သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦး၀င္းျမင့္တို႔အေပၚ အဂတိလိုက္စားမႈနဲ႔ ေနာက္ထပ္တရားစဲြ


ယခင္မွတ္တမ္းဓါတ္ပုံ ။. ။ March 30, 2018.

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦး၀င္းျမင့္တို႔အေပၚ အဂတိလိုက္စားမႈနဲ႔ ေနာက္ထပ္တရားစဲြ

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ရာထူးကဖယ္ရွားခံခဲ့ရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင့္တို႔ကို အဂတိလိုက္စားမႈ စဲြခ်က္သစ္နဲ႔ အာဏာပိုင္ေတြက အေရးယူလိုက္ေၾကာင္း ႏိုင္ငံပိုင္ သတင္းေတြက ေဖာ္ျပပါတယ္။

ႏိုင္ငံေတာ္ပိုင္ ရဟတ္ယာဥ္ ၀ယ္ယူ အသုံးျပဳရာမွာ လုပ္ထုံးလုပ္နည္းနဲ႔မညီဘဲ တိုင္းျပည္ဘ႑ာ ထိခိုက္ေစတယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ အရ ေနျပည္ေတာ္မွာ အဂၤါေန႔ကပဲ တိုင္ၾကားထားေၾကာင္း သတင္းထုတ္ျပန္ခဲ့တာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရာထူးက ဖယ္ရွားခံခဲ့ရတဲ့ အရပ္သားအစိုးရ ထိပ္တန္း ေခါင္းေဆာင္ေတြ အပါအ၀င္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက တိုက္တြန္းေနခ်ိန္မွာပဲ အာဏာပိုင္ေတြက ေနာက္ထပ္စဲြခ်က္သစ္နဲ႔ အေရးယူဖို႔ စီစဥ္ခဲ့တာလည္း ျဖစ္ပါတယ္။ အခုေနာက္ဆုံး စဲြခ်က္အတြက္ တရား႐ုံးက အျပစ္ရွိတယ္လို႔ ဆုံးျဖတ္ရင္ေတာ့ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၁၅ ႏွစ္အထိ က်ခံရႏိုင္ပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦး၀င္းျမင့္တို႔အျပင္ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ေယာက္ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္မႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-ခ နဲ႔ အေစာပိုင္းမွာ တရားစြဲထားတဲ့အမႈအတြက္ အဂၤါေန႔မွာ အမိန္႔ခ်မယ့္ အစီအစဥ္ကိုလည္း ေနာက္သီတင္းပတ္ကို ေရႊ႕ခဲ့တာပါ။ မူလတုန္းက ႏိုဝင္ဘာ ၃၀ ရက္မွာ အမိန္႔ခ်ဖို႔ ၿပီးခဲ့တဲ့႐ံုးခ်ိန္းအတြင္း ေနျပည္ေတာ္ အထူးတရား႐ံုး တရားသူႀကီးက သတ္မွတ္ခဲ့ေပမဲ့ ဒီဇင္ဘာလ ၆ ရက္ေန႔ကကို ေရႊ႕လိုက္တာ ျဖစ္ပါတယ္။ စီရင္ခ်က္ခ်က္ဖို႔ ေရႊ႕ဆိုင္းလိုက္တဲ့ အေၾကာင္းရင္းကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦး၀င္းျမင့္တို႔အေပၚ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မ ၂၅ နဲ႔ သီးျခားစီ တရားစြဲထားတဲ့ အမႈ ၂ ခုကိုလည္း လာမယ့္ တနလၤာေန႔ ဒီဇင္ဘာ ၆ ရက္ေန႔မွာပဲ အမိန္႔ခ်ဖို႔ တရား႐ုံးက စီစဥ္ထားပါတယ္။

..................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ် အဂတိလိုက်စားမှုနဲ့ နောက်ထပ်တရားစွဲ
{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ရာထူးကဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှု စွဲချက်သစ်နဲ့ အာဏာပိုင်တွေက အရေးယူလိုက်ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။

နိုင်ငံတော်ပိုင် ရဟတ်ယာဉ် ဝယ်ယူ အသုံးပြုရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ တိုင်းပြည်ဘဏ္ဍာ ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်မှာ အင်္ဂါနေ့ကပဲ တိုင်ကြားထားကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အရပ်သားအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းနေချိန်မှာပဲ အာဏာပိုင်တွေက နောက်ထပ်စွဲချက်သစ်နဲ့ အရေးယူဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး စွဲချက်အတွက် တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့ အစောပိုင်းမှာ တရားစွဲထားတဲ့အမှုအတွက် အင်္ဂါနေ့မှာ အမိန့်ချမယ့် အစီအစဉ်ကိုလည်း နောက်သီတင်းပတ်ကို ရွှေ့ခဲ့တာပါ။ မူလတုန်းက နိုဝင်ဘာ ၃၀ ရက်မှာ အမိန့်ချဖို့ ပြီးခဲ့တဲ့ရုံးချိန်းအတွင်း နေပြည်တော် အထူးတရားရုံး တရားသူကြီးက သတ်မှတ်ခဲ့ပေမဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကကို ရွှေ့လိုက်တာ ဖြစ်ပါတယ်။ စီရင်ချက်ချက်ဖို့ ရွှေ့ဆိုင်းလိုက်တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ သီးခြားစီ တရားစွဲထားတဲ့ အမှု ၂ ခုကိုလည်း လာမယ့် တနင်္လာနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာပဲ အမိန့်ချဖို့ တရားရုံးက စီစဉ်ထားပါတယ်။

XS
SM
MD
LG