သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“အက်ပ္အတည္းေတြ ေျဖရွင္းဖို႔ ေဆြးေႏြးညႇိႏႈိင္းသြားမယ္ ” PPST ေျပာခြင့္ရ


PPST အြန္လိုင္းအစည္းအေဝး (ဓာတ္ပံု-NCA S-EAO/fb)
PPST ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္
please wait

No media source currently available

0:00 0:11:44 0:00
တိုက္႐ိုက္ လင့္ခ္

NCA အပစ္ရပ္သေဘာတူညီခ်က္ ရယူထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြအေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းဆိုင္ရာ ႏုိင္ငံေရးေဆြးေႏြးပြဲေတြကို စစ္ေကာင္စီနဲ႔ ေဆြးေႏြးမွာ မဟုတ္ဘူးလို႔ ေၾကျငာထားေပမယ့္ လက္ရိွအက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ သက္ဆိုင္သူေတြၾကား ေဆြးေႏြးညိွႏိႈင္းသြားမွာ ျဖစ္တယ္လို႔ အပစ္ရပ္အဖြဲ႔ေတြ စုဖြဲ႔ထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔က ေျပာပါတယ္။ PPST ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေျပာခြင့္ရ ခြန္ျမင့္ထြန္း,ကို ကိုသားညြန္႔ဦးက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ အခုဆိုရင္ NCA တႏုိင္ငံလံုး အပစ္ရပ္စဲေရး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ (၆) နွစ္ျပည့္အခ်ိန္ ေရာက္သြားပါၿပီ။ ေျခာက္ႏွစ္ျပည့္အခမ္းအနားလည္း ျမန္မာႏုိင္ငံမွာ က်င္းပခဲ့ၾကတယ္။ PPST အေနနဲ႔ အခုလို ေျခာက္ႏွွစ္ျပည့္တဲ့အခ်ိန္၊ အေျခအေနအခါမွာ NCA က ဘယ္အတိုင္းအတာထိ၊ ဘယ္ကာလအထိ ခရီးေပါက္ေနၿပီလို႔ ယူဆပါသလဲ။

ေျဖ ။ ။ စစ္ေကာင္စီက အာဏာမသိမ္းခင္အထိ က်ေနာ္တုိ႔ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္ပိုင္း (၃) ကို ခ်ဳပ္ဆိုႏိုင္သည့္အထိ ခရီးေပါက္ခဲ့ပါတယ္။ တနည္းအားျဖင့္ေျပာရင္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္ပိုင္း (၃) မွာ က်ေနာ္တို႔ ျပည္ေထာင္စုကို ဘယ္လိုတည္ေဆာက္မယ္ဆိုတဲ့ နည္းနာလုပ္ငန္းစဥ္ေတြ အဲဒါေတြကို သေဘာတူခဲ့တဲ့အဆင့္။ ေျပာရမယ္ဆိုရင္ေတာ့ လမ္းေၾကာင္း။ က်ေနာ္တို႔တုိင္းျပည္က ႏုိင္ငံေရး တည္ၿငိမ္မႈရိွရိွနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စုကို ထူေထာင္ႏိုင္မယ့္ လမ္းေၾကာင္းတခုေပၚ ေရာက္ရိွခဲ့ပါတယ္။ သို႔ေသာ္လဲ က်ေနာ္တို႔ တိုင္းျပည္က ဒီအခက္အခဲ၊ အက်ပ္အတည္းေပါင္း မ်ားစြာနဲ႔ ကိုဗစ္-၁၉ အက်ပ္အတည္းကာလမ်ဳိးေတြ ႀကံဳရေပမယ္လို႔ အဲဒီ ကိုဗစ္-၁၉ အက်ပ္အတည္းကာလထဲမွာပဲ က်ေနာ္တို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို က်င္းပခဲ့ၿပီးေတာ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၃) ကို ရယူႏုိင္ခဲ့တယ္။ တိုင္းျပည္ကို ႏုိင္ငံေရးတည္ၿငိမ္မႈရိွရိွနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အေကာင္အထည္ေဖာ္ၿပီးေတာ့ တုိင္းျပည္တိုးတက္ေရး လမ္းေၾကာင္းတခုေပၚကို ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ အဲဒီကာလမ်ဳိးမွာ စစ္ေကာင္စီက အာဏာသိမ္းလိုက္တဲ့အတြက္ ဒီကေန႔ ႀကံဳေတြ႔ေနရတဲ့ ႏုိင္ငံေရးအက်ပ္အတည္းေတြနဲ႔ ကိုဗစ္-၁၉ အပါအဝင္၊ က်န္းမာေရးအပါအဝင္၊ အေထြေထြအက်ပ္အတည္းေတြကေတာ့ ျဖစ္ေပၚေစခဲ့တယ္လို႔ ဒီလိုပဲသံုးသပ္ပါတယ္။

ေမး ။ ။ အခု စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ပိုင္းအေျခအေနကို ေမးခ်င္ပါတယ္။ စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ NCA က မရိွေတာ့ဘူးလို႔ ေျပာေနဆိုေန ေဆြးေႏြးသံေတြလည္း က်ေနာ္တို႔ ၾကားပါတယ္။ ဒါေပမဲ့လဲ NCA သေဘာထားကေတာ့ ရိွေနမွာပဲ။ အပစ္ခတ္ရပ္စဲေရးသေဘာတူ စာခ်ဳပ္ပါ သေဘာတူညီခ်က္အတိုင္း ဆက္ရိွေနမယ္ဆိုတဲ့ ယူဆတဲ့ အဖြဲ႔အစည္းေတြလည္း ရိွပါတယ္။ PPST အေနနဲ႔ ဘယ္လိုယူဆပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ တိုင္းျပည္အတြက္ ႏိုင္ငံေရးအရ အျမင့္ဆံုးစာခ်ဳပ္က ႏွစ္ရပ္ ရိွပါတယ္။ က်ေနာ္တို႔ လြတ္လပ္ေရးအႀကိဳကာလမွာ ရရိွခဲ့တာ အားလံုးသေဘာတူညီၿပီသား၊ တေယာက္ကိုတေယာက္ တကယ္လည္းေတြ႔ၿပီးေတာ့ သေဘာတူညီခ်က္ယူတာ မဟုတ္ဘဲနဲ႔ အေၾကအလည္ညိွႏိႈင္းေဆြးေႏြးၿပီးေတာ့ သေဘာတူစာခ်ဳပ္ ခ်ဳပ္ႏိုင္ခဲ့တာက ပင္လံုစာခ်ဳပ္ ျဖစ္ပါတယ္။ ဒီေနာက္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ႏွစ္ (၇၀) အတြင္းမွာေတာ့ က်ေနာ္တို႔ အေၾကအလည္ညိွႏိႈင္းေဆြးေႏြးၿပီးေတာ့ ႏုိင္ငံေရးနဲ႔ အျမင့္ဆံုးရရိွတဲ့ သေဘာတူစာခ်ဳပ္က NCA ျဖစ္ပါတယ္။ NCA မွာ ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္မယ့္ဟာကို ‘ဖယ္ဒရယ္’ ဆိုတဲ့ စကားလံုးကို တပ္မေတာ္ဘက္နဲ႔ အင္အားစုေတြအကုန္လံုးက လက္ခံၿပီးေတာ့ သေဘာတူညီႏုိင္ခဲ့တာ ဒီစာခ်ဳပ္မွာပဲ ျဖစ္ပါတယ္။ အဲဒီေတာ့ NCA စာခ်ဳပ္အေနနဲ႔ကေတာ့ စာခ်ဳပ္အေနနဲ႔ ရိွမယ္။ က်ေနာ္တို႔ PPST အေနနဲ႔ကေတာ့ အခုလက္ရိွ အေကာင္အထည္ေဖာ္တဲ့အခါမွာ NCA ရဲ ႔ အနစ္သာရေတြကို ရယူၿပီးေတာ့ ေဆာင္ရြက္သြားမယ္ဆိုတဲ့ သေဘာထား ျဖစ္ပါတယ္။ ထိုနည္းတူပဲ အခု စစ္ေကာင္စီက အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ေဖေဖၚဝါရီလ (၁) ရက္ေန႔မွာ အာဏာသိမ္းတယ္။ (၂) ရက္ေန႔မွာ က်ေနာ္တုိ႔ ထုတ္ျပန္ေၾကျငာခဲ့တာ ရိွပါတယ္။ အဲဒါက ဘာလဲဆိုရင္ စစ္ေကာင္စီနဲ႔ ႏုိင္ငံေရးမေဆြးေႏြးဘူးလို႔ ထုတ္ျပည္ေၾကညာခဲ့တယ္။ အဲဒါ ဘာေၾကာင့္လဲဆိုေတာ့ NCA မွာပါတဲ့ ႏုိင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ၿငိမ္းခ်မ္းစြာေျဖရွင္းမယ္ဆိုတာမ်ဳိးကို စစ္ေကာင္စီက မလုပ္ဘဲနဲ႔ ဒီႏိုင္ငံေရးျပႆနာကို အင္အားသံုးၿပီးေျဖရွင္းတဲ့အတြက္ က်ေနာ္တို႔ ဆန္႔က်င္ခဲ့တယ္၊ ကန္႔ကြက္ခဲ့တယ္။ က်ေနာ္တို႔က ႏုိင္ငံေရးမေဆြးေႏြးဘူးလို႔လည္း တရားဝင္ေျပာခဲ့ပါတယ္။

အဲဒီႏိုင္ငံေရးမေဆြးေႏြးဘူးဆိုတာ ဘာကို မေဆြးေႏြးတာလဲဆိုရင္ NCA အေကာင္အထည္ေဖာ္မႈဆုိင္ရာ မူေဘာင္လုပ္ငန္းစဥ္ေတြထဲက ႏိုင္ငံေရးေဆြးေႏြးမႈေတြကို က်ေနာ္တို႔ မေဆြးေႏြးဘူးလုိ႔ေျပာတာ ျဖစ္ပါတယ္။ ၂၁ ရာစု ပင္လံုညီလာခံကို က်င္းပတာမ်ဳိး၊ NCA အေကာင္အထည္ေဖာ္တဲ့ စာခ်ဳပ္ JMC လို ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ အစည္းအေဝးေတြအပါအဝင္ အဲဒီလို ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို က်ေနာ္တို႔ တက္ေရာက္မေဆြးေႏြးဘူးလို႔ က်ေနာ္တို႔ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ အခုလဲ ေအာက္တိုဘာလ (၁၅) ရက္ေန႔မွာ PPST က ထုတ္ျပန္ခဲ့တာကေတာ့ သက္ဆိုင္သူမ်ားနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ဆိုတဲ့ဟာကို အေျဖရွာဖို႔ဆိုတာကို ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။ အဲဒါကေတာ့ ေစာေစာက ေဖေဖၚဝါရီလ (၂) ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ သေဘာထားနဲ႔ ကြဲလြဲမႈ မရိွပါဘူး။ တခ်ဳိ ႔ကေတာ့ ကြဲလြဲတယ္လို႔ ေျပာေပမယ့္ မကြဲလြဲပါဘူး။ ကြဲျပားတာ ျဖစ္ပါတယ္။ ကြဲျပားခ်က္က ဘာလဲဆိုရင္ က်ေနာ္တို႔ ေဖေဖၚဝါရီလ (၂) ရက္ေန႔ ေျပာခဲ့တာက စစ္ေကာင္စီနဲ႔ ႏုိင္ငံေရးမေဆြးေႏြးဘူးဆိုတာ NCA ရဲ ႔ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာ မူေဘာင္ထဲက ႏို္င္ငံေရးေဆြးေႏြးမႈေတြကို မေဆြးေႏြးဘူးလို႔ေျပာတာ ျဖစ္ပါတယ္။ ေအာက္တိုဘာလ (၁၅) ရက္ေန႔မွာ သက္ဆိုင္ရာသူအားလံုးနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ ေျပာတာကေတာ့ လက္ရိွျဖစ္ေပၚေနတဲ့ စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ ႏိုင္ငံေရးအက်ပ္အတည္းအပါအဝင္ အက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ ျဖစ္ပါတယ္။ အဲဒါေတြကိုေတာ့ NCA ရဲ ႔ အနစ္သာရကို အေျခခံၿပီးေတာ့ ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ေမး ။ ။ က်ေနာ္ နည္းနည္းေလး ရွင္းရွင္းလင္းလင္း ေမးခ်င္ပါတယ္။ အဲဒီေနရာမွာ စစ္ေကာင္စီကို part of the stakeholder ႏုိ္င္ငံရဲ ႔အစိတ္အပိုင္းတရပ္၊ ဦးေဆာင္မႈအစိတ္အပိုင္းတရပ္အေနနဲ႔ ေဆြးေႏြးဘက္အျဖစ္ လက္ခံတယ္ဆိုတဲ့ သေဘာလား။

