သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတဟောင်း Bashir အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ခံရ


လွန်ခဲ့တဲ့ လေးလက သမ္မတကို ရာထူးက ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဆူဒန်နိုင်ငံမှာ တနင်္လာနေ့က သမ္မတဟောင်း Omar al-Bashir ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ ကြာ ဆူဒန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း Bashir ကို တရားမဝင် နိုင်ငံခြားငွေ ပိုင်ဆိုင်မှု၊ လက်ဆောင်ပစ္စည်းတွေကို တရားမဝင်တဲ့ အပြုအမူမျိုးနဲ့ လက်ခံခဲ့တယ်ဆိုတဲ့ အချက်တွေနဲ့ စွဲချက်တင်ထားတာပါ။ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ စုံစမ်းစစ်ဆေးရေးမှူးတဦးရဲ့ ပြောဆိုချက်အရ Bashir ဟာ ဆော်ဒီအာရေဗျ နိုင်ငံဆီက ငွေသားချည်းသက်သက် ဒေါ်လာ သန်းပေါင်းများစွာကို လက်ခံယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ဝန်ခံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဟောင်း Omar al-Bashir ကို အဂတိလိုက်စားမှုနဲ့ တရားရုံးတင်စစ်ဆေးနေတဲ့အပေါ် ဆူဒန်ပြည်သူတွေကတော့ အားမလိုအားမရဖြစ်နေကြပြီး ဒီစွဲချက်တွေဟာ Bashir ကျူးလွန်မှုတွေနဲ့ နှိုင်းယှဉ်ရင် အသေးအမွှားဖြစ်ပြီး၊ အလွန်တရာမှ နောက်ကျနေတယ်လို့လည်း မြင်နေပါတယ်။

ဒီစွဲချက်တွေဟာ ဆူဒန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကို လျစ်လျူပြုတာဖြစ်ပြီး၊ တကယ်တမ်း Bashir ကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူတွေကို အစုလိုက်သတ်မှု စတဲ့ ကျူးလွန်မှုတွေနဲ့ ပထမဆုံး စွဲဆို စစ်ဆေးသင့်ကြောင်း ဆူဒန်ပြည်သူတဦးက VOA ကိုပြောပါတယ်။

ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကတော့ သမ္မတဟောင်း Bashir ကို ဆူဒန်ရဲ့ ဒါဖါ ဒေသ စစ်ပွဲအတွင်း စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု စတာတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တင်ထားပြီးသာဖြစ်ပါတယ်။

ဆူဒန်သမ္မတဟောင်း Bashir အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ခံရ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG