သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္သမၼတေဟာင္း al-Bashir အပါအဝင္ စစ္ရာဇဝတ္မႈ သံသယရွိသူေတြကို လႊဲေပးဖို႔ ICC ေတာင္းဆို


Khartoum ၿမဳိ႕မွာ အက်ဥ္းခ်ခံေနရတဲ့ ဆူဒန္သမၼတေဟာင္း Omar al-Bashir. (ၾသဂုတ္ ၁၉၊ ၂၀၁၉)

(Zawgyi / Unicode)

ဆူဒန္ႏုိင္ငံ ဒါေဖာ ပဋိပကၡအတြင္း လူမ်ဳိးတုံးသတ္ျဖတ္မႈ၊ စစ္ရာဇဝတ္ က်ဴးလြန္မႈေတြအတြက္ သံသယတရားခံအျဖစ္ လိုအပ္ေနသူေတြကို ICC ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံးကုိ လႊဲေျပာင္းေပးဖို႔ ICC ရဲ႕ အက်ဳးိေဆာင္ေရွ႕ေနက ဆူဒန္ၾကားျဖတ္အစိုးရကို တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

ICC ရဲ႕ အက်ိဳးေဆာင္ေရွ႕ေန Fatou Bensouda ဟာ အာဏာပုိင္ေတြ၊ အေရးပါတဲ့ လူမႈအဖြဲ႔အစည္းေတြနဲ႔ ေတြ႔ဆုံႏိုင္ဖို႔ စေနေန႔က ဆူဒန္ အေနာက္ဘက္ျခမ္း ဒါေဖာေဒသကို ေရာက္ရွိေနတာပါ။

ICC တရား႐ုံးက အလုိရွိေနသူေတြထဲမွာ ၂၀၁၉ ဧၿပီလထဲ ျဖဳတ္ခ်ခံရၿပီး Khartoum ၿမဳိ႕မွာ အက်ဥ္းခ်ခံေနရတဲ့ ဆူဒန္သမၼတေဟာင္း Omar al-Bashir လည္း ပါဝင္ပါတယ္။

al-Bashir ဟာ ဆယ္စုႏွစ္သုံးခုေလာက္ သူက်င့္သုံးခဲ့တဲ့ အာဏာရွင္ဆန္တဲ့ အုပ္ခ်ဳပ္မႈအတြက္ အမႈေပါင္းမ်ားစြာနဲ႔ တရားရင္ဆုိင္ေနရတာပါ။ ဆူဒန္ ၾကားျဖတ္အစိုးရကေတာ့ al-Bashir အပါအဝင္ စစ္ရာဇဝတ္မႈနဲ႔ ပတ္သက္ၿပီး သံသယရွိသူေတြကို ICC တရား႐ုံးမွာ စစ္ေဆးမယ္လို႔ အေစာပိုင္းက ေျပာထားတာပါ။ ဒါေပမယ့္ တရား႐ုံးကို ဘယ္ေနရာမွာ ဖြင့္လွစ္စစ္ေဆးမယ္ ဆိုတာကုိေတာ့ သည္ဟိတ္ၿမဳိ႕အေျခစိုက္ တရား႐ုံးနဲ႔ ညိႇႏႈိင္းရဦးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဆူဒန်သမ္မတဟောင်း al-Bashir အပါအဝင် စစ်ရာဇဝတ်မှု သံသယရှိသူတွေကို လွှဲပေးဖို့ ICC တောင်းဆို

ဆူဒန်နိုင်ငံ ဒါဖော ပဋိပက္ခအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှုတွေအတွက် သံသယတရားခံအဖြစ် လိုအပ်နေသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ ICC ရဲ့ အကျုးိဆောင်ရှေ့နေက ဆူဒန်ကြားဖြတ်အစိုးရကို တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ICC ရဲ့ အကျိုးဆောင်ရှေ့နေ Fatou Bensouda ဟာ အာဏာပိုင်တွေ၊ အရေးပါတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ စနေနေ့က ဆူဒန် အနောက်ဘက်ခြမ်း ဒါဖောဒေသကို ရောက်ရှိနေတာပါ။

ICC တရားရုံးက အလိုရှိနေသူတွေထဲမှာ ၂၀၁၉ ဧပြီလထဲ ဖြုတ်ချခံရပြီး Khartoum မြို့မှာ အကျဉ်းချခံနေရတဲ့ ဆူဒန်သမ္မတဟောင်း Omar al-Bashir လည်း ပါဝင်ပါတယ်။

al-Bashir ဟာ ဆယ်စုနှစ်သုံးခုလောက် သူကျင့်သုံးခဲ့တဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုအတွက် အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရတာပါ။

ဆူဒန် ကြားဖြတ်အစိုးရကတော့ al-Bashir အပါအဝင် စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ICC တရားရုံးမှာ စစ်ဆေးမယ်လို့ အစောပိုင်းက ပြောထားတာပါ။ ဒါပေမယ့် တရားရုံးကို ဘယ်နေရာမှာ ဖွင့်လှစ်စစ်ဆေးမယ် ဆိုတာကိုတော့ သည်ဟိတ်မြို့အခြေစိုက် တရားရုံးနဲ့ ညှိနှိုင်းရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG