{{ Zawgyi/Unicode}}}
ဆူဒန္ႏိုင္ငံမွာ စစ္သားေတြက ဝန္ႀကီးအဖြဲ႔ဝင္အမ်ားစုကိုဖမ္းဆီးၿပီး အသြင္ကူးေျပာင္းေရးအစိုးရကို ဖ်က္သိမ္းလိုက္တာေၾကာင့္ ဒါကို ဆန္႔က်င္သူေတြ လမ္းေတြေပၚထြက္ ဆႏၵျပေနၾကပါတယ္။ ေသနတ္သံေတြ ၾကားေနရသလို ဒဏ္ရာရရွိမႈ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။
လက္ရွိအုပ္ခ်ဳပ္ေနတဲ့ အခ်ဳပ္အာဏာတည္ၿမဲေရးေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္ Abdel Fattah al-Burhan က ႏိုင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာၿပီး ဒီေကာင္စီနဲ႔ အစိုးရအဖြဲ႔ကို ဖ်က္သိမ္းလိုက္ပါတယ္။ ဒီအာဏာသိမ္းမႈကို ေထာက္ခံတဲ့ ေၾကညာခ်က္ထုတ္ဖို႔ ျငင္းဆိုခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ Abdalla Hamdok ကို
ဖမ္းသြားၿပီး ဘယ္လဲ မသိရတဲ့ ေနရာတခုကို ေခၚသြားတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ေၾကညာပါတယ္။ ျပည္ထဲေရး ဝန္ႀကီးဌာနကေတာ့ ျဖဳတ္ခ်ခံရတဲ့ အစိုးရအဖြဲ႔ လက္ေအာက္မွာ ရွိေနဆဲျဖစ္ပါတယ္။
ဒီအာဏာသိမ္းမႈကို ဆန္႔က်င္ၾကဖို႔လည္း ျပည္ထဲေရးက တိုက္တြန္းၿပီး ခါတြန္းျမဳိ႕ေတာ္ရဲ႕ ညီေနာင္ၿမိဳ႕ Omdurman ျမဳိ႕မွာ လူေတြ ေထာင္နဲ႔ခ်ီ ဆႏၵျပေနၾကပါၿပီ။ ဆႏၵျပသူေတြက လမ္းေတြကို ပိတ္ဆို႔၊ ကားတာယာေတြကို မီးရႈိ႕ ဖ်က္ဆီးသလို လံုျခဳံေရးတပ္ဖြဲ႔ေတြက ဆႏၵျပသူေတြကို မ်က္ရည္ယိုဗံုးေတြ သံုးၿပီး လူစုခြဲဖို႔ၾကဳိးစားပါတယ္။ ဆူဒန္ဆရာဝန္မ်ားေက္ာမတီ အေျပာအရ ဆႏၵျပသူ ၁၂ ဦးထက္မနည္း ဒဏ္ရာရရွိတယ္လို႔ ဆိုပါတယ္။
Sudan ႏိုင္ငံမွာက ႏိုင္ငံကို စစ္ဘက္နဲ႔ အရပ္ဘက္ ပူးတြဲအုပ္ခ်ဳပ္ေနတာျဖစ္ၿပီး ေနာက္လမွာေတာ့ အရပ္သားအစိုးရကို အာဏာ အလံုးစံု လႊဲေျပာင္းေပးရမွာ ျဖစ္ပါတယ္။
===========
{{Unicode}}}
ဆူဒန်စစ်တပ်အာဏာသိမ်း မတည်ငြိမ်မှုတွေဖြစ်လာ
ဆူဒန်နိုင်ငံမှာ စစ်သားတွေက ဝန်ကြီးအဖွဲ့ဝင်အများစုကိုဖမ်းဆီးပြီး အသွင်ကူးပြောင်းရေးအစိုးရကို ဖျက်သိမ်းလိုက်တာကြောင့် ဒါကို ဆန့်ကျင်သူတွေ လမ်းတွေပေါ်ထွက် ဆန္ဒပြနေကြပါတယ်။ သေနတ်သံတွေ ကြားနေရသလို ဒဏ်ရာရရှိမှု သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
လက်ရှိအုပ်ချုပ်နေတဲ့ အချုပ်အာဏာတည်မြဲရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ် Abdel Fattah al-Burhan က နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး ဒီကောင်စီနဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီအာဏာသိမ်းမှုကို ထောက်ခံတဲ့ ကြေညာချက်ထုတ်ဖို့ ငြင်းဆိုခဲ့တဲ့ ဝန်ကြီးချုပ် Abdalla Hamdok ကို ဖမ်းသွားပြီး ဘယ်လဲ မသိရတဲ့ နေရာတခုကို ခေါ်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဖြုတ်ချခံရတဲ့ အစိုးရအဖွဲ့ လက်အောက်မှာ ရှိနေဆဲဖြစ်ပါတယ်။
ဒီအာဏာသိမ်းမှုကို ဆန့်ကျင်ကြဖို့လည်း ပြည်ထဲရေးက တိုက်တွန်းပြီး ခါတွန်းမြို့တော်ရဲ့ ညီနောင်မြို့ Omdurman မြို့မှာ လူတွေ ထောင်နဲ့ချီ ဆန္ဒပြနေကြပါပြီ။ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့၊ ကားတာယာတွေကို မီးရှို့ ဖျက်ဆီးသလို လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲဖို့ကြိုးစားပါတယ်။ ဆူဒန်ဆရာဝန်များကေ်ာမတီ အပြောအရ ဆန္ဒပြသူ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
Sudan နိုင်ငံမှာက နိုင်ငံကို စစ်ဘက်နဲ့ အရပ်ဘက် ပူးတွဲအုပ်ချုပ်နေတာဖြစ်ပြီး နောက်လမှာတော့ အရပ်သားအစိုးရကို အာဏာ အလုံးစုံ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
#SudanMilitary #SudanCoup #VOABurmese
===========