သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဖိလစ္ပိုင္ႀကိဳဆိုမည္


ကုအထေြထြေညီလာခံမွာ Online မွ မိန္ ့ခြန္းေျပာနေတဲ့ ဖိလစ္ပိုင္ သမၼတ ဒူတာေတး (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ကို ဖိလစ္ပိုင္ ႏိုင္ငံက လက္ခံ ႀကိဳဆိုမယ္ လို႔ ဖိလစ္ပိုင္ သမၼတ ဒူတာေတး က ကုလသမဂၢ ညီလာခံ မွာ အဂၤါေန႔ က ေျပာၾကားသြားပါတယ္။ အေရအတြက္ ဘယ္ေလာက္ ဆိုတာကိုေတာ့ သူ က တိတိက်က် ေျပာမသြားပါဘူး။ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး နဲ႔ အလုပ္အတူ လုပ္ဖို႔ တရားေရးဝန္ႀကီးဌာန ကို အမိန္႔ေပးထားၿပီး ျဖစ္တယ္လို႔လည္း သူ က ေျပာပါတယ္။

ခုလို ကပ္ေဘး အခ်ိန္၊ ဖိလစ္ပိုင္ မွာ အရင္းအျမစ္ အကန႔္အသတ္ေတြ ရွိေပမဲ့ လူ႔ ဂုဏ္ရည္ ကို ျမႇင့္တင္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ လုပ္ၾကရပါမယ္လို႔ သူ က ဆိုပါတယ္။ လူသားထု တစ္ရပ္လုံး အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ နဲ႔ သမၼတ ဒူတာေတး ကို စုံစမ္းစစ္ေဆးဖို႔ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္ခုံ႐ုံး ICC က ဆုံးျဖတ္လိုက္တာ နဲ႔ ဆက္ႏြယ္ၿပီး၊ ခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။

မူးယစ္ေဆးဝါး ႏွိမ္နင္းေရး မွာ စည္းလြတ္ ဝါးလြတ္ လုပ္ခဲ့ၾကတဲ့ ဘယ္သူကိုမဆို ဖိလစ္ပိုင္ ဥပေဒ အရ အေရးယူမယ္ လို႔ သမၼတ ဒူတာေတး က ေျပာၾကားပါတယ္။ ဖိလစ္ပိုင္ ႏိုင္ငံ ရဲ႕ မူးယစ္ေဆးဝါး ႏွိမ္နင္းေရး မွာ လူေပါင္း ၆၁၀၀ ‌ေက်ာ္ ေသဆုံးခဲ့ၿပီး၊ အမ်ားစု က သုံးစြဲသူေတြ နဲ႔ မူးယစ္ေဆးဝါးေရာင္းဝယ္သူ ေရာင္းလက္အေသးေတြ ပဲ ျဖစ္ၾကတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႕ေတြ က ေျပာပါတယ္။ အဲဒီ စီမံခ်က္ ကို ျပန္လည္ သုံးသပ္ဖို႔လည္း တရားေရး ဝန္ႀကီးဌာန နဲ႔ ရဲ တပ္ဖြဲ႕ ကို အမိန႔္ေပးထားၿပီး ျဖစ္တယ္လို႔ သူ က ေျပာပါတယ္။

ICC နဲ႔ ဖိလစ္ပိုင္ က ပူးေပါင္းေဆာင္႐ြက္ မွာ မဟုတ္သလို၊ စုံစမ္းစစ္ေဆးသူေတြ ကိုလည္း ဖိလစ္ပိုင္ႏိုင္ငံ အတြင္း ဝင္ခြင့္ျပဳမွာ မဟုတ္ဘူး လို႔ ဒူတာေတး အစိုးရ က ေျပာခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ လူ႔အခြင့္အေရး ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ အစီအစဥ္ တစ္ရပ္ ကိုလည္း ဖိလစ္ပိုင္ နဲ႔ ကုလသမဂၢ တို႔ က လက္စသတ္ ေရးဆြဲၿပီးၿပီလို႔ သူ က ဆိုပါတယ္။ ဒါ ဟာ ကုလသမဂၢ နဲ႔ အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံ ၾကား အျပဳသေဘာေဆာင္ လက္တြဲေဆာင္႐ြက္မႈ ပုံစံတစ္ရပ္ ျဖစ္တယ္လို႔လည္း သူ က မိန႔္ခြန္း မွာ ေျပာသြားပါတယ္။

