သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွင်းသူ ဆူဒန်ကြိုးမိန့် ချမည်


အာဏာရ စစ်ကောင်စီရဲ့ ဒုတိယ အကြီးအကဲ Mohamed Hamdan Dagalo
အာဏာရ စစ်ကောင်စီရဲ့ ဒုတိယ အကြီးအကဲ Mohamed Hamdan Dagalo

ဆူဒန်နိုင်ငံမှာ ဒီလအစောပိုင်းတုန်းက ဒါဇင်နဲ့ချီ သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ဆန္ဒပြသူတွေ အပေါ် သွေးထွက်သံယို ဖြိုခွင်းခဲ့သူတွေကို ကြိုးစင်တင်မယ်လို့ ထိပ်တန်း စစ်ဗိုလ်ချုပ် တဦးက တနင်္ဂနွေနေ့မှာ ကတိပြုပြောဆိုပါတယ်။

ကျူးလွန်သူတွေကို ကြိုးစင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်လို့ အာဏာရ စစ်ကောင်စီရဲ့ ဒုတိယ အကြီးအကဲ Mohamed Hamdan Dagalo က နိုင်ငံပိုင် ရုပ်သံကနေ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။ အမှားကျူးလွန်သူတို့ တာဝန်ခံရမယ်လို့လည်း Dagalo က ထပ်လောင်း ပြောပါတယ်။

မြို့တော် Khartoun က စစ်ဌာနချုပ် အပြင်မှာ သီတင်းပတ်နဲ့ချီ စခန်းချနေကြတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဇွန်လ ၃ ရက်နေ့က စစ်ဝတ်စုံတွေနဲ့ လက်နက်ကိုင် အမျိုးသားတွေက အကြမ်းဖက်ခဲ့ကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောဆိုထားတာပါ။ မြို့တော် Khartoum မှာ အဲဒီနေ့က လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း ဆန္ဒပြ လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ ဆရာဝန်တွေက ပြောပါတယ်။

ဒါပေမယ့် ကျန်းမာရေး ဝန်ကြီးဌာနကတော့ နိုင်ငံတဝန်းမှာ သေဆုံးသူ ၆၁ ဦး ရှိတယ်လို့ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ကြီး Shamseddine Kabbashi ကတော့ ဖြိုခွင်းမှုအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့တာပါ။ ဆန္ဒပြသူတွေရဲ့ စခန်းအနီးက မူးယစ်ဆေးဝါး ရောင်းသူတွေလို့ ဆိုတဲ့ နေရာတခုကို ရှင်းဖို့ စီစဉ်ခဲ့တာသာ ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုပြီး ဖြိုခွင်းဖို့ အမိန့်မပေးခဲ့ကြောင်းခုခံ ပြောဆိုပါတယ်။ ကိုလံဘီယာ စစ်ဆင်ရေးကိုတော့ စစ်တပ်နဲ့ လုံခြုံရေး အာဏာပိုင်တို့က ဆောင်ရွက်ခဲ့တယ်လို့လည်း စစ်ကောင်စီက စနေနေ့ နှောင်းပိုင်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွင်းသူ ဆူဒန်ကြိုးမိန့် ချမည်
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG