သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု တရားလိုကို ရှေ့နေတွေမေးမြန်း


Sean Turnell, the economic adviser to Myanmar's elected leader Aung San Suu Kyi, is seen at the Milken Institute 2017 Asia Summit in Singapore, in this September 30, 2017 handout photograph. MILKEN INSTITUTE/Handout via REUTERS THIS IMAGE HAS BEEN SUPPLI
Sean Turnell, the economic adviser to Myanmar's elected leader Aung San Suu Kyi, is seen at the Milken Institute 2017 Asia Summit in Singapore, in this September 30, 2017 handout photograph. MILKEN INSTITUTE/Handout via REUTERS THIS IMAGE HAS BEEN SUPPLI

{{Zawgyi/Unicode}}

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား Sean Turnell နဲ့ NLD အစိုးရလက်ထက်က ဝန်ကြီး သုံးယောက်အပေါ် အမှုတွဲ တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်တယ်ဆိုတဲ့ အမှုအတွက် တရားလိုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအပါအဝင် တရားစွဲခံရသူတွေရဲ့ ရှေ့နေတွေ ဒီနေ့ကြားနာပွဲမှာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီအမှုအပါအဝင် အမှုပေါင်း တဒါဇင်ကျော်နဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်းစုကြည်အပေါ် စစ်ကောင်စီက အမှုတွေ ထပ်တိုးဖို့ ပြင်ဆင်နေတဲ့ အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေး လျနိုင်ငံသား Sean Turnell တို့အပါအဝင် စုစုပေါင်း ၅ ယောက်အပေါ် ပူးတွဲတရားစွဲထားတဲ့အမှုကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့ ဆက်လက် စစ်ဆေးကြားနာပါတယ်။

အမှုဖွင့်တိုင်ကြားသူ တရားလို ရဲမှူးအောင်မျိုးလွင်ကို နှစ်ဘက်ရှေ့နေတွေက မေးခွန်းတွေ မေးနေ ကြတာမှာ ဒီတပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဘက်က ပြန်လှန်မေးခွန်းတွေ မေးခဲ့တယ်လို့ရှေ့နေတဦးကပြောပါတယ်။

“ကျနော်တို့ တရားလိုကို စွပ်စွဲခံရသူ ၂၊ ၃၊ ၄၊ ၅ ပေါ့ အဲလိုအစဉ်လိုက် အပြန်အလှန်မေးကြတယ်။ ဘာမှတော့ မထူးခြားသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေမေးတယ်။ ပြီးတော့အစဉ်လိုက်ပေါ့ ဦးစိုးဝင်း၊ အစဉ်လိုက်ပေါ့။ နောက်ဆုံးက ဦးဆက်အောင်ရှေ့နေ။ ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဦးဆက်အောင် ဆက်တိုက်မေးပါတယ်။”

Sean Turnell တယောက်တည်းကို နောက်ထပ်စွဲဆိုထားတဲ့ လဝကအက်ဥပဒေ အမှုအတွက်လည်း တရားလိုကို စတင်စစ်မေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်တခေါက် ရုံးချိန်းကို လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့ကို တရားရုံးက ရက်ချိန်းပေးထားပါတယ်။

စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာတွေ့ရတဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကြောင့် သူ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာ ဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင် စုစုပေါင်း ၅ ဦးကို စစ်အုပ် ချုပ်ရေး ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) ဂ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပြီး ၅ မှုက စွဲချက်တင်ခံထား ရပါတယ်။ နောက်ထပ်လည်း အဂတိလိုက်စားမှု တမှုအပြင် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲ ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အမှုစစ်ဆေးတာတွေနဲ့ပတ်သက်ပြီး ပြင်ပမှာ ဘယ်သူ့ကိုမှမပြောဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တွေကို စစ်အုပ်ချုပ်ရေးကောင်စီက ပုဒ်မ ၁၄၄ ထုတ် ပိတ်ပင်ထားတာမို့ နောက်ထပ်တရားစွဲထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်တွေ ခုချိန်ထိ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ အမှုတချို့ကို ရှေ့သီတင်းပတ်ကစပြီး တရားသူကြီးက အဆုံးအဖြတ်တွေ ချတော့မှာဖြစ်ပါတယ်။ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-ခ အမှု နဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုတို့ကို လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-===========

{{Unicode}}












XS
SM
MD
LG