သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ၅၀၅-ခ အမႈ အမိန႔္ခ်ဖို႔ ေ႐ႊ႕ဆိုင္း


ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္ (ယခင္ပံုေဟာင္း။ ေမ ၂၄၊ ၂၀၂၁)

{{Zawgyi/Unicode}}

သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ေကာ္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ေယာက္ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္တယ္လို႔ဆိုၿပီး ရာဇသတ္ႀကီးပုဒ္မ ၅၀၅-ခ နဲ႔ တရားစြဲထားတဲ့အမႈအတြက္ အမိန္႔ခ်ဖို႔ ဒီဇင္ဘာလ ၆ ရက္ေန႔ကို ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

၅၀၅-ခ အမႈအတြက္ ဒီေန႔ ႏိုဝင္ဘာ ၃၀ ရက္မွာ အမိန္႔ခ်ဖို႔ ၿပီးခဲ့တဲ့႐ံုးခ်ိန္းမွာ ေနျပည္ေတာ္ အထူးတရား႐ံုး တရားသူႀကီးက သတ္မွတ္ခဲ့ေပမဲ့ ဒီေန႔ အမိန္႔မခ်ျဖစ္ဘဲ ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ စံုစမ္းသိရပါတယ္။ ဒီေန႔ ဘာေၾကာင့္ အမိန္႔မခ်ျဖစ္သလဲဆိုတာနဲ႔ ပံုမွန္ အဂၤါေန႔တိုင္းမွာ ၾကားနာစစ္ေဆးတဲ့အမႈကို ဒီဇင္ဘာ ၆ ရက္၊ တနလၤာေန႔မွာ အမိန္႔ခ်ဖုိ႔ ဘာေၾကာင့္ ေ႐ႊ႕ဆိုင္းလိုက္သလဲဆိုတာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြကို ေမးျမန္းလို႔ မရႏိုင္တာေၾကာင့္ မသိရပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲခ်က္တင္ထားတဲ့ အမႈေတြထဲက အဂၤါေန႔တိုင္းမွာ စစ္ေဆးေနတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒ ခ်ဳိးေဖာက္တယ္ဆုိတဲ့ အမႈကိုေတာ့ ဒီေန႔ ဆက္လက္ၾကားနာ စစ္ေဆးတယ္လို႔ ေနျပည္ေတာ္ကလာတဲ့ သတင္းေတြအရ သိရပါတယ္။ ဒီသဘာဝေဘးအမႈက ေဒၚေအာင္ဆန္းစုၾကည္အေပၚ အရပ္သားတဦးျဖစ္တဲ့ ဦးညီညီဆိုသူက စြဲဆိုထားတဲ့ အမႈျဖစ္ပါတယ္။

အမႈမွာ ေဒၚေအာင္ဆန္းစုၾကည္ဘက္က သက္ေသထြက္ဆိုဖုိ႔ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ေနျပည္ေတာ္အထူးတရား႐ံုးကို ဆင့္ေခၚေရးေလွ်ာက္ထားခ်က္ကို တရားသူႀကီးက လက္ခံတယ္လို႔ သိရပါတယ္။ ေဒါက္တာေဇာ္ျမင့္ေမာင္ တရား႐ံုးကို လာေရာက္ထြက္ဆိုဖုိ႔အတြက္ က်န္းမာေရးအရ ခြင့္ျပဳဖို႔ မသင့္ဘူးဆိုတဲ့ က်န္းမာေရးတာဝန္ရွိသူရဲ႕ အႀကံျပဳခ်က္ေၾကာင့္ ၿပီးခဲ့တဲ့တပတ္႐ံုးခ်ိန္းက သူလာေရာက္ႏုိင္ျခင္း မ႐ွိခဲ့ပါဘူး။ ဒီေန႔မွာေတာ့ တရား႐ံုးကို ကိုယ္တုိင္လာခြင့္ေလွ်ာက္ထားခ်က္ကို တရားသူႀကီးလက္ခံလိုက္တဲ့အတြက္ ေနာက္တႀကိမ္႐ံုးခ်ိန္းမွာ လာေရာက္ထြက္ဆုိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီသဘာဝေဘးအမႈအတြက္ကိုလည္း ဒီဇင္ဘာလ ၆ ရက္ တနလၤာေန႔ကို ႐ံုးခ်ိန္းေပးထားတယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြကို သတင္းမီဒီယာေတြဆီ သတင္းမေပးဖုိ႔ စစ္ေကာင္စီက တားျမစ္ထားတဲ့အတြက္ အဂၤါေန႔မွာ စစ္ေဆးတဲ့ အမႈေတြအတြက္ တနလၤာေန႔ကုိ ဘာေၾကာင့္ ႐ံုးခ်ိန္းေပးသလဲဆိုတာ မသိရပါဘူး။

လာမယ့္ တနလၤာေန႔ ဒီဇင္ဘာ ၆ ရက္ေန႔က်ရင္ေတာ့ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မ ၂၅ နဲ႔ သီးျခားစီ တရားစြဲထားတဲ့ အမႈ ၂ ခုကိုလည္း အမိန္႔ခ်မယ္လို႔ တရား႐ံုးက သတ္မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ဒေါ်အောင်ဆန်းစုကြည် ၅၀၅-ခ အမှု အမိန့်ချဖို့ ရွှေ့ဆိုင်း

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကော်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်လို့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲထားတဲ့အမှုအတွက် အမိန့်ချဖို့ ဒီဇင်ဘာလ ၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

၅၀၅-ခ အမှုအတွက် ဒီနေ့ နိုဝင်ဘာ ၃၀ ရက်မှာ အမိန့်ချဖို့ ပြီးခဲ့တဲ့ရုံးချိန်းမှာ နေပြည်တော် အထူးတရားရုံး တရားသူကြီးက သတ်မှတ်ခဲ့ပေမဲ့ ဒီနေ့ အမိန့်မချဖြစ်ဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ စုံစမ်းသိရပါတယ်။ ဒီနေ့ ဘာကြောင့် အမိန့်မချဖြစ်သလဲဆိုတာနဲ့ ပုံမှန် အင်္ဂါနေ့တိုင်းမှာ ကြားနာစစ်ဆေးတဲ့အမှုကို ဒီဇင်ဘာ ၆ ရက်၊ တနင်္လာနေ့မှာ အမိန့်ချဖို့ ဘာကြောင့် ရွှေ့ဆိုင်းလိုက်သလဲဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မေးမြန်းလို့ မရနိုင်တာကြောင့် မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေထဲက အင်္ဂါနေ့တိုင်းမှာ စစ်ဆေးနေတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုကိုတော့ ဒီနေ့ ဆက်လက်ကြားနာ စစ်ဆေးတယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ဒီသဘာဝဘေးအမှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် အရပ်သားတဦးဖြစ်တဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။

အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော်အထူးတရားရုံးကို ဆင့်ခေါ်ရေးလျှောက်ထားချက်ကို တရားသူကြီးက လက်ခံတယ်လို့ သိရပါတယ်။ ဒေါက်တာဇော်မြင့်မောင် တရားရုံးကို လာရောက်ထွက်ဆိုဖို့အတွက် ကျန်းမာရေးအရ ခွင့်ပြုဖို့ မသင့်ဘူးဆိုတဲ့ ကျန်းမာရေးတာဝန်ရှိသူရဲ့ အကြံပြုချက်ကြောင့် ပြီးခဲ့တဲ့တပတ်ရုံးချိန်းက သူလာရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ တရားရုံးကို ကိုယ်တိုင်လာခွင့်လျှောက်ထားချက်ကို တရားသူကြီးလက်ခံလိုက်တဲ့အတွက် နောက်တကြိမ်ရုံးချိန်းမှာ လာရောက်ထွက်ဆိုမယ်လို့ မျှော်လင့်ရပါတယ်။ ဒီသဘာဝဘေးအမှုအတွက်ကိုလည်း ဒီဇင်ဘာလ ၆ ရက် တနင်္လာနေ့ကို ရုံးချိန်းပေးထားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို သတင်းမီဒီယာတွေဆီ သတင်းမပေးဖို့ စစ်ကောင်စီက တားမြစ်ထားတဲ့အတွက် အင်္ဂါနေ့မှာ စစ်ဆေးတဲ့ အမှုတွေအတွက် တနင်္လာနေ့ကို ဘာကြောင့် ရုံးချိန်းပေးသလဲဆိုတာ မသိရပါဘူး။

လာမယ့် တနင်္လာနေ့ ဒီဇင်ဘာ ၆ ရက်နေ့ကျရင်တော့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ သီးခြားစီ တရားစွဲထားတဲ့ အမှု ၂ ခုကိုလည်း အမိန့်ချမယ်လို့ တရားရုံးက သတ်မှတ်ထားပါတယ်။

#AungSanSuuKyi #MyanmarMilitaryCoup #VOABurmese

#သဘာဝဘေးအန္တရာယ်#ဒေါက်တာဇော်မြင့်မောင်#ဒေါ်အောင်ဆန်းစုကြည်#ဦးဝင်းမြင့်

XS
SM
MD
LG