သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ပါ ငါးဦးအမႈ တရားလို စတင္စစ္ေဆး 


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)

{{Zawgyi/Unicode}}

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သူ႔ရဲ႕စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell နဲ႔ NLD အစိုးရလက္ထက္က ဝန္ႀကီးသုံးေယာက္အေပၚ အမႈတြဲ တရားစြဲထားတဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ေဖာက္ဖ်က္တယ္ဆိုတဲ့အမႈအတြက္ ဒီကေန႔မွာ တရားလိုကို စတင္စစ္ေဆးပါတယ္။ ဒီအမႈအပါအဝင္ ေဒၚေအာင္းစုၾကည္အေပၚ စစ္ေကာင္စီက အမႈေပါင္း တဒါဇင္ေလာက္ဖြင့္ၿပီး တရားစြဲထားရတာက အမႈေတြက်ဴးလြန္ ထားေၾကာင္း ထင္ရွားလို႔ျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ဗြီအိုေအကိုေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း အျပည့္အစုံကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒကို ခ်ိဳးေဖာက္တယ္လို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္၊ ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell တို႔အပါအဝင္ငါးေယာက္အေပၚ ပူးတြဲတရားစြဲထားတဲ့အမႈကို ေနျပည္ေတာ္အထူးတရား႐ုံးမွာ ဒီေန႔ ဆက္လက္ စစ္ေဆးၾကားနာပါတယ္။ ဒီေန႔မွာေတာ့ အမႈဖြင့္တိုင္ၾကားသူ တရားလို ရဲမႉးေအာင္မ်ိဳးလြင္ကို ႏွစ္ဘက္ေရွ႕ေနေတြက ေမးခြန္းေတြ ေမးခဲ့ၾကတယ္လို႔ေရွ႕ေနတဦးကေျပာပါတယ္။

“တရားလိုကိုစစ္တယ္။ မစၥတာေရွာင္တာနယ္ေရွ႕ေန ဦးေနဝင္းက ျပန္လွန္ေမးခြန္းေမးခဲ့တယ္။ တရားလိုကို အဓိကစစ္ေမးျခင္းေပါ့။ ၿပီးေတာ့ စြပ္စြဲခံရသူ မစၥတာေရွာင္တာနယ္ေရွ႕ေန က ျပန္လွန္ေမးခြန္းေမးတယ္။ ဒါပါပဲ။ က်န္တဲ့ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဦးေက်ာ္ဝင္းတို႔ ဦးဆက္ေအာင္တို႔ေရွ႕ေနေတြကေတာ့မေမးျဖစ္ခဲ့ဘူး။ နားလိုက္ၿပီျဖစ္လို႔မေမးျဖစ္ခဲ့ဘူး။ ေနာက္တပတ္ ၾကာသပေတးေန႔က်ရင္ေတာ့အမွတ္ ၂ စြပ္စြဲခံရသူ ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနဘက္က ျပန္လွန္ေမးခြန္းေမးမယ္။ ၿပီးရင္ ၃ ဦးေက်ာ္ဝင္း၊ ၄ ဦးစိုးဝင္း။ ၅ ဦးဆက္ေအာင္၊သူတို႔ေတြက ဆက္ၿပီးေမးၾကမွာေပါ့။”

ဒီအမႈဖြင့္ထားတာ လအတန္ၾကာေနၿပီျဖစ္ေပမယ့္ အရင္႐ုံးခ်ိန္းေတြတုန္းကအမႈကို ရန္ကုန္ ကေန ေနျပည္ေတာ္ကိုေျပာင္းေ႐ႊ႕တာ၊ ေရွ႕ေနကိုယ္စားလွယ္လႊဲစာတင္တာ၊ Sean Turnell အတြက္ စကားျပန္ထားရွိႏိုင္ဖို႔လုပ္ေနတာေၾကာင့္ ဒီေန႔ ႐ုံးခ်ိန္းမွာမွ တရားလိုကို စတင္စစ္ေဆးႏိုင္တာ ျဖစ္ပါတယ္။

Sean Turnell တေယာက္တည္းအေပၚ စြဲဆိုထားတဲ့ လဝကအက္ဥပေဒ ခ်ိဳးေဖာက္တဲ့အမႈအတြက္ တရားလိုလာေရာက္တာမရွိဘဲ ခြင့္တိုင္တာမို႔ ဒီေန႔မစစ္ႏိုင္ခဲ့ပါဘူး။ ေနာက္တေခါက္႐ုံးခ်ိန္းကို လာမယ့္ ဒီဇင္ဘာ ၂ ရက္မွာ ဆက္လက္စစ္ေဆးဖို႔ တရား႐ုံးက ရက္ခ်ိန္းေပးထားပါတယ္။

“ဒီ ဖန္တီး တရားစြဲဆိုတယ္ဆိုတာကလည္း အမႈနဲ႔ပတ္သက္လို႔ ခိုင္လုံတဲ့ သက္ေသအေထာက္ အထားနဲ႔ ခိုင္လုံတဲ့ ျဖစ္ရပ္ေတြရွိလို႔ စြဲဆိုတာပဲျဖစ္ပါတယ္။ ... တရားစြဲဆိုတယ္ဆိုတာကိုက....အမႈက်ဴးလြန္ေၾကာင္းထင္ရွားတဲ့အတြက္ ထိုက္သင့္တဲ့ ျပစ္ဒဏ္ခ်မွတ္တဲ့ စီရင္မႈကေတာ့မလြဲမေသြလုပ္ရမွာပါပဲ။” (ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း)


စီးပြားေရးအႀကံေပး Sean Turnell ရဲ႕ Laptop ထဲမွာေတြ႔ရတဲ့ စီမံဘ႑ာဝန္ႀကီးဌာနနဲ႔ ဆက္စပ္တဲ့ စာ႐ြက္စာတမ္းေတြေၾကာင့္ သူ႔အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD အစိုးရလက္ထက္က စီမံဘ႑ာဝန္ႀကီးႏွစ္ဦးျဖစ္တဲ့ ဦးေက်ာ္ဝင္းနဲ႔ ဦးစိုးဝင္း၊ ဒုဝန္ႀကီး ဦးဆက္ေအာင္ စုစုေပါင္း ငါးဦးကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒပုဒ္မ ၃ (၁) ဂ နဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၁ မႈနဲ႔ အမႈရင္ဆိုင္ေနရၿပီး ေနာက္ထပ္လည္း ေ႐ြးေကာက္ပြဲဆိုင္ရာ ပုဒ္မေတြတပ္ၿပီး တရားစြဲထားတယ္လို႔ စစ္ေကာင္စီက ေျပာထားပါတယ္။ အခုလို ပုဒ္မအေျမာက္အျမားနဲ႔ တရားစြဲရတာနဲ႔ပတ္သက္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဗြီအိုေအက ေမးျမန္းတာမွာေတာ့ အခုလို တုံ႔ျပန္ခဲ့ပါတယ္။

“ဒီ ဖန္တီး တရားစြဲဆိုတယ္ဆိုတာကလည္း အမႈနဲ႔ပတ္သက္လို႔ ခိုင္လုံတဲ့ သက္ေသအေထာက္ အထားနဲ႔ ခိုင္လုံတဲ့ ျဖစ္ရပ္ေတြရွိလို႔ စြဲဆိုတာပဲျဖစ္ပါတယ္။ တရားစြဲဆိုခဲ့တဲ့အတိုင္းက်ေနာ္တို႔က တရားစြဲဆိုတယ္ဆိုတာကိုက ထင္ရွားလို႔လုပ္တာေပါ့ေနာ္။ အမႈက်ဴးလြန္ေၾကာင္းထင္ရွားတဲ့အတြက္ ထိုက္သင့္တဲ့ ျပစ္ဒဏ္ခ်မွတ္တဲ့ စီရင္မႈကေတာ့မလြဲမေသြလုပ္ရမွာပါပဲ။”

ေဒၚေအာင္ဆန္းစုၾကည္ စြဲခ်က္တင္ခံထားရတဲ့အမႈတခ်ိဳ႕ကို ေရွ႕သီတင္းပတ္ကစၿပီး တရားသူႀကီးက အဆုံးအျဖတ္ေတြ ခ်ေတာ့မွာျဖစ္ပါတယ္။ ဒီလို အၿပီးသတ္အမိန႔္ခ်တဲ့အခါ ျပည္တြင္းျပည္ပသတင္းေထာက္ေတြ တရား႐ုံးမွာ သြားေရာက္ ေလ့လာႏိုင္ခြင့္ရမရကို ဗြီအိုေအက ေမးတဲ့အခါ အထူးတရား႐ုံးျဖစ္တာမို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက -

“အဲဒါကေတာ့ က်ေနာ္တို႔အေနနဲ႔ အထူးတရား႐ုံး ဖြင့္လွစ္တာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒါေတြက ရွိမယ္မထင္ပါဘူး။”

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၁ မႈနဲ႔ရင္ဆိုင္ေနရၿပီးအမႈ ၅ မႈနဲ႔ စြဲခ်က္တင္ခံထားရပါတယ္။ အဲဒီထဲက အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ပုဒ္ မ ၅၀၅-ခ အမႈအတြက္ အၿပီးသတ္အမိန႔္ကို လာမယ့္ ႏိုဝင္ဘာ ၃၀ ရက္မွာ တရား႐ုံးက ခ်မွတ္ဖို႔ရွိေနၿပီး ဒါဟာ သူ႔ကိုစြဲဆိုထားတဲ့အမႈေတြအနက္ ပထမဆုံး အမိန႔္ခ်ခံရမယ့္ အမႈလည္းျဖစ္ပါတယ္။ လာမယ့္ ဒီဇင္ဘာလ ၆ ရက္ေန႔မွာလည္း သဘာဝေဘးပုဒ္မ ၂ နဲ႔ စြဲဆိုထားတဲ့ အမႈတခုကို အၿပီးသတ္အမိန႔္ခ်ဖို႔ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

ဒေါ်အောင်ဆန်းစုကြည်ပါ ငါးဦးအမှု တရားလို စတင်စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ NLD အစိုးရလက်ထက်က ဝန်ကြီးသုံးယောက်အပေါ် အမှုတွဲ တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်တယ်ဆိုတဲ့အမှုအတွက် ဒီကနေ့မှာ တရားလိုကို စတင်စစ်ဆေးပါတယ်။ ဒီအမှုအပါအဝင် ဒေါ်အောင်းစုကြည်အပေါ် စစ်ကောင်စီက အမှုပေါင်း တဒါဇင်လောက်ဖွင့်ပြီး တရားစွဲထားရတာက အမှုတွေကျူးလွန် ထားကြောင်း ထင်ရှားလို့ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျနိုင်ငံသား Sean Turnell တို့အပါအဝင်ငါးယောက်အပေါ် ပူးတွဲတရားစွဲထားတဲ့အမှုကို နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးကြားနာပါတယ်။ ဒီနေ့မှာတော့ အမှုဖွင့်တိုင်ကြားသူ တရားလို ရဲမှူးအောင်မျိုးလွင်ကို နှစ်ဘက်ရှေ့နေတွေက မေးခွန်းတွေ မေးခဲ့ကြတယ်လို့ရှေ့နေတဦးကပြောပါတယ်။

“တရားလိုကိုစစ်တယ်။ မစ္စတာရှောင်တာနယ်ရှေ့နေ ဦးနေဝင်းက ပြန်လှန်မေးခွန်းမေးခဲ့တယ်။ တရားလိုကို အဓိကစစ်မေးခြင်းပေါ့။ ပြီးတော့ စွပ်စွဲခံရသူ မစ္စတာရှောင်တာနယ်ရှေ့နေ က ပြန်လှန်မေးခွန်းမေးတယ်။ ဒါပါပဲ။ ကျန်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးကျော်ဝင်းတို့ ဦးဆက်အောင်တို့ရှေ့နေတွေကတော့မမေးဖြစ်ခဲ့ဘူး။ နားလိုက်ပြီဖြစ်လို့မမေးဖြစ်ခဲ့ဘူး။ နောက်တပတ် ကြာသပတေးနေ့ကျရင်တော့အမှတ် ၂ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေဘက်က ပြန်လှန်မေးခွန်းမေးမယ်။ ပြီးရင် ၃ ဦးကျော်ဝင်း၊ ၄ ဦးစိုးဝင်း။ ၅ ဦးဆက်အောင်၊သူတို့တွေက ဆက်ပြီးမေးကြမှာပေါ့။”

ဒီအမှုဖွင့်ထားတာ လအတန်ကြာနေပြီဖြစ်ပေမယ့် အရင်ရုံးချိန်းတွေတုန်းကအမှုကို ရန်ကုန် ကနေ နေပြည်တော်ကိုပြောင်းရွှေ့တာ၊ ရှေ့နေကိုယ်စားလှယ်လွှဲစာတင်တာ၊ Sean Turnell အတွက် စကားပြန်ထားရှိနိုင်ဖို့လုပ်နေတာကြောင့် ဒီနေ့ ရုံးချိန်းမှာမှ တရားလိုကို စတင်စစ်ဆေးနိုင်တာ ဖြစ်ပါတယ်။

“ဒီ ဖန်တီး တရားစွဲဆိုတယ်ဆိုတာကလည်း အမှုနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက် အထားနဲ့ ခိုင်လုံတဲ့ ဖြစ်ရပ်တွေရှိလို့ စွဲဆိုတာပဲဖြစ်ပါတယ်။ ... တရားစွဲဆိုတယ်ဆိုတာကိုက....အမှုကျူးလွန်ကြောင်းထင်ရှားတဲ့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်တဲ့ စီရင်မှုကတော့မလွဲမသွေလုပ်ရမှာပါပဲ။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)


Sean Turnell တယောက်တည်းအပေါ် စွဲဆိုထားတဲ့ လဝကအက်ဥပဒေ ချိုးဖောက်တဲ့အမှုအတွက် တရားလိုလာရောက်တာမရှိဘဲ ခွင့်တိုင်တာမို့ ဒီနေ့မစစ်နိုင်ခဲ့ပါဘူး။ နောက်တခေါက်ရုံးချိန်းကို လာမယ့် ဒီဇင်ဘာ ၂ ရက်မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ရက်ချိန်းပေးထားပါတယ်။

စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာတေ့ွရတဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကြောင့် သူ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင် စုစုပေါင်း ငါးဦးကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) ဂ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ အမှုရင်ဆိုင်နေရပြီး နောက်ထပ်လည်း ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေတပ်ပြီး တရားစွဲထားတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ အခုလို ပုဒ်မအမြောက်အမြားနဲ့ တရားစွဲရတာနဲ့ပတ်သက်လို့ စစ်အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက မေးမြန်းတာမှာတော့ အခုလို တုံ့ပြန်ခဲ့ပါတယ်။

“ဒီ ဖန်တီး တရားစွဲဆိုတယ်ဆိုတာကလည်း အမှုနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက် အထားနဲ့ ခိုင်လုံတဲ့ ဖြစ်ရပ်တွေရှိလို့ စွဲဆိုတာပဲဖြစ်ပါတယ်။ တရားစွဲဆိုခဲ့တဲ့အတိုင်းကျနော်တို့က တရားစွဲဆိုတယ်ဆိုတာကိုက ထင်ရှားလို့လုပ်တာပေါ့နော်။ အမှုကျူးလွန်ကြောင်းထင်ရှားတဲ့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်တဲ့ စီရင်မှုကတော့မလွဲမသွေလုပ်ရမှာပါပဲ။”

ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့အမှုတချို့ကို ရှေ့သီတင်းပတ်ကစပြီး တရားသူကြီးက အဆုံးအဖြတ်တွေ ချတော့မှာဖြစ်ပါတယ်။ ဒီလို အပြီးသတ်အမိန့်ချတဲ့အခါ ပြည်တွင်းပြည်ပသတင်းထောက်တွေ တရားရုံးမှာ သွားရောက် လေ့လာနိုင်ခွင့်ရမရကို ဗွီအိုအေက မေးတဲ့အခါ အထူးတရားရုံးဖြစ်တာမို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက -

“အဲဒါကတော့ ကျနော်တို့အနေနဲ့ အထူးတရားရုံး ဖွင့်လှစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေက ရှိမယ်မထင်ပါဘူး။”

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ရင်ဆိုင်နေရပြီးအမှု ၅ မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ အဲဒီထဲက အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ် မ ၅၀၅-ခ အမှုအတွက် အပြီးသတ်အမိန့်ကို လာမယ့် နိုဝင်ဘာ ၃၀ ရက်မှာ တရားရုံးက ချမှတ်ဖို့ရှိနေပြီး ဒါဟာ သူ့ကိုစွဲဆိုထားတဲ့အမှုတွေအနက် ပထမဆုံး အမိန့်ချခံရမယ့် အမှုလည်းဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာလည်း သဘာဝဘေးပုဒ်မ ၂ နဲ့ စွဲဆိုထားတဲ့ အမှုတခုကို အပြီးသတ်အမိန့်ချဖို့ရှိပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #DawAungSanSuuKyi #voaburmese #စစ်အာဏာသိမ်းမှု #ဒေါ်အောင်ဆန်းစုကြည် #ဗွီအိုအေမြန်မာပိုင်း

=============

XS
SM
MD
LG