သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ ၄ ႏွစ္ အမိန႔္ခ်မွတ္


စစ္ေကာင္စီ တရားခြင္အတြင္း ေတြ႔ရတဲ့ သမၼတ ဦးဝင္းျမင့္နဲ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ေမ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ေနျပည္ေတာ္ အထူးတရား႐ုံးက အမႈ ၂ ခုအတြက္ ေထာင္ဒဏ္ ၄ ႏွစ္စီ ခ်မွတ္လိုက္ပါတယ္။

ဦးဝင္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ဦးကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) နဲ႔ ပူးတြဲ တရားစြဲထားတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္လုပ္ေဆာင္မႈအတြက္ ၃ ဦးလုံးကို အျမင့္ဆုံးေထာင္ဒဏ္ ၂ ႏွစ္စီနဲ႔ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ကုိ ပုဒ္မ ၂၅ နဲ႔ သီးျခားစီ တရားစြဲခံထားရတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈေတြအတြက္ ေထာင္ဒဏ္ ၂ ႏွစ္စီ ခ်မွတ္ခဲ့တာပါ။

စစ္တပ္အာဏာသိမ္းမႈအေပၚ ကန႔္ကြက္ေၾကာင္း ေဖေဖာ္ဝါရီ ၇ ရက္နဲ႔ ၁၃ ရက္မွာ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔က ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ ၂ ခုနဲ႔ ပတ္သက္လို႔ ပါတီအႀကီးအကဲေတြျဖစ္တဲ့ သူတို႔ ၃ ဦးလုံးမွာ တာဝန္ရွိလို႔ဆိုၿပီး စစ္ေကာင္စီက ပုဒ္မ ၅၀၅(ခ) နဲ႔ တရားစြဲခဲ့တာပါ။

သဘာဝေဘးအမႈကေတာ့ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲ မဲဆြယ္ကာလမွာ ဥတၱရသီရိၿမိဳ႕နယ္ထဲ ျဖတ္သြားတဲ့ NLD မဲဆြယ္ယာဥ္တန္းကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔က ထြက္ၿပီး လက္ျပႏႈတ္ဆက္လို႔ဆိုၿပီး တရားစြဲခဲ့တာပါ။

ကိုဗစ္ကပ္ေရာဂါ စည္းကမ္းခ်က္ေတြ ထုတ္ျပန္ထားခ်ိန္အတြင္း လူစုလူေဝး ျဖစ္ေစတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သူတို႔ႏွစ္ဦးလုံးကို တရားစြဲခဲ့တာ ျဖစ္ပါတယ္။

အခုလို ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ေထာင္ဒဏ္ေတြ ျပစ္ဒဏ္ခ်ခဲ့ေပမယ့္ သူတို႔ကို အက်ဥ္းေထာင္ကို ပို႔မွာလား၊ ဘယ္အက်ဥ္းေထာင္ကို ပို႔မွာလဲ ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

အမႈေတြနဲ႔ပတ္သက္လုိ႔ အထက္တရား႐ုံးအဆင့္ဆင့္ အယူခံသြားမယ္လို႔ေတာ့ စုံစမ္းသိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ စြဲခ်က္တင္ခံထားရတဲ့ ဆက္သြယ္ေရး ဥပေဒ ခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈနဲ႔ ပို႔ကုန္သြင္းကုန္ဥပေဒ ခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈ ၂ ခုအတြက္လည္း ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ အၿပီးသတ္ အမိန႔္ခ်မယ္လို႔ သိရပါတယ္။

-----------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ် အမိန့်ချမှတ်

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် အထူးတရားရုံးက အမှု ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ ပူးတွဲ တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှုအတွက် ၃ ဦးလုံးကို အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်စီနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဒ်မ ၂၅ နဲ့ သီးခြားစီ တရားစွဲခံထားရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ ခုနဲ့ ပတ်သက်လို့ ပါတီအကြီးအကဲတွေဖြစ်တဲ့ သူတို့ ၃ ဦးလုံးမှာ တာဝန်ရှိလို့ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခဲ့တာပါ။

သဘာဝဘေးအမှုကတော့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဥတ္တရသီရိမြို့နယ်ထဲ ဖြတ်သွားတဲ့ NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့က ထွက်ပြီး လက်ပြနှုတ်ဆက်လို့ဆိုပြီး တရားစွဲခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါ စည်းကမ်းချက်တွေ ထုတ်ပြန်ထားချိန်အတွင်း လူစုလူဝေး ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့နှစ်ဦးလုံးကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ်တွေ ပြစ်ဒဏ်ချခဲ့ပေမယ့် သူတို့ကို အကျဉ်းထောင်ကို ပို့မှာလား၊ ဘယ်အကျဉ်းထောင်ကို ပို့မှာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အမှုတွေနဲ့ပတ်သက်လို့ အထက်တရားရုံးအဆင့်ဆင့် အယူခံသွားမယ်လို့တော့ စုံစမ်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ ဆက်သွယ်ရေး ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ ခုအတွက်လည်း ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချမယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG