သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒါးေဖာပဋိပကၡအဆံုးသတ္ေရး လုပ္ငန္းစဥ္ အစိုးရနဲ႔ သူပုန္အဖြဲ႔ေတြၾကား သေဘာတူ


ဒါးေဖာေဒသ ဆႏၵျပပြဲတခုအတြင္း ေတြ႔ရသည့္ ဆႏၵျပသူမ်ား။ ဧၿပီ ၃၀၊ ၂၀၁၉။

(Zawgyi/Unicode)

ဆူဒန္ႏုိင္ငံ၊ ဒါးေဖာေဒသမွာ တိုက္ခိုက္မႈေတြ အဆံုးသတ္ဖို႔ရည္ရြယ္တဲ့ လုပ္ငန္းစဥ္တခုကို ဆူဒန္အစိုးရနဲ႔ သူပုန္အဖြဲ႔ ၉ ခုတို႔ စေနေန႔က သေဘာတူလက္မွတ္ ေရးထိုးလိုက္ပါတယ္။

Juba ၿမိဳ႕ေတာ္မွာ ေနာက္ဆံုးအဆင့္ ေဆြးေႏြးပြဲေတြ လုပ္တဲ့အခါ ေစ့စပ္ညႇိႏိႈင္းဖို႔လိုတဲ့ ကိစၥရပ္အမ်ဳိးမ်ဳိးကို အခု သေဘာတူညီ ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

“ဒါဟာ အေရးႀကီးတဲ့ အဆင့္တခုလို႔ က်ေနာ္တို႔ယံုၾကည္ပါတယ္” ဆိုၿပီး ဆူဒန္ ေတာ္လွန္ေရးတပ္ဦး (SRF) ရဲ႕ ဒါးေဖာေရးရာ ေစ့စပ္ညႇိႏိႈင္းေရးမွဴးခ်ဳပ္ Ahmed Mohamed ကေျပာပါတယ္။ SRF ဟာ ဆူဒန္အစိုးရနဲ႔ ေစ့စပ္ညႇိႏိႈင္းေနတဲ့ သူပုန္အဖြဲ႔ ၉ ဖြဲ႔ရဲ႕ ၫြန္႔ေပါင္းအဖြဲ႔ပါ။

ေျဖရွင္းဖို႔ သေဘာတူထားၾကတဲ့ အခ်က္ေတြထဲမွာ ပဋိပကၡျဖစ္ရတဲ့ အေျခခံအေၾကာင္းရင္းေတြကို ေျဖရွင္းဖုိ႔၊ ဒုကၡသည္ေတြနဲ႔ အိုးအိမ္စြန္႔ထြက္ေျပးရသူေတြ ေနရပ္ရင္းျပန္ဖို႔၊ အာဏာခြဲေဝေရးနဲ႔ သူပုန္္တပ္ဖြဲ႔ေတြကို ႏုိင္ငံစစ္ဘက္ထဲ ေပါင္းစည္းေရး စတဲ့ကိစၥ ေတြပါဝင္ပါတယ္။

၂၀၀၃ ခုႏွစ္မွာ လူနည္းစုတိုင္းရင္းသားေတြက အဲဒီအခ်ိိန္ သမၼတ Bashir ရဲ႕ အာရပ္ဘ္လူမ်ဳိးစုလႊမ္းမိုးတဲ့ အစိုးရကို လက္နက္ ကိုင္ပုန္ကန္္တာကေန ဒါးေဖာပဋိပကၡစျဖစ္တာပါ။

၂၀၁၉ ခုႏွစ္ ဧၿပီလမွာ Bashir ကို စစ္ဘက္က အာဏာသိမ္းျဖဳတ္ခ်လိုက္ၿပီး အသြင္ကူးေျပာင္းေရးအစိုးရ ေပၚလာၿပီးတဲ့ေနာက္ ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္ရွိလာတာျဖစ္ပါတယ္။

-------------------------------------

(Unicode)

ဆူဒန်ပဋိပက္ခအဆုံးသတ်ရေး လုပ်ငန်းစဉ် အစိုးရနဲ့ သူပုန်အဖွဲ့တွေကြား သဘောတူ

ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ရည်ရွယ်တဲ့ လုပ်ငန်းစဉ်တခုကို ဆူဒန်အစိုးရနဲ့ သူပုန်အဖွဲ့ ၉ ခုတို့ စနေနေ့က သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။

Juba မြို့တော်မှာ နောက်ဆုံးအဆင့် ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ စေ့စပ်ညှိနှိုင်းဖို့လိုတဲ့ ကိစ္စရပ်အမျိုးမျိုးကို အခု သဘောတူညီ ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ဒါဟာ အရေးကြီးတဲ့ အဆင့်တခုလို့ ကျနော်တို့ယုံကြည်ပါတယ်” ဆိုပြီး ဆူဒန် တော်လှန်ရေးတပ်ဦး (SRF) ရဲ့ ဒါးဖောရေးရာ စေ့စပ်ညှိနှိုင်းရေးမှူးချုပ် Ahmed Mohamed ကပြောပါတယ်။ SRF ဟာ ဆူဒန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ သူပုန်အဖွဲ့ ၉ ဖွဲ့ရဲ့ ညွန့်ပေါင်းအဖွဲ့ပါ။

ဖြေရှင်းဖို့ သဘောတူထားကြတဲ့ အချက်တွေထဲမှာ ပဋိပက္ခဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းဖို့၊ ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ထွက်ပြေးရသူတွေ နေရပ်ရင်းပြန်ဖို့၊ အာဏာခွဲဝေရေးနဲ့ သူပုန်တပ်ဖွဲ့တွေကို နိုင်ငံစစ်ဘက်ထဲ ပေါင်းစည်းရေး စတဲ့ကိစ္စ တွေပါဝင်ပါတယ်။

၂၀၀၃ ခုနှစ်မှာ လူနည်းစုတိုင်းရင်းသားတွေက အဲဒီအချိန် သမ္မတ Bashir ရဲ့ အာရပ်ဘ်လူမျိုးစုလွှမ်းမိုးတဲ့ အစိုးရကို လက်နက် ကိုင်ပုန်ကန်တာကနေ ဒါးဖောပဋိပက္ခစဖြစ်တာပါ။

၂၀၁၉ ခုနှစ် ဧပြီလမှာ Bashir ကို စစ်ဘက်က အာဏာသိမ်းဖြုတ်ချလိုက်ပြီး အသွင်ကူးပြောင်းရေးအစိုးရ ပေါ်လာပြီးတဲ့နောက် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိလာတာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG