သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအေရး ႏိုင္ငံတကာ ကူညီေျဖရွင္းဖို႔ ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္ ကုလမိန္႔ခြန္းမွာတိုက္တြန္း


႐ိုဟင္ဂ်ာအေရး ႏိုင္ငံတကာ ကူညီေျဖရွင္းဖို႔ ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္ ကုလမိန္႔ခြန္းမွာတိုက္တြန္း

{{Zawgyi/Unicode}}

႐ိုဟင္ဂ်ာ ဒုကၡသည္ ျပႆနာဟာ ၅ ႏွစ္ၾကာ ရွိလာေပမဲ့ အခုအခ်ိန္အထိ မေျဖရွင္းႏိုင္ေသးတာေၾကာင့္၊ ႏိုင္ငံတကာ အသိုင္းအ၀န္းက ဝိုင္း၀န္းကူညီၾကဖို႔ ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္ Sheikh Hasina က ကုလသမဂၢမွာ ေျပာဆိုလိုက္ပါတယ္။

လက္ရွိျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနေၾကာင့္ ႐ိုဟင္ဂ်ာအေရး မေရမရာ ျဖစ္ေနေပမဲ့လည္း ေရရွည္ေျပလည္မယ့္ နည္းလမ္းေတြကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက အာ႐ုံစိုက္ၿပီး တက္တက္ႂကြႂကြ ဝိုင္း၀န္းကူညီ ေျဖရွင္းၾကဖို႔ ေမွ်ာ္လင့္ေၾကာင္း ေသာၾကာေန႔ ကုလသမဂၢ အေထြေထြညီလာခံ မိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုလိုက္တာပါ။ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္တဲ့ အေျခအေနေတြကို ျမန္မာႏိုင္ငံဖက္က ဖန္တီးဖို႔လည္း တိုက္တြန္းခဲ့တာပါ။

ဒုကၡသည္ေတြ ဂုဏ္သိကၡာရွိရွိ၊ လုံျခံဳမႈရွိရွိ ေနရပ္ျပန္ႏိုင္ေအာင္ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံ အပါအ၀င္ ေဒသတြင္းနဲ႔ ႏိုင္ငံတကာက ကူညီၾကဖို႔လည္း ေျပာသြားပါတယ္။ ေ၀ဖန္စရာေတြ ၾကံဳခဲ့ရတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ခိုလႈံေနၾကတဲ့ ဒုကၡသည္ေတြထဲက တခ်ဳိ႕ကို ဘရွန္ခ်ာကၽြန္းမွာ ေျပာင္းေရႊ႕ စီစဥ္ထားတာေတြ၊ ကိုဗစ္ကာကြယ္ေဆး ထိုးေပးတဲ့ အစီအစဥ္ေတြကိုလည္း ရွင္းျပခဲ့တာပါ။

ရခိုင္ျပည္နယ္မွာရွိတဲ့ နယ္ျခားေစာင့္ ကင္းစခန္းတခ်ဳိ႕ကို ARSA ႐ိုဟင္ဂ်ာ အစြန္းေရာက္ေတြက ၂၀၁၇ ခုႏွစ္တုန္းက တိုက္ခိုက္ခဲ့တာကို တုံ႔ျပန္တဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြေၾကာင့္ ေနာက္ဆက္တဲြ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဖက္ တိမ္းေရွာင္သြားခဲ့ၾကတာပါ။ ျမန္မာအာဏာပိုင္ေတြကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရား၀င္ အသိအမွတ္ျပဳ လက္မခံေပမဲ့ ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကို စိစစ္လက္ခံမွာ ျဖစ္ေၾကာင္း ေျပာဆိုထားၿပီး၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံနဲ႔ေရာ ကုလသမဂၢနဲ႔ပါ သီးျခားစီ နားလည္မႈ စာခၽြန္လႊာေတြ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း လက္ေတြ႕မွာေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အထမေျမာက္ေသးသလို၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ ႐ိုဟင္ဂ်ာ ဒုကၡသည္အေရး ဘယ္လို ဆက္လက္ ကိုင္တြယ္မလဲ ဆိုတာကလည္း ရွင္းရွင္းလင္းလင္းေတာ့ မရွိေသးပါဘူး။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖဲြ႕စည္းခဲ့တဲ့ NUG အမ်ဳိးသားညီၫြတ္ေရး အစိုးရကေတာ့ ရိုဟင္ဂ်ာေတြ အပါအ၀င္ လူနည္းစုေတြ လူ႔အခြင့္အေရးကို အကာကြယ္ေပးဖို႔နဲ႔ ၁၉၈၂ ႏုိင္ငံသားျဖစ္ေရး ဥပေဒေတြကို ျပန္လည္ျပင္ဆင္ဖို႔ ကတိျပဳထားပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာဟာ ၅ နှစ်ကြာ ရှိလာပေမဲ့ အခုအချိန်အထိ မဖြေရှင်းနိုင်သေးတာကြောင့်၊ နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ရိုဟင်ဂျာအရေး မရေမရာ ဖြစ်နေပေမဲ့လည်း ရေရှည်ပြေလည်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်ပြီး တက်တက်ကြွကြွ ဝိုင်းဝန်းကူညီ ဖြေရှင်းကြဖို့ မျှော်လင့်ကြောင်း သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဖက်က ဖန်တီးဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်အောင် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ကူညီကြဖို့လည်း ပြောသွားပါတယ်။ ဝေဖန်စရာတွေ ကြုံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ကို ဘရှန်ချာကျွန်းမှာ ပြောင်းရွှေ့ စီစဉ်ထားတာတွေ၊ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်တွေကိုလည်း ရှင်းပြခဲ့တာပါ။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ်တုန်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုတွေ လူ့အခွင့်အရေးကို အကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ကတိပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG