀ ကျော် ရှိနေကြောင်း ရခိုင်ပြည်နယ်မှာ ငြိမ်သက်နေပေမယ့်လည်း ရိက္ခာမလုံလောက်မှု ပိုဆိုးလာတာနဲ့ အတူ အခြေအနေ ဆိုးရွားနေဆဲ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

နိုင်ငံတွင်းမှာ ဖြစ်နေဆဲ Covid-19 ကပ်ဘေးရောဂါ ဖြစ်ပွားသူနဲ့ သေဆုံးသူ အရေအတွက်က တရားဝင် ထုတ်တာထက် ပိုများတဲ့ အနေအထားလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

" မြန်မာနိုင်ငံမှာ ကူးစက် ဖြစ်ပွားသူ ၄၅၀,၀၀၀ ဦး ရှိပြီး ၁၇,၀၀၀ သေဆုံးတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် ဒီအရေတွက်ထက် ပိုပြီးများပုံ ရပါတယ်။ "

စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂက ပြောဆိုခဲ့တာပါ။

လက်ရှိမှာတော့ ကုလသမဂ္ဂနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ရွှေ့ပြောင်းရမှုကြောင့် ထိခိုက် သက်ရောက်ရသူတွေကို ကူညီပေးရေး၊ ရိက္ခာ မလုံလောက်မှုနဲ့ Covid-19 ဗိုင်းရပ်စ် ကပ်ဘေး အရေးတို့ အတွက် ဆောင်ရွက်ပေးနေပြီး ကမ ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP က မေလ ကတည်းက စလို့ ရန်ကုန်မှာ လူပေါင်း ၈၀၀,၀၀၀ ကျော် အတွက် ကူညီထောက်ပံ့ခဲ့ကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့်လည်း အကူအညီပေးရေး လုပ်ငန်းတွေမှာလည်း ကြိုးနီစနစ် အတားအဆီး အခက်အခဲတွေ၊ နောက် ဘဏ်စနစ် အခက်အခဲတွေ အပါအဝင် အခက်အခဲတွေ ကြုံတွေ့နေရကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG