သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္အာဏာရွင္ေဟာင္း Bashir အေပၚ ျပစ္ဒဏ္ခ်မွတ္


ဆူဒန္သမၼတေဟာင္း Bashir. (ၾသဂုတ္ ၁၉၊ ၂၀၁၉)

(Zawgyi / Unicode)

ဆူဒန္သမၼတေဟာင္း Omar al-Bashir ကို အဂတိလိုက္စားမႈ၊ ေငြမည္းခ၀ါခ်မႈေတြနဲ႔ အျပစ္ရွိေၾကာင္း တရား႐ံုးက စေနေန႔မွာ စီရင္ခ်က္ခ်လိုက္ၿပီး စာရိတၱျပဳျပင္ေရးစခန္းမွာ ၂ ႏွစ္ ထိန္းသိမ္းဖို႔ ျပစ္ဒဏ္ခ်မွတ္လုိက္ပါတယ္။

ဆူဒန္ အာဏာရွင္ေဟာင္း Bashir အတြက္ေတာ့ ဒါဟာ ပထမဆံုး တရားစီရင္ခံရမႈ ျဖစ္ပါတယ္။ ဆူဒန္ႏုိင္ငံကို ဆယ္စုႏွစ္ သံုးခုၾကာ အုပ္ခ်ဳပ္ခဲ့တဲ့ အသက္ ၇၅ ႏွစ္အရြယ္ သမၼတေဟာင္း Bashir ကို ဆူဒန္ျပည္သူေတြက လနဲ႔ခ်ီ ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ဧၿပီလမွာ စစ္တပ္က သူ႔ကို ျဖဳတ္ခ်ခဲ့တာပါ။

သမၼတေဟာင္း Bashir ကို ရာထူးက ဖယ္ရွားခ်ိန္မွာ သူ႔အိမ္မွာ ရွာေဖြေတြ႔ရွိခဲ့တဲ့ သန္းနဲ႔ခ်ီတဲ့ အေမရိကန္ေဒၚလာ၊ ယူ႐ိုေငြေၾကးနဲ႔ ဆူဒန္သံုး ေပါင္ေငြေတြကိုလည္း သိမ္းဆည္းဖို႔ တရား႐ံုးက အမိန္႔ခ်မွတ္ပါတယ္။

စေနေန႔က တရားခြင္မွာေတာ့ သမၼတေဟာင္း Bashir က ဆူဒန္႐ိုးရာ အျဖဴေရာင္၀တ္႐ံုကို ၀တ္ဆင္ထားၿပီး တရားသူႀကီးက စီရင္ခ်က္ကို ဖတ္ၾကားခ်ိန္မွာေတာ့ သံေလွာင္အိမ္အတြင္းကေန သမၼတေဟာင္းက ၿငိမ္ၿငိမ္သက္သက္ ၾကည့္ေနခဲ့ပါတယ္။

ဒါဟာ ႏုိင္ငံေရးရည္ရြယ္ခ်က္နဲ႔ လုပ္တာလို႔ အမ်ားက ေျပာၾကတဲ့အမႈကို စီရင္အၿပီးမွာေတာ့ သမၼတေဟာင္းကို ေထာက္ခံတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကလည္း ၿမိဳ႕ေတာ္ Khartoum က လမ္းမေတြမွာ ဆႏၵျပခဲ့ၾကပါတယ္။

သမၼတ Bashir ဆန္႔က်င္ေရး တႏွစ္ၾကာ လႈပ္ရွားမႈရဲ႕ အေျခခံျဖစ္တဲ့ Sudanese Professionals Association ကေတာ့ အခု တရားစီရင္မႈဟာဆိုရင္ သမၼတေဟာင္းအေပၚ က်င့္၀တ္ပိုင္းဆိုင္ရာအရေရာ ႏုိင္ငံေရးအရပါ ျပစ္ဒဏ္စီရင္ခ်က္ ျဖစ္တယ္လို႔ဆိုၿပီး ႀကိဳဆုိလိုက္ပါတယ္။

သမၼတေဟာင္း Bashir အေနနဲ႔ အၾကမ္းဖက္မႈေတြကို လံႈ႔ေဆာ္မႈ၊ ဆႏၵျပသူေတြ သတ္ျဖတ္ခံရမႈမွာ ပါ၀င္ပတ္သက္မႈေတြ အပါအ၀င္ တျခားစြဲခ်က္ေတြနဲ႔လည္း ဆူဒန္ႏုိင္ငံတြင္းမွာ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဆူဒန္၊ ဒါေဖာေဒသ မတည္ၿငိမ္မႈအတြင္း ဆႏၵျပသူေတြကို ညႇဥ္းပန္းႏွိပ္စက္မႈ၊ သတ္ျဖတ္မႈ၊ စစ္ရာဇ၀တ္မႈ၊ လူမ်ဳိးတံုးသတ္ျဖတ္မႈ စြဲခ်က္ေတြနဲ႔ ႏုိင္ငံတကာ ရာဇ၀တ္မႈဆိုင္ရာတရား႐ုံး (ICC) မွာလည္း တရားစြဲခံထားရပါတယ္။

------------------------------

(Unicode)

ဆူဒန်အာဏာရှင်ဟောင်း Bashir အပေါ် ပြစ်ဒဏ်ချမှတ်

ဆူဒန်သမ္မတဟောင်း Omar al-Bashir ကို အဂတိလိုက်စားမှု၊ ငွေမည်းခဝါချမှုတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက စနေနေ့မှာ စီရင်ချက်ချလိုက်ပြီး စာရိတ္တပြုပြင်ရေးစခန်းမှာ ၂ နှစ် ထိန်းသိမ်းဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဆူဒန် အာဏာရှင်ဟောင်း Bashir အတွက်တော့ ဒါဟာ ပထမဆုံး တရားစီရင်ခံရမှု ဖြစ်ပါတယ်။ ဆူဒန်နိုင်ငံကို ဆယ်စုနှစ် သုံးခုကြာ အုပ်ချုပ်ခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် သမ္မတဟောင်း Bashir ကို ဆူဒန်ပြည်သူတွေက လနဲ့ချီ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ပြီးခဲ့တဲ့ဧပြီလမှာ စစ်တပ်က သူ့ကို ဖြုတ်ချခဲ့တာပါ။

သမ္မတဟောင်း Bashir ကို ရာထူးက ဖယ်ရှားချိန်မှာ သူ့အိမ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ သန်းနဲ့ချီတဲ့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးနဲ့ ဆူဒန်သုံး ပေါင်ငွေတွေကိုလည်း သိမ်းဆည်းဖို့ တရားရုံးက အမိန့်ချမှတ်ပါတယ်။

စနေနေ့က တရားခွင်မှာတော့ သမ္မတဟောင်း Bashir က ဆူဒန်ရိုးရာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တရားသူကြီးက စီရင်ချက်ကို ဖတ်ကြားချိန်မှာတော့ သံလှောင်အိမ်အတွင်းကနေ သမ္မတဟောင်းက ငြိမ်ငြိမ်သက်သက် ကြည့်နေခဲ့ပါတယ်။

ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာလို့ အများက ပြောကြတဲ့အမှုကို စီရင်အပြီးမှာတော့ သမ္မတဟောင်းကို ထောက်ခံတဲ့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကလည်း မြို့တော် Khartoum က လမ်းမတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတ Bashir ဆန့်ကျင်ရေး တနှစ်ကြာ လှုပ်ရှားမှုရဲ့ အခြေခံဖြစ်တဲ့ Sudanese Professionals Association ကတော့ အခု တရားစီရင်မှုဟာဆိုရင် သမ္မတဟောင်းအပေါ် ကျင့်ဝတ်ပိုင်းဆိုင်ရာအရရော နိုင်ငံရေးအရပါပြစ်ဒဏ်စီရင်ချက် ဖြစ်တယ်လို့ဆိုပြီး ကြိုဆိုလိုက်ပါတယ်။

သမ္မတဟောင်း Bashir အနေနဲ့ အကြမ်းဖက်မှုတွေကို လှုံ့ဆော်မှု၊ ဆန္ဒပြသူတွေ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်မှုတွေ အပါအဝင် တခြားစွဲချက်တွေနဲ့လည်း ဆူဒန်နိုင်ငံတွင်းမှာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆူဒန်၊ ဒါဖောဒေသ မတည်ငြိမ်မှုအတွင်း ဆန္ဒပြသူတွေကို ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) မှာလည်း တရားစွဲခံထားရပါတယ်။

ဆူဒန္အာဏာရွင္ေဟာင္း Bashir အေပၚ ျပစ္ဒဏ္ခ်မွတ္
please wait

No media source currently available

0:00 0:02:00 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG