သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် တိုးမြှင့် ဖိအားပေးဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ Tom Andrews.
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ Tom Andrews.

(Zawgyi / Unicode)

ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှုအရ ထောင်ဒဏ်ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံ စစ်ကောင်စီအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ Tom Andrews က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်တပ်ထိန်းချုပ်တဲ့ တရားရုံးက အခုလို ထောင်ဒဏ်စီရင်ချက် ချမှတ်တာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပုံကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ Tom Andrews က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ စစ်ကောင်စီရဲ့ ဓားစာခံတွေသာဖြစ်ပြီး ရာဇဝတ်သားတွေ မဟုတ်ကြတဲ့အကြောင်း၊ သူတို့နှစ်ဦးကို အတုအယောင် တရားရုံးက ပြစ်ဒဏ်စီရင်တာဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်လည်း ဖြစ်သူ Tom Andrews က ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထောင်ပေါင်းများစွာကို ဖမ်းဆီးပြီး ပြစ်ဒဏ်စီရင်နေတာဟာ မြန်မာပြည်သူတွေရဲ့ နိုင်ငံသားရပိုင်ခွင့်နဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေကို ပြင်းထန်စွာ ချိုးဖောက်နေတယ်ဆိုတာ ပြသခြင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)






XS
SM
MD
LG