(Zawgyi/Unicode)
အာဏာသိမ္းထားတဲ့ စစ္တပ္ရဲ႕ လံုျခံဳေရးတပ္ေတြက ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ အရပ္သားျပည္သူေတြကို တိုက္ခိုက္ေနတာေၾကာင့္ လူသားခ်င္းစာနာမႈဆိုင္ရာ ေဒသတြင္း အေျခေနဟာ စိုးရိမ္ရတဲ့ အေနထားေရာက္ေနၿပီလို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။
လံုျခံဳေရးတပ္ေတြက မင္းတပ္ေဒသခံ အရပ္သားျပည္သူေတြအေပၚ ဆန္းစစ္ခြဲျခားမႈမရွိပဲ တိုက္ခိုက္ေနတာေၾကာင့္ အရပ္သားထိခိုက္ေသဆံုးမႈေတြရွိေနသလို ေနအိမ္ေတြကို စြန္႔ခြါထြက္ေျပးရသူေတြပါ ရွိေနပါတယ္။ မင္းတပ္မွာ ေမလ ၁၂ ရက္ေန႔ကစၿပီး တိုက္ခိုက္မႈေတြ တိုးလာတဲ့အတြက္ ေနအိမ္ေတြကေန ထြက္ေျပးပုန္းေရွာင္ရသူ ၄ ၀၀၀ နီးပါးရွိေနသလို အနားဝန္းက်င္က ေတာေတာင္ေတြထဲ ပုန္းေအာင္ေနရသူကလည္း ေထာင္နဲ႔ခ်ီရွိမယ္လို႔ ယံုၾကည္ရေၾကာင္း ေျပာသြားတာပါ။
တိုက္ပြဲေတြ ျပင္းထန္ေနခ်ိန္မွာ အရပ္သား အမ်ားအျပားကို ေဘးးလြတ္ရာထြက္သြားခြင့္ မျပဳခဲ့သလို ေဒသခံအရပ္သားေတြကို စစ္တပ္က လူသားဒိုင္းသဖြယ္ အသံုးခ်တာနဲ႔ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ ရွိေနတယ္ ဆိုတဲ့ သတင္းေတြရတဲ့ အတြက္ ဌာေန ကုလသမဂၢအဖြဲ႔က စိတ္ပူေနေၾကာင္းလည္း ေျပာပါတယ္။
ဒါ့အျပင္ ေဒသခံ အမ်ားအျပားဟာ စားနပ္ရိကၡာ၊ ေသာက္သံုးေရ၊ ေနထိုင္စရာအမိုးအကာနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ အေရးတႀကီး လိုအပ္ေနေၾကာင္းနဲ႔ ဒါကိုျဖည့္ဆည္းေပးဖို႔ ကုလသမဂၢနဲ႔ မိတ္ေဆြအဖဲြ႕ေတြက ႀကိဳးစားေပမယ့္ အဲဒီေဒသမွာ တိုက္ပြဲေတြ ဆက္ျဖစ္ပြါးေနသလို လမ္းပိတ္ဆို႔မႈေတြ ရွိေနတာေၾကာင့္ အခက္အခဲေတြ ၾကံဳေနရတယ္လို႔လည္း ေျပာပါတယ္။
လံုျခံဳေရးတပ္ေတြ အေနနဲ႔ အရပ္သားေတြနဲ႔ ျပည္သူပိုင္ အေဆာက္အအံုေတြ မထိခိုက္ေအာင္ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ဖို႔နဲ႔ ပစ္မွတ္ကို ခြဲျခားဖို႔၊ အင္အားအလြန္အကၽြံမသံုးဖို႔နဲ႔ အရပ္သားေတြကို ကာကြယ္ေစာင့္ေရွာက္ၾကဖို႔လည္း ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။
ဒါ့အျပင္ ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈ အကူညီေတြ လံုျခံဳမႈရွိရွိ အေႏွာက္အယွက္မရွိေပးႏိုင္ ေအာင္ လုပ္ေပးဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။
ျမန္မာႏိုင္ငံရဲ႕ ေနာက္ဆံုးအေျခေနေတြနဲ႔ ပတ္သက္ၿပီး ထိုင္းႏိုင္ငံကို ေရာက္ေနတဲ့ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ဟာ တနလၤာေန႔ မနက္ ၁၁ နာရီမွာ အြန္လိ္ုင္းသတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္မွာ ျဖစ္ေၾကာင္းလည္း အတြင္းေရးမႈးခ်ဳပ္ ေျပာခြင့္ရက ေျပာပါတယ္။
............
မင်းတပ်မြို့ နှိမ်နင်းမှုအပေါ် ကုလသမဂ္ဂ သတိပေး
(Unicode)
အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ လုံခြုံရေးတပ်တွေက ချင်းပြည်နယ် မင်းတပ်မြို့မှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ဒေသတွင်း အခြေနေဟာ စိုးရိမ်ရတဲ့ အနေထားရောက်နေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
လုံခြုံရေးတပ်တွေက မင်းတပ်ဒေသခံ အရပ်သားပြည်သူတွေအပေါ် ဆန်းစစ်ခွဲခြားမှုမရှိပဲ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေသလို နေအိမ်တွေကို စွန့်ခွါထွက်ပြေးရသူတွေပါ ရှိနေပါတယ်။ မင်းတပ်မှာ မေလ ၁၂ ရက်နေ့ကစပြီး တိုက်ခိုက်မှုတွေ တိုးလာတဲ့အတွက် နေအိမ်တွေကနေ ထွက်ပြေးပုန်းရှောင်ရသူ ၄ ၀၀၀ နီးပါးရှိနေသလို အနားဝန်းကျင်က တောတောင်တွေထဲ ပုန်းအောင်နေရသူကလည်း ထောင်နဲ့ချီရှိမယ်လို့ ယုံကြည်ရကြောင်း ပြောသွားတာပါ။
တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ အရပ်သား အများအပြားကို ဘေးးလွတ်ရာထွက်သွားခွင့် မပြုခဲ့သလို ဒေသခံအရပ်သားတွေကို စစ်တပ်က လူသားဒိုင်းသဖွယ် အသုံးချတာနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေရတဲ့ အတွက် ဌာနေ ကုလသမဂ္ဂအဖွဲ့က စိတ်ပူနေကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ဒေသခံ အများအပြားဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေထိုင်စရာအမိုးအကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေကြောင်းနဲ့ ဒါကိုဖြည့်ဆည်းပေးဖို့ ကုလသမဂ္ဂနဲ့ မိတ်ဆွေအဖွဲ့တွေက ကြိုးစားပေမယ့် အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွါးနေသလို လမ်းပိတ်ဆို့မှုတွေ ရှိနေတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။
လုံခြုံရေးတပ်တွေ အနေနဲ့ အရပ်သားတွေနဲ့ ပြည်သူပိုင် အဆောက်အအုံတွေ မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့ ပစ်မှတ်ကို ခွဲခြားဖို့၊ အင်အားအလွန်အကျွံမသုံးဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ကြဖို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူညီတွေ လုံခြုံမှုရှိရှိ အနှောက်အယှက်မရှိပေးနိုင် အောင် လုပ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ တနင်္လာနေ့ မနက် ၁၁ နာရီမှာ အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ကြောင်းလည်း အတွင်းရေးမှုးချုပ် ပြောခွင့်ရက ပြောပါတယ်။