သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ကုလသတိပေး


FILE - U.N. Secretary-General Antonio Guterres talks to the media during a press conference at Nariño presidential palace in Bogota, Nov. 24, 2021.
FILE - U.N. Secretary-General Antonio Guterres talks to the media during a press conference at Nariño presidential palace in Bogota, Nov. 24, 2021.

Zawgyi

မြန်မာ့အရေး နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ကုလသတိပေး

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး အခြေအနေတွေ ကျဆင်းလာနေတဲ့အပေါ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာပဲ ကုလသမဂ္ဂ တာဝန်ရှိသူတွေ သတိပေးပြောဆိုလိုက်ကြပါတယ်။ ဒီကနေ့ ကမ္ဘာကြီးမှာ အထွေထွေအကြပ်အတည်းတွေကြောင့် အခြေခံလူ့အခွင့်အရေးတွေဟာ ခြိမ်းခြောက်ခံနေရတယ်လို့ ကုသမဂ္ဂအ အတွင်းရေးမှုးချုပ်ကပြောဆိုလိုက်သလို၊ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေနေတွေဟာ ထူးထူးခြားခြားဆိုးရွားနေတယ်လို့ ကုလသ မဂ္ဂလူ့အခွင့်ရေး ဆိုင်ရာမဟာမင်းကြီးရုံးကလည်း ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂ ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ဗွီအိုအေသတင်းထောက် Lisa Schlein သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုဇော်မိုးကျော် ပြောပြပေးမှာပါ။

###

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပြောဆိုရာမှာ ကမ္ဘာကြီးဟာတဆစ်ချိုးအပြောင်းအလဲတွေနဲ့ကြုံံတွေနေရ ပြီးလူ့အခွင့်အရေးတွေဟာခြိမ်းခြောက်ခံနေရတယ်လို့သတိပေးပြောဆိုခဲ့ပါတယ်။

Act: Guterres

“ကိုဗစ် ၁၉ ကပ်ရောဂါ၊ ရာသီဥတုအပြောင်းလဲလာမှုပြဿနာနဲ့ ကျနော်တို့အားလုံးရဲ့ အသက် ရှင်နေထိုင်မှုနဲ့ဆိုင်တဲ့ ကဏ္ဍအသီးသီးမှာ ဒယ်ဂျစ်တယ်နည်းပညာတွေ ကျယ်ကျယ် ပြန့်ပြန့် ထိုးဖေါက်နေရာယူလာတာတွေဟာ လူ့အခွင့်အရေးအပေါ်မှာ ခြိမ်းခြောက်မှုအသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဝိုင်းပါယ်ထားမှုတွေ၊ခွဲခြားဆက်ဆံမှုတွေ ဟာလည်းနေရာအနှံအများ အပြားဖြစ်ပေါ်နေပါတယ်။ အများပြည်သူဆိုင်ရာ အခန်းကဏ္ဍဟာ ကျဉ်းသည်ထက်ကျဉ်းလာ နေပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေဟာလည်း ဆယ်ဆုနှစ်အတော်များများ အတွင်းပထမဆုံးအကြိမ်အဖြစ်ထူးထူးခြားခြားမြင့်တက်နေပါတယ်။ သန်းပေါင်းများစွာသော ခလေးငယ်တွေဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနေပါတယ်။ တန်းတူညီမျှမှုမရှိတာတွေဟာလည် ပိုမိုနက်ရှိုင်းလာနေပါတယ်”

နိုင်ငံတကာလူ့အခွင့်အရေးနေ့နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံးပြောရေးဆိုခွင့်ရှိသူRupert Colville က ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ကနေ ပြောဆိုရာမှာတော့။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ မကြုံစဖူးဆိုးဝါးနေတယ်လို့ မြန်မာနိုင်ငံအခြေအနေကိုထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

Act: Ruper Colville

“ဖေဖေါ်ဝါရီလအတွင်း ရွေးကောက်ခံအစိုးရကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ၁၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေတွေဟာ ဆိုးသည်ထက်ဆိုးလာနေပြီး မယုံနိုင်လောက်တဲ့ အတိုင်းအတာအထိဆိုးရွားလာနေပါတယ်။ ပြည်သူတွေ ရဲ့အသက်ရှင်ရပ်တည်နိုင်ခွင့်တွေချိုးဖေါက်ခံရတာ၊ လူတဦးခြင်းစီရဲ့လွတ်လပ်ခွင့်နဲ့ လုံခြုံမှုဆိုင်ရာအခွင့်အရေးတွေချိုးဖေါက်ခံရတာ၊ ညှင်းပန်းနှိပ်စက်မှုကိုတားမြစ်ထားတဲ့အခွင့် အရေးတွေ၊ မျှတတဲ့တရားစီရင်ရေးဆိုင်ရာအခွင့်အရေးတွေနဲ့ လွတ်လပ်စွာဖေါ်ပြခွင့်စတဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖေါက်ခံရတာတွေနေ့စဉ်ဖြစ်ပေါ်နေပါတယ်။”

မြန်မာနိုင်ငံမှာပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖေါက်မှု တွေကို စိုးရိမ်ရလောက်အောင်မြင်တက်နေတဲ့ အတွက်ကျနော်တို့ အလွန်ကိုဘဲစိတ်ပျက်ထိတ်လန့်မိပါတယ် လို့ Rupert Colville ကဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာပဲ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အရွယ်မရောက်သေးသူ ၅ ဦးအပါအဝင်လူ ၁၁ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တာ ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ လူအုပ်ထဲကို မော်တော်ကားနဲ့ ဝင်တိုက်ခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ Rupert Colviflle က လူအခွင့်ရေးနေ့မှာ ထည့်သွင်းပြောဆိုခဲ့သလို၊

ချင်းပြည်နယ်၊ကယားပြည်နယ်တွေမှာ လူနေအိမ်တွေ၊ ဘာသာရေး အဆောက်အဦး တွေကို စစ်တပ်ကမီးရှိုဖျက်စီးတာတွေကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။ ချင်းပြည်နယ်မှာ ထန်တလန်မြို့မှာ အရပ်ဖက်နဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦး ၁၉ ခုမီးရှို့ခံရသလို၊ သီးခြားအဖြစ်အပျက် ၁၀ ခုမှာ အိမ်ခြေ ၄၅၀ ကျော်ဖျက်စီးခံရတဲ့ သတင်း ပေးပို့ချက်တွေကိုလက်ခံရရှိခဲ့တယ်လို့ Ruper Coviflle ကပြောဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ကတည်းက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရဲ့ တပ်ဖွဲ့ တွေဟာ နိုင်ငံတကာအဥပဒေတွေအရ ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ ဝတ္တရားတွေကိုလေစားလိုက်နာဖို့ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် လူပေါင်း ၁၃၀၀ ကျော်သေ ဆုံးရပြီး လူ ၁ သောင်းကျော်အဖမ်းခံထားရတယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျ ရောက်တဲ့ လူ့အခွင့်အရေးနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးကဖေါ်ပြပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာကလူ့အခွင့်အရေးနေ့ ရန်ကုန်မြင်ကွင်း
please wait

No media source currently available

0:00 0:03:34 0:00
တိုက်ရိုက် လင့်ခ်


##

Unicode



###


Act: Guterres




Act: Ruper Colville






XS
SM
MD
LG