ေျဖ ။ ။ အဲဒါကေတာ့ က်ေနာ္တို႔အတြင္းမွာ အားလံုးက ဒီအေျခအေနအတြင္းမွာေတာ့ စစ္ေကာင္စီရဲ ႔ အေျခအေန၊ အေနအထားေပၚလည္း မူတည္မယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ကေတာ့ တိုင္းျပည္ကို လက္ရိွအက်ပ္အတည္းေတြကို ေဆြးေႏြးၿပီးေတာ့ သက္ဆိုင္သူေတြၾကားမွာ ေဆြးေႏြးေျဖရွင္းၾက၊ ဒါကေတာ့ အေကာင္ဆံုးျဖစ္မယ္ ဒီနည္းလမ္းကဆိုတဲ့ အျမင္နဲ႔ ဒါကိုထုတ္ျပန္တယ္။ ဆိုေတာ့ ဒီလိုေတြ႔ဆံုေဆြးေႏြးတဲ့အခါမွာ စစ္ေကာင္စီကေတာ့ ေဆြးေႏြးဘက္အျဖစ္ ရိွျခင္း၊မရိွျခင္းကလဲ စစ္ေကာင္စီနဲ႔လည္း သက္ဆိုင္ပါလိမ့္မယ္။

ေမး ။ ။ စစ္ေကာင္စီဘက္ကေတာ့ သူတုိ႔ရဲ ႔ ေရွ ႔လုပ္ငန္းစဥ္မွာ NCA ကို ဆက္သြားဖို႔၊ ျပည္တြင္းၿငိမ္းခ်မ္းေရးကို တည္ေဆာက္ဖို႔။ ေျပာမယ္ဆိုရင္ အပစ္ခတ္ရပ္စဲေရးကိုလည္း ဆက္တိုးထားေတြ ရိွပါတယ္။ သူတုိ႔ဘက္ကေတာ့ ဆက္ၿပီးေတာ့ ေဆြးေႏြးမယ္ဆိုတဲ့ NCA ဆက္လက္အေကာင္အထည္ ေဖာ္သြားမယ္။ တုိးခ်ဲ ႔သြားမယ္ဆိုတဲ့ အယူအဆ ေျပာဆိုမႈေတြကို က်ေနာ္တို႔ သတိထားမိပါတယ္။ အဲဒီေတာ့ စစ္ေကာင္စီကလုပ္မယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ PPST က ဘယ္လိုသေဘာထားပါသလဲ။

ေျဖ ။ ။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္လုိ႔ ေျပာတဲ့အခါမွာ စစ္ေကာင္စီကေျပာတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ က်ေနာ္တို႔ ေျပာေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ထဲမွာ ကြာျခားခ်က္ကေတာ့ NCA ထဲက ႏုိင္ငံေရးေဆြးေႏြးမႈဆိုင္ရာ မူေဘာင္လုပ္ငန္းစဥ္ေတြကို က်ေနာ္တို႔ မေဆြးေႏြးဘူး။ အဓိကအခ်က္က ဘာလဲဆိုရင္ က်ေနာ္တို႔ NCA မွာက ႏုိ္င္ငံေရးေဆြးေႏြးခဲ့တာက အဓိကအားျဖင့္ လူထုက ေရြးေကာက္တင္ေျမွာက္ခဲ့တဲ့ အစိုးရက ႏုိင္ငံေရးအစိုးရ ျဖစ္ပါတယ္။ ႏုိ္င္ငံေရးအစိုးရလက္ထက္မွာမွ ႏိုင္ငံေရးေဆြးေႏြးလို႔ရတာ ျဖစ္ပါတယ္။ ထို႔နည္းတူစြာပဲ လူထုက ေရြးေကာက္တင္ေျမွာက္တဲ့ လႊတ္ေတာ္ ရိွမယ္။ ရိွရမယ္။ လူထုက ေရြးေကာက္တဲ့ အစိုးရ၊ ႏိုင္ငံေရးအစိုးရ ရိွရမယ္။ အဲဒီကာလမ်ဳိးမွာမွ ႏိုင္ငံေရးေဆြးေႏြးမႈေတြက ျဖစ္ပါမယ္။ စစ္ေကာင္စီကေတာ့ လူထုက တင္ေျမွာက္ထားတဲ့ ႏုိင္ငံေရးအစိုးရလည္း မဟုတ္ဘူး။ လူထုက တင္ေျမွာက္ထားတဲ့ လႊတ္ေတာ္လည္း မရိွဘူး။ ဒီကာလမ်ဳိးမွာ က်ေနာ္တို႔ ႏုိ္င္ငံေရးေဆြးေႏြးလို႔ မရဘူး။ တနည္းအားျဖင့္ NCA နဲ႔ ပတ္သက္တဲ့ ေဆြးေႏြးမႈေတြလုပ္လို႔ မရဘူး။ ဒါေၾကာင့္မို႔ စစ္ေကာင္စီက ေဖာ္ေဆာင္တဲ့ နည္းနာကို က်ေနာ္တို႔က ဘယ္လိုနည္းနဲ႔ ေဖာ္ေဆာင္မယ္ဆိုတာကို မသိေပမယ့္ က်ေနာ္တုိ႔က အဲဒီအခ်က္အလက္ေတြ မျပည့္စံုဘဲနဲ႔ ႏုိ္င္ငံေရးေဆြးေႏြးမႈ၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြကိုေတာ့ PPST အေနနဲ႔ ေဆာင္ရြက္မွာ မဟုတ္ပါဘူး။

ေမး ။ ။ ၿပီးခဲ့တဲ့ NCA (၆) ႏွစ္ျပည့္ အခမ္းအနား စစ္ေကာင္စီက ျပဳလုပ္ခဲ့တာ ရိွပါတယ္။ က်ေနာ္တို႔ သိရသေလာက္ PPST ကို ဖိတ္တာ မဟုတ္ဘဲနဲ႔ တဖြဲ႔ခ်င္း ဖိတ္တယ္လို႔ သိရပါတယ္။ အရင္တုန္းကေတာ့ အစိုးရအေနနဲ႔ PPST နဲ႔ တိုက္ရိုက္ဆက္ဆံၿပီးေတာ့ PPST ကိုလည္း ဖိတ္တယ္လို႔ သိရပါတယ္။ အဲဒီေတာ့ စစ္ေကာင္စီဘက္ကေရာ သေဘာထားမ်ား ေျပာင္းလာတာ ရိွပါသလား။

ေျဖ ။ ။ ဆက္ဆံေရးနဲ႔ ပတ္သက္ရင္ေတာ့ NCA စာခ်ဳပ္အရ ေဆာင္ရြက္တဲ့အခါမွာေတာ့ PPST နဲ႔ တိုက္ရိုက္ဆက္ဆံတာမ်ဳိးေပါ့။ အခုကေတာ့ NCA ကို လက္မွတ္ေရးထိုးၾကတဲ့အခါမွာ တဖြဲ႔ခ်င္းအေနနဲ႔ ေရးထုိးခဲ့ၾကတာ ျဖစ္တယ္။ ေနာက္တခု NCA မတိုင္ခင္မွာ ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ စာခ်ဳပ္ေတြ သီးျခားခ်ဳပ္ခဲ့ေတာ့ အဲဒီစာခ်ဳပ္ေတြက ကြဲျပားတဲ့အေပၚမွာ က်ေနာ္တို႔ PPST အေနနဲ႔ ဒါကိုေျပာစရာ မရိွပါဘူး။ သို႔ေသာ္လဲပဲ NCA စာခ်ဳပ္ ေပၚထြန္းခဲ့တာကေတာ့ သမၼတႀကီးဦးသိန္းစိန္လက္ထက္မွာ တိုင္းရင္းသားလက္နက္ကိုင္ေတြကို စုေပါင္းၿပီး ေဆာင္ရြက္တဲ့ကိစၥေတြကို အေလးထားၿပီးေတာ့၊ အေလးေပးခဲ့လို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ စစ္ေကာင္စီအေနနဲ႔ တဖြဲ႔ခ်င္း ဆက္ဆံေရးေတြ ထူေထာင္ၿပီးေတာ့ PPST နဲ႔ သက္ဆိုင္တဲ့ တဖြဲ႔ခ်င္းဆက္ဆံေရး ထူေထာင္ၿပီးေတာ့ အခုလိုမ်ဳိး ေရရွည္သြားမယ္ဆိုရင္ေတာ့ PPST အတြင္းမွာ ညီညႊတ္ေရးအတြက္နဲ႔ ႏုိင္ငံေရးအဓိပၸါယ္ရိွရိွ ေရွ ႔ဆက္ေဆာင္ရြက္ဖို႔အတြက္ေကာ က်ေနာ္တို႔ PPST အတြင္းမွာ ျပန္လည္သံုးသပ္သြားမွာ ျဖစ္ပါတယ္။

ေမး ။ ။ ေနာက္တခုကေတာ့ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ဆႏၵျပမႈေတြ အၾကမ္းဖက္ႏိွမ္နင္းခံရၿပီးေနာက္မွာ လက္နက္ကိုင္လႈပ္ရွားမႈေတြ၊ ေဒသအလိုိက္ ေပၚလာတာ ရိွပါတယ္။ ဒါ့အျပင္ တိုင္းရင္းသားေဒသေတြမွာ လက္နက္ကိုင္ေတာ္လွန္လိုတဲ့ လူငယ္ေတြလည္း ေတာ္ေတာ္မ်ားမ်ားလည္း ေရာက္ေနတယ္လို႔ တပ္ဖြဲ႔ေတြ ဖြဲ႔တယ္လို႔လည္း က်ေနာ္တို႔ သိထားပါတယ္။ အဲဒီေတာ့ ဒီလႈပ္ရွားမႈေတြနဲ႔ ပတ္သက္လို႔ေကာ PPST က ဘယ္လို္လက္ခံထားပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ CDM လႈပ္ရွားမႈအပါအဝင္ ေႏြဦးေတာ္လွန္ေရး ေပၚေပါက္လာတာဟာ က်ေနာ္တို႔ တုိင္းျပည္ရဲ ႔ ႏုိင္ငံေရး ေတာင္းဆိုခ်က္အရ ျဖစ္တယ္။ က်ေနာ္တုိ႔ ျပည္သူလူထုရဲ ႔ ႏုိင္ငံေရးေတာင္းဆိုခ်က္အရ တုိင္းျပည္ရဲ ႔ ႏိုင္ငံေရးလိုအပ္ခ်က္အရ ေပၚေပါက္လာတဲ့ လႈပ္ရွားမႈေတြကို က်ေနာ္တို႔ အသိအမွတ္ျပဳပါတယ္။ ဒါေၾကာင့္မို႔လဲ CDM အပါအဝင္ လူထုေတာ္လွန္ေရးနဲ႔ ပတ္သက္တဲ့ကိစၥရပ္ေတြကို က်ေနာ္တို႔ PPST အေနနဲ႔ ပံ့ပိုးသြားမယ္။ ကူညီေဆာင္ရြက္သြားမယ္လို႔ တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ ဒီမွာေတာ့ တဖြဲ႔ခ်င္းအလိုက္ PPST အစုအေပါင္းအေနနဲ႔ ေဆာင္ရြက္တဲ့ကိစၥေတြ ရိွသလို၊ တခ်ဳိ ႔ကိစၥရပ္ေတြကေတာ့ အဖြဲ႔အစည္းအေနနဲ႔ ဒီေပၚမွာ ေဆာင္ရြက္ၾကတာ ရိွပါတယ္။

ေမး ။ ။ တခ်ိန္တည္းမွာပဲ အခု ျပည္သူ႔ကာကြယ္ေရးတပ္ေတြဆိုၿပီးေတာ့ ေဒသအလိုက္ ေပၚလာတာ ရိွပါတယ္။ အဲဒီေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြရဲ ႔ လက္နက္ကိုင္လႈပ္ရွားမႈေတြကို တုိင္းရင္းသားေဒသေတြမွာ အေျခစိုက္ၿပီးေတာ့ သင္တန္းေပးေနတာ ရိွတယ္။ အကူအညီေပးေနတာ ရိွတယ္ဆိုၿပီးေတာ့ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲေတြမွာ မၾကာခဏဆိုသလိုပဲ တံု႔ျပန္တာကို သတိထားမိပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို သင္တန္းေပးတာနဲ႔ ပတ္သက္လို႔ေကာ ဘယ္လိုရိွပါသလဲ။

ေျဖ ။ ။ ဒီကိစၥရပ္ေတြကေတာ့ တဖြဲ႔ခ်င္း ေဆာင္ရြက္ၾကတဲ့၊ သေဘာထားေတြနဲ႔ ေဆာင္ရြက္ၾကတဲ့အေပၚမွာေတာ့ က်ေနာ္တုိ႔ PPST အေနနဲ႔ သေဘာထား ေပးခြင့္မရိွပါဘူး။ ဒါက တဖြဲ႔ခ်င္းအေနနဲ႔ ေဆာင္ရြက္ေနၾကတာ ျဖစ္ပါတယ္။ တနည္းအားျဖင့္ ေျပာရရင္ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းေတြရဲ ႔ ဘံုရည္မွန္းခ်က္ႀကီးကေတာ့ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္ေရးနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေထာင္ေရး ျဖစ္ပါတယ္။ ေႏြဦးေတာ္လွန္ေရးအင္အားစုေတြကလည္း ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္ႏိုင္ဖို႔၊ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းဖို႔ လုပ္ၾကတာ ျဖစ္တဲ့အတြက္ နည္းနာေတြ၊ ေဖာ္ေဆာင္တဲ့နည္းနာေတြ၊ ရပ္တည္မႈေတြက အတြင္သ႑ာန္ေတြ မတူေပမယ့္ ဘံုရည္မွန္းခ်က္၊ ဦးတည္ခ်က္တူတဲ့အတြက္ ကိုယ့္အတိုင္းအတာနဲ႔ကိုယ္ ေဆာင္ရြက္ၾကတာ ျဖစ္ပါတယ္။ ေဆာင္ရြက္ႏိုင္တဲ့ အတုိင္းအတာ ဒီဂရီကေတာ့ ကြာျခားမႈ ရိွေပမယ့္လို႔ ဦးတည္ခ်က္ခ်င္းကေတာ့ အတူတူပါပဲ။

ေမး ။ ။ က်ေနာ္ေနာက္ဆံုးတခု ေမးခ်င္ပါတယ္။ တိုင္းရင္းသားအဖြဲ႔အစည္းေတြ ခြန္ျမင့္ထြန္းတို႔အပါအဝင္ တိုင္းရင္းသားအဖြဲ႔အစည္းေတြအေနနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ေဆြးေႏြးရမယ္။ ညိွႏိႈင္းေဆြးေႏြးရမယ္ဆိုၿပီးေတာ့ လုပ္ခဲ့ၿပီးေတာ့ အခုဆိုရင္ NCA တႏိုင္ငံလံုး အပစ္ရပ္စဲေရးစာခ်ဳပ္ သေဘာတူညီခ်က္ေတြ ထြက္လာခဲ့ၿပီးပါၿပီ။ ဒါေပမဲ့လဲ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အေျခအေနအရ ေဒသအလိုက္ လက္နက္ကိုင္လႈပ္ရွားမႈေတြ ပိုၿပီးေတာ့ အားေကာင္းလာတယ္။ ပိုၿပီးေတာ့ အဲဒီဘက္ကို ဦးတည္လာေနတာကို သတိထားမိပါတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံရဲ ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က ေနာက္ျပန္ဆုတ္သြားၿပီလား။

ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ အဲဒီဟာကို PPST က ၿပီးခဲ့တဲ့ အစည္းအေဝးေတြမွာ တရားဝင္ထုတ္ျပန္ေၾကညာခဲ့တာ ရိွပါတယ္။ အဲဒါက ဘာလဲဆိုရင္ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္တယ္လို႔ စစ္ေကာင္စီက ေၾကျငာလိုက္တာဟာ က်ေနာ္တို႔တုိင္းရဲ ႔ ဒီမိုကေရစီ ကူးေျပာင္းမႈကို ေနာက္ဆုတ္သြားေစတယ္။ ႏုိင္ငံေရးျပႆနာေတြကို ႏုိ္င္ငံေရးနည္းနဲ႔ ေျဖရွင္းႏုိင္ဖို႔အတြက္ကို ႀကီးစြာေသာ အဟန္႔အတား ျဖစ္ေစတယ္လို႔ က်ေနာ္တို႔ တရားဝင္ထုတ္ျပန္ ေျပာထားၿပီ ျဖစ္ပါတယ္။ ဒီေန႔ စစ္ေကာင္စီ အာဏာသိမ္းလိုက္တဲ့ ျဖစ္စဥ္က က်ေနာ္တို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ရပ္တန္႔သြားတဲ့အျပင္၊ က်ေနာ္တို႔တုိင္းျပည္မွာ ႏုိင္ငံေရးအက်ပ္အတည္း၊ စီးပြားေရး၊ စစ္ေရး၊ ႏုိုင္ငံေရး၊ လူမႈေရး အေထြေထြအက်ပ္အတည္းေတြကို ဖန္တီးလိုက္တာလို႔ပဲ တင္ျပခ်င္ပါတယ္။

ကိုသားညႊန္႔ဦး ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အခုလုိ ေျဖၾကားေပးတာ။


==Unicode==

NCA အပစ်ရပ်သဘောတူညီချက် ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ကြေငြာထားပေမယ့် လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ အပစ်ရပ်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ပြောပါတယ်။ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြောခွင့်ရ ခွန်မြင့်ထွန်း,ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အခုဆိုရင် NCA တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့တာ (၆) နှစ်ပြည့်အချိန် ရောက်သွားပါပြီ။ ခြောက်နှစ်ပြည့်အခမ်းအနားလည်း မြန်မာနိုင်ငံမှာ ကျင်းပခဲ့ကြတယ်။ PPST အနေနဲ့ အခုလို ခြောက်နှစ်ပြည့်တဲ့အချိန်၊ အခြေအနေအခါမှာ NCA က ဘယ်အတိုင်းအတာထိ၊ ဘယ်ကာလအထိ ခရီးပေါက်နေပြီလို့ ယူဆပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီက အာဏာမသိမ်းခင်အထိ ကျနော်တို့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်ပိုင်း (၃) ကို ချုပ်ဆိုနိုင်သည့်အထိ ခရီးပေါက်ခဲ့ပါတယ်။ တနည်းအားဖြင့်ပြောရင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်ပိုင်း (၃) မှာ ကျနော်တို့ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ နည်းနာလုပ်ငန်းစဉ်တွေ အဲဒါတွေကို သဘောတူခဲ့တဲ့အဆင့်။ ပြောရမယ်ဆိုရင်တော့ လမ်းကြောင်း။ ကျနော်တို့တိုင်းပြည်က နိုင်ငံရေး တည်ငြိမ်မှုရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မယ့် လမ်းကြောင်းတခုပေါ် ရောက်ရှိခဲ့ပါတယ်။ သို့သော်လဲ ကျနော်တို့ တိုင်းပြည်က ဒီအခက်အခဲ၊ အကျပ်အတည်းပေါင်း များစွာနဲ့ ကိုဗစ်-၁၉ အကျပ်အတည်းကာလမျိုးတွေ ကြုံရပေမယ်လို့ အဲဒီ ကိုဗစ်-၁၉ အကျပ်အတည်းကာလထဲမှာပဲ ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့ပြီးတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ရယူနိုင်ခဲ့တယ်။ တိုင်းပြည်ကို နိုင်ငံရေးတည်ငြိမ်မှုရှိရှိနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ပြီးတော့ တိုင်းပြည်တိုးတက်ရေး လမ်းကြောင်းတခုပေါ်ကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီကာလမျိုးမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အတွက် ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ကိုဗစ်-၁၉ အပါအဝင်၊ ကျန်းမာရေးအပါအဝင်၊ အထွေထွေအကျပ်အတည်းတွေကတော့ ဖြစ်ပေါ်စေခဲ့တယ်လို့ ဒီလိုပဲသုံးသပ်ပါတယ်။

မေး ။ ။ အခု စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေကို မေးချင်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ NCA က မရှိတော့ဘူးလို့ ပြောနေဆိုနေ ဆွေးနွေးသံတွေလည်း ကျနော်တို့ ကြားပါတယ်။ ဒါပေမဲ့လဲ NCA သဘောထားကတော့ ရှိနေမှာပဲ။ အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်ပါ သဘောတူညီချက်အတိုင်း ဆက်ရှိနေမယ်ဆိုတဲ့ ယူဆတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ PPST အနေနဲ့ ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ ကျနော်တို့ တိုင်းပြည်အတွက် နိုင်ငံရေးအရ အမြင့်ဆုံးစာချုပ်က နှစ်ရပ် ရှိပါတယ်။ ကျနော်တို့ လွတ်လပ်ရေးအကြိုကာလမှာ ရရှိခဲ့တာ အားလုံးသဘောတူညီပြီသား၊ တယောက်ကိုတယောက် တကယ်လည်းတွေ့ပြီးတော့ သဘောတူညီချက်ယူတာ မဟုတ်ဘဲနဲ့ အကြေအလည်ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူစာချုပ် ချုပ်နိုင်ခဲ့တာက ပင်လုံစာချုပ် ဖြစ်ပါတယ်။ ဒီနောက် လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ် (၇၀) အတွင်းမှာတော့ ကျနော်တို့ အကြေအလည်ညှိနှိုင်းဆွေးနွေးပြီးတော့ နိုင်ငံရေးနဲ့ အမြင့်ဆုံးရရှိတဲ့ သဘောတူစာချုပ်က NCA ဖြစ်ပါတယ်။ NCA မှာ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်မယ့်ဟာကို ‘ဖယ်ဒရယ်’ ဆိုတဲ့ စကားလုံးကို တပ်မတော်ဘက်နဲ့ အင်အားစုတွေအကုန်လုံးက လက်ခံပြီးတော့ သဘောတူညီနိုင်ခဲ့တာ ဒီစာချုပ်မှာပဲ ဖြစ်ပါတယ်။ အဲဒီတော့ NCA စာချုပ်အနေနဲ့ကတော့ စာချုပ်အနေနဲ့ ရှိမယ်။ ကျနော်တို့ PPST အနေနဲ့ကတော့ အခုလက်ရှိ အကောင်အထည်ဖော်တဲ့အခါမှာ NCA ရဲ့ အနစ်သာရတွေကို ရယူပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။ ထိုနည်းတူပဲ အခု စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ အာဏာသိမ်းတယ်။ (၂) ရက်နေ့မှာ ကျနော်တို့ ထုတ်ပြန်ကြေငြာခဲ့တာ ရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် စစ်ကောင်စီနဲ့ နိုင်ငံရေးမဆွေးနွေးဘူးလို့ ထုတ်ပြည်ကြေညာခဲ့တယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ NCA မှာပါတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းမယ်ဆိုတာမျိုးကို စစ်ကောင်စီက မလုပ်ဘဲနဲ့ ဒီနိုင်ငံရေးပြဿနာကို အင်အားသုံးပြီးဖြေရှင်းတဲ့အတွက် ကျနော်တို့ ဆန့်ကျင်ခဲ့တယ်၊ ကန့်ကွက်ခဲ့တယ်။ ကျနော်တို့က နိုင်ငံရေးမဆွေးနွေးဘူးလို့လည်း တရားဝင်ပြောခဲ့ပါတယ်။

အဲဒီနိုင်ငံရေးမဆွေးနွေးဘူးဆိုတာ ဘာကို မဆွေးနွေးတာလဲဆိုရင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်လုပ်ငန်းစဉ်တွေထဲက နိုင်ငံရေးဆွေးနွေးမှုတွေကို ကျနော်တို့ မဆွေးနွေးဘူးလို့ပြောတာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပတာမျိုး၊ NCA အကောင်အထည်ဖော်တဲ့ စာချုပ် JMC လို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွေအပါအဝင် အဲဒီလို နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျနော်တို့ တက်ရောက်မဆွေးနွေးဘူးလို့ ကျနော်တို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုလဲ အောက်တိုဘာလ (၁၅) ရက်နေ့မှာ PPST က ထုတ်ပြန်ခဲ့တာကတော့ သက်ဆိုင်သူများနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ဟာကို အဖြေရှာဖို့ဆိုတာကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒါကတော့ စောစောက ဖေဖေါ်ဝါရီလ (၂) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သဘောထားနဲ့ ကွဲလွဲမှု မရှိပါဘူး။ တချို့ကတော့ ကွဲလွဲတယ်လို့ ပြောပေမယ့် မကွဲလွဲပါဘူး။ ကွဲပြားတာ ဖြစ်ပါတယ်။ ကွဲပြားချက်က ဘာလဲဆိုရင် ကျနော်တို့ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ ပြောခဲ့တာက စစ်ကောင်စီနဲ့ နိုင်ငံရေးမဆွေးနွေးဘူးဆိုတာ NCA ရဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ထဲက နိုင်ငံရေးဆွေးနွေးမှုတွေကို မဆွေးနွေးဘူးလို့ပြောတာ ဖြစ်ပါတယ်။ အောက်တိုဘာလ (၁၅) ရက်နေ့မှာ သက်ဆိုင်ရာသူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းအပါအဝင် အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဲဒါတွေကိုတော့ NCA ရဲ့ အနစ်သာရကို အခြေခံပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ကျနော် နည်းနည်းလေး ရှင်းရှင်းလင်းလင်း မေးချင်ပါတယ်။ အဲဒီနေရာမှာ စစ်ကောင်စီကို part of the stakeholder နိုင်ငံရဲ့အစိတ်အပိုင်းတရပ်၊ ဦးဆောင်မှုအစိတ်အပိုင်းတရပ်အနေနဲ့ ဆွေးနွေးဘက်အဖြစ် လက်ခံတယ်ဆိုတဲ့ သဘောလား။

ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့အတွင်းမှာ အားလုံးက ဒီအခြေအနေအတွင်းမှာတော့ စစ်ကောင်စီရဲ့ အခြေအနေ၊ အနေအထားပေါ်လည်း မူတည်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ တိုင်းပြည်ကို လက်ရှိအကျပ်အတည်းတွေကို ဆွေးနွေးပြီးတော့ သက်ဆိုင်သူတွေကြားမှာ ဆွေးနွေးဖြေရှင်းကြ၊ ဒါကတော့ အကောင်ဆုံးဖြစ်မယ် ဒီနည်းလမ်းကဆိုတဲ့ အမြင်နဲ့ ဒါကိုထုတ်ပြန်တယ်။ ဆိုတော့ ဒီလိုတွေ့ဆုံဆွေးနွေးတဲ့အခါမှာ စစ်ကောင်စီကတော့ ဆွေးနွေးဘက်အဖြစ် ရှိခြင်း၊မရှိခြင်းကလဲ စစ်ကောင်စီနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။

မေး ။ ။ စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ NCA ကို ဆက်သွားဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့။ ပြောမယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးကိုလည်း ဆက်တိုးထားတွေ ရှိပါတယ်။ သူတို့ဘက်ကတော့ ဆက်ပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့ NCA ဆက်လက်အကောင်အထည် ဖော်သွားမယ်။ တိုးချဲ့သွားမယ်ဆိုတဲ့ အယူအဆ ပြောဆိုမှုတွေကို ကျနော်တို့ သတိထားမိပါတယ်။ အဲဒီတော့ စစ်ကောင်စီကလုပ်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ PPST က ဘယ်လိုသဘောထားပါသလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လို့ ပြောတဲ့အခါမှာ စစ်ကောင်စီကပြောတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ကျနော်တို့ ပြောနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ကွာခြားချက်ကတော့ NCA ထဲက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်လုပ်ငန်းစဉ်တွေကို ကျနော်တို့ မဆွေးနွေးဘူး။ အဓိကအချက်က ဘာလဲဆိုရင် ကျနော်တို့ NCA မှာက နိုင်ငံရေးဆွေးနွေးခဲ့တာက အဓိကအားဖြင့် လူထုက ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရက နိုင်ငံရေးအစိုးရ ဖြစ်ပါတယ်။ နိုင်ငံရေးအစိုးရလက်ထက်မှာမှ နိုင်ငံရေးဆွေးနွေးလို့ရတာ ဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ လူထုက ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော် ရှိမယ်။ ရှိရမယ်။ လူထုက ရွေးကောက်တဲ့ အစိုးရ၊ နိုင်ငံရေးအစိုးရ ရှိရမယ်။ အဲဒီကာလမျိုးမှာမှ နိုင်ငံရေးဆွေးနွေးမှုတွေက ဖြစ်ပါမယ်။ စစ်ကောင်စီကတော့ လူထုက တင်မြှောက်ထားတဲ့ နိုင်ငံရေးအစိုးရလည်း မဟုတ်ဘူး။ လူထုက တင်မြှောက်ထားတဲ့ လွှတ်တော်လည်း မရှိဘူး။ ဒီကာလမျိုးမှာ ကျနော်တို့ နိုင်ငံရေးဆွေးနွေးလို့ မရဘူး။ တနည်းအားဖြင့် NCA နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေလုပ်လို့ မရဘူး။ ဒါကြောင့်မို့ စစ်ကောင်စီက ဖော်ဆောင်တဲ့ နည်းနာကို ကျနော်တို့က ဘယ်လိုနည်းနဲ့ ဖော်ဆောင်မယ်ဆိုတာကို မသိပေမယ့် ကျနော်တို့က အဲဒီအချက်အလက်တွေ မပြည့်စုံဘဲနဲ့ နိုင်ငံရေးဆွေးနွေးမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုတော့ PPST အနေနဲ့ ဆောင်ရွက်မှာ မဟုတ်ပါဘူး။

မေး ။ ။ ပြီးခဲ့တဲ့ NCA (၆) နှစ်ပြည့် အခမ်းအနား စစ်ကောင်စီက ပြုလုပ်ခဲ့တာ ရှိပါတယ်။ ကျနော်တို့ သိရသလောက် PPST ကို ဖိတ်တာ မဟုတ်ဘဲနဲ့ တဖွဲ့ချင်း ဖိတ်တယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ အစိုးရအနေနဲ့ PPST နဲ့ တိုက်ရိုက်ဆက်ဆံပြီးတော့ PPST ကိုလည်း ဖိတ်တယ်လို့ သိရပါတယ်။ အဲဒီတော့ စစ်ကောင်စီဘက်ကရော သဘောထားများ ပြောင်းလာတာ ရှိပါသလား။

ဖြေ ။ ။ ဆက်ဆံရေးနဲ့ ပတ်သက်ရင်တော့ NCA စာချုပ်အရ ဆောင်ရွက်တဲ့အခါမှာတော့ PPST နဲ့ တိုက်ရိုက်ဆက်ဆံတာမျိုးပေါ့။ အခုကတော့ NCA ကို လက်မှတ်ရေးထိုးကြတဲ့အခါမှာ တဖွဲ့ချင်းအနေနဲ့ ရေးထိုးခဲ့ကြတာ ဖြစ်တယ်။ နောက်တခု NCA မတိုင်ခင်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စာချုပ်တွေ သီးခြားချုပ်ခဲ့တော့ အဲဒီစာချုပ်တွေက ကွဲပြားတဲ့အပေါ်မှာ ကျနော်တို့ PPST အနေနဲ့ ဒါကိုပြောစရာ မရှိပါဘူး။ သို့သော်လဲပဲ NCA စာချုပ် ပေါ်ထွန်းခဲ့တာကတော့ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို စုပေါင်းပြီး ဆောင်ရွက်တဲ့ကိစ္စတွေကို အလေးထားပြီးတော့၊ အလေးပေးခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်ကောင်စီအနေနဲ့ တဖွဲ့ချင်း ဆက်ဆံရေးတွေ ထူထောင်ပြီးတော့ PPST နဲ့ သက်ဆိုင်တဲ့ တဖွဲ့ချင်းဆက်ဆံရေး ထူထောင်ပြီးတော့ အခုလိုမျိုး ရေရှည်သွားမယ်ဆိုရင်တော့ PPST အတွင်းမှာ ညီညွှတ်ရေးအတွက်နဲ့ နိုင်ငံရေးအဓိပ္ပါယ်ရှိရှိ ရှေ့ဆက်ဆောင်ရွက်ဖို့အတွက်ကော ကျနော်တို့ PPST အတွင်းမှာ ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်တခုကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရပြီးနောက်မှာ လက်နက်ကိုင်လှုပ်ရှားမှုတွေ၊ ဒေသအလိုက် ပေါ်လာတာ ရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တော်လှန်လိုတဲ့ လူငယ်တွေလည်း တော်တော်များများလည်း ရောက်နေတယ်လို့ တပ်ဖွဲ့တွေ ဖွဲ့တယ်လို့လည်း ကျနော်တို့ သိထားပါတယ်။ အဲဒီတော့ ဒီလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ကော PPST က ဘယ်လိုလက်ခံထားပါသလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ CDM လှုပ်ရှားမှုအပါအဝင် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတာဟာ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး တောင်းဆိုချက်အရ ဖြစ်တယ်။ ကျနော်တို့ ပြည်သူလူထုရဲ့ နိုင်ငံရေးတောင်းဆိုချက်အရ တိုင်းပြည်ရဲ့ နိုင်ငံရေးလိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါကြောင့်မို့လဲ CDM အပါအဝင် လူထုတော်လှန်ရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ကျနော်တို့ PPST အနေနဲ့ ပံ့ပိုးသွားမယ်။ ကူညီဆောင်ရွက်သွားမယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီမှာတော့ တဖွဲ့ချင်းအလိုက် PPST အစုအပေါင်းအနေနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေ ရှိသလို၊ တချို့ကိစ္စရပ်တွေကတော့ အဖွဲ့အစည်းအနေနဲ့ ဒီပေါ်မှာ ဆောင်ရွက်ကြတာ ရှိပါတယ်။

မေး ။ ။ တချိန်တည်းမှာပဲ အခု ပြည်သူ့ကာကွယ်ရေးတပ်တွေဆိုပြီးတော့ ဒေသအလိုက် ပေါ်လာတာ ရှိပါတယ်။ အဲဒီတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေကို တိုင်းရင်းသားဒေသတွေမှာ အခြေစိုက်ပြီးတော့ သင်တန်းပေးနေတာ ရှိတယ်။ အကူအညီပေးနေတာ ရှိတယ်ဆိုပြီးတော့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွေမှာ မကြာခဏဆိုသလိုပဲ တုံ့ပြန်တာကို သတိထားမိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို သင်တန်းပေးတာနဲ့ ပတ်သက်လို့ကော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ဒီကိစ္စရပ်တွေကတော့ တဖွဲ့ချင်း ဆောင်ရွက်ကြတဲ့၊ သဘောထားတွေနဲ့ ဆောင်ရွက်ကြတဲ့အပေါ်မှာတော့ ကျနော်တို့ PPST အနေနဲ့ သဘောထား ပေးခွင့်မရှိပါဘူး။ ဒါက တဖွဲ့ချင်းအနေနဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဘုံရည်မှန်းချက်ကြီးကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်ရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ လုပ်ကြတာ ဖြစ်တဲ့အတွက် နည်းနာတွေ၊ ဖော်ဆောင်တဲ့နည်းနာတွေ၊ ရပ်တည်မှုတွေက အတွင်သဏ္ဍာန်တွေ မတူပေမယ့် ဘုံရည်မှန်းချက်၊ ဦးတည်ချက်တူတဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာ ဒီဂရီကတော့ ကွာခြားမှု ရှိပေမယ့်လို့ ဦးတည်ချက်ချင်းကတော့ အတူတူပါပဲ။

မေး ။ ။ ကျနော်နောက်ဆုံးတခု မေးချင်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ ခွန်မြင့်ထွန်းတို့အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးရမယ်။ ညှိနှိုင်းဆွေးနွေးရမယ်ဆိုပြီးတော့ လုပ်ခဲ့ပြီးတော့ အခုဆိုရင် NCA တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် သဘောတူညီချက်တွေ ထွက်လာခဲ့ပြီးပါပြီ။ ဒါပေမဲ့လဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေအနေအရ ဒေသအလိုက် လက်နက်ကိုင်လှုပ်ရှားမှုတွေ ပိုပြီးတော့ အားကောင်းလာတယ်။ ပိုပြီးတော့ အဲဒီဘက်ကို ဦးတည်လာနေတာကို သတိထားမိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နောက်ပြန်ဆုတ်သွားပြီလား။

ဖြေ ။ ။ ကျနော်တို့ကတော့ အဲဒီဟာကို PPST က ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ကြေငြာလိုက်တာဟာ ကျနော်တို့တိုင်းရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုကို နောက်ဆုတ်သွားစေတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက်ကို ကြီးစွာသော အဟန့်အတား ဖြစ်စေတယ်လို့ ကျနော်တို့ တရားဝင်ထုတ်ပြန် ပြောထားပြီ ဖြစ်ပါတယ်။ ဒီနေ့ စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ်က ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရပ်တန့်သွားတဲ့အပြင်၊ ကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အထွေထွေအကျပ်အတည်းတွေကို ဖန်တီးလိုက်တာလို့ပဲ တင်ပြချင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို ဖြေကြားပေးတာ။

XS
SM
MD
LG