သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ဆူဒန္ ညြန္႔ေပါင္းအစုိးရ က်မ္းသစၥာက်ိန္ဆုိ


သတင္းစာရွင္းလင္းပြဲတခုအတြင္း ေတြ႔ရသည့္ ေတာင္ဆူဒန္သမၼတ Salva Kiir. (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္ဆူဒန္ႏုိင္ငံမွာ စေနေန႔က ၿပိဳင္ဘက္ ႏုိင္ငံေရးေခါင္းေဆာင္ ၂ ဦးၾကား ညြန္႔ေပါင္းအစိုးရသစ္ ဖြဲ႔စည္းလုိက္ႏုိင္တာဟာဆိုရင္ ျပည္တြင္းစစ္ဒဏ္ကေန ႏုိင္ငံေရးလမ္းေၾကာင္းသစ္တရပ္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

သမၼတ Salva Kiir ဘက္က သူ႔အစိုးရေဟာင္းကို ဖ်က္သိမ္းလိုက္ၿပီး ေနာက္တေန႔ စေနေန႔မွာပဲ အတိုက္အခံေခါင္းေဆာင္ Riek Machar က ဒုတိယသမၼတ ၁ အျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့တာပါ။

လူေပါင္း ၄၀၀,၀၀၀ နီးပါး ေသဆံုးခဲ့ရတဲ့ ပဋိပကၡေတြအတြင္း တိုက္ပြဲေတြေၾကာင့္ ဒုတိယသမၼတအျဖစ္ Riek Machar တာ၀န္ယူေရး အစီအစဥ္က ၂ ႀကိမ္တိုင္ မေအာင္မျမင္ ျဖစ္ခဲ့တာပါ။

က်မ္းသစၥာက်ိန္ဆိုတဲ့ အခမ္းအနားအတြင္းမွာပဲ သမၼတ Kiir က စစ္ပြဲကို တရား၀င္ အဆံုးသတ္ေၾကာင္း၊ ႏုိင္ငံအတြက္ အ႐ုဏ္သစ္ ေပၚထြန္းလာၿပီး ေၾကညာေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဒုတိယသမၼတ Machar ကို သူခြင့္လႊတ္ပါေၾကာင္း၊ သူ႔ကိုလည္း ခြင့္လႊတ္ပါ။ ႏုိင္ငံသူႏုိင္ငံသားေတြ အေနနဲ႔လည္း အခ်င္းခ်င္း ခြင့္လႊတ္ၾကဖို႔ သမၼတ Kiir က မိန္႔ခြန္းမွာ ေျပာဆိုသြားတာ ျဖစ္ပါတယ္။

ဆူဒန္ႏုိင္ငံကေန လြတ္လပ္ေရးရေရး ကာလရွည္ႀကိဳးပမ္းမႈ ေအာင္ျမင္ခဲ့ၿပီးေနာက္ ၂ ႏွစ္အၾကာ ၂၀၁၃ ခုႏွစ္မွာ ကမၻာ့သက္တမ္း အႏုနယ္ဆံုး ေတာင္ဆူဒန္ႏုိင္ငံမွာ ျပည္တြင္းစစ္ ျဖစ္ခဲ့တာပါ။ သမၼတ Kiir ကို ေထာက္ခံသူေတြနဲ႔ အဲဒီအခ်ိန္က ဒုတိယသမၼတ Machar ကို ေထာက္ခံသူေတြၾကား တိုက္ခုိက္ခဲ့ၾကတာ ျဖစ္ပါတယ္။

--------------------------------

(Unicode)

တောင်ဆူဒန် ညွန့်ပေါင်းအစိုးရ ကျမ်းသစ္စာကျိန်ဆို

တောင်ဆူဒန်နိုင်ငံမှာ စနေနေ့က ပြိုင်ဘက် နိုင်ငံရေးခေါင်းဆောင် ၂ ဦးကြား ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းလိုက်နိုင်တာဟာဆိုရင် ပြည်တွင်းစစ်ဒဏ်ကနေ နိုင်ငံရေးလမ်းကြောင်းသစ်တရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတ Salva Kiir ဘက်က သူ့အစိုးရဟောင်းကို ဖျက်သိမ်းလိုက်ပြီး နောက်တနေ့ စနေနေ့မှာပဲ အတိုက်အခံခေါင်းဆောင် Riek Machar က ဒုတိယသမ္မတ ၁ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။

လူပေါင်း ၄၀၀,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ပဋိပက္ခတွေအတွင်း တိုက်ပွဲတွေကြောင့် ဒုတိယသမ္မတအဖြစ် Riek Machar တာဝန်ယူရေး အစီအစဉ်က ၂ ကြိမ်တိုင် မအောင်မမြင် ဖြစ်ခဲ့တာပါ။

ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားအတွင်းမှာပဲ သမ္မတ Kiir က စစ်ပွဲကို တရားဝင် အဆုံးသတ်ကြောင်း၊ နိုင်ငံအတွက် အရုဏ်သစ် ပေါ်ထွန်းလာပြီး ကြေညာကြောင်း ပြောဆိုခဲ့ပါတယ်။

ဒုတိယသမ္မတ Machar ကို သူခွင့်လွှတ်ပါကြောင်း၊ သူ့ကိုလည်း ခွင့်လွှတ်ပါ။ နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့လည်း အချင်းချင်း ခွင့်လွှတ်ကြဖို့ သမ္မတ Kiir က မိန့်ခွန်းမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံကနေ လွတ်လပ်ရေးရရေး ကာလရှည်ကြိုးပမ်းမှု အောင်မြင်ခဲ့ပြီးနောက် ၂ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့သက်တမ်း အနုနယ်ဆုံး တောင်ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ခဲ့တာပါ။ သမ္မတ Kiir ကို ထောက်ခံသူတွေနဲ့ အဲဒီအချိန်က ဒုတိယသမ္မတ Machar ကို ထောက်ခံသူတွေကြား တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG