သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိက အတွက် ဒေါ်လာဘီလီယံ ၆၀ တရုတ်ကူမည်


အာဖရိကတိုက် အတွင်း စက်မှုဖွံ့ဖြိုးရေးကနေအခြေခံ အဆောက်အဦ အထိ ကဏ္ဍပေါင်းစုံ အတွက် ရည်ရွယ်ပြီး တရုတ် အစိုးရက အာဖရိက အတွက် ရံပုံငွေ အသစ်အဖြစ် ဒေါ်လာ ၆၀ ဘီလီယံ ပိုတိုးပေးဖို့ ကတိပြုလိုက်ပါတယ်။ ဒါ့အပြင် အာဖရိက နိုင်ငံတွေ အနေနဲ့ အတိုးမဲ့ ချေးငွေတွေ ဒီနှစ်ကုန်ပိုင်းမှာ ပြန်ဆပ်ရတော့မယ့် အချိန်မှာဘဲ အကြွေးတွေ ပြန်ဆပ်စရာ မလိုအောင် ဆောင်ရွက်ပေးမယ်လို့ တရုတ်က ပြောဆိုလိုက်ပါတယ်။

တရုတ်သမ္မတ Xi Jinping က ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ တရုတ် - အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ ပြောကြားတဲ့ အဖွင့်မိန့်ခွန်းမှာ အခုလို ကတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို သုံးနှစ်တကြိမ် ကျင်းပတာပါ။

ဘယ်နိုင်ငံတွေက အကြွေးတွေကို တရုတ်ဘက်က လျှော်ပစ်မယ် ဆိုတာကိုတော့ တရုတ် သမ္မတက ပြောမသွားပါဘူး။ ဒါပေမယ့် အာဖရိကတိုက်မှာ အကြွေးနဲ့ ပိပြီး နွံနစ်မယ့် အန္တရာယ်အတွက် စိုးရိမ်နေမှုတွေ ဖြစ်ပေါ်မလာအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့ အနေထားတွေ့ရပါတယ်။

အာဖရိကတိုက် အတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ နိုင်ငံရေး နှောင်ကြိုးမပါဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ထိတွေ့ဆက်ဆံရေး ဆက်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တရုတ် သမ္မတ Xi က ဘေဂျင်းမြို့တော်က ပြည်သူ့ခန်းမဆောင်ကြီးမှာ တက်ရောက်လာကြတဲ့ အာဖရိက နိုင်ငံ ၃၀ ကျော်က ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG