ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ဆန႔္က်င္ဘက္အင္အားစုေတြကို လုပ္ႀကံဖို႔ စာရင္းတခု ရွိေနသလားဆိုၿပီး သံတမန္ အသိုင္းအဝိုင္းကတဆင့္ ေမးျမန္းလာတာကို ၾကားရခ်ိန္မွာ အေတာ္အံ့ၾသမိတယ္လို႔ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ဗြီအိုေအကို ေျပာပါတယ္။ အဲဒီလိုရည္႐ြယ္ခ်က္ မရွိသလို မူဝါဒလည္းမရွိ၊ ကိုင္စြဲထားတဲ့ စံတန္ဖိုးေတြနဲ႔လည္း ကိုက္ညီမႈမရွိဘူးလို႔ ေဒၚဇင္မာေအာင္က ေျပာပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။
ကိုေက်ာ္ေက်ာ္သိန္း - ေဒၚဇင္မာေအာင္ေရ ဒီ Hit List ေပါ့ေလ၊ လုပ္ႀကံသတ္ျဖတ္ဖို႔ဆိုတဲ့ စာရင္းတခု ထြက္ေနတယ္ဆိုၿပီးေတာ့ စြပ္စြဲခ်က္ေတြ၊ ေကာလာဟလေတြ ထြက္ေနတာ က်ေနာ္တို႔ သိထားပါတယ္။ အဲဒီလို စြပ္စြဲခ်က္ေတြ၊ ေကာလာဟလေတြက ဘယ္လိုမ်ိဳးမ်ား ျပန႔္ေနတာပါလဲ။
ေဒၚဇင္မာေအာင္ - “အဓိက က်မတို႔ သိရသေလာက္ေတာ့ ဆရာဆာဆာဆီကိုလည္း တခ်ိဳ႕ က်မတို႔နဲ႔ ဆက္ဆံ ေဆာင္႐ြက္ေနတဲ့ သံတမန္အသိုင္းအဝိုင္းေတြ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြကေနၿပီး ေမးလာတာေတြ ရွိတယ္။ က်မတို႔လည္း ဒါ ေတာ္ေတာ္အံ့ၾသတယ္။ ေတာ္ေတာ္အံ့ၾသေတာ့ ဘယ္လိုႀကီးတုန္းေပါ့ေနာ္၊ အဲဒါနဲ႔ ဒါ ေတာ္ေတာ္ Serious ျဖစ္တယ္၊ မဟုတ္ဘူးဆိုရင္လည္း မဟုတ္တဲ့အေၾကာင္းေတာ့ တုံ႔ျပန္ဖို႔ ေကာင္းတယ္ေပါ့ ဆိုၿပီးေတာ့ ဆရာဆာဆာဆီကေန ေဆြးေႏြးလာတာ ရွိတယ္။ တၿပိဳင္နက္တည္းမွာပဲ က်မတို႔ဆီကိုလည္း ေရာက္တယ္ေပါ့။ ဒါႀကီးက Hit List က ရွိေနတယ္၊ ဒီလို ဒီအေၾကာင္းပဲဆိုေတာ့ က်မတို႔လည္း စစၾကားခ်င္းေတာ့ ေတာ္ေတာ္အံ့ၾသတယ္။ တုံ႔ျပန္စရာေတာင္ မလိုဘူးလို႔ ထင္တာေပါ့ေလ။ သို႔ေသာ္လည္း ႏိုင္ငံတကာက က်မတို႔နဲ႔ လုပ္ေဖာ္ကိုင္ဘက္ သံတမန္ေတြ၊ အဖြဲ႕အစည္းေတြဆီကိုလည္း ေရာက္ေနတယ္ဆိုေတာ့ သူတို႔ကလည္း ေမးလာတယ္။ ဆိုတဲ့အေနအထားမွာ ဒါဆိုရင္ေတာ့ က်မတို႔ မဟုတ္ရင္လည္း မဟုတ္တဲ့အေၾကာင္းကိုေတာ့ ျပန္လည္ရွင္းလင္းဖို႔လိုတယ္။ ဒီအတိုင္း လႊတ္ထားလို႔ရတဲ့ သတင္းေတာ့ မဟုတ္ေတာ့ဘူး။ ဒါက အရမ္းကို စနစ္တက် ပ်ံ႕ႏွံ႔တဲ့ သေဘာမ်ိဳး ျဖစ္ေနတယ္။ ဒါေၾကာင့္မို႔ က်မတို႔ ႏိုင္ငံတကာေရးရာနဲ႔ေရာ သက္ဆိုင္ရာ Ministry နဲ႔ေရာ အေရးေပၚအစည္းအေဝး ေခၚယူတိုင္ပင္ၿပီးေတာ့ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာနအေနနဲ႔ ေၾကညာခ်က္ထုတ္ၿပီး ထုတ္ျပန္လိုက္ပါမယ္ေပါ့၊ ဆိုၿပီးေတာ့ က်မတို႔ Confirmation ေတြ အကုန္လုပ္ၿပီးမွ ဒီေၾကညာခ်က္ကို ဆရာဆာဆာက ထုတ္ျပန္တာ ျဖစ္ပါတယ္။”
ကိုေက်ာ္ေက်ာ္သိန္း - ဆိုေတာ့ ေဒၚဇင္မာေအာင္တို႔ သိထားတာအရက ေဒၚဇင္မာေအာင္တို႔ဆီကို သံတမန္အသိုင္းအဝိုင္းကေနၿပီးေတာ့ ဒီကိစၥ စလာတာေပါ့။
ေဒၚဇင္မာေအာင္ - “ဟုတ္ကဲ့၊ က်မတို႔ကေတာ့ လုပ္ငန္းသေဘာသဘာဝ အရလည္း ဒီသံတမန္အသိုင္းအဝိုင္းနဲ႔ ဆက္စပ္ေနရေတာ့ ဒီသတင္းေတြကို ဟုတ္သလားေပါ့၊ သူတို႔လက္ထဲ ရရွိေနပါတယ္ဆိုၿပီး က်မတို႔ဆီကို Confirmation လွမ္းေတာင္းတာေပါ့ေလ။ List ေတြနဲ႔ေရာ နာမည္ေတြနဲ႔ေရာပါေတာ့ က်မတို႔ကေတာ့ ေျပာတယ္၊ ဟာ ဒုကၡပဲ၊ အဲဒါဆိုရင္ေတာ့ က်မတို႔ တကယ္စိုးရိမ္သြားၿပီလို႔၊ အဲဒီ အခုစာရင္းထဲမွာပါတဲ့ လူေတြေပါ့ေလ။ တခ်ိဳ႕တေလေတာ့ နာမည္ပါတယ္၊ က်မေတာ့ ထုတ္မေျပာေတာ့ပါဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ နာမည္ထုတ္ေျပာလိုက္ရင္ သူတို႔အတြက္ အႏၲရာယ္ကို က်မတို႔ တကယ္ပဲ စိုးရိမ္တယ္။ က်မတို႔ကိုယ္တိုင္လည္း သူတို႔အတြက္ကို တကယ္စိုးရိမ္တယ္။ က်မတို႔ ဒီလိုမ်ိဳး ရည္႐ြယ္ခ်က္လည္း မရွိဘူး၊ မူဝါဒအားျဖင့္လည္း ရွိမေနဘူး၊ က်မတို႔ရဲ႕ စံတန္ဖိုးေတြနဲ႔လည္း ကိုက္ညီမႈ မရွိဘူးေပါ့။ ဒါေၾကာင့္မို႔ ဒီဟာႀကီးက မဟုတ္ဘူး။ ဒါ မဟုတ္ဘူးဆိုတဲ့အေၾကာင္းေတာ့ က်မတို႔ ရွင္းျပပါတယ္။ တၿပိဳင္နက္တည္းမွာလည္း က်မတို႔ Conspiracy ျဖစ္လာႏိုင္တဲ့ဟာေတြကို က်မတို႔ သြားျမင္တယ္။ ျမင္တဲ့အတြက္ တကယ္လည္း စိုးရိမ္သြားတယ္၊ အဲဒီကာယကံရွင္ေတြအတြက္ေပါ့ေနာ္။ ဒီကိစၥေတြ ေမးျမန္းလာတဲ့ သံတမန္ေတြ၊ Verify လုပ္လာတဲ့ သံတမန္ေတြကိုေတာ့ က်မတို႔ ဒီအတိုင္းပဲ အေၾကာင္းျပန္ထားပါတယ္။”
ကိုေက်ာ္ေက်ာ္သိန္း - ေဒၚဇင္မာေအာင္တို႔ဆီကို သတ္သတ္မွတ္မွတ္ေပါ့ေလ၊ ႏိုင္ငံတကာ သံ႐ုံးတခုခုကေသာ္လည္းေကာင္း၊ ႏိုင္ငံျခားေရးဌာန တခုခုကေသာ္လည္းေကာင္း၊ ဒီကိစၥနဲ႔ပတ္သက္ၿပီး တိုက္႐ိုက္ေျပာဆိုရတာမ်ိဳးေရာ ရွိပါသလား။
ေဒၚဇင္မာေအာင္ - “ဟုတ္ကဲ့ ရွိပါတယ္။ Call ေတာင္းၿပီးေတာ့ ဒီသတင္းေတြ ၾကားေနတယ္၊ က်မတို႔ Informally ေပါ့၊ Formal Call ေတာ့ မဟုတ္ဘူးေပါ့။ က်မတို႔မွာေတာ့ အခုေခတ္က အင္တာနက္ေခတ္ ျဖစ္တာကိုး။ ျဖစ္ေတာ့ မက္ေဆ့ခ်္ေတြနဲ႔ ပို႔ၿပီးေတာ့ ပုံမွန္ အေရးႀကီးတဲ့ဟာေတြ၊ Serious ျဖစ္တဲ့ဟာေတြဆိုရင္ေတာ့ Confirmation လုပ္တယ္။ သတင္းအခ်က္အလက္ ေမးျမန္းေဆြးေႏြးတာေတြ လုပ္ၿပီးေတာ့ အဲဒီ Channel ေတြကေနပဲ က်မတို႔ သြားတာပါ။ အဲဒီေတာ့ က်မတို႔ဆီကိုလည္း ႏွစ္ခု သုံးခုေလာက္ကေနၿပီးေတာ့ Verify လုပ္လာေတာ့ က်မတို႔လည္း ျပန္ၿပီးေတာ့ ရွင္းလင္းေျပာၾကားရတဲ့ဟာ ျဖစ္လာတာေပါ့။”
ကိုေက်ာ္ေက်ာ္သိန္း - တဆက္တည္းမွာပဲ လက္ရွိ ျမန္မာျပည္မွာက ဒလန္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ သတ္ျဖတ္တာေတြ ရွိတယ္၊ ဗုံးခြဲတာေတြ ရွိတယ္။ ဒါေတြကိုလည္းပဲ စစ္ေကာင္စီဘက္ကေန အၾကမ္းဖက္အဖြဲ႕အစည္းေတြအျဖစ္ သူတို႔စြပ္စြဲထားတဲ့ CRPH နဲ႔ NUG ရဲ႕လက္ခ်က္ဆိုၿပီးေတာ့ ေျပာတယ္။ CRPH နဲ႔ NUG ဘက္ကလည္း ဒါေတြကို မသက္ဆိုင္ဘူးဆိုၿပီးေတာ့ ျငင္းထားတာ ရွိပါတယ္။ ဒီျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့၊ ဒီျဖစ္ရပ္ေတြကိုလုပ္တဲ့ အဖြဲ႕အစည္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ NUG အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ Moral Authority လို႔ ဆိုရမလားပါပဲ၊ ကိုယ္က်င့္သိကၡာပိုင္းအရ၊ က်င့္ဝတ္ပိုင္းအရ ေျပာေရးဆိုပိုင္ခြင့္ရွိတဲ့ အဖြဲ႕အစည္းတခု ျဖစ္တဲ့အခါၾကေတာ့ ဒီလိုအေျခအေမ်ိဳးေတြကို NUG အေနနဲ႔ ဘယ္လိုမ်ား ထိန္းသိမ္းလုပ္ေဆာင္ေနပါသလဲ၊ ဆက္ၿပီးေတာ့ေရာ ဘယ္လိုထိန္းသိမ္းလုပ္ေဆာင္သြားဖို႔ စီစဥ္ထားတာ ရွိပါသလဲ။
ေဒၚဇင္မာေအာင္ - “Morally Authority ရွိတဲ့အတြက္ က်မတို႔ မီဒီယာေတြမွာ ထြက္ၿပီးေတာ့ ေျပာဆိုတာေတြ ရွိတယ္။ က်မဆိုရင္လည္း ႏိုင္ငံတကာနဲ႔ ဆက္သြယ္ေဆာင္႐ြက္ေနရတဲ့အျပင္ကို ျပည္တြင္းေပါ့၊ ကိုယ့္အစိုးရအဖြဲ႕အတြင္းမွာ Inter-Ministry Meeting ေတြမွာ က်မတို႔က အေက်အလည္ ဒီကိစၥေတြကို Seriously ေဆြးေႏြးၿပီးေတာ့မွ ေၾကညာခ်က္ထုတ္တာကအစ၊ မူဝါဒ ထုတ္ျပန္တာေတြကအစ တကယ့္ကို အေက်အလည္ ေဆြးေႏြးၿပီးေတာ့မွ ေျမျပင္က အေျခအေနနဲ႔ ေပါင္းစပ္ၿပီးေတာ့ ထုတ္ျပန္ၿပီးေတာ့ ေဆာင္႐ြက္ေနတယ္။ Enforcement ေတြ လုပ္ေနတယ္။ အခု သက္ဆိုင္ရာ ဝန္ႀကီးဌာန အေနနဲ႔လည္း ျပည္နယ္ေတြ၊ ေဒသဆိုင္ရာ PDF ေတြေပါ့၊ က်မတို႔ရဲ႕ Chain of Command ထဲကို မေရာက္ေသးတဲ့ အဖြဲ႕အစည္းေတြနဲ႔ ေတြ႕တဲ့အခါမွာလည္း ဒီအတိုင္းပါပဲ။ အဲဒီကိစၥေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ေျပာၿပီးေတာ့ ဝန္ႀကီးဌာနက တာဝန္ရွိတဲ့လူေတြက ေတြ႕ဆုံၿပီးေတာ့ ေဆာင္႐ြက္ေနတာရွိတယ္။ အဲဒီေတာ့ က်မတို႔ ေျပာခ်င္တာကေတာ့၊ က်မကိုယ္တိုင္လည္း တခါေတာ့ ေျပာၿပီးၿပီေပါ့၊ Crime ကို က်ဴးလြန္တယ္ဆိုရင္ ဒီကြန္ဗင္းရွင္းေတြ၊ လက္နက္ကိုင္ထားၿပီဆိုရင္ လက္နက္ကိုင္ထားတဲ့သူဟာ လက္နက္မကိုင္ထားတဲ့သူေတြထက္ ပိုၿပီးေတာ့ က်င့္ဝတ္ကို ေစာင့္ထိန္းရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်မတို႔ကိုယ္တိုင္ ခံစားေနရတာ ျဖစ္တယ္ေပါ့။ လက္နက္ကိုင္ၿပီး က်င့္ဝတ္မရွိတဲ့တပ္ဟာ စစ္တပ္မဟုတ္ေတာ့ဘူး။ လုံးဝ အၾကမ္းဖက္အဖြဲ႕အစည္း ျဖစ္သြားၿပီလို႔ က်မတို႔ကိုယ္တိုင္လည္း ေၾကညာခဲ့တာ ျဖစ္တဲ့အတြက္ က်မတို႔ကိုယ္တိုင္ ဒါမ်ိဳးကို မလုပ္ဖို႔လိုတယ္ ဆိုတာက က်မတို႔ PDF ဆိုၿပီး စၿပီးဖြဲ႕စည္းမယ္လို႔ ဆုံးျဖတ္ခဲ့တဲ့ အေျခခံစံတန္ဖိုးျဖစ္တယ္၊ ခံယူခ်က္လည္း ျဖစ္တယ္ေပါ့ေနာ္။ ဆိုေတာ့ ဒါေတြကို က်မတို႔ အခါအားေလ်ာ္စြာ ထုတ္ေဖာ္ေျပာဆိုေနတာေတြလည္း ရွိပါတယ္။ အဲဒီေတာ့ တရားဥပေဒအရ ဆိုရင္ေတာ့ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္ေတြ မလိုက္နာတဲ့လူေတြဟာ ဌာနတြင္း အေရးယူခံရႏိုင္ဖို႔ရွိတယ္။ ဒါ့အျပင္ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းေတြနဲ႔အညီ ဂ်ီနီဗာကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တာမ်ိဳး ျဖစ္လာမယ္ဆိုရင္လည္း ဒါ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းေတြနဲ႔ မကိုက္ညီရင္ ဥပေဒေတြအရ က်ဴးလြန္ရင္ က်ဴးလြန္တဲ့အေလ်ာက္ အျပစ္ေပးခံရႏိုင္ေခ်ရွိတယ္။ ဒါေၾကာင့္ ဒါေတြကို ေရွာင္ၾကဥ္ဖို႔ဆိုတာ စဥ္ဆက္မျပတ္ကို Internally မွာ Engagement ေတြလုပ္ေနပါတယ္လို႔ ေျပာခ်င္ပါတယ္။”
VOA -- တဆက္တည္းမွာပဲ တင္ျပခ်င္တာက ျမန္မာႏိုင္ငံမွာ ဥပေဒမဲ့ တရားလက္လြတ္ သတ္ျဖတ္မႈေတြေၾကာင့္ ျပည္သူတိုင္း မလုံၿခဳံဘူးလို႔ ခံစားေနၾကရတယ္လို႔ ၈၈ ေက်ာင္းသားေခါင္းေဆာင္တေယာက္ ျဖစ္သလို ျပည္သူ႔ပါတီ ဥကၠ႒လည္းျဖစ္တဲ့ ဦးကိုကိုႀကီးက ေျပာပါတယ္။ ခုလိုသတ္ျဖတ္မႈမ်ိဳး ဘက္အသီးသီးက ေရွာင္ရွားသင့္တယ္လို႔ သူကေျပာပါတယ္။ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ CRPH၊ NUG တို႔အေနနဲ႔လည္း ဒီကိစၥမ်ိဳး ကန႔္ကြက္တယ္၊ ရႈတ္ခ်တယ္ဆိုရင္ အမ်ားျပည္သူသိရွိေအာင္ ရွင္းရွင္းလင္းလင္း လုပ္သင့္တယ္လို႔ အႀကံျပဳပါတယ္။ ကိုယ္တိုင္ ၿခိမ္းေျခာက္မႈေတြ ခံေနရတဲ့ ဦးကိုကိုႀကီးကို မစုျမတ္မြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။
မစုျမတ္မြန္ - လက္ရွိျအေခအေနမွာ ဦးကိုကိုႀကီးရဲ႕ လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ေရာ၊ ကိုယ့္လုံၿခဳံေရး၊ ကိုယ့္ရဲ႕မိသားစု လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ လက္ရွိအေျခအေန အရင္ဆုံး သိပါရေစ။
ဦးကိုကိုႀကီး - “စစ္တပ္က အာဏာသိမ္းၿပီးတဲ့အခ်ိန္၊ အာဏာရယူၿပီးတဲ့အခ်ိန္က စၿပီးေတာ့ ပစ္ခတ္သတ္ျဖတ္မႈေတြ၊ ဖမ္းဆီးအေရးယူမႈေတြ ျဖစ္တုန္းကလည္း က်ေနာ္တို႔ အာဏာသိမ္းတာကို ကန႔္ကြက္တယ္။ ေနာက္ ထိခိုက္ဒဏ္ရာရတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ခံစားရတယ္။ ၿပီးေတာ့ ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြအတြက္လည္း ျပည္သူ႔ပါတီကေန ဥပေဒ အေထာက္အကူအဖြဲ႕ အေနနဲ႔ ခုခ်ိန္ထိ ေတာက္ေလွ်ာက္လည္း တတ္ႏိုင္သေလာက္ ႀကိဳးစားေပးေနတယ္။ ဆိုေတာ့ အဲဒီလို အေျခအေနမ်ိဳးမွာမွ ေဖ့စ္ဘုတ္ကေန ၿခိမ္းေျခာက္တာေတြ၊ ေနာက္တခါ ဖုန္းနံပါတ္ မေပၚဘူးေပါ့ဗ်ာ၊ Unknown ဆိုတဲ့ ဖုန္းနံပါတ္နဲ႔ ၿခိမ္းေျခာက္တာေတြ က်ေနာ္တို႔ ႀကဳံရတယ္။ ဆိုလိုခ်င္တာက က်ေနာ္တို႔က ႏိုင္ငံေရးပါတီတရပ္အေနနဲ႔ ေဆာင္႐ြက္တဲ့အခါၾကေတာ့ ႏိုင္ငံေရးပါတီ ပုံသဏၭာန္နဲ႔ လုပ္ရတာေတြ ရွိတယ္။ ဒါေၾကာင့္ ကန႔္ကြက္စရာရွိတာ ကန႔္ကြက္တယ္၊ ေဝဖန္စရာရွိတာ ေဝဖန္တယ္၊ ႏိုင္ငံေရးအရ ေျပာစရာရွိတာ ေျပာတယ္။ ဆိုေတာ့ အဲဒီလို ေဆာင္႐ြက္ေနတဲ့ဟာ၊ ဒါ က်ေနာ္ဆိုရင္ ၃၄ ႏွစ္ တေလွ်ာက္လုံး၊ ေထာင္ထဲမွာလည္း ၁၉ ႏွစ္ေက်ာ္၊ အဲဒီလိုလူမ်ိဳးေတာင္မွ ဒီလို ၿခိမ္းေျခာက္တာမ်ိဳးေတြ ျဖစ္တယ္ဆိုေတာ့ သာမန္ျပည္သူေတြ ၾကားထဲမွာလည္း မလုံၿခဳံတဲ့ ခံစားမႈမ်ိဳးကေတာ့ ျဖစ္တယ္။ ျဖစ္တယ္ဆိုတာက တစ္အခ်က္ကေတာ့ အခုျဖစ္ေနတဲ့ ေသေက်ပ်က္စီးမႈေတြဟာ စစ္တပ္ကပဲလုပ္လုပ္၊ တျခား ေဒသခံ အဖြဲ႕အစည္းေတြကပဲလုပ္လုပ္ ျပည္သူေတြၾကားထဲမွာေတာ့ အထိတ္တလန႔္ျဖစ္တာ အမွန္ပဲ။ ဒါေၾကာင့္ က်ေနာ္ သာမန္ျပည္သူတေယာက္အေနနဲ႔ ေျပာရရင္လည္း ေနရထိုင္ရတာ မလုံၿခဳံဘူးလို႔ ခံစားရတယ္။”
မစုျမတ္မြန္ - ေစာေစာက ဦးကိုကိုႀကီး ေျပာသြားတဲ့အထဲမွာ ဒီလိုမ်ိဳး ဖုန္းဆက္ၿပီး ၿခိမ္းေျခာက္တာမ်ိဳးေတြ ရွိတယ္ဆိုေတာ့ အဲဒီလိုမ်ိဳး ၿခိမ္းေျခာက္တာေတြကေရာ ဘယ္လိုအဖြဲ႕အစည္းေတြ ဘယ္လိုလူေတြက ၿခိမ္းေျခာက္တယ္လို႔ ထင္ပါသလဲ။
ဦးကိုကိုႀကီး - “အခုဟာက ေဖ့စ္ဘုတ္မွာေတာ့ က်ေနာ္ Screenshot ဖမ္းထားတာ တခုရွိတယ္။ အဲဒါကေတာ့ သူ႔ ေဖ့စ္ဘုတ္အေကာင့္နဲ႔ လိုက္မယ္ဆိုရင္ေတာ့ ေပၚတယ္ေပါ့ေလ။ သိန္း ၁၀၀ ကိုကိုႀကီးအတြက္ကို ေၾကးေပါက္တယ္ဆိုၿပီးေတာ့ ပထမဆုံး စၿပီးေတာ့ ပစ္တာေပါ့။ အဲဒါကလည္း အေမရိကားကလို႔ ျပန္သိရတယ္။ ေနာက္တခု Unknown ဖုန္းနဲ႔ ဆက္တာၾကေတာ့ ဖုန္းနံပါတ္လည္း ေျခရာေကာက္လို႔ မရဘူး၊ ဘယ္သူဘယ္ဝါဆိုတာလည္း မေျပာဘူး။ အဲေတာ့ အခုျဖစ္ေနတဲ့ဟာက တခုခုျဖစ္လိုက္ရင္ သူမဟုတ္ဘူး၊ ငါမဟုတ္ဘူးနဲ႔ လက္သည္မေပၚဘူး ဆိုတာလည္း ပိုၿပီးေတာ့ ဆိုးတယ္။”
မစုျမတ္မြန္ - ေနာက္တခုက ဒီရက္ပိုင္းမွာပဲ NUG ရဲ႕ ေဒါက္တာဆာဆာက သူ႔ရဲ႕ ေဖ့စ္ဘုတ္ပို႔စ္မွာ ေရးလိုက္တာတခု ရွိပါတယ္။ ဘာလဲဆိုေတာ့ Hit List ေပါ့၊ ပစ္မွတ္ထားၿပီး ရွင္းမယ္ဆိုတဲ့ List ေတြ မရွိဘူးေပါ့ေလ၊ NUG အေနနဲ႔ ဒါမ်ိဳး List လုံးဝ မရွိပါဘူးဆိုၿပီး သူ႔ဘက္ကျငင္းတာ ရွိပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ေရာ သိလား၊ အဲဒီ List ထဲမွာေရာ၊ အဲဒီလိုမ်ိဳး List ထြက္တယ္ဆိုတာေရာ ဦးကိုကိုႀကီးတို႔ သိပါသလား။
ဦးကိုကိုႀကီး - “က်ေနာ္တို႔လည္း ၾကားေနတယ္။ Hit List ရွိတယ္ဆိုတဲ့ဟာကို ၾကားေနတယ္။ အဲ့ဒီေတာ့ က်ေနာ္တို႔က တကယ့္တကယ္က NUG တို႔ CRPH တို႔ဆိုတာ ဘာပဲေျပာေျပာ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္တဲ့အခါၾကေတာ့ ဒီကိစၥမ်ိဳးကို က်ေနာ္တို႔ လုံးဝမပတ္သက္ဘူး၊ ဒီလိုလုပ္တာေတြကိုလည္း က်ေနာ္တို႔က ကန႔္ကြက္တယ္၊ ရႈတ္ခ်တယ္ ဆိုတာမ်ိဳး၊ ကိုယ့္ရဲ႕မူဝါဒကို အမ်ားျပည္သူကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္သင့္တယ္။ ဆိုလိုတာက လုပ္ရင္လည္း အဲဒီလုပ္တဲ့လူေတြဟာ က်ေနာ္တို႔နဲ႔ မပတ္သက္ဘူး။ ဒီလိုလုပ္ရပ္မ်ိဳးကို က်ေနာ္တို႔ ကန႔္ကြက္တယ္ ဆိုတာမ်ိဳးကိုေတာ့ မူအရ ရွင္းရွင္းလင္းလင္း ျဖစ္သင့္တယ္။ အဲဒီလိုမဟုတ္ရင္ က်ေနာ္တို႔ NUG တို႔ CRPH တို႔ လုပ္ေနတာေတြနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔က ဘာမွ ေဝဖန္တာ ကန႔္ကြက္တာ မရွိဘူး။ ႏိုင္ငံတကာ ေထာက္ခံမႈရေအာင္ လုပ္ေန ႀကိဳးစားေနတဲ့ကိစၥေတြဟာ က်ေနာ္တို႔ ႏွစ္ ၃၀ ကာလတေလွ်ာက္လုံးမွာလည္း ဒီလိုပဲ လုပ္ခဲ့ၾကတာပဲ။ သို႔ေသာ္ အခုလိုမ်ိဳး Extrajudicial Killings ေပါ့၊ ဥပေဒအရ စီရင္ဆုံးျဖတ္တာမ်ိဳး မဟုတ္ဘဲနဲ႔ ဥပေဒအဖြဲ႕အစည္း မရွိဘဲနဲ႔ ဒီလိုမ်ိဳး လုပ္ေနတာေတြနဲ႔ ပတ္သက္ရင္ ဒါက ကိုယ့္ရဲ႕မူဝါဒ မဟုတ္ဘူး ဆိုတာကိုေတာ့ ကန႔္ကြက္တယ္၊ မပတ္သက္ဘူး ဆိုတာကိုေတာ့ အဖြဲ႕အစည္း အေနနဲ႔ကို တိတိက်က် ေၾကညာခ်က္ ထုတ္သင့္တယ္လို႔ က်ေနာ္ေတာ့ ျမင္ပါတယ္။”
မစုျမတ္မြန္ - ခုန ေျပာသြားသလိုပဲ အခုလက္ရွိ ျမန္မာႏိုင္ငံမွာ တရားလက္လြတ္ သတ္ျဖတ္မႈေတြေတာ့ ျဖစ္ေနတယ္။ ဒါေပမယ့္ အဲဒီဟာေတြက ဘယ္သူ႔လက္ခ်က္လဲဆိုတာ အတိအက်ေျပာဖို႔ကေတာ့ ခက္တယ္ေပါ့ေလ။ တခ်ိဳ႕ကိစၥေတြမွာေတာ့ လုပ္တဲ့လူေတြက သူတို႔လုပ္ပါတယ္ဆိုတာမ်ိဳး အတိအလင္း ထုတ္ေျပာတာမ်ိဳး ရွိတယ္။ ဒါေပမယ့္ က်န္တာေတြကေတာ့ လက္သည္မေပၚဘဲျဖစ္တဲ့ ကိစၥေတြေပါ့ေလ။ အဲဒီဟာေတြ ရပ္သြားေအာင္ေရာ ဦးကိုကိုႀကီး အေနနဲ႔ ဘယ္လိုျဖစ္သင့္တယ္လို႔ ေျပာခ်င္ပါသလဲ။
ဦးကိုကိုႀကီး - “ဘယ္အဖြဲ႕အစည္းပဲျဖစ္ျဖစ္ ဒါဟာ က်ေနာ္တို႔ ဂ႐ုျပဳၿပီး ေရွာင္ရွားရမယ့္ ကိစၥလို႔ ျမင္တယ္။ ေနာက္တခုက စစ္တပ္ကလည္း အင္အားသုံးၿပီးေတာ့ ေျဖရွင္းႏိုင္တယ္ဆိုတဲ့ အယူအဆဟာ တိုင္းျပည္ကို စုတ္ျပတ္သတ္တဲ့ အေျခအေနအထိ ေရာက္ေနၿပီ။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ႏိုင္ငံေရးလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေအာင္နဲ႔ ႏိုင္ငံေရးအရ ျပည္သူေတြၾကားထဲမွာ ေမွ်ာ္လင့္ခ်က္တခု ခိုင္ခိုင္မာမာျဖစ္လာေအာင္ ေဆာင္႐ြက္ဖို႔ လိုတယ္လို႔ ျမင္တယ္။ အဲဒီေတာ့ ႏိုင္ငံေရးပါတီေတြက ႏိုင္ငံေရးနည္းလမ္းအရ ႀကိဳးပမ္းေဆာင္႐ြက္ႏိုင္တဲ့ အခြင့္အလမ္းကို ျပန္ၿပီးေပၚလာဖို႔ လိုတယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ ဒီနည္းလမ္းကလြဲၿပီး တျခားနည္းလမ္းကို တခုမွ လက္မခံဘူး၊ အကုန္လုံးကို ေခ်ဖ်က္ပစ္မယ္ ဆိုရင္ေတာ့ ျပည္တြင္း ႏိုင္ငံရဲ႕ အေျခအေနဟာ နဂိုကတည္းက ကိုဗစ္ေၾကာင့္ေရာ စစ္ေၾကာင့္ေရာ ဖြတ္ဖြတ္ညက္ညက္ ေၾကေနတာကေနၿပီးေတာ့ လုံးဝပ်က္စီးသြားမယ့္ အေျခအေနထိ ေရာက္သြားႏိုင္တယ္လို႔ ျမင္တယ္။ ဒါေၾကာင့္ က်ေနာ္လည္း ႏိုင္ငံေရးလုပ္လာတဲ့ တေလွ်ာက္လုံးမွာ၊ ႏိုင္ငံေရးလုပ္သက္ ၃၄ ႏွစ္အတြင္းမွာ က်ေနာ့္ေၾကာင့္ တေယာက္မွ ေသေက်ပ်က္စီးတာ မရွိဘူး။ လူေသတာ မရွိဘူး။ တေယာက္မွ အဖမ္းခံရတာမရွိဘူး။ စစ္တပ္ကေနၿပီး ဘာအက်ိဳးစီးပြားမွ မပတ္သက္ဘူး။ က်ေနာ့္ယုံၾကည္မႈကို က်ေနာ္ ခိုင္ခိုင္မာမာ ေဆာင္႐ြက္တယ္။ အခု NUG တို႔ CRPH တို႔မွာ ဦးေဆာင္ေနတဲ့သူေတြလည္း က်ေနာ့္အေၾကာင္းကို တေယာက္ခ်င္း ေကာင္းေကာင္းသိတယ္။ ဆိုေတာ့ အဲဒီလို အေျခအေနမ်ိဳးမွာ လက္လြတ္စပယ္ ေဖ့စ္ဘုတ္မွာ ေျပာဆို ဆဲဆို တိုက္ခိုက္ေနတာ ဒါႀကီးက ယဥ္ေက်းမႈတခုလို ျဖစ္လာတာကိုက အင္မတန္ အႏၲရာယ္ႀကီးတယ္လို႔ ျမင္တယ္။ အဲ့ေတာ့ စစ္တပ္ကလည္း ဖမ္းဆီးထားတဲ့ ကိစၥေတြ ဒါေတြဟာ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔နဲ႔ ႏိုင္ငံေရးကို လူထုက ယုံၾကည္မႈရွိလာေအာင္ ျပန္ၿပီး ေဆာင္႐ြက္ဖို႔က အေရးတႀကီးလုပ္ရမယ့္ ကိစၥလို႔ ျမင္ပါတယ္။”
မစုျမတ္မြန္ - ေက်းဇူးတင္ပါတယ္ ဦးကိုကိုႀကီးရွင့္။
ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကို မစုျမတ္မြန္ ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။
=== Unicode ==
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆန့်ကျင်ဘက်အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခု ရှိနေသလားဆိုပြီး သံတမန် အသိုင်းအဝိုင်းကတဆင့် မေးမြန်းလာတာကို ကြားရချိန်မှာ အတော်အံ့သြမိတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။ အဲဒီလိုရည်ရွယ်ချက် မရှိသလို မူဝါဒလည်းမရှိ၊ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုကျော်ကျော်သိန်း - ဒေါ်ဇင်မာအောင်ရေ ဒီ Hit List ပေါ့လေ၊ လုပ်ကြံသတ်ဖြတ်ဖို့ဆိုတဲ့ စာရင်းတခု ထွက်နေတယ်ဆိုပြီးတော့ စွပ်စွဲချက်တွေ၊ ကောလာဟလတွေ ထွက်နေတာ ကျနော်တို့ သိထားပါတယ်။ အဲဒီလို စွပ်စွဲချက်တွေ၊ ကောလာဟလတွေက ဘယ်လိုမျိုးများ ပြန့်နေတာပါလဲ။
ဒေါ်ဇင်မာအောင် - “အဓိက ကျမတို့ သိရသလောက်တော့ ဆရာဆာဆာဆီကိုလည်း တချို့ ကျမတို့နဲ့ ဆက်ဆံ ဆောင်ရွက်နေတဲ့ သံတမန်အသိုင်းအဝိုင်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီး မေးလာတာတွေ ရှိတယ်။ ကျမတို့လည်း ဒါ တော်တော်အံ့သြတယ်။ တော်တော်အံ့သြတော့ ဘယ်လိုကြီးတုန်းပေါ့နော်၊ အဲဒါနဲ့ ဒါ တော်တော် Serious ဖြစ်တယ်၊ မဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အကြောင်းတော့ တုံ့ပြန်ဖို့ ကောင်းတယ်ပေါ့ ဆိုပြီးတော့ ဆရာဆာဆာဆီကနေ ဆွေးနွေးလာတာ ရှိတယ်။ တပြိုင်နက်တည်းမှာပဲ ကျမတို့ဆီကိုလည်း ရောက်တယ်ပေါ့။ ဒါကြီးက Hit List က ရှိနေတယ်၊ ဒီလို ဒီအကြောင်းပဲဆိုတော့ ကျမတို့လည်း စစကြားချင်းတော့ တော်တော်အံ့သြတယ်။ တုံ့ပြန်စရာတောင် မလိုဘူးလို့ ထင်တာပေါ့လေ။ သို့သော်လည်း နိုင်ငံတကာက ကျမတို့နဲ့ လုပ်ဖော်ကိုင်ဘက် သံတမန်တွေ၊ အဖွဲ့အစည်းတွေဆီကိုလည်း ရောက်နေတယ်ဆိုတော့ သူတို့ကလည်း မေးလာတယ်။ ဆိုတဲ့အနေအထားမှာ ဒါဆိုရင်တော့ ကျမတို့ မဟုတ်ရင်လည်း မဟုတ်တဲ့အကြောင်းကိုတော့ ပြန်လည်ရှင်းလင်းဖို့လိုတယ်။ ဒီအတိုင်း လွှတ်ထားလို့ရတဲ့ သတင်းတော့ မဟုတ်တော့ဘူး။ ဒါက အရမ်းကို စနစ်တကျ ပျံ့နှံ့တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျမတို့ နိုင်ငံတကာရေးရာနဲ့ရော သက်ဆိုင်ရာ Ministry နဲ့ရော အရေးပေါ်အစည်းအဝေး ခေါ်ယူတိုင်ပင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနအနေနဲ့ ကြေညာချက်ထုတ်ပြီး ထုတ်ပြန်လိုက်ပါမယ်ပေါ့၊ ဆိုပြီးတော့ ကျမတို့ Confirmation တွေ အကုန်လုပ်ပြီးမှ ဒီကြေညာချက်ကို ဆရာဆာဆာက ထုတ်ပြန်တာ ဖြစ်ပါတယ်။”
ကိုကျော်ကျော်သိန်း - ဆိုတော့ ဒေါ်ဇင်မာအောင်တို့ သိထားတာအရက ဒေါ်ဇင်မာအောင်တို့ဆီကို သံတမန်အသိုင်းအဝိုင်းကနေပြီးတော့ ဒီကိစ္စ စလာတာပေါ့။
ဒေါ်ဇင်မာအောင် - “ဟုတ်ကဲ့၊ ကျမတို့ကတော့ လုပ်ငန်းသဘောသဘာဝ အရလည်း ဒီသံတမန်အသိုင်းအဝိုင်းနဲ့ ဆက်စပ်နေရတော့ ဒီသတင်းတွေကို ဟုတ်သလားပေါ့၊ သူတို့လက်ထဲ ရရှိနေပါတယ်ဆိုပြီး ကျမတို့ဆီကို Confirmation လှမ်းတောင်းတာပေါ့လေ။ List တွေနဲ့ရော နာမည်တွေနဲ့ရောပါတော့ ကျမတို့ကတော့ ပြောတယ်၊ ဟာ ဒုက္ခပဲ၊ အဲဒါဆိုရင်တော့ ကျမတို့ တကယ်စိုးရိမ်သွားပြီလို့၊ အဲဒီ အခုစာရင်းထဲမှာပါတဲ့ လူတွေပေါ့လေ။ တချို့တလေတော့ နာမည်ပါတယ်၊ ကျမတော့ ထုတ်မပြောတော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာမည်ထုတ်ပြောလိုက်ရင် သူတို့အတွက် အန္တရာယ်ကို ကျမတို့ တကယ်ပဲ စိုးရိမ်တယ်။ ကျမတို့ကိုယ်တိုင်လည်း သူတို့အတွက်ကို တကယ်စိုးရိမ်တယ်။ ကျမတို့ ဒီလိုမျိုး ရည်ရွယ်ချက်လည်း မရှိဘူး၊ မူဝါဒအားဖြင့်လည်း ရှိမနေဘူး၊ ကျမတို့ရဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှု မရှိဘူးပေါ့။ ဒါကြောင့်မို့ ဒီဟာကြီးက မဟုတ်ဘူး။ ဒါ မဟုတ်ဘူးဆိုတဲ့အကြောင်းတော့ ကျမတို့ ရှင်းပြပါတယ်။ တပြိုင်နက်တည်းမှာလည်း ကျမတို့ Conspiracy ဖြစ်လာနိုင်တဲ့ဟာတွေကို ကျမတို့ သွားမြင်တယ်။ မြင်တဲ့အတွက် တကယ်လည်း စိုးရိမ်သွားတယ်၊ အဲဒီကာယကံရှင်တွေအတွက်ပေါ့နော်။ ဒီကိစ္စတွေ မေးမြန်းလာတဲ့ သံတမန်တွေ၊ Verify လုပ်လာတဲ့ သံတမန်တွေကိုတော့ ကျမတို့ ဒီအတိုင်းပဲ အကြောင်းပြန်ထားပါတယ်။”
ကိုကျော်ကျော်သိန်း - ဒေါ်ဇင်မာအောင်တို့ဆီကို သတ်သတ်မှတ်မှတ်ပေါ့လေ၊ နိုင်ငံတကာ သံရုံးတခုခုကသော်လည်းကောင်း၊ နိုင်ငံခြားရေးဌာန တခုခုကသော်လည်းကောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်ပြောဆိုရတာမျိုးရော ရှိပါသလား။
