သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ အေထြေထြညီလာခံမိန္႔ခြန္း ႐ိုဟင္ဂ်ာအေရး ပါဖြယ္ရွိ


Bangladesh Myanmar Attacks

Zawgyi/Unicode

New York ၿမိဳ႕မွာ ဒီေန႔က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ ဘဂၤလားေဒရွ္႕ဝန္ႀကီးခ်ဳပ္ Sheikh Hasina မိန္႔ခြန္းေျပာၾကားတဲ့အခါ ဘဂၤလားေဒရွ္႕မွာေရာက္ေနတဲ့ ႐ိုဟင္ဂ်ာေတြအေရး ထည့္သြင္းေျပာၾကားမယ္လို႔ ခန္႔မွန္းထားပါတယ္။

ကမာၻတဝန္း ႀကံဳေတြ႔ေနရတဲ့ ကိုဗစ္ကပ္ေရာဂါျပႆနာ၊ ဘဂၤလားေဒရွ္႕ႏိုင္ငံက လက္ခံထားတ့ဲ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြအေရးကိစၥ၊ ကမာၻ႔ရာသီဥတု ေျပာင္းလဲေဖာက္ျပန္ေနတဲ့အေၾကာင္းေတြ ဝန္ႀကီးခ်ဳပ္ Hasina ရဲ႕မိန္႔ခြန္းထဲမွာပါမယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း VOA Bangla ဌာနက ေျပာပါတယ္။

စက္တင္ဘာ ၂၃ ရက္ေန႔ ၾကာသပေတးေန႔ကေတာ့ ဝန္ႀကီးခ်ဳပ္နဲ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္တို႔ ကုလသမဂၢဌာနခ်ဳပ္မွာ ေတ႔ြဆံုေဆြးေႏြးခဲ့စဥ္က ျမန္မာႏိုင္ငံက ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာေတြအတြက္ လူသားခ်င္းစာနာမႈနဲ႔ လက္ခံေဆာင္ရြက္ေနတာကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က အသိအမွတ္ျပဳေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္က လူမ်ဳိးေရး ဘာသာေရးအေျခခံတဲ့ ပဋိပကၡေတြျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္က နယ္ေျမရွင္းလင္းမႈေတြ လုပ္စဥ္အတြင္း ဆိုးဝါးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ လုပ္ခဲ့တယ္လို႔ဆိုၿပီး ႐ိုဟင္ဂ်ာ သိန္းနဲ႔ခ်ီ ဘဂၤလားေဒရွ္႕ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကပါတယ္။ စစ္ေကာင္စီဘက္က ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံေပမဲ့ ဘဂၤလားေဒရွ္႕ႏိုင္ငံဘက္ ေရာက္ေနသူေတြကို ျပန္လက္ခံေရး ဆက္လုပ္မယ္လို႔ ေျပာၾကားထားပါတယ္။

NLD အစိုးရလက္ထက္မွာ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ဘဂၤလားေဒ႐ွ္႕အစိုးရနဲ႔ သေဘာတူညီမႈယူၿပီး ေဆာင္ရြက္ခဲ့တာေတြရွိပါတယ္။ ဒါေပမဲ့ လက္ေတြ႕ျပန္ပို႔ႏိုင္ေရး ႏွစ္ဘက္အျငင္းပြားမႈေတြေၾကာင့္ လုပ္ငန္းစဥ္ေတြ ေရွ႕မတိုးႏိုင္ခဲ့သလို ဒုကၡသည္ေတြကိုယ္တိိုင္ေတြကလည္း ျမန္မာႏိ္္ုင္ငံဘက္ကို မျပန္ခ်င္ၾကသူေတြ မ်ားပါတယ္။ ၂၀၁၇ ခုႏွစ္ထဲက ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးလာတဲ့ ႐ိုဟင္ဂ်ာ ၇ သိန္းခြဲေလာက္ရွိၿပီး သူတို႔ေနရပ္ျပန္ႏိုင္ေရး လုပ္ငန္းစဥ္ေတြ လက္ရွိမွာ ရပ္ဆိုင္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------

Unicode

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အထွေထွေညီလာခံမိန့်ခွန်း ရိုဟင်ဂျာအရေးပါဖွယ်ရှိ

New York မြို့မှာ ဒီနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် Sheikh Hasina မိန့်ခွန်းပြောကြားတဲ့အခါ ဘင်္ဂလားဒေရှ့်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေအရေး ထည့်သွင်းပြောကြားမယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာတဝန်း ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါပြဿနာ၊ ဘင်္ဂလားဒေရှ့်နိုင်ငံက လက်ခံထားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအရေးကိစ္စ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်နေတဲ့အကြောင်းတွေ ဝန်ကြီးချုပ် Hasina ရဲ့မိန့်ခွန်းထဲမှာပါမယ်လို့ မျှော်လင့်ရကြောင်း VOA Bangla ဌာနက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ ကြာသပတေးနေ့ကတော့ ဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ ကုလသမဂ္ဂဌာနချုပ်မှာ တေ့ွဆုံဆွေးနွေးခဲ့စဉ်က မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုနဲ့ လက်ခံဆောင်ရွက်နေတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းမှုတွေ လုပ်စဉ်အတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပြီး ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ စစ်ကောင်စီဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဘက် ရောက်နေသူတွေကို ပြန်လက်ခံရေး ဆက်လုပ်မယ်လို့ ပြောကြားထားပါတယ်။

NLD အစိုးရလက်ထက်မှာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေရှ့်အစိုးရနဲ့ သဘောတူညီမှုယူပြီး ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ပြန်ပို့နိုင်ရေး နှစ်ဘက်အငြင်းပွားမှုတွေကြောင့် လုပ်ငန်းစဉ်တွေ ရှေ့မတိုးနိုင်ခဲ့သလို ဒုက္ခသည်တွေကိုယ်တိုင်တွေကလည်း မြန်မာနိ်ုင်ငံဘက်ကို မပြန်ချင်ကြသူတွေ များပါတယ်။ ၂၀၁၇ ခုနှစ်ထဲက ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၇ သိန်းခွဲလောက်ရှိပြီး သူတို့နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်တွေ လက်ရှိမှာ ရပ်ဆိုင်းနေပါတယ်။

#UNGA #Bangladesh #Rohingya #SheikhHasina #voaburmese #အထွေထွေညီလာခံ #ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG