သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ ေရြးခ်ယ္မႈ


နယူးေယာက္ ျမန္မာကုလကိုယ္စားလွယ္သစ္ ကုလအၿမဲတမ္းကိုယ္စားလွယ္တာ၀န္ယူခဲ့တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ (ဓာတ္ပံု - Ministry of Foreign Affairs Myanmar - စက္တင္ဘာ ၂၃၊ ၂၀၂၀)
ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ ေရြးခ်ယ္မႈ
please wait

No media source currently available

0:00 0:10:08 0:00
တိုက္႐ိုက္ လင့္ခ္

ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သတ္မွတ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ဆံုးျဖတ္ခ်က္ခ်ဖို႔ကိစၥကို ကုလသမဂၢ စီစစ္ေရးေကာ္မတီက ေရႊ ႔ဆိုင္းထားလိုက္ၿပီးေတာ့ ဒီကိစၥကို အခု တနလၤာေန႔မွာေတာ့ ကုလသမဂၢ အေထြေထြညီလာခံက အတည္ျပဳရမွာ ျဖစ္ပါတယ္။ အေထြေထြညီလာခံက ေကာ္မတီရဲ ႔ ဆံုးျဖတ္ခ်က္ ေရႊ ႔ဆိုင္းမႈကို လက္ခံတယ္ဆိုရင္ NLD အစိုးရကို ေထာက္ခံတဲ့ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဆက္ၿပီးေတာ့ တာဝန္ယူခြင့္ရမွာ ျဖစ္ပါတယ္။ သံအမတ္ ဦးေက်ာ္မိုးထြန္းကို ကိုဥာဏ္ဝင္းေအာင္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ အၿမဲတမ္းကိုယ္စားလွယ္ ေရြးမယ့္ကိစၥ - ကုလသမဂၢရဲ ႔ Credential Committee ကေန ဘာမွဆံုးျဖတ္ခ်က္ မခ်ေတာ့ဘဲနဲ႔ ဒီအစီအစဥ္ကို ေရႊ ႔ဆိုင္းလိုက္တယ္လို႔ သိရပါတယ္။ အဲဒီေတာ့ ဘာေၾကာင့္ အခုလိုမ်ဳိး ေရႊ ႔ဆိုင္းလိုက္တဲ့ အစီအစဥ္ ျဖစ္သြားရတယ္လို႔ သံအမတ္ႀကီး နားလည္ပါသလဲ။

ေျဖ ။ ။ ေက်ဇူးပါ။ ဒီေန႔ေန႔လယ္မွာေတာ့ အားလံုးသိတဲ့အတိုင္း Credential Committee အစည္းအေဝး လုပ္ပါတယ္။ အဖြဲ႔ဝင္ေတြ (၉) ႏုိင္ငံၾကားမွာ အစည္းအေဝး လုပ္ပါတယ္။ ေကာ္မတီက Closed Door ဆိုေတာ့ အဓိက ဘာေတြေဆြးေႏြးသလဲဆိုတာကိုေတာ့ က်ေနာ္တို႔ ဂဃနဏ ေတာ့ မသိပါဘူး။ ဒါေပမဲ့လဲ Credential Committee ဥကၠ႒ ျဖစ္တဲ့ ဆီြဒင္သံအမတ္ႀကီးက သတင္းမီဒီယာကို ေျပာတာေတာ့ သူတုိ႔ Twitter မွာလည္း ေဖာ္ျပထားတာကိုေတြ႔တယ္။ အဲဒီမွာေတာ့ သူတုိ႔ ဆံုးျဖတ္မယ့္ဟာကို Defer လုပ္ထားတယ္ဆိုတာကို သူေျပာတာ ရိွပါတယ္။ ဆံုးျဖတ္ခ်က္ကို ဆိုင္းငံ့ထားတာေပါ့။ ဆံုးျဖတ္ခ်က္မလုပ္ဖို႔ ဆိုင္းငံ့ထားတယ္ဆုိတဲ့ဟာပါ။ သူကေတာ့ အဲဒီလိုေျပာတယ္။ ေနာက္ၿပီးေတာ့ သတင္းမီဒီယာသမားေတြ ေမးတဲ့ဥစၥာကေတာ့ Credential Committee ရဲ ႔ Report ကေတာ့ ဇန္နဝါရီ မ်က္ႏွာစံုညီ အစည္းအေဝးကို တင္ဖို႔ရိွတယ္။ အဲဒီအထဲမွာ အဲဒီအခါက်မွ သိပါဆိုတာမ်ဳိးနဲ႔ ျပန္ေျဖတာကိုေတာ့ ေတြ႔ရပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဒီေနရာမွာ ရွင္းရွင္းလင္းလင္း တခုသိခ်င္တာက သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျမန္မာျပည္ဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္ အျဖစ္နဲ႔ ဆက္ရိွေနမွာလား။ ဘယ္လိုအေျခအေနမ်ဳိးနဲ႔ ဆက္ၿပီးေတာ့ ရပ္တည္သြားမလဲ။

ေျဖ ။ ။ ဒါကေတာ့ က်ေနာ့္အေနနဲ႔ အခုေလာေလာဆယ္မွာေတာ့ ေျပာလို႔မရေသးတဲ့ အေနအထား။ ေျပာလို႔မရေသးတဲ့ဟာက Credential Committee ရဲ ႔ Report မလုပ္ခင္မွာ ႀကိဳမေျပာခ်င္တဲ့ဥစၥာရယ္၊ ေနာက္တခုက အခုန Credential Committee ဥကၠ႒လည္း သတင္းသမားေတြကို ျပန္လည္ေျပာတဲ့ဥစၥာမွာလည္း ရွင္းတယ္။

ေမး ။ ။ သတင္းေတြမွာ ေရးထားတာကေတာ့ အာဖရိဂန္နဲ႔ ျမန္မာသံအမတ္ႀကီးေတြက အဲဒီလိုမ်ဳိး လက္ရိွေနရာေတြမွာပဲ ဆက္က်န္ရိွေနအံုးမယ္လို႔ ေရးၾကပါတယ္ဆိုေတာ့။

ေျဖ ။ ။ သတင္းေတြမွာ ေဖာ္ျပတဲ့ ဥစၥာေတြကိုေတာ့ Comment ေတာ့ အခုေလာေလာဆယ္မွာေတာ့၊ အခ်ိန္မွာေတာ့ မေပးလိုပါေသးပါဘူး။

ေမး ။ ။ အကယ္၍ ေရွ ႔လာမယ့္ကာလေတြမွာ ကုလသမဂၢညီလာခံေတြမွာ ျမန္မာျပည္အေရး ေျပာဆိုေဆြးေႏြးခြင့္ေတြ ရလာမယ္ဆိုရင္ ဘယ္ေလာက္အထိ ဆက္လုပ္ႏုိင္မယ္လို႔ သံအမတ္ႀကီး ေမွ်ာ္လင့္ထားပါသလဲ။

ေျဖ ။ ။ က်ေနာ္ အခုေတာက္ေလွ်ာက္ပဲ ပင္မေကာ္မတီေတြ အစည္းအေဝးေတြမွာလည္း သင့္ေတာ္တဲ့ ေခါင္းစဥ္ေတြေအာက္ကေနၿပီး ျပည္သူ႔အသံကို ႏုိင္ငံတကာကေန ၾကားေအာင္ လုပ္တဲ့ဟာေတြလဲ လုပ္ေနတယ္ဆိုတာကို ဆက္လက္ေဆာင္ရြက္သြားပါမယ္။ အခြင့္ေရးရရင္ ရသလို၊ ေဆာင္ရြက္သြားမယ္လို႔ ေျပာလိုပါတယ္။ ဒါေၾကာင့္ အခုန မၾကာခင္ကာလမွာေတာ့ Credential Committee ကေတာ့ မ်က္ႏွာစံုညီ အစည္းအေဝးကို အစီရင္ခံစာတင္ဖုိ႔ ရိွပါတယ္။ ဆိုေတာ့ အစီရင္ခံစာမွာပါတဲ့ ဥစၥာကလည္း က်ေနာ္တုိ႔ ဘာေျပာေျပာ ျပည္သူေတြရဲ ႔ ေပ်ာ္ရႊင္မႈကိုေတာ့ မပ်က္သြားေစဘူးလိုေတာ့ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ အကယ္၍ သံအမတ္ႀကီး အခုေျပာသြားသလို၊ Credential Committee ကေနၿပီးေတာ့ မ်က္ႏွာစံုညီအစီရင္ခံစာေန ဦးေက်ာ္မိုးထြန္းကို ဒီေနရာမွာပဲ ဆက္ၿပီးေတာ့ အဲဒီလိုမ်ဳိးသာ ေျပာခဲ့မယ္ဆိုရင္ ဒီ ကုလသမဂၢ လုပ္ထံုးလုပ္နည္းအရ ဦးေက်ာ္မုိးထြန္းရဲ ႔ အၿမဲတမ္းကိုယ္စားလွယ္ သက္တမ္းက ဘယ္ေလာက္အထိ ဆက္ရိွေနမွာလဲ။

ေျဖ ။ ။ အဲဒါကေတာ့ Report မွာ ဘယ္လိုေဖာ္ျပမလဲရယ္။ ေနာက္ၿပီးေတာ သူတုိ႔ေကာ္မတီအဖြဲ႔ဝင္ေတြၾကားထဲမွာ ဘယ္လိုေဆြးေႏြးမလဲဆိုတဲ့ အေပၚမွာေတာ့ မူတည္ပါတယ္။ ျပန္ၾကည့္လိုက္ရင္ မႏွစ္က ေဖေဖၚဝါရီလ (၁) ရက္ေန႔က အာဏာသိမ္းမႈ ျဖစ္တယ္။ ေနာက္ၿပီးေတာ့ (၂၆) ရက္ေန႔မွာ က်ေနာ္ မိန္႔ခြန္းေျပာတယ္။ (၂၇) ရက္ေန႔မွာ ဘာပဲေျပာေျပာ စစ္ေကာင္စီကေန က်ေနာ့္ကို Dismiss လုပ္တယ္။ ေနာက္ၿပီးေတာ့ ဒီၾကားထဲမွာ က်ေနာ့္ေနရာအစားထိုးဖို႔ လုပ္တယ္။ ဆိုေတာ့ အဲဒီကာလေတြကတည္းက ဒီကိစၥေတြက ျဖစ္လာတယ္။ အဲဒီထဲက ဘာပဲေျပာေျပာ က်ေနာ္ ဒီမွာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အေနနဲ႔ အဲဒီထဲက သူတုိ႔ေတြ ဘယ္လိုပဲႀကိဳးစားႀကိဳးစား ဆက္လက္တည္ရိွေနတယ္။ ဆက္လက္ရိွေနခဲ့တယ္။ အခုလည္း ရိွေနတယ္ဆိုတဲ့ဥစၥာေၾကာင့္ ဘယ္ကာလအထိလဲဆိုတာေတာ့ က်ေနာ့္အေနနဲ႔ ခက္ပါတယ္။ ဆိုေတာ့ အခုန Credential ကိစၥတို႔ ဘာတို႔ဆိုတဲ့ကိစၥက အေထြေထြညီလာခံ - အခုဆိုရင္ (၇၆) ႀကိမ္ေျမာက္ အေထြေထြညီလာခံက ၂၀၂၁ စက္တင္ဘာကေန စလိုက္တာ ၂၀၂၂ စက္တင္ဘာလေလာက္အထိ သြားတယ္။ ဒါေၾကာင့္ ထပ္ေျပာရရင္ေတာ့ Credential Committee ရဲ ႔ အစီရင္ခံစာကို ခဏေလာက္ ေစာင့္ၾကည့္ေပးဖို႔ က်ေနာ္ ထပ္ၿပီးေတာ့ ေမတၱာရပ္ခံလိုပါတယ္။

ေမး ။ ။ ဒီေနရာမွာ တခုေလး ေမးခ်င္တာက အေစာပိုင္းတုန္းက Credential Committee ကေန ဘာမွ ဆံုးျဖတ္ခ်က္ မခ်ေတာ့ဘူး၊ ဒီကိုယ္စားလွယ္ ေရြးခ်ယ္ျခင္းကိစၥကို ဒီအတိုင္းပဲ ထားလိုက္ေတာ့မယ္ဆိုတဲ့ အေနအထားမ်ဳိးေတြ ရိွခဲ့ပါတယ္။ ဒါေပမဲ့ တေလာကမွ Credential Committee ကို ျပန္ေခၚၿပီးေတာ့ ဟိုးဘက္ကတင္တဲ့ ကိုယ္စားလွယ္လား။ ဒီဘက္ကင္တဲ့ ကိုယ္စားလွယ္လား ဆိုတာကို ဆံုးျဖတ္ဖို႔ အေျခအေနကို ဆိုက္လာတာကို က်ေနာ္တို႔ သတိထားမိပါတယ္။ အဲဒါက ဘယ္ႏိုင္ငံေတြက ဘယ္လိုတြန္းအားေတြ၊ ဘယ္လိုအေျခအေနေတြေၾကာင့္ ျဖစ္လာတယ္လို႔ သံအမတ္ႀကီး ေျပာႏုိင္ပါသလဲ။

ေျဖ ။ ။ အေထြေထြညီလာခံ စၿပီဆိုရင္ အခုဆုိရင္ ဘာပဲေျပာေျပာ စက္တင္ဘာလေန စတယ္။ စက္တင္ဘာ ဒုတိယအဂၤါေန႔ကေန အေထြေထြညီလာခံ စတယ္။ အဲဒီလိုစၿပီးရင္ က်ေနာ္တို႔ Credential Committee ကို ဖြဲ႔စည္းတယ္။ ဆုိေတာ့ ပံုမွန္အားျဖင့္ Credential Committee က က်ေနာ္ အရင္ကေတာ့ ေျပာဖူးပါတယ္။ ဒီလိုမ်ဳိး ႏိုဝင္ဘာ၊ ဒီဇင္ဘာလေလာက္မွာမွ ေတြ႔တယ္ဆိုတာကို ေျပာဖူးပါတယ္။ အခုလဲ သူတုိ႔ ပံုမွန္ အရင္ႏွစ္ေတြတုန္းက ေတြ႔သလိုပဲ၊ ဒီအစည္းအေဝးကို ဒီေန႔မွာ သူတုိ႔လုပ္တယ္။ ဆိုေတာ့ ဘာေၾကာင့္ညာေၾကာင့္ မဟုတ္ဘဲ၊ လုပ္ထံုးလုပ္နည္းအရ ေတြ႔တယ္၊ ေဆြးေႏြးတယ္၊ တင္ျပလာတဲ့ Credentials ေတြကို စီစစ္တယ္။ ဆိုေတာ့ က်ေနာ့္အျမင္ကေတာ့ Issues ေတြေတာ့ ရိွေတာ့ရိွတာေပါ့။ Issues ေတြ ရိွလာလို႔ ဒီလိုလုပ္တယ္ဆိုတာေတာ့ မဟုတ္ပါဘူး။ ပံုမွန္လုပ္ထံုးလုပ္နည္းအရ ေတြ႔တယ္ဥစၥာမ်ဳိးပဲ ျဖစ္ပါတယ္။ ႏွစ္စဥ္လည္း ဒီလိုပဲ လုပ္ၾကပါတယ္။

ေမး ။ ။ ဒီေနရာမွာ Credential Committee ကေန ဟိုဘက္ကိုယ္စားလွယ္လား၊ ဒီဘက္ကိုယ္စားလွယ္လား ဆိုတာကို မေဆြးေႏြး၊ မဆံုးျဖတ္ဖို႔ Defer လုပ္တာ၊ ဆိုင္းငံ့လိုက္တာ။ ဆိုင္းငံ့ဖို႔အတြက္ကို အေမရိကန္၊ တရုတ္၊ ရုရွားႏုိင္ငံေတြက ညိွႏိႈင္းထားတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚပါတယ္။ အဲဒါ ဟုတ္ပါသလား။ သံအမတ္ႀကီး ဘယ္လို သိထားပါသလဲ။

ေျဖ ။ ။ က်ေနာ္ကေတာ့ Comment ေတာ့ မေပးႏိုင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုကိစၥေတြက Credential Committee အဖြဲ႔ဝင္ေတြၾကားထဲမွာ ေဆြးေႏြးညိွႏိႈင္းၿပီးေတာ့ အတည္ျပဳခ်က္ယူၾကတဲ့ဟာ ျဖစ္တဲ့အတြက္ေၾကာင့္ သူတုိ႔ အခုနေျပာတဲ့ ႏုိင္ငံေတြၾကားမွာလည္း ေဆြးေႏြးေကာင္းလည္း ေဆြးေႏြးမယ္။ ဒီထက္ပိုၿပီးေတာ့လည္း အျခားအဖြဲ႔ဝင္ႏုိင္ငံေတြၾကားထဲမွာလည္း ေဆြးေႏြးျဖစ္တယ္။ ႀကိမ္းေသတာကေတာ့ Credential Committee အဖြဲ႔ဝင္ (၉) ႏိုင္ငံလံုးကေတာ့ ဘာပဲေျပာေျပာ ပံုစံအမ်ဳိးမ်ဳိးနဲ႔ေတာ့ ေဆြးေႏြးၾကမယ္လုိ႔ေတာ့ က်ေနာ္ ယူဆပါတယ္။

ေမး ။ ။ အဲဒီေတာ့ Credential Committee အဖြဲ႔ဝင္ (၉) ႏိုင္ငံထဲမွာ ျမန္မာ့ဒီမိုကေရစီေရးဘက္ကို ပိုၿပီးေတာ့ အားေပးတဲ့ႏိုင္ငံက အနည္းစုလား၊ အမ်ားစုလား။

ေျဖ ။ ။ ဒါကေတာ့ ေျပာရတာေတာ့ ခက္ေတာ့ခက္တယ္။ ဘယ္ႏိုင္ငံေတြပါတယ္ဆိုတဲ့ဟာလည္း ဆရာလည္း သိတယ္ဆိုေတာ့ ဆိုေတာ့ အဲဒီထဲမွာပါတဲ့ ႏုိင္ငံေတြအေနနဲ႔ သူတုိ႔ႏုိင္ငံေတြရဲ ႔ ရပ္တည္ခ်က္ေတြ၊ သူတုိ႔ႏိုင္ငံေတြရဲ ႔ ေျပာၾကားခ်က္ေတြကို အေျချပဳၿပီးေတာ့ ဘယ္ႏုိင္ငံကေတာ့ က်ေနာ္တို႔ ဒီမုိကေရစီလမ္းစဥ္ကို အားေပးအားေျမွာက္ျပဳေနတဲ့ ဘယ္ႏုိင္ငံကေတာ့ က်ေနာ္တုိ႔ ဒီမိုကေရစီလမ္းစဥ္နဲ႔ ပတ္သက္လို႔ ဒီလိုပဲ မသိဘာသာေနတယ္ဆိုတဲ့ ဥစၥာမ်ဳိးလည္း ရိွေကာင္းရိွႏိုင္တယ္။ အဲဒါကေတာ့ ဆရာတုိ႔လည္း ပိုသိမွာ ျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္ေတာ့ အခုလို အေနအထားမွာ သံုးသပ္ေတာ့ မေပးခ်င္ေသးပါဘူး။ ေက်းဇူးပါ။

ေမး ။ ။ ေနာက္ဆံုးတခြန္းေလးပါ။ အဲဒီေတာ့ Credential Committee က ယတိျပတ္၊ တခုမဟုတ္တခု ဆိုတာမ်ဳိး ဆံုးျဖတ္တာ မဟုတ္ဘဲနဲ႔ သူ႔ရဲ ႔ ဆံုးျဖတ္မယ့္အစီအစဥ္ကို ဆိုင္းငံ့လိုက္တယ္ဆုိတဲ့ အေနအထားက သံအမတ္ႀကီးတို႔အတြက္ ဒီမိုကေရစီေရးကို လႈပ္ရွားေနတဲ့ လူေတြအတြက္ ဒါက ေအာင္ပြဲတရပ္လို႔ သံအမတ္ႀကီး မွတ္ယူပါသလား။

ေျဖ ။ ။ က်ေနာ္ ေျပာလို႔ရတာက Report တင္တဲ့အထိေတာ့ ခဏေစာင့္ၿပီးေတာ့မွပဲ က်ေနာ္ Comment ေပးပါရေစလို႔ ေျပာပါရေ။

ကိုဥာဏ္ဝင္းေအာင္ ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ သံအမတ္ႀကီး။


==Unicode ===

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သတ်မှတ်မှုနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ချဖို့ကိစ္စကို ကုလသမဂ္ဂ စီစစ်ရေးကော်မတီက ရွှေ့ဆိုင်းထားလိုက်ပြီးတော့ ဒီကိစ္စကို အခု တနင်္လာနေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုရမှာ ဖြစ်ပါတယ်။ အထွေထွေညီလာခံက ကော်မတီရဲ့ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းမှုကို လက်ခံတယ်ဆိုရင် NLD အစိုးရကို ထောက်ခံတဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်ပြီးတော့ တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။ သံအမတ် ဦးကျော်မိုးထွန်းကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အမြဲတမ်းကိုယ်စားလှယ် ရွေးမယ့်ကိစ္စ - ကုလသမဂ္ဂရဲ့ Credential Committee ကနေ ဘာမှဆုံးဖြတ်ချက် မချတော့ဘဲနဲ့ ဒီအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီတော့ ဘာကြောင့် အခုလိုမျိုး ရွှေ့ဆိုင်းလိုက်တဲ့ အစီအစဉ် ဖြစ်သွားရတယ်လို့ သံအမတ်ကြီး နားလည်ပါသလဲ။

ဖြေ ။ ။ ကျေဇူးပါ။ ဒီနေ့နေ့လယ်မှာတော့ အားလုံးသိတဲ့အတိုင်း Credential Committee အစည်းအဝေး လုပ်ပါတယ်။ အဖွဲ့ဝင်တွေ (၉) နိုင်ငံကြားမှာ အစည်းအဝေး လုပ်ပါတယ်။ ကော်မတီက Closed Door ဆိုတော့ အဓိက ဘာတွေဆွေးနွေးသလဲဆိုတာကိုတော့ ကျနော်တို့ ဂဃနဏ တော့ မသိပါဘူး။ ဒါပေမဲ့လဲ Credential Committee ဥက္ကဋ္ဌ ဖြစ်တဲ့ ဆွီဒင်သံအမတ်ကြီးက သတင်းမီဒီယာကို ပြောတာတော့ သူတို့ Twitter မှာလည်း ဖော်ပြထားတာကိုတွေ့တယ်။ အဲဒီမှာတော့ သူတို့ ဆုံးဖြတ်မယ့်ဟာကို Defer လုပ်ထားတယ်ဆိုတာကို သူပြောတာ ရှိပါတယ်။ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားတာပေါ့။ ဆုံးဖြတ်ချက်မလုပ်ဖို့ ဆိုင်းငံ့ထားတယ်ဆိုတဲ့ဟာပါ။ သူကတော့ အဲဒီလိုပြောတယ်။ နောက်ပြီးတော့ သတင်းမီဒီယာသမားတွေ မေးတဲ့ဥစ္စာကတော့ Credential Committee ရဲ့ Report ကတော့ ဇန်နဝါရီ မျက်နှာစုံညီ အစည်းအဝေးကို တင်ဖို့ရှိတယ်။ အဲဒီအထဲမှာ အဲဒီအခါကျမှ သိပါဆိုတာမျိုးနဲ့ ပြန်ဖြေတာကိုတော့ တွေ့ရပါတယ်။

မေး ။ ။ အဲဒီတော့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း တခုသိချင်တာက သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် အဖြစ်နဲ့ ဆက်ရှိနေမှာလား။ ဘယ်လိုအခြေအနေမျိုးနဲ့ ဆက်ပြီးတော့ ရပ်တည်သွားမလဲ။

ဖြေ ။ ။ ဒါကတော့ ကျနော့်အနေနဲ့ အခုလောလောဆယ်မှာတော့ ပြောလို့မရသေးတဲ့ အနေအထား။ ပြောလို့မရသေးတဲ့ဟာက Credential Committee ရဲ့ Report မလုပ်ခင်မှာ ကြိုမပြောချင်တဲ့ဥစ္စာရယ်၊ နောက်တခုက အခုန Credential Committee ဥက္ကဋ္ဌလည်း သတင်းသမားတွေကို ပြန်လည်ပြောတဲ့ဥစ္စာမှာလည်း ရှင်းတယ်။

မေး ။ ။ သတင်းတွေမှာ ရေးထားတာကတော့ အာဖရိဂန်နဲ့ မြန်မာသံအမတ်ကြီးတွေက အဲဒီလိုမျိုး လက်ရှိနေရာတွေမှာပဲ ဆက်ကျန်ရှိနေအုံးမယ်လို့ ရေးကြပါတယ်ဆိုတော့။

ဖြေ ။ ။ သတင်းတွေမှာ ဖော်ပြတဲ့ ဥစ္စာတွေကိုတော့ Comment တော့ အခုလောလောဆယ်မှာတော့၊ အချိန်မှာတော့ မပေးလိုပါသေးပါဘူး။

မေး ။ ။ အကယ်၍ ရှေ့လာမယ့်ကာလတွေမှာ ကုလသမဂ္ဂညီလာခံတွေမှာ မြန်မာပြည်အရေး ပြောဆိုဆွေးနွေးခွင့်တွေ ရလာမယ်ဆိုရင် ဘယ်လောက်အထိ ဆက်လုပ်နိုင်မယ်လို့ သံအမတ်ကြီး မျှော်လင့်ထားပါသလဲ။

ဖြေ ။ ။ ကျနော် အခုတောက်လျှောက်ပဲ ပင်မကော်မတီတွေ အစည်းအဝေးတွေမှာလည်း သင့်တော်တဲ့ ခေါင်းစဉ်တွေအောက်ကနေပြီး ပြည်သူ့အသံကို နိုင်ငံတကာကနေ ကြားအောင် လုပ်တဲ့ဟာတွေလဲ လုပ်နေတယ်ဆိုတာကို ဆက်လက်ဆောင်ရွက်သွားပါမယ်။ အခွင့်ရေးရရင် ရသလို၊ ဆောင်ရွက်သွားမယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် အခုန မကြာခင်ကာလမှာတော့ Credential Committee ကတော့ မျက်နှာစုံညီ အစည်းအဝေးကို အစီရင်ခံစာတင်ဖို့ ရှိပါတယ်။ ဆိုတော့ အစီရင်ခံစာမှာပါတဲ့ ဥစ္စာကလည်း ကျနော်တို့ ဘာပြောပြော ပြည်သူတွေရဲ့ ပျော်ရွှင်မှုကိုတော့ မပျက်သွားစေဘူးလိုတော့ ကျနော် မျှော်လင့်ပါတယ်။

မေး ။ ။ အဲဒီတော့ အကယ်၍ သံအမတ်ကြီး အခုပြောသွားသလို၊ Credential Committee ကနေပြီးတော့ မျက်နှာစုံညီအစီရင်ခံစာနေ ဦးကျော်မိုးထွန်းကို ဒီနေရာမှာပဲ ဆက်ပြီးတော့ အဲဒီလိုမျိုးသာ ပြောခဲ့မယ်ဆိုရင် ဒီ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ ဦးကျော်မိုးထွန်းရဲ့ အမြဲတမ်းကိုယ်စားလှယ် သက်တမ်းက ဘယ်လောက်အထိ ဆက်ရှိနေမှာလဲ။

ဖြေ ။ ။ အဲဒါကတော့ Report မှာ ဘယ်လိုဖော်ပြမလဲရယ်။ နောက်ပြီးတော သူတို့ကော်မတီအဖွဲ့ဝင်တွေကြားထဲမှာ ဘယ်လိုဆွေးနွေးမလဲဆိုတဲ့ အပေါ်မှာတော့ မူတည်ပါတယ်။ ပြန်ကြည့်လိုက်ရင် မနှစ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့က အာဏာသိမ်းမှု ဖြစ်တယ်။ နောက်ပြီးတော့ (၂၆) ရက်နေ့မှာ ကျနော် မိန့်ခွန်းပြောတယ်။ (၂၇) ရက်နေ့မှာ ဘာပဲပြောပြော စစ်ကောင်စီကနေ ကျနော့်ကို Dismiss လုပ်တယ်။ နောက်ပြီးတော့ ဒီကြားထဲမှာ ကျနော့်နေရာအစားထိုးဖို့ လုပ်တယ်။ ဆိုတော့ အဲဒီကာလတွေကတည်းက ဒီကိစ္စတွေက ဖြစ်လာတယ်။ အဲဒီထဲက ဘာပဲပြောပြော ကျနော် ဒီမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ အဲဒီထဲက သူတို့တွေ ဘယ်လိုပဲကြိုးစားကြိုးစား ဆက်လက်တည်ရှိနေတယ်။ ဆက်လက်ရှိနေခဲ့တယ်။ အခုလည်း ရှိနေတယ်ဆိုတဲ့ဥစ္စာကြောင့် ဘယ်ကာလအထိလဲဆိုတာတော့ ကျနော့်အနေနဲ့ ခက်ပါတယ်။ ဆိုတော့ အခုန Credential ကိစ္စတို့ ဘာတို့ဆိုတဲ့ကိစ္စက အထွေထွေညီလာခံ - အခုဆိုရင် (၇၆) ကြိမ်မြောက် အထွေထွေညီလာခံက ၂၀၂၁ စက်တင်ဘာကနေ စလိုက်တာ ၂၀၂၂ စက်တင်ဘာလလောက်အထိ သွားတယ်။ ဒါကြောင့် ထပ်ပြောရရင်တော့ Credential Committee ရဲ့ အစီရင်ခံစာကို ခဏလောက် စောင့်ကြည့်ပေးဖို့ ကျနော် ထပ်ပြီးတော့ မေတ္တာရပ်ခံလိုပါတယ်။

မေး ။ ။ ဒီနေရာမှာ တခုလေး မေးချင်တာက အစောပိုင်းတုန်းက Credential Committee ကနေ ဘာမှ ဆုံးဖြတ်ချက် မချတော့ဘူး၊ ဒီကိုယ်စားလှယ် ရွေးချယ်ခြင်းကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့မယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တလောကမှ Credential Committee ကို ပြန်ခေါ်ပြီးတော့ ဟိုးဘက်ကတင်တဲ့ ကိုယ်စားလှယ်လား။ ဒီဘက်ကင်တဲ့ ကိုယ်စားလှယ်လား ဆိုတာကို ဆုံးဖြတ်ဖို့ အခြေအနေကို ဆိုက်လာတာကို ကျနော်တို့ သတိထားမိပါတယ်။ အဲဒါက ဘယ်နိုင်ငံတွေက ဘယ်လိုတွန်းအားတွေ၊ ဘယ်လိုအခြေအနေတွေကြောင့် ဖြစ်လာတယ်လို့ သံအမတ်ကြီး ပြောနိုင်ပါသလဲ။

ဖြေ ။ ။ အထွေထွေညီလာခံ စပြီဆိုရင် အခုဆိုရင် ဘာပဲပြောပြော စက်တင်ဘာလနေ စတယ်။ စက်တင်ဘာ ဒုတိယအင်္ဂါနေ့ကနေ အထွေထွေညီလာခံ စတယ်။ အဲဒီလိုစပြီးရင် ကျနော်တို့ Credential Committee ကို ဖွဲ့စည်းတယ်။ ဆိုတော့ ပုံမှန်အားဖြင့် Credential Committee က ကျနော် အရင်ကတော့ ပြောဖူးပါတယ်။ ဒီလိုမျိုး နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်မှာမှ တွေ့တယ်ဆိုတာကို ပြောဖူးပါတယ်။ အခုလဲ သူတို့ ပုံမှန် အရင်နှစ်တွေတုန်းက တွေ့သလိုပဲ၊ ဒီအစည်းအဝေးကို ဒီနေ့မှာ သူတို့လုပ်တယ်။ ဆိုတော့ ဘာကြောင့်ညာကြောင့် မဟုတ်ဘဲ၊ လုပ်ထုံးလုပ်နည်းအရ တွေ့တယ်၊ ဆွေးနွေးတယ်၊ တင်ပြလာတဲ့ Credentials တွေကို စီစစ်တယ်။ ဆိုတော့ ကျနော့်အမြင်ကတော့ Issues တွေတော့ ရှိတော့ရှိတာပေါ့။ Issues တွေ ရှိလာလို့ ဒီလိုလုပ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ပုံမှန်လုပ်ထုံးလုပ်နည်းအရ တွေ့တယ်ဥစ္စာမျိုးပဲ ဖြစ်ပါတယ်။ နှစ်စဉ်လည်း ဒီလိုပဲ လုပ်ကြပါတယ်။

မေး ။ ။ ဒီနေရာမှာ Credential Committee ကနေ ဟိုဘက်ကိုယ်စားလှယ်လား၊ ဒီဘက်ကိုယ်စားလှယ်လား ဆိုတာကို မဆွေးနွေး၊ မဆုံးဖြတ်ဖို့ Defer လုပ်တာ၊ ဆိုင်းငံ့လိုက်တာ။ ဆိုင်းငံ့ဖို့အတွက်ကို အမေရိကန်၊ တရုတ်၊ ရုရှားနိုင်ငံတွေက ညှိနှိုင်းထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။ အဲဒါ ဟုတ်ပါသလား။ သံအမတ်ကြီး ဘယ်လို သိထားပါသလဲ။

ဖြေ ။ ။ ကျနော်ကတော့ Comment တော့ မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုကိစ္စတွေက Credential Committee အဖွဲ့ဝင်တွေကြားထဲမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ အတည်ပြုချက်ယူကြတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ အခုနပြောတဲ့ နိုင်ငံတွေကြားမှာလည်း ဆွေးနွေးကောင်းလည်း ဆွေးနွေးမယ်။ ဒီထက်ပိုပြီးတော့လည်း အခြားအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာလည်း ဆွေးနွေးဖြစ်တယ်။ ကြိမ်းသေတာကတော့ Credential Committee အဖွဲ့ဝင် (၉) နိုင်ငံလုံးကတော့ ဘာပဲပြောပြော ပုံစံအမျိုးမျိုးနဲ့တော့ ဆွေးနွေးကြမယ်လို့တော့ ကျနော် ယူဆပါတယ်။

မေး ။ ။ အဲဒီတော့ Credential Committee အဖွဲ့ဝင် (၉) နိုင်ငံထဲမှာ မြန်မာ့ဒီမိုကရေစီရေးဘက်ကို ပိုပြီးတော့ အားပေးတဲ့နိုင်ငံက အနည်းစုလား၊ အများစုလား။

ဖြေ ။ ။ ဒါကတော့ ပြောရတာတော့ ခက်တော့ခက်တယ်။ ဘယ်နိုင်ငံတွေပါတယ်ဆိုတဲ့ဟာလည်း ဆရာလည်း သိတယ်ဆိုတော့ ဆိုတော့ အဲဒီထဲမှာပါတဲ့ နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံတွေရဲ့ ရပ်တည်ချက်တွေ၊ သူတို့နိုင်ငံတွေရဲ့ ပြောကြားချက်တွေကို အခြေပြုပြီးတော့ ဘယ်နိုင်ငံကတော့ ကျနော်တို့ ဒီမိုကရေစီလမ်းစဉ်ကို အားပေးအားမြှောက်ပြုနေတဲ့ ဘယ်နိုင်ငံကတော့ ကျနော်တို့ ဒီမိုကရေစီလမ်းစဉ်နဲ့ ပတ်သက်လို့ ဒီလိုပဲ မသိဘာသာနေတယ်ဆိုတဲ့ ဥစ္စာမျိုးလည်း ရှိကောင်းရှိနိုင်တယ်။ အဲဒါကတော့ ဆရာတို့လည်း ပိုသိမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တော့ အခုလို အနေအထားမှာ သုံးသပ်တော့ မပေးချင်သေးပါဘူး။ ကျေးဇူးပါ။

မေး ။ ။ နောက်ဆုံးတခွန်းလေးပါ။ အဲဒီတော့ Credential Committee က ယတိပြတ်၊ တခုမဟုတ်တခု ဆိုတာမျိုး ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ သူ့ရဲ့ ဆုံးဖြတ်မယ့်အစီအစဉ်ကို ဆိုင်းငံ့လိုက်တယ်ဆိုတဲ့ အနေအထားက သံအမတ်ကြီးတို့အတွက် ဒီမိုကရေစီရေးကို လှုပ်ရှားနေတဲ့ လူတွေအတွက် ဒါက အောင်ပွဲတရပ်လို့ သံအမတ်ကြီး မှတ်ယူပါသလား။

ဖြေ ။ ။ ကျနော် ပြောလို့ရတာက Report တင်တဲ့အထိတော့ ခဏစောင့်ပြီးတော့မှပဲ ကျနော် Comment ပေးပါရစေလို့ ပြောပါရေ။

ကိုဉာဏ်ဝင်းအောင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ် သံအမတ်ကြီး။

XS
SM
MD
LG