ဒေါ်ဇင်မာအောင် - “ဟုတ်ကဲ့ ရှိပါတယ်။ Call တောင်းပြီးတော့ ဒီသတင်းတွေ ကြားနေတယ်၊ ကျမတို့ Informally ပေါ့၊ Formal Call တော့ မဟုတ်ဘူးပေါ့။ ကျမတို့မှာတော့ အခုခေတ်က အင်တာနက်ခေတ် ဖြစ်တာကိုး။ ဖြစ်တော့ မက်ဆေ့ချ်တွေနဲ့ ပို့ပြီးတော့ ပုံမှန် အရေးကြီးတဲ့ဟာတွေ၊ Serious ဖြစ်တဲ့ဟာတွေဆိုရင်တော့ Confirmation လုပ်တယ်။ သတင်းအချက်အလက် မေးမြန်းဆွေးနွေးတာတွေ လုပ်ပြီးတော့ အဲဒီ Channel တွေကနေပဲ ကျမတို့ သွားတာပါ။ အဲဒီတော့ ကျမတို့ဆီကိုလည်း နှစ်ခု သုံးခုလောက်ကနေပြီးတော့ Verify လုပ်လာတော့ ကျမတို့လည်း ပြန်ပြီးတော့ ရှင်းလင်းပြောကြားရတဲ့ဟာ ဖြစ်လာတာပေါ့။”
ကိုကျော်ကျော်သိန်း - တဆက်တည်းမှာပဲ လက်ရှိ မြန်မာပြည်မှာက ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာတွေ ရှိတယ်၊ ဗုံးခွဲတာတွေ ရှိတယ်။ ဒါတွေကိုလည်းပဲ စစ်ကောင်စီဘက်ကနေ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သူတို့စွပ်စွဲထားတဲ့ CRPH နဲ့ NUG ရဲ့လက်ချက်ဆိုပြီးတော့ ပြောတယ်။ CRPH နဲ့ NUG ဘက်ကလည်း ဒါတွေကို မသက်ဆိုင်ဘူးဆိုပြီးတော့ ငြင်းထားတာ ရှိပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့၊ ဒီဖြစ်ရပ်တွေကိုလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ NUG အနေနဲ့ ပြောရမယ်ဆိုရင်တော့ Moral Authority လို့ ဆိုရမလားပါပဲ၊ ကိုယ်ကျင့်သိက္ခာပိုင်းအရ၊ ကျင့်ဝတ်ပိုင်းအရ ပြောရေးဆိုပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကြတော့ ဒီလိုအခြေအမျေိုးတွေကို NUG အနေနဲ့ ဘယ်လိုများ ထိန်းသိမ်းလုပ်ဆောင်နေပါသလဲ၊ ဆက်ပြီးတော့ရော ဘယ်လိုထိန်းသိမ်းလုပ်ဆောင်သွားဖို့ စီစဉ်ထားတာ ရှိပါသလဲ။
ဒေါ်ဇင်မာအောင် - “Morally Authority ရှိတဲ့အတွက် ကျမတို့ မီဒီယာတွေမှာ ထွက်ပြီးတော့ ပြောဆိုတာတွေ ရှိတယ်။ ကျမဆိုရင်လည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်နေရတဲ့အပြင်ကို ပြည်တွင်းပေါ့၊ ကိုယ့်အစိုးရအဖွဲ့အတွင်းမှာ Inter-Ministry Meeting တွေမှာ ကျမတို့က အကျေအလည် ဒီကိစ္စတွေကို Seriously ဆွေးနွေးပြီးတော့မှ ကြေညာချက်ထုတ်တာကအစ၊ မူဝါဒ ထုတ်ပြန်တာတွေကအစ တကယ့်ကို အကျေအလည် ဆွေးနွေးပြီးတော့မှ မြေပြင်က အခြေအနေနဲ့ ပေါင်းစပ်ပြီးတော့ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်နေတယ်။ Enforcement တွေ လုပ်နေတယ်။ အခု သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း ပြည်နယ်တွေ၊ ဒေသဆိုင်ရာ PDF တွေပေါ့၊ ကျမတို့ရဲ့ Chain of Command ထဲကို မရောက်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောပြီးတော့ ဝန်ကြီးဌာနက တာဝန်ရှိတဲ့လူတွေက တွေ့ဆုံပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီတော့ ကျမတို့ ပြောချင်တာကတော့၊ ကျမကိုယ်တိုင်လည်း တခါတော့ ပြောပြီးပြီပေါ့၊ Crime ကို ကျူးလွန်တယ်ဆိုရင် ဒီကွန်ဗင်းရှင်းတွေ၊ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်ထားတဲ့သူဟာ လက်နက်မကိုင်ထားတဲ့သူတွေထက် ပိုပြီးတော့ ကျင့်ဝတ်ကို စောင့်ထိန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကိုယ်တိုင် ခံစားနေရတာ ဖြစ်တယ်ပေါ့။ လက်နက်ကိုင်ပြီး ကျင့်ဝတ်မရှိတဲ့တပ်ဟာ စစ်တပ်မဟုတ်တော့ဘူး။ လုံးဝ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပြီလို့ ကျမတို့ကိုယ်တိုင်လည်း ကြေညာခဲ့တာ ဖြစ်တဲ့အတွက် ကျမတို့ကိုယ်တိုင် ဒါမျိုးကို မလုပ်ဖို့လိုတယ် ဆိုတာက ကျမတို့ PDF ဆိုပြီး စပြီးဖွဲ့စည်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အခြေခံစံတန်ဖိုးဖြစ်တယ်၊ ခံယူချက်လည်း ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို ကျမတို့ အခါအားလျော်စွာ ထုတ်ဖော်ပြောဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆိုရင်တော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ မလိုက်နာတဲ့လူတွေဟာ ဌာနတွင်း အရေးယူခံရနိုင်ဖို့ရှိတယ်။ ဒါ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တာမျိုး ဖြစ်လာမယ်ဆိုရင်လည်း ဒါ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီရင် ဥပဒေတွေအရ ကျူးလွန်ရင် ကျူးလွန်တဲ့အလျောက် အပြစ်ပေးခံရနိုင်ချေရှိတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ကြဉ်ဖို့ဆိုတာ စဉ်ဆက်မပြတ်ကို Internally မှာ Engagement တွေလုပ်နေပါတယ်လို့ ပြောချင်ပါတယ်။”
========
VOA -- တဆက်တည်းမှာပဲ တင်ပြချင်တာက မြန်မာနိုင်ငံမှာ ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူတိုင်း မလုံခြုံဘူးလို့ ခံစားနေကြရတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်သလို ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။ ခုလိုသတ်ဖြတ်မှုမျိုး ဘက်အသီးသီးက ရှောင်ရှားသင့်တယ်လို့ သူကပြောပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH၊ NUG တို့အနေနဲ့လည်း ဒီကိစ္စမျိုး ကန့်ကွက်တယ်၊ ရှုတ်ချတယ်ဆိုရင် အများပြည်သူသိရှိအောင် ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ကိုယ်တိုင် ခြိမ်းခြောက်မှုတွေ ခံနေရတဲ့ ဦးကိုကိုကြီးကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မစုမြတ်မွန် - လက်ရှိအြခေအနေမှာ ဦးကိုကိုကြီးရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ရော၊ ကိုယ့်လုံခြုံရေး၊ ကိုယ့်ရဲ့မိသားစု လုံခြုံရေးနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေ အရင်ဆုံး သိပါရစေ။
ဦးကိုကိုကြီး - “စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်၊ အာဏာရယူပြီးတဲ့အချိန်က စပြီးတော့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ ဖြစ်တုန်းကလည်း ကျနော်တို့ အာဏာသိမ်းတာကို ကန့်ကွက်တယ်။ နောက် ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တော်တော်ခံစားရတယ်။ ပြီးတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်လည်း ပြည်သူ့ပါတီကနေ ဥပဒေ အထောက်အကူအဖွဲ့ အနေနဲ့ ခုချိန်ထိ တောက်လျှောက်လည်း တတ်နိုင်သလောက် ကြိုးစားပေးနေတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာမှ ဖေ့စ်ဘုတ်ကနေ ခြိမ်းခြောက်တာတွေ၊ နောက်တခါ ဖုန်းနံပါတ် မပေါ်ဘူးပေါ့ဗျာ၊ Unknown ဆိုတဲ့ ဖုန်းနံပါတ်နဲ့ ခြိမ်းခြောက်တာတွေ ကျနော်တို့ ကြုံရတယ်။ ဆိုလိုချင်တာက ကျနော်တို့က နိုင်ငံရေးပါတီတရပ်အနေနဲ့ ဆောင်ရွက်တဲ့အခါကြတော့ နိုင်ငံရေးပါတီ ပုံသဏ္ဌာန်နဲ့ လုပ်ရတာတွေ ရှိတယ်။ ဒါကြောင့် ကန့်ကွက်စရာရှိတာ ကန့်ကွက်တယ်၊ ဝေဖန်စရာရှိတာ ဝေဖန်တယ်၊ နိုင်ငံရေးအရ ပြောစရာရှိတာ ပြောတယ်။ ဆိုတော့ အဲဒီလို ဆောင်ရွက်နေတဲ့ဟာ၊ ဒါ ကျနော်ဆိုရင် ၃၄ နှစ် တလျှောက်လုံး၊ ထောင်ထဲမှာလည်း ၁၉ နှစ်ကျော်၊ အဲဒီလိုလူမျိုးတောင်မှ ဒီလို ခြိမ်းခြောက်တာမျိုးတွေ ဖြစ်တယ်ဆိုတော့ သာမန်ပြည်သူတွေ ကြားထဲမှာလည်း မလုံခြုံတဲ့ ခံစားမှုမျိုးကတော့ ဖြစ်တယ်။ ဖြစ်တယ်ဆိုတာက တစ်အချက်ကတော့ အခုဖြစ်နေတဲ့ သေကျေပျက်စီးမှုတွေဟာ စစ်တပ်ကပဲလုပ်လုပ်၊ တခြား ဒေသခံ အဖွဲ့အစည်းတွေကပဲလုပ်လုပ် ပြည်သူတွေကြားထဲမှာတော့ အထိတ်တလန့်ဖြစ်တာ အမှန်ပဲ။ ဒါကြောင့် ကျနော် သာမန်ပြည်သူတယောက်အနေနဲ့ ပြောရရင်လည်း နေရထိုင်ရတာ မလုံခြုံဘူးလို့ ခံစားရတယ်။”
မစုမြတ်မွန် - စောစောက ဦးကိုကိုကြီး ပြောသွားတဲ့အထဲမှာ ဒီလိုမျိုး ဖုန်းဆက်ပြီး ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်ဆိုတော့ အဲဒီလိုမျိုး ခြိမ်းခြောက်တာတွေကရော ဘယ်လိုအဖွဲ့အစည်းတွေ ဘယ်လိုလူတွေက ခြိမ်းခြောက်တယ်လို့ ထင်ပါသလဲ။
ဦးကိုကိုကြီး - “အခုဟာက ဖေ့စ်ဘုတ်မှာတော့ ကျနော် Screenshot ဖမ်းထားတာ တခုရှိတယ်။ အဲဒါကတော့ သူ့ ဖေ့စ်ဘုတ်အကောင့်နဲ့ လိုက်မယ်ဆိုရင်တော့ ပေါ်တယ်ပေါ့လေ။ သိန်း ၁၀၀ ကိုကိုကြီးအတွက်ကို ကြေးပေါက်တယ်ဆိုပြီးတော့ ပထမဆုံး စပြီးတော့ ပစ်တာပေါ့။ အဲဒါကလည်း အမေရိကားကလို့ ပြန်သိရတယ်။ နောက်တခု Unknown ဖုန်းနဲ့ ဆက်တာကြတော့ ဖုန်းနံပါတ်လည်း ခြေရာကောက်လို့ မရဘူး၊ ဘယ်သူဘယ်ဝါဆိုတာလည်း မပြောဘူး။ အဲတော့ အခုဖြစ်နေတဲ့ဟာက တခုခုဖြစ်လိုက်ရင် သူမဟုတ်ဘူး၊ ငါမဟုတ်ဘူးနဲ့ လက်သည်မပေါ်ဘူး ဆိုတာလည်း ပိုပြီးတော့ ဆိုးတယ်။”
မစုမြတ်မွန် - နောက်တခုက ဒီရက်ပိုင်းမှာပဲ NUG ရဲ့ ဒေါက်တာဆာဆာက သူ့ရဲ့ ဖေ့စ်ဘုတ်ပို့စ်မှာ ရေးလိုက်တာတခု ရှိပါတယ်။ ဘာလဲဆိုတော့ Hit List ပေါ့၊ ပစ်မှတ်ထားပြီး ရှင်းမယ်ဆိုတဲ့ List တွေ မရှိဘူးပေါ့လေ၊ NUG အနေနဲ့ ဒါမျိုး List လုံးဝ မရှိပါဘူးဆိုပြီး သူ့ဘက်ကငြင်းတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော သိလား၊ အဲဒီ List ထဲမှာရော၊ အဲဒီလိုမျိုး List ထွက်တယ်ဆိုတာရော ဦးကိုကိုကြီးတို့ သိပါသလား။
ဦးကိုကိုကြီး - “ကျနော်တို့လည်း ကြားနေတယ်။ Hit List ရှိတယ်ဆိုတဲ့ဟာကို ကြားနေတယ်။ အဲ့ဒီတော့ ကျနော်တို့က တကယ့်တကယ်က NUG တို့ CRPH တို့ဆိုတာ ဘာပဲပြောပြော ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အခါကြတော့ ဒီကိစ္စမျိုးကို ကျနော်တို့ လုံးဝမပတ်သက်ဘူး၊ ဒီလိုလုပ်တာတွေကိုလည်း ကျနော်တို့က ကန့်ကွက်တယ်၊ ရှုတ်ချတယ် ဆိုတာမျိုး၊ ကိုယ့်ရဲ့မူဝါဒကို အများပြည်သူကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်သင့်တယ်။ ဆိုလိုတာက လုပ်ရင်လည်း အဲဒီလုပ်တဲ့လူတွေဟာ ကျနော်တို့နဲ့ မပတ်သက်ဘူး။ ဒီလိုလုပ်ရပ်မျိုးကို ကျနော်တို့ ကန့်ကွက်တယ် ဆိုတာမျိုးကိုတော့ မူအရ ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်။ အဲဒီလိုမဟုတ်ရင် ကျနော်တို့ NUG တို့ CRPH တို့ လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘာမှ ဝေဖန်တာ ကန့်ကွက်တာ မရှိဘူး။ နိုင်ငံတကာ ထောက်ခံမှုရအောင် လုပ်နေ ကြိုးစားနေတဲ့ကိစ္စတွေဟာ ကျနော်တို့ နှစ် ၃၀ ကာလတလျှောက်လုံးမှာလည်း ဒီလိုပဲ လုပ်ခဲ့ကြတာပဲ။ သို့သော် အခုလိုမျိုး Extrajudicial Killings ပေါ့၊ ဥပဒေအရ စီရင်ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ ဥပဒေအဖွဲ့အစည်း မရှိဘဲနဲ့ ဒီလိုမျိုး လုပ်နေတာတွေနဲ့ ပတ်သက်ရင် ဒါက ကိုယ့်ရဲ့မူဝါဒ မဟုတ်ဘူး ဆိုတာကိုတော့ ကန့်ကွက်တယ်၊ မပတ်သက်ဘူး ဆိုတာကိုတော့ အဖွဲ့အစည်း အနေနဲ့ကို တိတိကျကျ ကြေညာချက် ထုတ်သင့်တယ်လို့ ကျနော်တော့ မြင်ပါတယ်။”
မစုမြတ်မွန် - ခုန ပြောသွားသလိုပဲ အခုလက်ရှိ မြန်မာနိုင်ငံမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေတော့ ဖြစ်နေတယ်။ ဒါပေမယ့် အဲဒီဟာတွေက ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျပြောဖို့ကတော့ ခက်တယ်ပေါ့လေ။ တချို့ကိစ္စတွေမှာတော့ လုပ်တဲ့လူတွေက သူတို့လုပ်ပါတယ်ဆိုတာမျိုး အတိအလင်း ထုတ်ပြောတာမျိုး ရှိတယ်။ ဒါပေမယ့် ကျန်တာတွေကတော့ လက်သည်မပေါ်ဘဲဖြစ်တဲ့ ကိစ္စတွေပေါ့လေ။ အဲဒီဟာတွေ ရပ်သွားအောင်ရော ဦးကိုကိုကြီး အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်လို့ ပြောချင်ပါသလဲ။
ဦးကိုကိုကြီး - “ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒါဟာ ကျနော်တို့ ဂရုပြုပြီး ရှောင်ရှားရမယ့် ကိစ္စလို့ မြင်တယ်။ နောက်တခုက စစ်တပ်ကလည်း အင်အားသုံးပြီးတော့ ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူအဆဟာ တိုင်းပြည်ကို စုတ်ပြတ်သတ်တဲ့ အခြေအနေအထိ ရောက်နေပြီ။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်ရောက်လာအောင်နဲ့ နိုင်ငံရေးအရ ပြည်သူတွေကြားထဲမှာ မျှော်လင့်ချက်တခု ခိုင်ခိုင်မာမာဖြစ်လာအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေက နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းကို ပြန်ပြီးပေါ်လာဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီနည်းလမ်းကလွဲပြီး တခြားနည်းလမ်းကို တခုမှ လက်မခံဘူး၊ အကုန်လုံးကို ချေဖျက်ပစ်မယ် ဆိုရင်တော့ ပြည်တွင်း နိုင်ငံရဲ့ အခြေအနေဟာ နဂိုကတည်းက ကိုဗစ်ကြောင့်ရော စစ်ကြောင့်ရော ဖွတ်ဖွတ်ညက်ညက် ကြေနေတာကနေပြီးတော့ လုံးဝပျက်စီးသွားမယ့် အခြေအနေထိ ရောက်သွားနိုင်တယ်လို့ မြင်တယ်။ ဒါကြောင့် ကျနော်လည်း နိုင်ငံရေးလုပ်လာတဲ့ တလျှောက်လုံးမှာ၊ နိုင်ငံရေးလုပ်သက် ၃၄ နှစ်အတွင်းမှာ ကျနော့်ကြောင့် တယောက်မှ သေကျေပျက်စီးတာ မရှိဘူး။ လူသေတာ မရှိဘူး။ တယောက်မှ အဖမ်းခံရတာမရှိဘူး။ စစ်တပ်ကနေပြီး ဘာအကျိုးစီးပွားမှ မပတ်သက်ဘူး။ ကျနော့်ယုံကြည်မှုကို ကျနော် ခိုင်ခိုင်မာမာ ဆောင်ရွက်တယ်။ အခု NUG တို့ CRPH တို့မှာ ဦးဆောင်နေတဲ့သူတွေလည်း ကျနော့်အကြောင်းကို တယောက်ချင်း ကောင်းကောင်းသိတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာ လက်လွတ်စပယ် ဖေ့စ်ဘုတ်မှာ ပြောဆို ဆဲဆို တိုက်ခိုက်နေတာ ဒါကြီးက ယဉ်ကျေးမှုတခုလို ဖြစ်လာတာကိုက အင်မတန် အန္တရာယ်ကြီးတယ်လို့ မြင်တယ်။ အဲ့တော့ စစ်တပ်ကလည်း ဖမ်းဆီးထားတဲ့ ကိစ္စတွေ ဒါတွေဟာ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးကို လူထုက ယုံကြည်မှုရှိလာအောင် ပြန်ပြီး ဆောင်ရွက်ဖို့က အရေးတကြီးလုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။”
မစုမြတ်မွန် - ကျေးဇူးတင်ပါတယ် ဦးကိုကိုကြီးရှင့်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။