[[ Zawgyi ]]
ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြကို ဖိအားေပႏိုင္တဲ့ နည္းလမ္းေတြ ရွိေနၿပီး၊ ႏိုင္ငံတကာက ထိထိေရာက္ေရာက္ အသုံးခ်ဖို႔ လိုတယ္လို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္္ေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews ကေျပာလိုက္ပါတယ္။
“စစ္ေကာင္စီအတြက္ လိုအပ္ေနတဲ့ လက္နက္၊ ေငြေၾကးနဲ႔ အသိမွတ္ျပဳမႈ ဆိုတဲ့ အခ်က္ ၃ ခ်က္ကို ပစ္မွတ္ထား အေရးယူတဲ့ တခ်ိန္တည္းမွာပဲ၊ ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြ တိုးျမႇင့္ေပးအပ္ဖို႔ အေရးတႀကီး လိုအပ္ေနၿပီး၊ ဒါဟာ ျမန္မာျပည္သူေတြအတြက္ ႏိုင္ငံတကာ အသိုင္းအ၀န္းက အကူညီေပးႏိုင္တဲ့ အေကာင္းဆံုးနည္းလမ္းျဖစ္မယ္လို႔ ယံုၾကည္ပါတယ္။” ေသာၾကာေန႔က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ က်င္းပတဲ့ အေထြေထြညီလာခံ တတိယေကာ္မတီမွာ ျမန္မာႏိုင္ငံအေရး တင္ျပရာမွာ အထူးကိုယ္စားလွယ္ ေျပာဆိုသြားတာပါ။
ျမန္မာစစ္အာဏာပိုင္ေတြအေပၚ ဖိအားေပးရာမွာ ႏိုင္ငံတကာ အသိုင္းအ၀န္းက ညီညီၫြတ္ၫြတ္နဲ႔ ထိေရာက္ေအာင္ ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။ အထူးသျဖင့္ စစ္ေကာင္စီအတြက္ အဓိက ၀င္ေငြရေပါက္ရလမ္း ျဖစ္ေနတဲ့ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္းကို ဒဏ္ခတ္အေရးယူေပးဖို႔လည္း ေတာင္းဆိုခဲ့တာပါ။ ျမန္မာျပည္သူေတြ စစ္တပ္ပိုင္ကုမၸဏီထုတ္ ပစၥည္းေတြကို မဝယ္ပဲေနတာ၊ အခြန္မေပးတာ၊ မီတာခ မေဆာင္တာလို ကိုယ့္နည္းကိုယ္ဟန္နဲ႔ အေရးယူ ဒဏ္ခတ္မႈေတြဟာ ထိေရာက္မႈ ရွိတယ္လို႔လည္း ေျပာပါတယ္။
မၾကာေသးခင္ကပဲ အာဆီယံက ထိပ္သီးအစည္းအေ၀းပဲြမွာ စစ္ေခါင္းေဆာင္ကို တက္ခြင့္မေပးဖို႔ ဆုံးျဖတ္လိုက္ၿပီးေနာက္ ရက္ပိုင္း အတြင္းမွာပဲ ေထာင္ခ်ီတဲ့ အက်ဥ္းသားေတြ လႊတ္ေပးဖို႔ စစ္ေကာင္စီက ေၾကညာတာဟာ ဖိအားေတြဟာ လက္ေတြ႕ အလုပ္ျဖစ္တယ္ဆိုတာ ထင္ရွားေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။
ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနကေတာ့ အာဆီယံအသင္းရဲ႕ လုပ္ထုံးလုပ္နည္းေတြနဲ႔ မညီတဲ့ ဆုံးျဖတ္ခ်က္အျဖစ္ လက္မခံႏိုင္ေၾကာင္း ေသာၾကာေန႔မွာပဲ ေၾကညာခ်က္ထုတ္ျပန္ၿပီး ထပ္မံတုန္႔ျပန္ထားပါတယ္။ ကမာၻ႔အင္အားႀကီး ၇ ႏိုင္ငံ G-7 နဲ႔ အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးေတြရဲ႕ အစည္းအေ၀းမွာလည္း ျမန္မာစစ္ေကာင္စီကို မဖိတ္ဖို႔ အိမ္ရွင္ၿဗိတိန္ႏိုင္ငံက ဒီသီတင္းပတ္ထဲမွာပဲ ေၾကညာထားပါတယ္။
{{ Unicode }}
စစ်ကောင်စီကို ဖိအားတွေ တိုးမြှင့်ဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဖိအားပေနိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီး၊ နိုင်ငံတကာက ထိထိရောက်ရောက် အသုံးချဖို့ လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကပြောလိုက်ပါတယ်။
“စစ်ကောင်စီအတွက် လိုအပ်နေတဲ့ လက်နက်၊ ငွေကြေးနဲ့ အသိမှတ်ပြုမှု ဆိုတဲ့ အချက် ၃ ချက်ကို ပစ်မှတ်ထား အရေးယူတဲ့ တချိန်တည်းမှာပဲ၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ အရေးတကြီး လိုအပ်နေပြီး၊ ဒါဟာ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုင်းအဝန်းက အကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။” သောကြာနေ့က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာနိုင်ငံအရေး တင်ပြရာမှာ အထူးကိုယ်စားလှယ် ပြောဆိုသွားတာပါ။
မြန်မာစစ်အာဏာပိုင်တွေအပေါ် ဖိအားပေးရာမှာ နိုင်ငံတကာ အသိုင်းအဝန်းက ညီညီညွတ်ညွတ်နဲ့ ထိရောက်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် စစ်ကောင်စီအတွက် အဓိက ဝင်ငွေရပေါက်ရလမ်း ဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ဒဏ်ခတ်အရေးယူပေးဖို့လည်း တောင်းဆိုခဲ့တာပါ။ မြန်မာပြည်သူတွေ စစ်တပ်ပိုင်ကုမ္ပဏီထုတ် ပစ္စည်းတွေကို မဝယ်ပဲနေတာ၊ အခွန်မပေးတာ၊ မီတာခ မဆောင်တာလို ကိုယ့်နည်းကိုယ်ဟန်နဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ ထိရောက်မှု ရှိတယ်လို့လည်း ပြောပါတယ်။
မကြာသေးခင်ကပဲ အာဆီယံက ထိပ်သီးအစည်းအဝေးပွဲမှာ စစ်ခေါင်းဆောင်ကို တက်ခွင့်မပေးဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ရက်ပိုင်း အတွင်းမှာပဲ ထောင်ချီတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ စစ်ကောင်စီက ကြေညာတာဟာ ဖိအားတွေဟာ လက်တွေ့ အလုပ်ဖြစ်တယ်ဆိုတာ ထင်ရှားကြောင်းလည်း ပြောဆိုခဲ့တာပါ။
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ အာဆီယံအသင်းရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့ ဆုံးဖြတ်ချက်အဖြစ် လက်မခံနိုင်ကြောင်း သောကြာနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံတုန့်ပြန်ထားပါတယ်။ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ G-7 နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ အိမ်ရှင်ဗြိတိန်နိုင်ငံက ဒီသီတင်းပတ်ထဲမှာပဲ ကြေညာထားပါတယ်။