သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး အကျပ်အည်း နိုင်ငံတကာ အဆောတလျင် တုံ့ပြန်ဖို့ ကုလတိုက်တွန်း


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် Antonio Guterres
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် Antonio Guterres

[ Zawgyi ]

New York မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ဗုဒ္ဓဟူးနေ့က သံတမန်တွေကြား ဖြန့်ဝေတဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှု အမြစ်တွယ်မသွားအောင် တားဆီးနိုင်ဖို့ အခွင့်လမ်း နည်းသထက် နည်းလာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခကြီး ဖြစ်မလာအောင် အားလုံးဝိုင်းဝန်း တားဆီးဖို့ လိုအပ်တယ်လို့လည်းအတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ အရှေ့တောင်အာရှမှာတင်မက တခြားနေရာတွေအထိ ဘက်ပေါင်းစုံက ဆိုးကျိုးအန္တရာယ်တွေဖြစ်မလာအောင် ဒေသတွင်းအရေးပါသူတွေအပါအဝင် အားလုံး ညှိနှိုင်းတားဆီးဆောင်ရွက်ရမယ်လို့ သူကပြောပါတယ်။
၂၀၂၀ သြဂုတ်လလည်ကနေ ၂၀၂၁ သြဂုတ်လလည်အထိတင်ပြတဲ့ အစီရင်ခံစာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အထူးသဖြင့် စစ်အာဏာသိမ်းမှု ကန့်ကွက်သူတွေအပေါ်ရက်ရက်စက်စက် ဖိနှိပ်တဲ့ လုပ်ရပ်တွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တာကို ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ စွပ်စွဲခံရသူတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းတော်တော်များများ ရရှိတယ်လို့လည်း အတွင်းရေးမှူးချုပ် Antonio Guterres က အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


[ Unicode ]


#UNGA#AntonioGuterres#MyanmarCoup#VOABurmese

XS
SM
MD
LG