သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလအတြင္းေရးမွဴးခ်ဳပ္ ပိုၿပီးဖိအားေပးလုပ္ေဆာင္ဖို႔ ေတာင္းဆို


ကုလသမဂၢအတြင္းေရးမႉႉးခ်ဳပ္ Antonio Guterres

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ပဋိပကၡေတြ ေျပလည္ေရးအတြက္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ သံတမန္ေရးအရ ပိုမို ဖိအားေပး လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာကလူ႔အခြင့္အေရးအဖြဲ႔ေတြ တိုက္တြန္း ေျပာၾကားလိုက္ၾကပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ ဘာသာေရးနဲ႔ တျခားလြတ္လပ္ခြင့္ေတြ ခ်ဳိးေဖာက္ခံေနရတဲ့ကိစၥေတြကို အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres အေနနဲ႔ အေလးေပး ေဆာင္ရြက္ေပးဖို႔ ေအာက္တိုဘာ ၂၀ ရက္၊ ဗုဒၶဟူးေန႔ရက္စြဲနဲ႔ လူ႔အခြင့္အေရး အဖြဲ႔အစည္းေပါင္း ၉၇ ဖြဲ႔နဲ႔ လူပုဂၢဳိလ္ ၁၅ ဦးတို႔က လက္မွတ္ထိုးၿပီး ေတာင္းဆိုထားၾကတာပါ။

လက္မွတ္ထိုးတဲ့အထဲပါ၀င္တဲ့ Christian Solidarity Worldwide နဲ႔ Christian Freedom International အဖြဲ႔ တို႔ကလည္း ျပည္တြင္း ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ တိုင္းရင္းသားေတြနဲ႔ ဘာသာေရးလူနည္းစုေတြအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းက လူသားခ်င္းစာနာမႈအကူအညီေတြ တိုးျမင့္ ကူညီေပးၾကဖို႔ တိုက္တြန္းထားပါတယ္။

ျမန္မာစစ္တပ္ဟာ စစ္အာဏာသိမ္းမႈနဲ႔ အဲဒီရဲ႕ေနာက္ဆက္တြဲ ျဖစ္ေပၚလာတဲ့ ဖိႏွိပ္ခ်ဳပ္ျခယ္မႈေတြနဲ႔ စီးပြားေရး က်ဆင္းမႈေတြကို အာ႐ုံလႊဲဖို႔ ႀကိဳးစားတဲ့အေနနဲ႔ ဗုဒၶဘာသာေတြနဲ႔ တျခားဘာသာကြဲေတြအၾကား အမုန္းတရား တိုးပြားလာေအာင္ ဝါဒျဖန္႔ ေျပာဆိုမႈေတြ ရွိလာႏိုင္တဲ့အေပၚ အထူး စိုးရိမ္ပူပန္ေၾကာင္းလည္း လူ႔အခြင့္အေရးအဖြဲ႔ေတြ ေရးသားထားတဲ့စာထဲမွာ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္က ကယားျပည္နယ္အတြင္း ကက္သလစ္ ခရစ္ယာန္ တရားေဟာဆရာတဦးကို မၾကာေသးခင္က သတ္ျဖတ္ခဲ့တဲ့ကိစၥ၊ ၂၀၁၇ ခုႏွစ္မွာ ႐ိုဟင္ဂ်ာေတြကို အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ခဲ့တဲ့ကိစၥတို႔ကိုလည္း စာထဲမွာ ေရးသားေဖာ္ျပထားၿပီး ျမန္မာစစ္တပ္အေနနဲ႔ အဲဒီလို လူ႔အခြင့္အေရးခ်ဳိးေဖာက္တဲ့လုပ္ရပ္ေတြကို ခ်က္ျခင္းရပ္တန္႔ဖို႔ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် ပိုပြီးဖိအားပေးလုပ်ဆောင်ဖို့ တောင်းဆို

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ သံတမန်ရေးအရ ပိုမို ဖိအားပေး လုပ်ဆောင်ဖို့ နိုင်ငံတကာကလူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း ပြောကြားလိုက်ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဘာသာရေးနဲ့ တခြားလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့ကိစ္စတွေကို အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အလေးပေး ဆောင်ရွက်ပေးဖို့ အောက်တိုဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့ရက်စွဲနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၅ ဦးတို့က လက်မှတ်ထိုးပြီး တောင်းဆိုထားကြတာပါ။

လက်မှတ်ထိုးတဲ့အထဲပါဝင်တဲ့ Christian Solidarity Worldwide နဲ့ Christian Freedom International အဖွဲ့ တို့ကလည်း ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာရေးလူနည်းစုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက လူသားချင်းစာနာမှုအကူအညီတွေ တိုးမြင့် ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်ဟာ စစ်အာဏာသိမ်းမှုနဲ့ အဲဒီရဲ့နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကို အာရုံလွှဲဖို့ ကြိုးစားတဲ့အနေနဲ့ ဗုဒ္ဓဘာသာတွေနဲ့ တခြားဘာသာကွဲတွေအကြား အမုန်းတရား တိုးပွားလာအောင် ဝါဒဖြန့် ပြောဆိုမှုတွေ ရှိလာနိုင်တဲ့အပေါ် အထူး စိုးရိမ်ပူပန်ကြောင်းလည်း လူ့အခွင့်အရေးအဖွဲ့တွေ ရေးသားထားတဲ့စာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က ကယားပြည်နယ်အတွင်း ကက်သလစ် ခရစ်ယာန် တရားဟောဆရာတဦးကို မကြာသေးခင်က သတ်ဖြတ်ခဲ့တဲ့ကိစ္စ၊ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စတို့ကိုလည်း စာထဲမှာ ရေးသားဖော်ပြထားပြီး မြန်မာစစ်တပ်အနေနဲ့ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

=========

XS
SM
MD
LG