သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်အာဏာသိမ်းစစ်တပ် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ကုလ နဲ့ ကန်တောင်းဆို


A pro-democracy protester flashes the victory sign as thousands take to the streets to condemn a takeover by military officials, in Khartoum, Sudan, Oct. 25, 2021.
A pro-democracy protester flashes the victory sign as thousands take to the streets to condemn a takeover by military officials, in Khartoum, Sudan, Oct. 25, 2021.

ဆူဒန်အာဏာသိမ်းစစ်တပ် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ကုလ နဲ့ ကန်တောင်းဆို

{{Zawgyi/Unicode}}

ဆူဒန်နိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတဲ့အတွက်၊ ဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့ ကုသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရပ်စ် Antonio Guterres က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းပါ အသွင်ကူးပြောင်းကာလ သဘောတူညီချက်ကို အပြည့်အ၀ လေးစားလိုက်နာပါလို့ အတွင်းရေးမှုးချုပ်ကတိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့ပြီး တနင်္လာနေ့တုန်းက ဝန်ကြီးချုပ် Abdalla Hamdok နဲ့အခြားတာဝန်ရှိ သူတွေကိုဖမ်းဆီးခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan က အရပ်သားနဲ့စစ်တပ် ပူးတွဲဖွဲ့ထားတဲ့ အုပ်ချုပ်ရေးကောင်စီကိုဖျက်သိမ်းလိုက်ပြီး၊ တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြေ ငြာလိုက်ပါတယ်။

ထောင်ပေါင်းများစွာသောပြည်သူတွေရဲ့ဆန္ဒပြပွဲတွေအပြီး ၂၀၁၉ ခုနှစ်မှာ နိုင်ငံရေးအသွင်ကူးပြောင်း မှုလုပ်ဖို့ သဘောတူစာချုပ်စာတမ်းတွေပြုလုပ်ခဲ့ပါတယ်။ အဲဒိနောက် စစ်တပ်နဲ့ အရပ်သားနိုင်ငံရေး အင်အားစုတွေပူးတွဲပါဝင်တဲ့ အုပ်ချုပ်ရေးကောင်စီတရပ်ကိုဖွဲ့စည်းခဲ့ပါတယ်။

အခုလို စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်ကြောင်းနဲ့ ဖမ်ဆီးထားတဲ့ဝန်ကြီးချုပ် Abdalla ကိုချက် ခြင်းလွှတ်ပေးဖို့ အမေရိကန်အစိုးရတောင်းဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရအနေနနဲ့ ဆူဒန်ပြည်သူရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတောင်းဆိုမှုကို အပြည့်အဝဆက်လက်ထောက်ခံ ကူညီသွားမှာဖြစ်ကြောင်း အမေရိကန်သမတအိမ်ဖြူတော် လက်ထောက်ပြန်ကြားရေးအတွင်းဝန် Karine Jean Pierr ကပြောဆိုပါတယ်။

ဆူဒန် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကတော့ စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်ဖို့ တနင်္လာ နေ့မှာ ပြည်သူတွေကိုလမ်းတွေပေါ်ထွက်ဆန္ဒပြကြဖို့ လှုံဆော်ထားပါတယ်။

အာဖရိကသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ် နဲ့အီဂျစ်နိုင်ငံတွေကလည်း စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်လိုက်ပြီး၊ နိုင်ငံရေးသဘောတူညီချက်တွေကိုလိုက်နာဖို့တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

...............................



{{Unicode}}









XS
SM
MD
LG