လာမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာစစ္ေခါင္းေဆာင္ကို ဖိတ္ၾကာမႈမလုပ္ဖို႔ အာဆီယံက ဆုံးျဖတ္လိုက္တဲ့ေနာက္၊ အာဆီယံနဲ႔ ျမန္မာအၾကား သံတမန္ေရးတင္းမာမႈ ရွိလာသလို အာဆီယံအတြက္လည္း ဖိအားေတြ အက်ပ္အတည္းေတြ ႀကဳံေနရတယ္လို႔ ျမန္မာ့အေရးသုံးသပ္သူ ဦးရဲထြန္းက ေျပာပါတယ္။ ရွမ္းျပည္နယ္က ျမန္မာ့အေရးသုေတသီ ဦးရဲထြန္းနဲ႔ ကိုသားၫြန႔္ဦး ဆက္သြယ္ေဆြးေႏြးထားတာကို အခု အပတ္ ျမန္မာ့အေရးေဆြးေႏြးခန္းအစီအစဥ္မွာ တင္ဆက္လိုက္ပါတယ္။
ေမး ။ ။ အာဆီယံနဲ႔ လက္ရိွ ျမန္မာစစ္ေကာင္စီၾကားမွာ ေတာ္ေတာ္ေလး တင္းတင္းမာမာ ျဖစ္လာတယ္။ အထူးသျဖင့္ အာဆီယံက လက္ရိွ စစ္ေကာင္စီအႀကီးအကဲကို ထိပ္သီးအစည္းအေဝးကို မဖိတ္ဘူး။ တဘက္မွာလဲ စစ္ေကာင္စီဘက္ကလည္း အာဆီယံနဲ႔ ပတ္သက္လို႔ ထုတ္ျပန္တာေတြ ရိွပါတယ္။ အဓိကေတာ့ အာဆီယံရဲ ႔ ဆံုးျဖတ္ခ်က္ဟာ ပဋိညာဥ္ကို ခ်ဳိးေဖာက္တယ္ဆိုတဲ့ အခ်က္ေပါ့။ အဲဒီေတာ့ အရင္ဦးဆံုးေမးခ်င္တာက ျမန္မာႏုိင္ငံဟာ အာဆီယံအတြက္ အခက္အခဲ ျဖစ္ေနလား။ အာဆီယံကိုယ္တုိင္က ျမန္မာႏိုင္ငံအတြက္ အခက္အခဲ ျဖစ္ေနလား။ ဒီအေျခအေနေတြကို ဘယ္လိုသံုးသပ္မိပါလဲ။
ေျဖ ။ ။ အခုေလာေလာဆယ္ကေတာ့ ျမန္မာႏုိင္ငံက အာဆီယံအတြက္ အခက္အခဲ ျဖစ္ေနတယ္လို႔ ေျပာရမွာေပါ့။ ဘာေၾကာင့္လဲဆုိေတာ့ သူကို က်ေနာ္တို႔ဖိတ္မယ္ဆိုလို႔ရိွရင္ တျခားတဘက္မွာက အေမရိကန္တုိ႔လို၊ ဥေရာပသမဂၢတို႔လို အာဆီယံနဲ႔ အစည္းအေဝးေတြမွာ အတူတူတက္ရမယ့္ ႏုိင္ငံေတြ ရိွတယ္။ တခ်ဳိ ႔ႏုိင္ငံေတြက နစကေခါင္းေဆာင္ပါလို႔ရိွရင္ သူတုိ႔မတက္ဘူးဆိုတာမ်ဳိး ဖိအားေပးတာမ်ဳိးေတြ ရိွေနေတာ့ အဲဒီမွာ သူတုိ႔အေနနဲ႔က စားလည္းရူး၊ စုပ္လည္းဆူး ဆိုတာမ်ဳိး။ အခုလို မဖိတ္ဘူး၊ မတက္ရဘူးလို႔ ဆံုးျဖတ္လိုက္တဲ့အခါၾကေတာ့ ပဋိညာဥ္ ခ်ဳိးေဖာက္တယ္ဆိုတာမ်ဳိးျဖစ္ေတာ့ သူတုိ႔အတြက္ေတာ့ ေတာ္ေတာ္ကေလး ဒီဆံုးျဖတ္ခ်က္္က ခက္ခက္ခဲခဲ ခ်ရတဲ့ ဆံုးျဖတ္ခ်က္လို႔ က်ေနာ္တုိ႔ ေျပာလို႔ရပါတယ္။
ေမး ။ ။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ လက္ရိွ အာဆီယံဆံုးျဖတ္ခ်က္ကို သူတုိ႔က လက္မခံဘူး၊ ဒါက ပဋိညာဥ္ ခ်ဳိးေဖာက္တယ္လို႔ ေျပာတယ္။ တဘက္မွာလဲ အာဆီယံနဲ႔ ပူးေပါင္းေဆာင္ရြက္သြားပါမယ္။ အထူးသျဖင့္ေတာ့ အာဆီယံ ဆံုးျဖတ္ထားတဲ့ ျမန္မာ့အေရး၊ ဘံုသေဘာတူညီခ်က္ (၅) ရပ္ကို သူတုိ႔ တတ္ႏုိင္သမွ် ပူးေပါင္းေဆာင္ရြက္မယ္လို႔ ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္တာမ်ဳိးလည္း ရိွပါတယ္။ အဲဒီေတာ့ အခုအေနအထားက ႏွစ္ဘက္ တင္းတင္းမာမာ ရိွေနၿပီး၊ အာဆီယံဘက္က ေလွ်ာ့လာမလား။ ျမန္မာႏုိင္ငံက ေလွ်ာ့လာမလား။ ဦးရဲထြန္းရဲ ႔ အျမင္က ဘယ္ဘက္က ေလွ်ာ့လာလိမ့္မလဲလို႔ ျမင္မိပါသလဲ။
ေျဖ ။ ။ အခုကေတာ့ ဘယ္ဘက္ကမွ ေလွ်ာ့မယ္လို႔ က်ေနာ္က မထင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု နစကရဲ ႔ ထုတ္ျပန္ေၾကညာခ်က္အထဲမွာ အာဆီယံဆံုးျဖတ္ခ်က္မွာ ျမန္မာႏုိင္ငံပါအပါ အားလံုးဆံုးျဖတ္ထားတဲ့ (၅) ခ်က္က သူတုိ႔ တတ္ႏုိင္သမွ် ပူးေပါင္းေဆာင္ရြက္မွာပါလို႔ တဘက္က ေျပာေပမယ့္ NUG, PDF, CRPH တို႔လို အဖြဲ႔အစည္းေတြနဲ႔ ပတ္သက္လို႔ရိွရင္ ေတြ႔ဆံုေဆြးေႏြးလုပ္မွာ မဟုတ္ဘူးဆိုတာကို သူက ထပ္ၿပီးေတာ့ အတည္ျပဳေၾကညာထားတာ ရိွတယ္။ တကယ္ၾကေတာ့ အာဆီယံက လိုလားတာက အဲဒီအဖြဲ႔အစည္းေတြနဲ႔ သို႔မဟုတ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ အဲဒီအဖြဲ႔အစည္းေတြ၊ အဲဒီလူပုဂၢိဳလ္ NLD ပါတီနဲ႔ ေဆြးေႏြးေစခ်င္တာ။ ေဆြးေႏြးေစခ်င္တဲ့အခါၾကေတာ့ သူတုိ႔ျဖစ္ေစခ်င္တဲ့ဟာကို ပူးေပါင္းေဆာင္ရြက္ပါမယ္။ ဒီဆံုးျဖတ္ခ်က္ကို ပူးေပါင္းေဆာင္ရြက္ပါမယ္ဆိုေပမယ့္ ဒီဆံုးျဖတ္ခ်က္မွာ ခ်ထားတဲ့ဟာကို တဘက္နဲ႔တဘက္က အဓိပၸါယ္ဖြင့္ဆိုတာ လြဲေနတယ္လို႔ထင္တယ္။ သူတုိ႔ကေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြ၊ ႏုိင္ငံေရးပါတီတုိ႔နဲ႔ ေဆြးေႏြးမယ္ဆိုတဲ့ဟာကိုပဲ သူတုိ႔အတည္ျပဳထားတယ္။ အဲဒီအထဲမွာ NLD ပါမပါေတာ့ မေျပာတတ္ဘူး။ NLD နဲ႔ ေတြ႔ဆံုေဆြးေႏြးမယ္လို႔ ဆိုရင္လဲ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေခါင္းေဆာင္ေတြ အခုလို ဥပေဒခ်ဳိးေဖာက္တယ္ဆိုၿပီးေတာ့ အေရးယူထားတာကို လႊတ္ေပးမလား။ တရားစြဲထားတာကို ရုတ္သိမ္းေပးမလား။ ဒါကလဲ မရွင္းလင္းဘူးေပါ့။ တကယ္ေတာ့ အဲဒါေတြကို အာဆီယံအဖြဲ႔က ဆိုလိုတာ ျဖစ္ပါတယ္။
ေမး ။ ။ ဒီမတိုင္ခင္ အာဆီယံအစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကိုယ္တိုင္ တက္ပါတယ္။ တက္ၿပီးေတာ့ အာဆီယံသေဘာတူညီခ်က္ (၅) ခ်က္ဆုိၿပီးေတာ့ ခ်မွတ္လိုက္တဲ့အထဲမွာ အဲဒီအစည္းအေဝးမွာ သူကိုယ္တိုင္လည္း ရိွပါတယ္။ အဲဒီေတာ့ အာဆီယံဘက္က တခ်ဳိ ႔ေျပာေနတာက ဒါက ပဋိညာဥ္ကိစၥ မဟုတ္ဘူး။ အာဆီယံက ခ်ထားၿပီးတဲ့ကိစၥေတြ၊ သေဘာတူထားတဲ့ကိစၥေတြကို မလိုက္နာဘူး၊ မလုပ္ႏိုင္ဘူးဆုိတဲ့ ကိစၥ ျဖစ္တယ္ဆိုတဲ့ဟာမ်ဳိး ရိွပါတယ္။ ဒါေပမဲ့ ျမန္မာဘက္က တံု႔ျပန္တာေတာ့ တျခားႏုိင္ငံေတြရဲ ႔ ျပည္တြင္းေရးစြက္ဖတ္တယ္။ ေနာက္တခုက consensus တစိတ္တဝမ္းထဲ ဆံုးျဖတ္ခ်က္မဟုတ္ဘဲနဲ႔ အခ်ဳိ ႔ႏုိင္ငံေတြရဲ ႔ ဆံုးျဖတ္ခ်က္သက္သက္နဲ႔ မဲယူၿပီးလုပ္တယ္ဆိုတဲ့ ကိစၥရပ္ေတြက ပဋိညာဥ္ ခ်ဳိးေဖာက္တယ္ဆိုတဲ့ တံု႔ျပန္တာမ်ဳိး ရိွပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ဦးရဲထြန္းအျမင္ကို သိခ်င္ပါတယ္။ ဒါဟာ တကယ္ပဲ ပဋိညာဥ္ ခ်ဳိးေဖာက္တာ ဟုတ္မဟုတ္ေပါ့။
ေျဖ ။ ။ တကယ္ကေတာ့ ပဋိညာဥ္ ခ်ဳိးေဖာက္တယ္လို႔ ေျပာနိုင္တာေပါ့။ အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္တရပ္ကို အားလံုးသေဘာတူမွ ခ်ရမယ့္ဆိုတဲ့ ပဋိညာဥ္ ရိွထားတဲ့အခါၾကေတာ့ အခုေတာ့ သူတုိ႔ကို မဖိတ္ဘူးဆိုတဲ့ ဆံုးျဖတ္ခ်က္က အားလံုးသေဘာတူၿပီးေတာ့ အဖြဲ႔ဝင္ႏုိင္ငံအားလံုး သေဘာတူၿပီးေတာ့ ခ်လုိက္တာ မဟုတ္ဘူး ျဖစ္ေနတယ္။ မလိုက္နာဘူးဆိုတဲ့ကိစၥမွာ ဆံုးျဖတ္ခ်က္ေတြကို မလိုက္နာဘူးဆိုရင္ ဘယ္လိုအေရးယူရမယ္ဆိုတဲ့ဟာ မပါတာက အဓိကျပႆနာ ျဖစ္ေနတယ္။ အမွန္ကေတာ့ အဲဒီဆံုးျဖတ္ခ်က္ေတြကို ခ်တဲ့အခ်ိန္မွာ တကယ္လို႔ ဒီဆံုးျဖတ္ခ်က္ေတြကို မလိုက္နာဘူးဆိုရင္ ေနာင္လာမယ့္ အစည္းအေဝးပြဲေတြမွာ အဲဒီမလိုက္နာတဲ့ ကာယကံရွင္ႏုိင္ငံကို မဖိတ္ဘူးဆိုတဲ့ဟာမ်ဳိး ပါခဲ့လို႔ရိွရင္ေတာ့ ဒါကေတာ့ ပဋိညာဥ္ ခ်ဳိးေဖာက္ရာ မေရာက္ဘူး။
ေမး ။ ။ သေဘာတူညီခ်က္ (၅) ခ်က္မွာ အထူးကိုယ္စားလွယ္ထားရိွေရး ကိစၥမွာ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြၾကားထဲမွာ ေတာ္ေတာ္ေလး အႀကိတ္အနယ္ ေဆြးေႏြးရတယ္လို႔ သိရပါတယ္။ ျမန္မာႏုိင္ငံဘက္က လိုလားတဲ့သူက ထိုင္းႏုိင္ငံဘက္ကလို႔ က်ေနာ္တုိ႔ သိထားရပါတယ္။ တကယ္တမ္း ဘရူးႏိုင္းဘက္ကေန၊ ဘရူးႏုိင္းကလည္း အလွည့္က်ဥကၠ႒ျဖစ္ေတာ့ ဘရူးႏုိင္းကိုယ္စားလွယ္အေနနဲ႔ ထားလိုက္တယ္။ အဲဒီေတာ့ ျမန္မာႏုိင္ငံဘက္က ပူးေပါင္းေဆာင္ရြက္သြားပါမယ္လို႔ ေျပာေနေပမယ့္ တကယ္တမ္း အလုပ္ျဖစ္ပါ့မလား။ အာဆီယံကိုယ္စားလွယ္နဲ႔ ျမန္မာႏုိင္ငံၾကားမွာ ဦးရဲထြန္းအျမင္ ဘယ္လိုရိွပါသလဲ။
ေျဖ ။ ။ ဟုတ္ပါတယ္။ အခုန ကိုသားညြန္႔ဦး ေျပာသလိုပါပဲ ျမန္မာႏုိင္ငံက သေဘာတူ၊ သေဘာက်တဲ့ ကိုယ္စားလွယ္ကို တျခားႏုိင္ငံေတြက သေဘာမက်သလို၊ သေဘာမတူတဲ့ ႏုိုင္ငံေတြက ရိွတဲ့အခါၾကေတာ့ ဆံုးျဖတ္ခ်က္က မခ်ႏုိင္ဘူး ျဖစ္ေနခဲ့တယ္။ အဲဒီလို ဆံုးျဖတ္ခ်က္ မခ်ႏုိင္ဘူး ျဖစ္ေနတဲ့အခါမွာ ဘရူးႏုိင္ငံ ကိုယ္စားလွယ္ကို ၾကားေနျဖစ္ေနတဲ့ ဘရူးႏုိင္းႏုိင္ငံ ကိုယ္စားလွယ္ကို တင္သြင္းလိုက္တဲ့အခါမွာ ျမန္မာႏုိင္ငံက ထိုင္းသံအမတ္ေဟာင္းကိုပဲ ဆက္ၿပီးေတာ့ ေထာက္ခံေနခဲ့တယ္။ အဲဒီအခ်ိန္မွာ ဖိအားတစံုတရာ ရိွလာတဲ့အတြက္ေၾကာင့္ သေဘာတူလိုက္ရတယ္လို႔ ၾကားသိရတယ္။ အဲဒီေတာ့ ဆိုလိုခ်င္တာက ျမန္မာကိုယ္ႏိႈက္က သိပ္ၿပီးေတာ့ လိုလိုခ်င္ခ်င္ ရိွလွတာေတာ့ မဟုတ္ဘူး။ သို႔ေသာ္ ဒီကိုယ္စားလွယ္ မလာႏုိင္တဲ့ကိစၥကေတာ့ အဓိကအားျဖင့္ မလာခင္မွာ သူ႔အေနနဲ႔ ျမန္မာႏုိင္ငံရဲ ႔ ျပႆနာကို ႏုိင္ငံေရးအရ ညိွႏိႈင္းေဆြးေႏြးဖို႔ဆိုတဲ့ ကိစၥက အေရးႀကီးတဲ့ကိစၥ ျဖစ္ေနတဲ့အတြက္ေၾကာင့္မို႔ ႀကိဳတင္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္တုိ႔၊ NLD ႏုိင္ငံေခါင္းေဆာင္ေတြ သမၼတဦးဝင္းျမင့္တို႔နဲ႔ ေတြ႔ဖို႔ကိစၥကို လွမ္းၿပီးေတာ့ ကတိေတာင္းတဲ့အခါမွာ ေတြ႔ခြင့္မရလို႔၊ အဲဒါက အဓိကျပႆနာ ျဖစ္တာေပါ့။ အဲဒီေတာ့ တကယ့္တကယ္မွာလဲ လာလို႔ရိွရင္ က်ေနာ္ထင္တယ္ ျမန္မာႏုိင္ငံကေန သူတို႔သြားေနတဲ့ လမ္းေၾကာင္းေတြ၊ အခု ဒီလိုအာဏာသိမ္းရတာ ဘယ္လိုဘာေၾကာင့္ မဲေတြမသမာမႈ ျပဳလို႔ပါ စသည္ျဖင့္ ေျပာေနက်ဟာေတြကိုပဲ ျပန္လွန္နားေထာင္ၿပီးေတာ့ ျပန္ရမယ့္အေနအထား ရိွပါတယ္။ ဒါေၾကာင့္ သူကလဲ မထူးတဲ့ ခရီးကို မလာတာလို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။ ဆိုလိုခ်င္တာကေတာ့ သိပ္ၿပီးေတာ့ အာဆီယံကလည္း ဒီထက္ပိုၿပီး ထိထိေရာက္ေရာက္ လုပ္ႏိုင္မယ့္ပံု မေပၚပါဘူး။
ေမး ။ ။ ဦးရဲထြန္းေျပာသြားတဲ့အထဲမွာလည္း ပါပါတယ္။ အာဆီယံက ဖိအားေတြ ႀကံဳေနရတယ္။ အထူးသျဖင့္ ျမန္မာအေရးနဲ႔ ပတ္သက္ၿပီးေတာ့ အာဆီယံက ဖိအားေတြ ခံေနရတယ္ဆိုတဲ့အျမင္ ရိွၾကပါတယ္။ ဒီေနရာမွာ အေမရိကန္လို႔ ယူဆပံု ရပါတယ္။ ဒါေပမဲ့ အေမရိကန္ျပည္ေထာင္စုက သူတုိ႔ထုတ္ျပန္ထားတဲ့ ျမန္မာ့အေရး ထုတ္ျပန္ခ်က္ေတြထဲမွာ အေမရိကန္နဲ႔ တရုတ္ႏုိင္ငံၾကားမွာ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္လို႔ common ground အေျခခံက်တဲ့ သေဘာတူညီခ်က္တခုေတာ့ သူတုိ႔မွာ ရိွထားၿပီလို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက ေျပာခဲ့ဖူးတာ ရိွပါတယ္။ အဲဒီေတာ့ အာဆီယံကိစၥမွာ အေမရိကန္အျပင္ တရုတ္ကေရာ ဖိအားေပးတယ္လို႔ ယူဆပါသလား။
ေျဖ ။ ။ တရုတ္က တိုက္ရိုက္ေတာ့ မဟုတ္ေလာက္ဘူးလုိ႔ ထင္တယ္။ က်ေနာ္ ေနာက္ဆံုးေလ့လာေစာင့္ၾကည့္ခ်က္ေတြ အရေတာ့ ဆြန္ေကာ့ရွန္ လာသြားၿပီးေတာ့ သူတို႔ေတာ္ေတာ္ေလး ေမွ်ာ္လင့္ၾကတယ္။ အဓိက ေပၚေပၚတင္တင္၊ တရားဝင္လႈပ္ရွားတာကေတာ့ အာဆီယံေပါ့။ သူက ေနာက္ကြယ္ကေန အာဆီယံေရြးခ်ယ္ခံရတဲ့ ပုဂၢိဳလ္နဲ႔လည္း အြန္လိုင္းကေနေတြ႔တယ္။ ေနာက္ သူ႔ရဲ ႔သေဘာထားေတြကို ေျပာတယ္။ ေနာက္တခါ သူတုိ႔ကိုယ္တိုင္လည္း လာၿပီးေတာ့ ေဆြးေႏြးတယ္။ ေဆြးေႏြးတဲ့အခါၾကေတာ့ အဓိကအားျဖင့္ အခုန အာဆီယံကိုယ္စားလွယ္လိုပါပဲ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ေတာင္းတဲ့အခါမွာ ျပင္းျပင္းထန္ထန္ ျငင္းဆန္ခံရတဲ့အခါ ေတာ္ေတာ္ေလး သူတုိ႔ အံ့ၾသသြားၿပီးေတာ့ စိတ္ပ်က္သြားပံုရတယ္။ ဒီလိုအျဖစ္အပ်က္မ်ဳိးက အရင္ ဗမာျပည္ကြန္ျမဴနစ္ပါတီနဲ႔ တရုတ္ျပည္နဲ႔ၾကားမွာ ဒီလိုမ်ဳိးအေတြ႔အႀကံဳ၊ ျပႆနာမ်ဳိး ရိွခဲ့ဖူးတယ္။ သူတို႔ေမွ်ာ္လင့္တႀကီးနဲ႔ အႀကံေပးတာ၊ တုိက္တြန္းတာကို မလိုက္နာတဲ့အခါမွာ သူတုိ႔စိတ္ပ်က္သြားတဲ့အခါမွာ ႏႈတ္ဆိတ္သြားၿပီးေတာ့ တျခားနည္းနဲ႔ တျခားကိစၥေတြကိုပဲ တိုးတိုးတိတ္တိတ္ ေဆာင္ရြက္တာေပါ့။ အခုလဲ က်ေနာ္ထင္တယ္ ျမန္မာေခါင္းေဆာင္ေတြကိုေတာ့ ေျပာလို႔စည္းရံုးလို႔ မရေတာ့ဘူးဆိုတဲ့အခါမွာ အခုန အေမရိကန္နဲ႔ပဲ နားလည္မႈယူလိုက္တာမ်ဳိး။ ေနာက္ အာဆီယံတို႔ဘာတို႔ လုပ္တဲ့ကိစၥေတြ။ အာဆီယံက အခုလို ေခါင္းေဆာင္ကို မဖိတ္ဘူးဆိုတဲ့ ကိစၥေတြမွာလည္း ႏႈတ္ဆိတ္ျခင္းအားျဖင့္ သေဘာတူလိုက္တာမ်ဳိး။ အဲဒီလိုမ်ဳိးေတာ့ ရိွႏိုင္တယ္။ အဓိကအားျဖင့္ေတာ့ သူတုိ႔က NLD နဲ႔ နစကကို ေဆြးေႏြးေစခ်င္တာေပါ့။
ေမး ။ ။ ျမန္မာႏိုင္ငံက အာဆီယံအဖြဲ႔ဝင္ႏိုင္ငံလည္း ျဖစ္တဲ့အခါၾကေတာ့ အာဆီယံကို သေဘာတူညီခ်က္ (၅) ခ်က္အတိုင္းလုပ္ပါဆိုၿပီးေတာ့ ေျပာဆိုလာၾကတယ္။ ကုလသမဂၢအပါအဝင္ ေျပာဆုိလာၾကတယ္။ အဲဒီေတာ့ အာဆီယံက ေတာ္ေတာ္ေလး ထဲထဲဝင္ဝင္နဲ႔ ျမန္မာ့ႏိုင္ငံေရးကို ကိုင္လာတဲ့သေဘာေတာ့ ရိွပါတယ္။ အာဆီယံက တကယ္ေကာ ျမန္မာ့အေရးကို ညိွႏိႈင္းႏုိင္ပါ့မလား။ ျမန္မာ့အေရးကို တကယ္တမ္း ေျပလည္ေအာင္ လုပ္ေပးႏုိင္ပါ့မလား။
ေျဖ ။ ။ မူလပင္ကိုယ္ ပဋိညာဥ္အရကေတာ့ ဘာမွမလုပ္ႏုိင္ဘူးေပါ့။ တိုက္တြန္းတာ၊ စည္းရံုးတာတို႔ အားလံုး consensus ဆိုတဲ့ ညိွႏိႈင္းတာတို႔ အဲဒီလမ္းေၾကာင္းကိုပဲ ၾကည့္တာ။ အဲဒီေတာ့ အဲဒီလမ္းေၾကာင္းကေန ခြဲထြက္ၿပီးေတာ့ အခုဟာကေတာ့ သူ႔ရဲ ႔ပဋိညာဥ္ကို ခ်ဳိးေဖာက္ၿပီးတဲ့အခါၾကေတာ့ ဖိအားေပးတဲ့ လမ္းေၾကာင္းကို ေလွ်ာက္တာေပါ့။ ဒီလိုဖိအားေပးျခင္းကေတာ့ တစံုတရာ အေျပာင္းအလဲ ျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရတာေပါ့။
ေမး ။ ။ လက္ရိွအားျဖင့္ စစ္ေကာင္စီအေနနဲ႔ ႏိုင္ငံတကာမွာ သံတမန္ေရး အက်ပ္အတည္း ရင္ဆိုင္ေနရတယ္။ ႏုိင္ငံေရးအက်ပ္အတည္း ရင္ဆိုင္ေနရတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ အာဆီယံဘက္က ဖြင့္လာတဲ့ ဘံုသေဘာတူညီခ်က္ (၅) ခ်က္က သူ႔အတြက္ ထြက္ေပါက္ေကာ ျဖစ္မလာႏုိင္ဘူးလား။
ေျဖ ။ ။ သူ႔အတြက္ကေတာ့ ဒီဟာကေတာ့ ႏုိင္ငံတခုလံုးရဲ ႔ ေရွ ႔အနာဂတ္ေကာင္းစားေရးကို ဦးတည္ထားမယ္ဆိုရင္ ဒါက ဂုဏ္သိကၡာရိွတဲ့ ထြက္ေပါက္တခုလို႔ က်ေနာ္ေတာ့ ျမင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္မပါတဲ့ အနာဂတ္ႏိုင္ငံေရးက တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္း ျဖစ္မွာမဟုတ္ဘူးဆိုတာက က်ေနာ္တုိ႔ ျပည္တြင္းက ႏုိင္ငံေရးအကဲခတ္ေတြနဲ႔ ကမာၻက မီဒီယာေတြ၊ ေလ့လာသံုးသပ္သူေတြလည္း သိသလုိ၊ တရုတ္ကလည္း အဲဒါကို ေကာင္းေကာင္းသေဘာေပါက္တယ္။ အဲဒါေၾကာင့္ တရုတ္က ဒီတေခါက္မွာဆိုရင္ စစ္ေကာင္စီဘက္က ရပ္တည္လို႔ ပထမျမင္ရေပမယ့္၊ အခုဟာက သူက အေျခအေနကို ေကာင္းေကာင္းႀကီး သေဘာေပါက္လာတဲ့အခါၾကေတာ့ ဒီအတုိင္းသာ ဆက္သြားရင္ သူလုပ္မယ့္ အနာဂတ္ ရင္းႏီွးျမွဳပ္ႏံွမႈေတြက ေအးေအးခ်မ္းခ်မ္း ျဖစ္မွာမဟုတ္ဘူး။ အႏၱရာယ္ကင္းကင္းနဲ႔ လံုလံုၿခံဳၿခံဳ ျဖစ္မွာမဟုတ္ဘူးဆိုတာကို သူက သေဘာေပါက္လာတဲ့အခါၾကေတာ့ သူက အနာဂတ္ႏုိင္ငံေရး၊ ျမန္မာ့ႏိုင္ငံေရးမွာ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔က ပါကိုပါရမယ္ဆိုတဲ့ အဲဒီအျမင္ ခိုင္ခိုင္မာမာ ရိွလာတယ္။
===Unicode====
လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြာမှုမလုပ်ဖို့ အာဆီယံက ဆုံးဖြတ်လိုက်တဲ့နောက်၊ အာဆီယံနဲ့ မြန်မာအကြား သံတမန်ရေးတင်းမာမှု ရှိလာသလို အာဆီယံအတွက်လည်း ဖိအားတွေ အကျပ်အတည်းတွေ ကြုံနေရတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။ ရှမ်းပြည်နယ်က မြန်မာ့အရေးသုတေသီ ဦးရဲထွန်းနဲ့ ကိုသားညွန့်ဦး ဆက်သွယ်ဆွေးနွေးထားတာကို အခု အပတ် မြန်မာ့အရေးဆွေးနွေးခန်းအစီအစဉ်မှာ တင်ဆက်လိုက်ပါတယ်။
မေး ။ ။ အာဆီယံနဲ့ လက်ရှိ မြန်မာစစ်ကောင်စီကြားမှာ တော်တော်လေး တင်းတင်းမာမာ ဖြစ်လာတယ်။ အထူးသဖြင့် အာဆီယံက လက်ရှိ စစ်ကောင်စီအကြီးအကဲကို ထိပ်သီးအစည်းအဝေးကို မဖိတ်ဘူး။ တဘက်မှာလဲ စစ်ကောင်စီဘက်ကလည်း အာဆီယံနဲ့ ပတ်သက်လို့ ထုတ်ပြန်တာတွေ ရှိပါတယ်။ အဓိကတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ ပဋိညာဉ်ကို ချိုးဖောက်တယ်ဆိုတဲ့ အချက်ပေါ့။ အဲဒီတော့ အရင်ဦးဆုံးမေးချင်တာက မြန်မာနိုင်ငံဟာ အာဆီယံအတွက် အခက်အခဲ ဖြစ်နေလား။ အာဆီယံကိုယ်တိုင်က မြန်မာနိုင်ငံအတွက် အခက်အခဲ ဖြစ်နေလား။ ဒီအခြေအနေတွေကို ဘယ်လိုသုံးသပ်မိပါလဲ။
ဖြေ ။ ။ အခုလောလောဆယ်ကတော့ မြန်မာနိုင်ငံက အာဆီယံအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ သူကို ကျနော်တို့ဖိတ်မယ်ဆိုလို့ရှိရင် တခြားတဘက်မှာက အမေရိကန်တို့လို၊ ဥရောပသမဂ္ဂတို့လို အာဆီယံနဲ့ အစည်းအဝေးတွေမှာ အတူတူတက်ရမယ့် နိုင်ငံတွေ ရှိတယ်။ တချို့နိုင်ငံတွေက နစကခေါင်းဆောင်ပါလို့ရှိရင် သူတို့မတက်ဘူးဆိုတာမျိုး ဖိအားပေးတာမျိုးတွေ ရှိနေတော့ အဲဒီမှာ သူတို့အနေနဲ့က စားလည်းရူး၊ စုပ်လည်းဆူး ဆိုတာမျိုး။ အခုလို မဖိတ်ဘူး၊ မတက်ရဘူးလို့ ဆုံးဖြတ်လိုက်တဲ့အခါကြတော့ ပဋိညာဉ် ချိုးဖောက်တယ်ဆိုတာမျိုးဖြစ်တော့ သူတို့အတွက်တော့ တော်တော်ကလေး ဒီဆုံးဖြတ်ချက်က ခက်ခက်ခဲခဲ ချရတဲ့ ဆုံးဖြတ်ချက်လို့ ကျနော်တို့ ပြောလို့ရပါတယ်။
မေး ။ ။ မြန်မာစစ်ကောင်စီဘက်ကတော့ လက်ရှိ အာဆီယံဆုံးဖြတ်ချက်ကို သူတို့က လက်မခံဘူး၊ ဒါက ပဋိညာဉ် ချိုးဖောက်တယ်လို့ ပြောတယ်။ တဘက်မှာလဲ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အထူးသဖြင့်တော့ အာဆီယံ ဆုံးဖြတ်ထားတဲ့ မြန်မာ့အရေး၊ ဘုံသဘောတူညီချက် (၅) ရပ်ကို သူတို့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာမျိုးလည်း ရှိပါတယ်။ အဲဒီတော့ အခုအနေအထားက နှစ်ဘက် တင်းတင်းမာမာ ရှိနေပြီး၊ အာဆီယံဘက်က လျှော့လာမလား။ မြန်မာနိုင်ငံက လျှော့လာမလား။ ဦးရဲထွန်းရဲ့ အမြင်က ဘယ်ဘက်က လျှော့လာလိမ့်မလဲလို့ မြင်မိပါသလဲ။
ဖြေ ။ ။ အခုကတော့ ဘယ်ဘက်ကမှ လျှော့မယ်လို့ ကျနော်က မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု နစကရဲ့ ထုတ်ပြန်ကြေညာချက်အထဲမှာ အာဆီယံဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံပါအပါ အားလုံးဆုံးဖြတ်ထားတဲ့ (၅) ချက်က သူတို့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှာပါလို့ တဘက်က ပြောပေမယ့် NUG, PDF, CRPH တို့လို အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ရှိရင် တွေ့ဆုံဆွေးနွေးလုပ်မှာ မဟုတ်ဘူးဆိုတာကို သူက ထပ်ပြီးတော့ အတည်ပြုကြေညာထားတာ ရှိတယ်။ တကယ်ကြတော့ အာဆီယံက လိုလားတာက အဲဒီအဖွဲ့အစည်းတွေနဲ့ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့ အဲဒီအဖွဲ့အစည်းတွေ၊ အဲဒီလူပုဂ္ဂိုလ် NLD ပါတီနဲ့ ဆွေးနွေးစေချင်တာ။ ဆွေးနွေးစေချင်တဲ့အခါကြတော့ သူတို့ဖြစ်စေချင်တဲ့ဟာကို ပူးပေါင်းဆောင်ရွက်ပါမယ်။ ဒီဆုံးဖြတ်ချက်ကို ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုပေမယ့် ဒီဆုံးဖြတ်ချက်မှာ ချထားတဲ့ဟာကို တဘက်နဲ့တဘက်က အဓိပ္ပါယ်ဖွင့်ဆိုတာ လွဲနေတယ်လို့ထင်တယ်။ သူတို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတို့နဲ့ ဆွေးနွေးမယ်ဆိုတဲ့ဟာကိုပဲ သူတို့အတည်ပြုထားတယ်။ အဲဒီအထဲမှာ NLD ပါမပါတော့ မပြောတတ်ဘူး။ NLD နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တွေ အခုလို ဥပဒေချိုးဖောက်တယ်ဆိုပြီးတော့ အရေးယူထားတာကို လွှတ်ပေးမလား။ တရားစွဲထားတာကို ရုတ်သိမ်းပေးမလား။ ဒါကလဲ မရှင်းလင်းဘူးပေါ့။ တကယ်တော့ အဲဒါတွေကို အာဆီယံအဖွဲ့က ဆိုလိုတာ ဖြစ်ပါတယ်။
မေး ။ ။ ဒီမတိုင်ခင် အာဆီယံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ပါတယ်။ တက်ပြီးတော့ အာဆီယံသဘောတူညီချက် (၅) ချက်ဆိုပြီးတော့ ချမှတ်လိုက်တဲ့အထဲမှာ အဲဒီအစည်းအဝေးမှာ သူကိုယ်တိုင်လည်း ရှိပါတယ်။ အဲဒီတော့ အာဆီယံဘက်က တချို့ပြောနေတာက ဒါက ပဋိညာဉ်ကိစ္စ မဟုတ်ဘူး။ အာဆီယံက ချထားပြီးတဲ့ကိစ္စတွေ၊ သဘောတူထားတဲ့ကိစ္စတွေကို မလိုက်နာဘူး၊ မလုပ်နိုင်ဘူးဆိုတဲ့ ကိစ္စ ဖြစ်တယ်ဆိုတဲ့ဟာမျိုး ရှိပါတယ်။ ဒါပေမဲ့ မြန်မာဘက်က တုံ့ပြန်တာတော့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးစွက်ဖတ်တယ်။ နောက်တခုက consensus တစိတ်တဝမ်းထဲ ဆုံးဖြတ်ချက်မဟုတ်ဘဲနဲ့ အချို့နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်သက်သက်နဲ့ မဲယူပြီးလုပ်တယ်ဆိုတဲ့ ကိစ္စရပ်တွေက ပဋိညာဉ် ချိုးဖောက်တယ်ဆိုတဲ့ တုံ့ပြန်တာမျိုး ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဦးရဲထွန်းအမြင်ကို သိချင်ပါတယ်။ ဒါဟာ တကယ်ပဲ ပဋိညာဉ် ချိုးဖောက်တာ ဟုတ်မဟုတ်ပေါ့။
ဖြေ ။ ။ တကယ်ကတော့ ပဋိညာဉ် ချိုးဖောက်တယ်လို့ ပြောနိုင်တာပေါ့။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ကို အားလုံးသဘောတူမှ ချရမယ့်ဆိုတဲ့ ပဋိညာဉ် ရှိထားတဲ့အခါကြတော့ အခုတော့ သူတို့ကို မဖိတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က အားလုံးသဘောတူပြီးတော့ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူပြီးတော့ ချလိုက်တာ မဟုတ်ဘူး ဖြစ်နေတယ်။ မလိုက်နာဘူးဆိုတဲ့ကိစ္စမှာ ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူးဆိုရင် ဘယ်လိုအရေးယူရမယ်ဆိုတဲ့ဟာ မပါတာက အဓိကပြဿနာ ဖြစ်နေတယ်။ အမှန်ကတော့ အဲဒီဆုံးဖြတ်ချက်တွေကို ချတဲ့အချိန်မှာ တကယ်လို့ ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာဘူးဆိုရင် နောင်လာမယ့် အစည်းအဝေးပွဲတွေမှာ အဲဒီမလိုက်နာတဲ့ ကာယကံရှင်နိုင်ငံကို မဖိတ်ဘူးဆိုတဲ့ဟာမျိုး ပါခဲ့လို့ရှိရင်တော့ ဒါကတော့ ပဋိညာဉ် ချိုးဖောက်ရာ မရောက်ဘူး။
မေး ။ ။ သဘောတူညီချက် (၅) ချက်မှာ အထူးကိုယ်စားလှယ်ထားရှိရေး ကိစ္စမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာ တော်တော်လေး အကြိတ်အနယ် ဆွေးနွေးရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်က လိုလားတဲ့သူက ထိုင်းနိုင်ငံဘက်ကလို့ ကျနော်တို့ သိထားရပါတယ်။ တကယ်တမ်း ဘရူးနိုင်းဘက်ကနေ၊ ဘရူးနိုင်းကလည်း အလှည့်ကျဥက္ကဋ္ဌဖြစ်တော့ ဘရူးနိုင်းကိုယ်စားလှယ်အနေနဲ့ ထားလိုက်တယ်။ အဲဒီတော့ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်သွားပါမယ်လို့ ပြောနေပေမယ့် တကယ်တမ်း အလုပ်ဖြစ်ပါ့မလား။ အာဆီယံကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံကြားမှာ ဦးရဲထွန်းအမြင် ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ အခုန ကိုသားညွန့်ဦး ပြောသလိုပါပဲ မြန်မာနိုင်ငံက သဘောတူ၊ သဘောကျတဲ့ ကိုယ်စားလှယ်ကို တခြားနိုင်ငံတွေက သဘောမကျသလို၊ သဘောမတူတဲ့ နိုင်ငံတွေက ရှိတဲ့အခါကြတော့ ဆုံးဖြတ်ချက်က မချနိုင်ဘူး ဖြစ်နေခဲ့တယ်။ အဲဒီလို ဆုံးဖြတ်ချက် မချနိုင်ဘူး ဖြစ်နေတဲ့အခါမှာ ဘရူးနိုင်ငံ ကိုယ်စားလှယ်ကို ကြားနေဖြစ်နေတဲ့ ဘရူးနိုင်းနိုင်ငံ ကိုယ်စားလှယ်ကို တင်သွင်းလိုက်တဲ့အခါမှာ မြန်မာနိုင်ငံက ထိုင်းသံအမတ်ဟောင်းကိုပဲ ဆက်ပြီးတော့ ထောက်ခံနေခဲ့တယ်။ အဲဒီအချိန်မှာ ဖိအားတစုံတရာ ရှိလာတဲ့အတွက်ကြောင့် သဘောတူလိုက်ရတယ်လို့ ကြားသိရတယ်။ အဲဒီတော့ ဆိုလိုချင်တာက မြန်မာကိုယ်နှိုက်က သိပ်ပြီးတော့ လိုလိုချင်ချင် ရှိလှတာတော့ မဟုတ်ဘူး။ သို့သော် ဒီကိုယ်စားလှယ် မလာနိုင်တဲ့ကိစ္စကတော့ အဓိကအားဖြင့် မလာခင်မှာ သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ဆိုတဲ့ ကိစ္စက အရေးကြီးတဲ့ကိစ္စ ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကြိုတင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ NLD နိုင်ငံခေါင်းဆောင်တွေ သမ္မတဦးဝင်းမြင့်တို့နဲ့ တွေ့ဖို့ကိစ္စကို လှမ်းပြီးတော့ ကတိတောင်းတဲ့အခါမှာ တွေ့ခွင့်မရလို့၊ အဲဒါက အဓိကပြဿနာ ဖြစ်တာပေါ့။ အဲဒီတော့ တကယ့်တကယ်မှာလဲ လာလို့ရှိရင် ကျနော်ထင်တယ် မြန်မာနိုင်ငံကနေ သူတို့သွားနေတဲ့ လမ်းကြောင်းတွေ၊ အခု ဒီလိုအာဏာသိမ်းရတာ ဘယ်လိုဘာကြောင့် မဲတွေမသမာမှု ပြုလို့ပါ စသည်ဖြင့် ပြောနေကျဟာတွေကိုပဲ ပြန်လှန်နားထောင်ပြီးတော့ ပြန်ရမယ့်အနေအထား ရှိပါတယ်။ ဒါကြောင့် သူကလဲ မထူးတဲ့ ခရီးကို မလာတာလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဆိုလိုချင်တာကတော့ သိပ်ပြီးတော့ အာဆီယံကလည်း ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မယ့်ပုံ မပေါ်ပါဘူး။
မေး ။ ။ ဦးရဲထွန်းပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ အာဆီယံက ဖိအားတွေ ကြုံနေရတယ်။ အထူးသဖြင့် မြန်မာအရေးနဲ့ ပတ်သက်ပြီးတော့ အာဆီယံက ဖိအားတွေ ခံနေရတယ်ဆိုတဲ့အမြင် ရှိကြပါတယ်။ ဒီနေရာမှာ အမေရိကန်လို့ ယူဆပုံ ရပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက သူတို့ထုတ်ပြန်ထားတဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်တွေထဲမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ common ground အခြေခံကျတဲ့ သဘောတူညီချက်တခုတော့ သူတို့မှာ ရှိထားပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခဲ့ဖူးတာ ရှိပါတယ်။ အဲဒီတော့ အာဆီယံကိစ္စမှာ အမေရိကန်အပြင် တရုတ်ကရော ဖိအားပေးတယ်လို့ ယူဆပါသလား။
ဖြေ ။ ။ တရုတ်က တိုက်ရိုက်တော့ မဟုတ်လောက်ဘူးလို့ ထင်တယ်။ ကျနော် နောက်ဆုံးလေ့လာစောင့်ကြည့်ချက်တွေ အရတော့ ဆွန်ကော့ရှန် လာသွားပြီးတော့ သူတို့တော်တော်လေး မျှော်လင့်ကြတယ်။ အဓိက ပေါ်ပေါ်တင်တင်၊ တရားဝင်လှုပ်ရှားတာကတော့ အာဆီယံပေါ့။ သူက နောက်ကွယ်ကနေ အာဆီယံရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်နဲ့လည်း အွန်လိုင်းကနေတွေ့တယ်။ နောက် သူ့ရဲ့သဘောထားတွေကို ပြောတယ်။ နောက်တခါ သူတို့ကိုယ်တိုင်လည်း လာပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါကြတော့ အဓိကအားဖြင့် အခုန အာဆီယံကိုယ်စားလှယ်လိုပါပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတဲ့အခါမှာ ပြင်းပြင်းထန်ထန် ငြင်းဆန်ခံရတဲ့အခါ တော်တော်လေး သူတို့ အံ့သြသွားပြီးတော့ စိတ်ပျက်သွားပုံရတယ်။ ဒီလိုအဖြစ်အပျက်မျိုးက အရင် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်နဲ့ကြားမှာ ဒီလိုမျိုးအတွေ့အကြုံ၊ ပြဿနာမျိုး ရှိခဲ့ဖူးတယ်။ သူတို့မျှော်လင့်တကြီးနဲ့ အကြံပေးတာ၊ တိုက်တွန်းတာကို မလိုက်နာတဲ့အခါမှာ သူတို့စိတ်ပျက်သွားတဲ့အခါမှာ နှုတ်ဆိတ်သွားပြီးတော့ တခြားနည်းနဲ့ တခြားကိစ္စတွေကိုပဲ တိုးတိုးတိတ်တိတ် ဆောင်ရွက်တာပေါ့။ အခုလဲ ကျနော်ထင်တယ် မြန်မာခေါင်းဆောင်တွေကိုတော့ ပြောလို့စည်းရုံးလို့ မရတော့ဘူးဆိုတဲ့အခါမှာ အခုန အမေရိကန်နဲ့ပဲ နားလည်မှုယူလိုက်တာမျိုး။ နောက် အာဆီယံတို့ဘာတို့ လုပ်တဲ့ကိစ္စတွေ။ အာဆီယံက အခုလို ခေါင်းဆောင်ကို မဖိတ်ဘူးဆိုတဲ့ ကိစ္စတွေမှာလည်း နှုတ်ဆိတ်ခြင်းအားဖြင့် သဘောတူလိုက်တာမျိုး။ အဲဒီလိုမျိုးတော့ ရှိနိုင်တယ်။ အဓိကအားဖြင့်တော့ သူတို့က NLD နဲ့ နစကကို ဆွေးနွေးစေချင်တာပေါ့။
မေး ။ ။ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တဲ့အခါကြတော့ အာဆီယံကို သဘောတူညီချက် (၅) ချက်အတိုင်းလုပ်ပါဆိုပြီးတော့ ပြောဆိုလာကြတယ်။ ကုလသမဂ္ဂအပါအဝင် ပြောဆိုလာကြတယ်။ အဲဒီတော့ အာဆီယံက တော်တော်လေး ထဲထဲဝင်ဝင်နဲ့ မြန်မာ့နိုင်ငံရေးကို ကိုင်လာတဲ့သဘောတော့ ရှိပါတယ်။ အာဆီယံက တကယ်ကော မြန်မာ့အရေးကို ညှိနှိုင်းနိုင်ပါ့မလား။ မြန်မာ့အရေးကို တကယ်တမ်း ပြေလည်အောင် လုပ်ပေးနိုင်ပါ့မလား။
ဖြေ ။ ။ မူလပင်ကိုယ် ပဋိညာဉ်အရကတော့ ဘာမှမလုပ်နိုင်ဘူးပေါ့။ တိုက်တွန်းတာ၊ စည်းရုံးတာတို့ အားလုံး consensus ဆိုတဲ့ ညှိနှိုင်းတာတို့ အဲဒီလမ်းကြောင်းကိုပဲ ကြည့်တာ။ အဲဒီတော့ အဲဒီလမ်းကြောင်းကနေ ခွဲထွက်ပြီးတော့ အခုဟာကတော့ သူ့ရဲ့ပဋိညာဉ်ကို ချိုးဖောက်ပြီးတဲ့အခါကြတော့ ဖိအားပေးတဲ့ လမ်းကြောင်းကို လျှောက်တာပေါ့။ ဒီလိုဖိအားပေးခြင်းကတော့ တစုံတရာ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရတာပေါ့။
မေး ။ ။ လက်ရှိအားဖြင့် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေး အကျပ်အတည်း ရင်ဆိုင်နေရတယ်။ နိုင်ငံရေးအကျပ်အတည်း ရင်ဆိုင်နေရတယ်။ ဒီလိုအခြေအနေမျိုးမှာ အာဆီယံဘက်က ဖွင့်လာတဲ့ ဘုံသဘောတူညီချက် (၅) ချက်က သူ့အတွက် ထွက်ပေါက်ကော ဖြစ်မလာနိုင်ဘူးလား။
ဖြေ ။ ။ သူ့အတွက်ကတော့ ဒီဟာကတော့ နိုင်ငံတခုလုံးရဲ့ ရှေ့အနာဂတ်ကောင်းစားရေးကို ဦးတည်ထားမယ်ဆိုရင် ဒါက ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်တခုလို့ ကျနော်တော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ အနာဂတ်နိုင်ငံရေးက တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်မှာမဟုတ်ဘူးဆိုတာက ကျနော်တို့ ပြည်တွင်းက နိုင်ငံရေးအကဲခတ်တွေနဲ့ ကမ္ဘာက မီဒီယာတွေ၊ လေ့လာသုံးသပ်သူတွေလည်း သိသလို၊ တရုတ်ကလည်း အဲဒါကို ကောင်းကောင်းသဘောပေါက်တယ်။ အဲဒါကြောင့် တရုတ်က ဒီတခေါက်မှာဆိုရင် စစ်ကောင်စီဘက်က ရပ်တည်လို့ ပထမမြင်ရပေမယ့်၊ အခုဟာက သူက အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်လာတဲ့အခါကြတော့ ဒီအတိုင်းသာ ဆက်သွားရင် သူလုပ်မယ့် အနာဂတ် ရင်းနှီးမြှုပ်နံှမှုတွေက အေးအေးချမ်းချမ်း ဖြစ်မှာမဟုတ်ဘူး။ အန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ ဖြစ်မှာမဟုတ်ဘူးဆိုတာကို သူက သဘောပေါက်လာတဲ့အခါကြတော့ သူက အနာဂတ်နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ပါကိုပါရမယ်ဆိုတဲ့ အဲဒီအမြင် ခိုင်ခိုင်မာမာ ရှိလာတယ်။