သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဋိပကၡေျဖရွင္းေရး အာဖရိကသမဂၢ ဦးစီးေဆာင္ရြက္မည္


၂၀၁၉ ေဖေဖာ္ဝါရီလအတြင္းက က်င္းပခဲ့သည့္ အာဖရိကသမဂၢ ညီလာခံအတြင္း ထိပ္သီးေခါင္းေဆာင္မ်ား မွတ္တမ္းတင္ဓာတ္ပုံ ႐ုိက္ကူးမႈျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၀၊ ၂၀၁၉)

(Zawgyi / Unicode)

အာဖရိကသမဂၢရဲ႕ ႏွစ္ပတ္လည္ ထိပ္သီးညီလာခံကို တနဂၤေႏြေန႔က စတင္က်င္းပေနၿပီး အာဖရိကတိုက္တ၀န္း ပဋိပကၡေတြကို ေျဖရွင္းတဲ့ေနရာမွာ အာဖရိကသမဂၢအေနနဲ႔ ပိုၿပီး အေရးပါတဲ့ အခန္းက႑ကေန ပါ၀င္ဖို႔ ေခါင္းေဆာင္ေတြက ကတိျပဳလိုက္ၾကပါတယ္။

ေသနတ္သံေတြ ဆိတ္ၿငိမ္သြားေရးဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ၂ ရက္ၾကာ ထိပ္သီး ေဆြးေႏြးပြဲကို အီသီယိုးပီးယားႏုိင္ငံ ၿမိဳ႕ေတာ္ Addis Ababa မွာ က်င္းပေနတာ ျဖစ္ပါတယ္။

အာဖရိကတိုက္တ၀န္း လြတ္လပ္စြာ ကုန္သြယ္မႈ က်င့္သံုးေရး၊ အာဖရိကသမဂၢရဲ႕ ရန္ပံုေငြစီးဆင္းမႈ အပါအ၀င္ ဖြဲ႔စည္းပံု ျပဳျပင္ေျပာင္းလဲေရးအေပၚ ႏွစ္နဲ႔ခ်ီ ေဆြးေႏြးျငင္းခံုမႈေတြကေန ဒီႏွစ္မွာေတာ့ ပဋိပကၡေတြအေရးကို အေလးထား ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။

အာဖရိကသမဂၢ (AU) ေကာ္မရွင္အႀကီးအကဲ Moussa Faki Mahamat က သူ႔ရဲ႕ အဖြင့္မိန္႔ခြန္းမွာေတာ့ အာဖရိကတိုက္အတြင္း ေရြးေကာက္ပြဲႀကိဳနဲ႔ ေရြးေကာက္ပြဲ အၿပီးကာလ ျပႆနာေတြ၊ ေနာက္ အၾကမ္းဖက္၀ါဒ၊ လူမႈအသိုင္းအ၀ိုင္းေတြၾကားက ပဋိပကၡေတြကို ေထာက္ျပၿပီး အာဖရိကတိုက္ရဲ႕ လံုၿခံဳေရးအေျခအေနနဲ႔ ပတ္သက္ၿပီး ေျပာဆိုသြားပါတယ္။

Central African Republic နဲ႔ ဆူဒန္တို႔မွာ တိုးတက္မႈတခ်ိဳ႕ ရွိခဲ့တယ္လို႔လည္း AU အႀကီးအကဲက မိန္႔ခြန္းမွာ အသိအမွတ္ျပဳ ေျပာပါတယ္။ ဒါေပမယ့္ လစ္ဗ်ားနဲ႔ ေတာင္ဆူဒန္ ပဋိပကၡေတြက သက္ဆိုးရွည္လာၿပီး ကင္မရြန္းကေန မိုဇမ္းဘစ္အထိ ပဋိပကၡသစ္ေတြကလည္း ထပ္ၿပီး ေပၚလာျပန္တယ္လို႔လည္း မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုသြားပါတယ္။

-----------------------------

(Unicode)

ပဋိပက္ခဖြေရှင်းရေး အာဖရိကသမဂ္ဂ ဦးစီးဆောင်ရွက်မည်

အာဖရိကသမဂ္ဂရဲ့ နှစ်ပတ်လည် ထိပ်သီးညီလာခံကို တနင်္ဂနွေနေ့က စတင်ကျင်းပနေပြီး အာဖရိကတိုက်တဝန်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ အာဖရိကသမဂ္ဂအနေနဲ့ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ခေါင်းဆောင်တွေက ကတိပြုလိုက်ကြပါတယ်။

သေနတ်သံတွေ ဆိတ်ငြိမ်သွားရေးဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂ ရက်ကြာ ထိပ်သီး ဆွေးနွေးပွဲကို အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

အာဖရိကတိုက်တဝန်း လွတ်လပ်စွာ ကုန်သွယ်မှု ကျင့်သုံးရေး၊ အာဖရိကသမဂ္ဂရဲ့ ရန်ပုံငွေစီးဆင်းမှု အပါအဝင် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအပေါ် နှစ်နဲ့ချီ ဆွေးနွေးငြင်းခုံမှုတွေကနေ ဒီနှစ်မှာတော့ ပဋိပက္ခတွေအရေးကို အလေးထား ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အာဖရိကသမဂ္ဂ (AU) ကော်မရှင်အကြီးအကဲ Moussa Faki Mahamat က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာတော့ အာဖရိကတိုက်အတွင်း ရွေးကောက်ပွဲကြိုနဲ့ ရွေးကောက်ပွဲ အပြီးကာလ ပြဿနာတွေ၊ နောက် အကြမ်းဖက်ဝါဒ၊ လူမှုအသိုင်းအဝိုင်းတွေကြားက ပဋိပက္ခတွေကို ထောက်ပြပြီး အာဖရိကတိုက်ရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

Central African Republic နဲ့ ဆူဒန်တို့မှာ တိုးတက်မှုတချို့ ရှိခဲ့တယ်လို့လည်း AU အကြီးအကဲက မိန့်ခွန်းမှာ အသိအမှတ်ပြု ပြောပါတယ်။ ဒါပေမယ့် လစ်ဗျားနဲ့ တောင်ဆူဒန် ပဋိပက္ခတွေက သက်ဆိုးရှည်လာပြီး ကင်မရွန်းကနေ မိုဇမ်းဘစ်အထိ ပဋိပက္ခသစ်တွေကလည်း ထပ်ပြီး ပေါ်လာပြန်တယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG