သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရသူတွေကို မြန်မာစစ်တပ် ညှဉ်းပန်းနှိပ်စက်တဲ့သတင်း စုံစမ်းစစ်ဆေးဖို့ အမေရိကန်တောင်းဆို


 စမ်းချောင်းမြို့နယ်အတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက်ဖြိုခွဲမှုမြင်ကွင်း။ (မတ်လ၊ ၂၀၂၁)
စမ်းချောင်းမြို့နယ်အတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက်ဖြိုခွဲမှုမြင်ကွင်း။ (မတ်လ၊ ၂၀၂၁)

{Zawgyi/Unicode}}

မြန်မာနိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူတွေကို စစ်တပ်က စနစ်တကျနည်းလမ်းနဲ့ နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုတဲ့သတင်းအပေါ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကပြောပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့နောက် ညှဉ်းပန်းနှိပ်စက်ခံရပြီး ပြန်လွတ်လာသူတွေထဲက ၂၈ ယောက်ကို အေပီသတင်းဌာနက တွေ့ဆုံမေးမြန်းပြီး ဖော်ထုတ်ရေးသားထားတာ ထွက်လာပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဌာနက တုံ့ပြန်ပြောဆိုတာပါ။

"နိုင်ငံတဝန်းမှာ အစီအစဉ်တကျ နှိပ်စက်ညှဉ်းပန်းတဲ့နည်းလမ်းကို မြန်မာစစ်အစိုးရက အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေအပေါ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ပြီး အမျက်ထွက်ရသလို စိတ်ထိခိုက်ရပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ "မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းတဲ့သတင်းတွေကို ခိုင်လုံတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ရမှာဖြစ်ပြီး အဲဒီလုပ်ရပ်တွေ ကျူးလွန်သူတွေကို သူတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိအောင် လုပ်ရပါမယ်" လို့လည်း ပြောပါတယ်။

အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီက ဝါရင့်ရီပတ်ဘလီကန်အမတ် Michael McCaul က အောက်လွှတ်တော်မှာဆွေးနွေးထားတဲ့ Burma Act ကို မဲခွဲဆုံးဖြတ်ကြဖို့ တိုက်တွန်းပါတယ်။ ဒီဥပဒေမူကြမ်းထဲမှာ မြန်မာစစ်ဘက်ပေါ် ထပ်ပြီး ဒဏ်ခတ်အရေးယူမယ့် အချက်တွေပါဝင်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ၊ ဒီမိုကရက်အမတ် Gregory Meeks ကလည်း ဒီဥပဒေကို အတည်ပြုပြဌာန်းဖို့ တိုက်တွန်းပါတယ်။

"အသက် ၁၆ နှစ်အရွယ်ထိ ငယ်ရွယ်သူတွေအပါအဝင် ဖမ်းဆီးခံရသူတွေကို လုံးဝ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့နည်းလမ်းနဲ့ မြန်မာစစ်တပ်က ပြုမူဆက်ဆံတာကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချပါတယ်" လို့ အောက်လွှတ်တော်အမတ် Meeks က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ထိခိုက်စေမယ့် ဒဏ်ခတ်အရေးယူမှုမျိုး ချမှတ်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေပေမယ့် ဆုံးဖြတ်ချက်မချရသေးဘူးလို့ ဒီကိစ္စကိုသိထားတဲ့ အစိုးရ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း အေပီသတင်းမှာ ရေးထားပါတယ်။

"အေပီသတင်းဌာနရဲ့ ဖော်ထုတ်ရေးသားမှုဟာ စစ်အစိုးရရဲ့ ရာဇဝတ်မှုမြောက်တဲ့ နှိပ်စက်ညှဉ်းပန်း လုပ်ရပ်တွေရဲ့ အတိုင်းအတာနဲ့ စနစ်တကျ သဘောသဘာဝအပေါ် အရေးပါတဲ့ ဖော်ထုတ်ချက်ဖြစ်ပါတယ်" လို့ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews ကပြောပါတယ်။ အေပီကရေးထားတာဟာ ဖြစ်ရပ်အများအပြားရဲ့ အပိုင်းအစလေးလောက်ပဲ ဖြစ်နိုင်တယ်လို့လည်း Tom Andrews ကပြောပါတယ်။


=======

{{Unicode}}












=======

XS
SM
MD
LG