ဒါေပမဲ့ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႕ေတြ ကေတာ့ ရဲေတြ ဟာ လက္နက္မဲ့ လူေတြ ကို ဥပေဒမဲ့ သတ္ျဖတ္ခဲ့တာ ျဖစ္တယ္လို႔ စြပ္စြဲၾကပါတယ္။ ခုလို ပစ္ခတ္ခဲ့ရတာေတြ ဟာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္မႈ ျဖစ္ၿပီး၊ ICC ဟာ ဖိလစ္ပိုင္ ရဲ႕ ျပည္တြင္းေရး ကို ဝင္စြက္ဖက္ခြင့္ မရွိဘူး လို႔ ရဲတပ္ဖြဲ႕ အႀကီးအကဲ က ေျပာလိုက္ပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာဒုက္ခသည်တွေကို ဖိလစ်ပိုင်ကြိုဆိုမည်

(Unicode)

ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကို ဖိလစ်ပိုင် နိုင်ငံက လက်ခံ ကြိုဆိုမယ် လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး က ကုလသမဂ္ဂ ညီလာခံ မှာ အင်္ဂါနေ့ က ပြောကြားသွားပါတယ်။ အရေအတွက် ဘယ်လောက် ဆိုတာကိုတော့ သူ က တိတိကျကျ ပြောမသွားပါဘူး။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး နဲ့ အလုပ်အတူ လုပ်ဖို့ တရားရေးဝန်ကြီးဌာန ကို အမိန့်ပေးထားပြီး ဖြစ်တယ်လို့လည်း သူ က ပြောပါတယ်။

ခုလို ကပ်ဘေး အချိန်၊ ဖိလစ်ပိုင် မှာ အရင်းအမြစ် အကန့်အသတ်တွေ ရှိပေမဲ့ လူ့ ဂုဏ်ရည် ကို မြှင့်တင်နိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ကြရပါမယ်လို့ သူ က ဆိုပါတယ်။ လူသားထု တစ်ရပ်လုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု နဲ့ သမ္မတ ဒူတာတေး ကို စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က ဆုံးဖြတ်လိုက်တာ နဲ့ ဆက်နွယ်ပြီး၊ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး နှိမ်နင်းရေး မှာ စည်းလွတ် ဝါးလွတ် လုပ်ခဲ့ကြတဲ့ ဘယ်သူကိုမဆို ဖိလစ်ပိုင် ဥပဒေ အရ အရေးယူမယ် လို့ သမ္မတ ဒူတာတေး က ပြောကြားပါတယ်။ ဖိလစ်ပိုင် နိုင်ငံ ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး မှာ လူပေါင်း ၆၁၀၀ ‌ကျော် သေဆုံးခဲ့ပြီး၊ အများစု က သုံးစွဲသူတွေ နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူ ရောင်းလက်အသေးတွေ ပဲ ဖြစ်ကြတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောပါတယ်။ အဲဒီ စီမံချက် ကို ပြန်လည် သုံးသပ်ဖို့လည်း တရားရေး ဝန်ကြီးဌာန နဲ့ ရဲ တပ်ဖွဲ့ ကို အမိန့်ပေးထားပြီး ဖြစ်တယ်လို့ သူ က ပြောပါတယ်။

ICC နဲ့ ဖိလစ်ပိုင် က ပူးပေါင်းဆောင်ရွက် မှာ မဟုတ်သလို၊ စုံစမ်းစစ်ဆေးသူတွေ ကိုလည်း ဖိလစ်ပိုင်နိုင်ငံ အတွင်း ဝင်ခွင့်ပြုမှာ မဟုတ်ဘူး လို့ ဒူတာတေး အစိုးရ က ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ရပ် ကိုလည်း ဖိလစ်ပိုင် နဲ့ ကုလသမဂ္ဂ တို့ က လက်စသတ် ရေးဆွဲပြီးပြီလို့ သူ က ဆိုပါတယ်။ ဒါ ဟာ ကုလသမဂ္ဂ နဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ကြား အပြုသဘောဆောင် လက်တွဲဆောင်ရွက်မှု ပုံစံတစ်ရပ် ဖြစ်တယ်လို့လည်း သူ က မိန့်ခွန်း မှာ ပြောသွားပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေ ကတော့ ရဲတွေ ဟာ လက်နက်မဲ့ လူတွေ ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ ခုလို ပစ်ခတ်ခဲ့ရတာတွေ ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု ဖြစ်ပြီး၊ ICC ဟာ ဖိလစ်ပိုင် ရဲ့ ပြည်တွင်းရေး ကို ဝင်စွက်ဖက်ခွင့် မရှိဘူး လို့ ရဲတပ်ဖွဲ့ အကြီးအကဲ က ပြောလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG