သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံအတြက္ ဖိႏွိပ္မႈၾကားမွ ေရွ႕ဆက္ဖို႔လိုအပ္


ကိုရန္ႏိုင္ (VOA) ႏွင့္ ေႏြဦးေတာ္လွန္ေရး ေခါင္းေဆာင္ ေဒါက္တာေတဇာဆန္း
တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း တိုးတက္ေျပာင္းလဲလာခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး၊ စီးပြားေရးဟာ စစ္အာဏာသိမ္းမႈေၾကာင့္ ေနာက္ျပန္ဆုတ္ကုန္တယ္၊ ျပည္သူေတြဘက္က ေ႐ြးခ်ယ္စရာမရွိပဲ ဆက္ၿပီးေတာ္လွန္သြားမွာ ျဖစ္တယ္လို႔ မႏၲေလးက ေႏြဦးေတာ္လွန္ေရး ေခါင္းေဆာင္ ေဒါက္တာေတဇာဆန္းက ေျပာပါတယ္။ ကိုရန္ႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ ကိုေတဇာဆန္း။ အခုဆုိရင္ စစ္တပ္က အာဏာသိမ္းခဲ့တာ (၈) လ ေက်ာ္လာခဲ့ၿပီ။ ဒါေပမဲ့ စစ္တပ္က ဒီလိုအာဏာသိမ္းတဲ့အေပၚ လူထုကလည္း ဆန္႔က်င္ေတာ္လွန္မႈေတြ၊ လူထုလႈပ္ရွားမႈေတြက ဆက္ၿပီးေတာ့ ရိွေနတုန္းပဲ။ ပံုစံေတြေျပာင္းလာတယ္ဆုိေပမယ့္ လူထုရဲ ႔ ဆန္႔က်င္မႈေတြက ဆက္ၿပီးေတာ့ ရိွေနတယ္။ ဆိုေတာ့ ပထမဦးဆံုးအေနနဲ႔ သိခ်င္တာက အခုလက္ရိွ စစ္အာဏာရွင္ဆန္႔က်င္ေရး လူထုလႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကိုေတဇာဆန္းရဲ ႔ အျမင္ကို သိခ်င္ပါတယ္။

ေျဖ ။ ။ မဂၤလာပါ။ ဒီေန႔ဆိုရင္ အခ်ိန္ကာလအားျဖင့္ ရွစ္လေတာင္ ၾကာခဲ့ၿပီ။ က်ေနာ္တို႔လူထုက တစ္ေန႔တစ္ရက္ တစ္နာရီမွ ၿငိမ္သက္သြားတာမ်ဳိး၊ ေသြးေအးသြားတာမ်ဳိး စစ္အာဏာရွင္ကိုေရာ၊ အာဏာသိမ္းမႈကိုေရာ လံုးဝလက္မခံဘဲ၊ အာဏာရွင္စနစ္ေအာက္မွာ အသားက်သြားမွာမဟုတ္ဘူးဆိုတာ -- ေတာ္လွန္ေရးကာလ ျဖစ္လာကာစ အေကာင္းဆံုးသက္ေသတည္ေနၿပီလို႔ ေျပာလိုပါတယ္။ က်ေနာ္တုိ႔ ေတာ္လွန္ေရးတိုက္ပြဲနည္းနာ ပံုစံမ်ဳိးစံုနဲ႔ က်ေနာ္တို႔ ေမွ်ာ္ရည္တဲ့ပန္းတိုင္ကို မေရာက္မခ်င္း၊ ဆက္ၿပီးေတာ့ ခ်ီတက္သြားၾကမယ္ဆိုတာ အင္မတန္ေသခ်ာေနၿပီ ျဖစ္ပါတယ္။

ေမး ။ ။ လမ္းေပၚထြက္ ဆႏၵျပေနတာေတြဟာ အရင္လိုမ်ဳိးေတာ့ အံုနဲ႔က်င္းနဲ႔ မဟုတ္ေတာ့ဘဲ၊ နည္းသြားတယ္ဆိုေပမယ့္ ရိွေတာ့ရိွေနတုန္းပဲ။ မႏၱေလးအပါအဝင္ တခ်ဳိ ႔ၿမိဳ႔ ႔ေတြမွာဆိုရင္ ေန႔တုိင္းရိွေနတုန္းပဲ။ တဘက္မွာလဲ စစ္ေကာင္စီက သူတုိ႔ကို ဆန္႔က်င္တဲ့လူေတြကို ပိုၿပီးေတာ့ ျပင္းျပင္းထန္ထန္ ႏိွမ္နင္းလာတယ္။ စစ္ေကာင္စီဘက္ကလဲ သူတုိ႔ကို တတိုင္းျပည္လံုးက ဆန္႔က်င္ေနတာ မဟုတ္ဘူး။ တခ်ဳိ ႔ၿမိဳ ႔ေတြမွာပဲ ဆန္႔က်င္ေနတာဆုိၿပီးေတာ့ ေျပာတာေတြ ရိွေနတယ္။ ဆိုေတာ့ အခုေနာက္ပိုင္း ေတာ္လွန္ေရးအသြင္ ေျပာင္းလာေတာ့ ဆႏၵျပသပိတ္ေတြက အရင္လိုေတာ့ မဟုတ္ေတာ့ဘူးဆိုေတာ့ ဒီဆႏၵျပသပိတ္ေတြ ဆက္ရိွေနဖို႔ ဘယ္ေလာက္အထိ အေရးႀကီးတယ္လို႔ ဆိုမလဲ။

ေျဖ ။ ။ က်ေနာ္ အၿမဲတမ္းေျပာပါတယ္။ ဒီေႏြဦးေတာ္လွန္္ေရးမွာ ဒီေန႔အခ်ိန္မွာ ေတာ္လွန္ေရးရဲ ႔ မ႑ိဳင္ေတြ။ က်ေနာ္တိုိ႔မွာ အဓိကမ႑ိဳင္ႀကီး (၅) ခုကို ေကာက္ခ်က္ထားလို႔ ရပါတယ္။ ပထမတစ္္ခုကေတာ့ အခုအခ်ိန္မွာ အေရးႀကီးဆံုးျဖစ္တဲ့ လက္နက္ကိုင္ တိုက္ပြဲ ျဖစ္ပါတယ္။ ဒုတိယတစ္ခုက လမ္းမထက္က သပိတ္တိုက္ပြဲ ျဖစ္ပါတယ္။ တတိယအေနနဲ႔ CDM ရံုးမတက္ဘဲ ရုန္းထြက္ခဲ့တဲ့ CDM သူရဲေကာင္းေတြရဲ ႔ CDM တိုက္ပြဲျဖစ္တယ္။ စတုတၳအေနနဲ႔ကေတာ့ ႏိုင္ငံတကာမ်က္ႏွာစာမွာ အမ်ဳိးသားညီညႊတ္ေရးအစိုးရက တရားဝင္အစိုးရ ျဖစ္တယ္။ စစ္ေကာင္စီက အၾကမ္းဖက္အုပ္စု ျဖစ္တယ္ဆိုတဲ့ တရားဝင္မႈဆိုင္ရာ သံခင္းတမန္ခင္း တိုက္ပြဲ။ ပဥၥမ - ငါးခုေျမာက္အေနနဲ႔ က်ေနာ္တို႔ စစ္ေကာင္စီကို အသိအမွတ္မျပဘူး၊ လက္မခံဘူး။ သူနဲ႔ အဆက္အစပ္ မလုပ္ဘူးဆုိတဲ့ “ဘူးသပိတ္တိုက္ပြဲ” ျဖစ္တယ္။ က်ေနာ္တုိ႔က ဒီေတာ္လွန္ေရးရဲ ႔ ေဒါက္တုိင္ႀကီး (၅) ခု အားေကာင္းေနဖုိ႔လိုတယ္။ ဟန္ခ်က္ညီေနဖို႔လိုတယ္၊ သန္မာေနဖုိ႔လိုတယ္။ ဒီမ႑ိဳင္ (၅) ခုထဲက တစ္ခုခု အားနည္းသြားမယ္၊ ယိုင္းနည့္သြားမယ္ဆိုရင္ က်န္တဲ့ဟာေတြက ဒီအေပၚမွာ အႏုတ္လကၡဏာေဆာင္သြားမယ္။ ဒါေၾကာင့္ က်ေနာ္တို႔ အၿမဲတမ္းေျပာေနတာ ေတာ္လွန္ေရးရဲ ႔ ေဒါက္တုိင္ေတြအားလံုး ေတာ္လွန္ေရးနည္းနာေတြအားလံုး အားေကာင္းသန္မာေနဖို႔ အင္မတန္အေရးႀကီးတယ္လို႔ ပထမဦးဆံုး ေျပာလိုပါတယ္။

ဒုတိယတစ္ခုအေနနဲ႔ေတာ့ မွန္ပါတယ္။ က်ေနာ္တို႔ေတြ လမ္းမထက္က သပိတ္တိုက္ပြဲေတြဟာ ေဖေဖၚဝါရီ၊ မတ္၊ ဧၿပီလေတြနဲ႔ ႏိႈင္းယွဥ္ရင္ လူထုပါဝင္မႈက ေလ်ာ့က်သြားတယ္။ ဒါကလဲ အဆန္းတက်ယ္လဲ မဟုတ္ဘူး။ လူထုကို အျပစ္တင္စရာလဲ အေၾကာင္းမရိွဘူး။ စဥ္းစားၾကည့္ရေအာင္ - လက္နက္ဆိုလို႔ အပ္တိုတစ္ေခ်ာင္းေတာင္ မရိွခဲ့ဘူး။ ဆိုင္းဘုတ္ေလးေတြကိုင္၊ ေလာ္စပီကာေလးေတြကိုင္ လမ္းမထက္မွာ မိမိတုိ႔အေရး ဆႏၵေတြ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနခဲ့ၾကတယ္။ ရဟန္းရွင္လူထုကို ေသနတ္အစစ္၊ က်ည္းအစစ္နဲ႔ ရက္ရက္စစ္စက္ ပစ္သတ္ခဲ့တာ။ အခ်ိန္တိုင္း၊ ေနတုိင္းလိုလို ပစ္ခံခဲ့ရတယ္။ ၿဖိဳခြဲခံခဲ့ရတယ္။ ဒီလိုအေျခအေနမွာေတာင္ ရွစ္လၾကာခဲ့ေပမယ့္ သပိတ္တုိက္ပြဲေတြ ရိွေနတယ္ဆိုတာ အင္မတန္ဂုဏ္ယူစရာ ေကာင္းေနပါၿပီ။ အင္မတန္အသိအမွတ္ျပဳဖို႔ ေကာင္းၿပီ။ က်ေနာ္ထင္တယ္ ဒီေလာက္ၾကာ သပိတ္တိုက္ပြဲက ကမာၻမွာေတာင္ အရွည္ၾကာဆံုး သပိတ္တုိက္ပြဲ။ ဒီေန႔အခ်ိန္အထိ က်ေနာ္တို႔က သပိတ္ေတြ ရိွေနေသးတယ္။ ေပ်ာက္က်ားသပိတ္ေတြ ရိွေနေသးတယ္ တႏုိင္ငံလံုးမွာ ၿမိဳ ႔ႀကီးေတြနဲ႔ ေက်းလက္ေတြမွာ။ အဲဒီေတာ့ ေျပာခ်င္တာက လူထုပါဝင္မႈ သပိတ္ေတြ အားနည္းသြားတာ အၾကမ္းဖက္စစ္ေကာင္စီ၊ စစ္တပ္ရဲ ႔ ရက္စက္ယုတ္မာမႈ ပစ္ခတ္မႈေတြေၾကာင့္သာ ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ ၿပီးခဲ့တဲ့ လပိုင္းေလာက္က က်ေနာ္ စစ္ေကာင္စီအဖြဲ႔ဝင္တစ္ေယာက္ကို အင္တာဗ်ဴးတဲ့အခါမွာေတာ့ သူက ျပည္သူေတြအေနနဲ႔ ၿငိမ္းခ်မ္းစြာဆႏၵျပလို႔ ရတယ္လို႔ ေျပာတယ္။ ဆႏၵျပတဲ့ သူေတြအေနနဲ႔ အၾကမ္းဖက္တာေတြ၊ ျပည္သူပိုင္ပစၥည္းေတြကို ဖ်က္ဆီးတာေတြ မလုပ္ဘူးဆိုရင္ စစ္ေကာင္စီဘက္ကလည္း ဒီလိုမ်ဳိး အၾကမ္းဖက္အင္အားသံုး ႏိွမ္နင္းစရာ မလိုဘူးလို႔ ေျပာထားတာ ရိွပါတယ္။ ဆိုေတာ့ အဲဒီအေပၚ ကိုေတဇာဆန္းအေနနဲ႔ ဘယ္လိုေျပာခ်င္လဲ။

ေျဖ ။ ။ အင္မတန္ မ်က္ႏွာေျပာင္တိုက္တဲ့ ဟာသစကားလို႔ပဲ ေျပာလုိပါတယ္။ တခ်ဳိ ႔ မႏၱေလးမွာဆိုရင္ လြန္ခဲ့တဲ့ရက္ပိုင္းအတြင္းကပဲ သံဃာသပိတ္ အၿဖိဳခြင္းခံရပါတယ္။ သံဃာေတာ္ တကယ့္ဘုရားသားေတာ္ လယ္တီဆရာေတာ္ေတြ ဦးေဆာင္တဲ့ သံဃာေတြကို ရက္ရက္စက္စက္ တန္းၿပီးေတာ့ အရပ္ဝတ္ေတြနဲ႔ စစ္ယူနီေဖာင္း၊ ရဲယူနီေဖာင္းမပါဘူး အရပ္ဝတ္ေတြနဲ႔ ေသနတ္စစ္ေတြနဲ႔ တန္းပစ္တယ္။ ကားနဲ႔ဝင္တိုက္တယ္။ ဆိုင္ကယ္နဲ႔ ဝင္တိုက္္တယ္။ ဒါက နမူနာတစ္ခုပဲကို ေျပာတာ။ အဲဒါမ်ဳိးေတြက မၾကာခဏ ျဖစ္ေနတယ္။ က်ေနာ္တုိ႔ အခုနေျပာသလို လက္နက္နဲ႔ တူတာဆိုလို႔ အပ္တိုတစ္ေခ်ာင္းေတာင္ မပါဘူး။ ဆိုင္းဘုတ္ေတြ၊ ေၾကြးေၾကာ္သံေလးေတြနဲ႔ ခ်ီတက္ေနတဲ့ သပိတ္တိုက္ပြဲေတြ။ အၾကမ္းဖက္ဖို႔ ေနေနသာသာ က်ေနာ္တုိ႔က မိမိတို႔ရဲ ႔ လိုလားခ်က္ေတြကို ၿငိမ္းခ်မ္းစြာ ေတာင္းဆိုေနတဲ့ သပိတ္ျပည္သူေတြကို စစ္ေကာင္စီက ရက္ရက္စက္စက္ ေန႔စဥ္နဲ႔အမွ် အခ်ိန္နဲ႔အမွ် ၿဖိဳခြဲေနတယ္။ သတ္ျဖတ္ေနတယ္လို႔ပဲ ေျပာခ်င္ပါတယ္။ တကယ္ အခုနေျပာခဲ့တဲ့ စစ္ေကာင္စီအဖြဲ႔ဝင္အေနနဲ႔ မယံုဘူးဆိုရင္ သူကိုယ္တုိင္ အသြင္ယူၿပီးေတာ့ ဒီေန႔ ရန္ကုန္မွာျဖစ္တယ္၊ မႏၱေလးမွာျဖစ္တဲ့ သပိတ္စစ္ေၾကာင္းတစ္ခုခုမွာ လိုက္ၾကည့္ပါလို႔။ ဘယ္လုိႀကံဳရမလဲဆိုတာကို သူကိုယ္တုိင္ျဖစ္ေစ၊ သူ႔မိသားစုဝင္ေတြကို ျဖစ္ေစ လမ္းမထက္ကိုတက္ၿပီးေတာ့ ၾကည့္ရွဳၾကည့္ပါလို႔ပဲ ေျပာလိုပါတယ္။ စစ္ေကာင္စီက စည္းမ်ဥ္းစည္းကမ္း ဘယ္က်င့္ဝတ္ကိုမွ မလိုက္နာဘဲနဲ႔ လမ္းမထက္က သပိတ္ေတြကို ရက္ရက္စက္စက္ ႏိွပ္စက္ေနတယ္၊ ၿဖိဳခြင္းေနတယ္။ ပစ္ခတ္ေနတယ္ဆိုတာကို သက္ေသသာကာရေတြ၊ အေထာက္အထားေတြ၊ မွတ္တမ္းမွတ္ရာေတြ အခိုင္အမာရိွပါတယ္လို႔လည္း ေျပာလိုပါတယ္။ သို႔ေသာ္ က်ေနာ္ေသခ်ာတာကေတာ့ က်ေနာ္တို႔ ျပည္သူေတြအထဲကေတာ့ ဘယ္ေလာက္ပဲ အဖမ္းအဆီးခံရပါေစ၊ စစ္ေကာင္စီ ဘယ္ေလာက္ပဲ ႏိွပ္စက္ပါေစ။ က်ေနာ္တို႔ရဲ ႔ တုိက္ပြဲနည္းနားေတြအားလံုးကို လက္တြန္႔သြားမွာ မဟုတ္ဘူး။ ေနာက္ဆုတ္မသြားဘူး။ ေသြးမေအးသြားဘူး။ သပိတ္တိုက္ပြဲက အရိွန္ဟုန္ေကာင္းေကာင္းနဲ႔ ဆက္ရိွေနမွာ ေသခ်ာတယ္လို႔ ေျပာလိုပါတယ္။

အသံတိတ္သြားမွာ မဟုတ္ဘူး။ အလံလိပ္သြားမွာ မဟုတ္ပါဘူး။

ေမး ။ ။ ဒီလိုမ်ဳိး စစ္ေကာင္စီဘက္က အၾကမ္းဖက္ ႏိွမ္နင္းတာေတြနဲ႔ တဆက္တည္း ေနာက္တစ္ခု ေမးခ်င္တာက အခုေနာက္ပိုင္းဆုိရင္ စစ္ေကာင္စီဘက္က တပ္ဖြဲ႔ဝင္ေတြက လူေတြကို ဖမ္းတယ္။ ၿပီးရင္ ေနာက္ေန႔က်ရင္ အေလာင္းလာထုတ္ပါဆိုၿပီး ေျပာတာေတြ ရိွတယ္။ ဥပမာ တစ္ခုအေနနဲ႔ဆိုရင္ မႏၱေလးက ၿမိဳ ႔မတီးဝိုင္းက ကိုဖက္တီးဆိုလဲ ဖမ္းသြားၿပီးေတာ့ သူတုိ႔လက္ထက္မွာပဲ ေသသြားတယ္။ ေနာက္ ဒါမ်ဳိးျဖစ္တာေတြက ေတာ္ေတာ္မ်ားမ်ားလည္း ရိွတယ္။ ဒီအေပၚမွာ ကိုေတဇာဆန္းအေနနဲ႔ ဘယ္လိုမွတ္ခ်က္ေပးလိုလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္။ မႏၱေလးမွာဆိုရင္ေတာင္ ဒီေန႔ဖမ္းသြားတယ္။ ေနာက္တစ္ရက္ႏွစ္ရက္အတြင္း အေလာင္းလာယူပါဆိုၿပီး ထုတ္ေပမယ့္ အေလာင္းမျမင္ရဘူး။ ဥပမာ ဦးဖက္တီးဆိုရင္ က်ေနာ္တုိ႔ အေလာင္းေတာင္ မျမင္ခဲ့ရပါဘူး။ ဒီလိုမ်ဳိးကိစၥေတြက မႏၱေလးအပါအဝင္ တႏုိ္င္ငံလံုးမွာ ျဖစ္ေနတယ္။ မနက္ခင္းဖမ္းသြားတယ္။ ညေနက်ေတာ့ ေသသြားၿပီ။ ဒီေန႔ည ဖမ္းသြားရင္ ေနာက္ေန႔မနက္မွာ ဆံုးသြားတယ္ဆိုတာေတြက အေလာင္းေတာင္ ေတြ႔ခြင့္မရလုိက္ဘူး။ ဒါေတြသည္ ဘယ္ေတာ့မွ ေပ်ာက္ကြယ္သြားမွာ မဟုတ္တဲ့၊ ဘယ္ေတာ့မွ ၿပီေပ်ာက္သြားမွာ မဟုတ္တဲ့ သင္ပုန္းေခ်လို႔ မရတဲ့ ရာဇဝတ္မႈေတြ ျဖစ္တယ္။ စစ္ရာဇဝတ္မႈေတြ ျဖစ္တယ္။ လူသားမ်ဳိးႏြယ္ လူ႔အခြင့္အေရးကို အင္မတန္မွ ခ်ဳိးေဖာက္ေနတဲ့ ရာဇဝတ္မႈေတြ ျဖစ္တယ္လုိ႔ ေျပာလို႔တယ္။ စစ္ေကာင္စီသည္ ရာဇဝတ္မႈမ်ဳိးစံု က်ဴးလြန္ေနတဲ့ အၾကမ္းဖက္အုပ္စု ျဖစ္တယ္ဆိုတာကိုလည္း သူ႔ရဲ ႔လုပ္ရပ္ေတြက အင္မတန္ထင္ရွားစြာ သက္ေသျပေနတယ္လုိ႔ပဲ ေျပာလိုပါတယ္။

ေမး ။ ။ အခုေနာက္ပိုင္းမွာေတာ့ တႏိုင္ငံလံုးလိုလိုမွာ လူထုက ခုခံစစ္ေတြကို လုပ္လာၾကတယ္ဆိုေတာ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ လူထုနဲ႔ ထိပ္တိုက္ေတြ႔တာေတြ ရိွလာတယ္။ စစ္ေကာင္စီအေနနဲ႔ ဒီလိုမ်ဳိး လူထုနဲ႔ ထိပ္တိုက္ ေနရာတုိင္းလုိလုိမွာ ထိပ္တိုက္ေတြ႔ၿပီးေတာ့ လူထုရဲ ႔ ခုခံစစ္ေတြနဲ႔ ေတြ႔လာေနတဲ့ အေျခအေနေပၚမွာ ကိုေတဇာဆန္းအေနနဲ႔ ဘယ္လိုျမင္မိသလဲ။

ေျဖ ။ ။ ဒါကေတာ့ က်ေနာ္တုိ႔ အင္မတန္ေလးစားရတဲ့ စာေရးဆရာႀကီး ဗန္ေမာ္တင္ေအာင္ ေရးခဲ့သလိုေပါ့ - က်ေနာ္တို႔က ဓါးမိုးၿပီးေတာ့ အုပ္ခ်ဳပ္ေနတဲ့ အာဏာရွင္ကို ဓါးကိုင္ၿပီးေတာ့ အန္တုၿပီးေတာ့ ျပန္လည္ယွဥ္ၿပိဳင္ဖို႔က က်ေနာ္တို႔ရဲ ႔ သမုိင္းေပးတာဝန္ပဲ။ က်ေနာ္တို႔ ေဖေဖၚဝါရီ၊ မတ္၊ ဧၿပီလေတြမွာ ေတာက္ေလွ်ာက္ၿငိမ္းခ်မ္းစြာပဲ လူဦးေရးသိန္းနဲ႔သန္းနဲ႔ လမ္းမထက္မွာ မိမိတို႔ရဲ ႔ လိုအင္ဆႏၵေတြကို ေတာင္းဆိုခဲ့တယ္။ သို႔ေသာ္ က်ေနာ္တုိ႔ ျပန္လည္ရရိွခဲ့တာက က်ည္းဆန္ေတြပဲ။ ေသနတ္ေတြပဲ။ က်ေနာ္တို႔ ေပးဆပ္ခဲ့တာ လူ႔အသက္ေတြပဲ။ ဒီဟာမွာ က်ေနာ္တုိ႔အေနနဲ႔ တရားမွ်တတဲ့ ခုခံစစ္၊ ခုခံေတာ္လွန္စစ္ဆိုတာက မျဖစ္မေန ေရြးခ်ယ္ရမယ့္ နည္းလမ္းတစ္ခု ျဖစ္လာတယ္။ ေတာ္လွန္ေရးရဲ ႔ ေထာက္တုိင္တစ္ခု ျဖစ္လာတယ္။ ဒါကလဲ ကမာၻေပးမွာ သီအုိရီေတြ ရိွတာပဲ။ တရားမွ်တတဲ့စစ္၊ ခုခံစစ္ဆိုတာ ကမာၻမွာလည္း သီအိုရီသေဘာတရား ရိွပါတယ္။ ဒါေၾကာင့္ ဒီေန႔ဒီအခ်ိန္မွာ က်ေနာ္တို႔က တရားမွ်တတဲ့ ခုခံေတာ္လွန္စစ္ကို ျပည္သူေတြက မျဖစ္မေန အေျခအေနအရပ္ရပ္ကသာ တြန္းပို႔တဲ့ ေတာ္လွန္သစ္ကို ေရြးခ်ယ္ခဲ့ၿပီး ေဆာင္ရြက္ေနတယ္လို႔ပဲ ေျပာလိုပါတယ္။

ေမး ။ ။ ေနာက္ဆံုးတစ္ခု ေမးခ်င္တာ ရိွပါတယ္။ က်ေနာ္တိုိ႔ အခုနေျပာသလို အခုဆိုရင္ စစ္တပ္အာဏာသိမ္းတာဟာ (၈) လ ရိွလာခဲ့ၿပီ။ (၈) လ ေက်ာ္လာခဲ့ၿပီ။ ဆိုေတာ့ ဒီ (၈) လေက်ာ္ၾကာ ကာလမွာ တုိင္းျပည္ရဲ ႔ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ကိုေတဇာဆန္း ဘယ္လို သံုးသပ္ပါသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ က်ေနာ္တုိ႔ႏိုင္ငံတကာ ၁၀-၁၁ ေနာက္ပိုင္းမွာက ႏုိင္ငံေရးစၿပီးေတာ့ ေျဖေလွွ်ာ့မႈေတြ စခဲ့တယ္။ ႏုိ္င္ငံေရးေျဖေလွ်ာ့မႈေတြနဲ႔အတူ တစံုတရာ စီးပြားေရး၊ လူမႈ႔စီးပြားေရး တိုးတက္မႈေတြ မ်ားစြာရိွခဲ့ပါတယ္။ စီးပြားေရးျဖစ္ထြန္းတိုးတက္မႈေတြ၊ လူေနမႈေတြ အမ်ားႀကီး ဆယ္စုႏွစ္ေလာက္အတြင္း တိုးတက္ခဲ့ပါတယ္။ သို႔ေသာ္ ဒါေတြအားလံုးကို ၂၀၂၁ ေဖေဖၚဝါရီလ (၁) ရက္ေန႔ စစ္အာဏာသိမ္းမႈက အားလံုးကို ေနာက္ျပန္ဆုတ္ေစတဲ့။ တနည္းေျပာရင္ လမ္းကိုေခ်ာ္ထြက္သြားေစတဲ့ လုပ္ရပ္ႀကီးလို႔ပဲ ေျပာလိုပါတယ္။ ဒီေန႔အေျခအေနမွာ ျမန္မာက်ပ္ေငြေစ်းႏႈန္းက အဆမတန္ ထိုးက်သြားၿပီး က်ေနာ္တို႔ႏုိင္ငံရဲ ႔ လူမႈစီးပြားေရး အဆင့္တိုင္းမွာ မ်ားစြာနိမ့္က်သြားၿပီ. က်ေနာ္တို႔ သိရတာက ကမာၻ႔ဘဏ္ရဲ ႔ ထုတ္ျပန္ခ်က္မွာ ၁၁ ရာခိုင္ႏႈန္းအထိ ဆုတ္ယုတ္သြားၿပီလို႔ သိရတယ္။ ေျပာရမယ္ဆိုရင္ေတာ့ စစ္အာဏာရွင္ စစ္အာဏာသိမ္းမႈေၾကာင့္ က်ေနာ္တို႔ႏုိင္ငံရဲ ႔ လူမႈေရး၊ စီးပြားေရးေတြအားလံုး မ်ားစြာဆုတ္ယုတ္သြားၿပီ။ အေနာက္ကို မ်ားစြာဆုတ္သြားၿပီလို႔ ေျပာလုိပါတယ္။ ဒါေတြအားလံုးရဲ ႔ တစ္ခုတည္းေသာ တရားခံကလည္း စစ္တပ္နဲ႔ စစ္အာဏာရွင္စနစ္ပဲ ျဖစ္တယ္။ စစ္အုပ္စုပဲ ျဖစ္တယ္လို႔ ေျပာလိုပါတယ္။ က်ေနာ္တုိ႔ ျပည္သူေတြအေနနဲ႔႕ေတာ့ ဘယ္ေလာက္ပဲ အခက္အခဲေတြ ရိွပါေစ။ က်ေနာ္တုိ႔ ေမွ်ာ္လင့္ခ်က္ပန္းတိုင္ကို ေရာက္ဖို႔ကိုေတာ့ ဒီေတာ္လွန္ေရးႀကီးကို ခ်ီတက္ေနမွာျဖစ္တယ္။ လက္ရိွတိုင္းျပည္မွာ ျဖစ္ေနတဲ့ ဒုကၡသုတ္ခမ်ဳိးစံုရဲ ႔ တစ္ခုတည္းေသာ တရားခံသည္ သမိုင္းတရားခံကေတာ့ စစ္အာဏာသိမ္းမႈ၊ စစ္အာဏာရွင္အုပ္စုပဲ ျဖစ္တယ္လို႔ပဲ ေျပာလိုပါတယ္။

ကိုရန္ႏုိင္ ။ ။ ဟုတ္ကဲ့ပါ ကိုေတဇာဆန္း ေက်းဇူးပါပဲ။

ေတဇာဆန္း။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။


==Unicode ==

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်ပြောင်းလဲလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဟာ စစ်အာဏာသိမ်းမှုကြောင့် နောက်ပြန်ဆုတ်ကုန်တယ်၊ ပြည်သူတွေဘက်က ရွေးချယ်စရာမရှိပဲ ဆက်ပြီးတော်လှန်သွားမှာ ဖြစ်တယ်လို့ မန္တလေးက နွေဦးတော်လှန်ရေး ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။ ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုတေဇာဆန်း။ အခုဆိုရင် စစ်တပ်က အာဏာသိမ်းခဲ့တာ (၈) လ ကျော်လာခဲ့ပြီ။ ဒါပေမဲ့ စစ်တပ်က ဒီလိုအာဏာသိမ်းတဲ့အပေါ် လူထုကလည်း ဆန့်ကျင်တော်လှန်မှုတွေ၊ လူထုလှုပ်ရှားမှုတွေက ဆက်ပြီးတော့ ရှိနေတုန်းပဲ။ ပုံစံတွေပြောင်းလာတယ်ဆိုပေမယ့် လူထုရဲ့ ဆန့်ကျင်မှုတွေက ဆက်ပြီးတော့ ရှိနေတယ်။ ဆိုတော့ ပထမဦးဆုံးအနေနဲ့ သိချင်တာက အခုလက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ကိုတေဇာဆန်းရဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ ။ ။ မင်္ဂလာပါ။ ဒီနေ့ဆိုရင် အချိန်ကာလအားဖြင့် ရှစ်လတောင် ကြာခဲ့ပြီ။ ကျနော်တို့လူထုက တစ်နေ့တစ်ရက် တစ်နာရီမှ ငြိမ်သက်သွားတာမျိုး၊ သွေးအေးသွားတာမျိုး စစ်အာဏာရှင်ကိုရော၊ အာဏာသိမ်းမှုကိုရော လုံးဝလက်မခံဘဲ၊ အာဏာရှင်စနစ်အောက်မှာ အသားကျသွားမှာမဟုတ်ဘူးဆိုတာ -- တော်လှန်ရေးကာလ ဖြစ်လာကာစ အကောင်းဆုံးသက်သေတည်နေပြီလို့ ပြောလိုပါတယ်။ ကျနော်တို့ တော်လှန်ရေးတိုက်ပွဲနည်းနာ ပုံစံမျိုးစုံနဲ့ ကျနော်တို့ မျှော်ရည်တဲ့ပန်းတိုင်ကို မရောက်မချင်း၊ ဆက်ပြီးတော့ ချီတက်သွားကြမယ်ဆိုတာ အင်မတန်သေချာနေပြီ ဖြစ်ပါတယ်။

မေး ။ ။ လမ်းပေါ်ထွက် ဆန္ဒပြနေတာတွေဟာ အရင်လိုမျိုးတော့ အုံနဲ့ကျင်းနဲ့ မဟုတ်တော့ဘဲ၊ နည်းသွားတယ်ဆိုပေမယ့် ရှိတော့ရှိနေတုန်းပဲ။ မန္တလေးအပါအဝင် တချို့မြို့တွေမှာဆိုရင် နေ့တိုင်းရှိနေတုန်းပဲ။ တဘက်မှာလဲ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့လူတွေကို ပိုပြီးတော့ ပြင်းပြင်းထန်ထန် နှိမ်နင်းလာတယ်။ စစ်ကောင်စီဘက်ကလဲ သူတို့ကို တတိုင်းပြည်လုံးက ဆန့်ကျင်နေတာ မဟုတ်ဘူး။ တချို့မြို့တွေမှာပဲ ဆန့်ကျင်နေတာဆိုပြီးတော့ ပြောတာတွေ ရှိနေတယ်။ ဆိုတော့ အခုနောက်ပိုင်း တော်လှန်ရေးအသွင် ပြောင်းလာတော့ ဆန္ဒပြသပိတ်တွေက အရင်လိုတော့ မဟုတ်တော့ဘူးဆိုတော့ ဒီဆန္ဒပြသပိတ်တွေ ဆက်ရှိနေဖို့ ဘယ်လောက်အထိ အရေးကြီးတယ်လို့ ဆိုမလဲ။

ဖြေ ။ ။ ကျနော် အမြဲတမ်းပြောပါတယ်။ ဒီနွေဦးတော်လှန်ရေးမှာ ဒီနေ့အချိန်မှာ တော်လှန်ရေးရဲ့ မဏ္ဍိုင်တွေ။ ကျနော်တို့မှာ အဓိကမဏ္ဍိုင်ကြီး (၅) ခုကို ကောက်ချက်ထားလို့ ရပါတယ်။ ပထမတစ်ခုကတော့ အခုအချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်နက်ကိုင် တိုက်ပွဲ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက လမ်းမထက်က သပိတ်တိုက်ပွဲ ဖြစ်ပါတယ်။ တတိယအနေနဲ့ CDM ရုံးမတက်ဘဲ ရုန်းထွက်ခဲ့တဲ့ CDM သူရဲကောင်းတွေရဲ့ CDM တိုက်ပွဲဖြစ်တယ်။ စတုတ္ထအနေနဲ့ကတော့ နိုင်ငံတကာမျက်နှာစာမှာ အမျိုးသားညီညွှတ်ရေးအစိုးရက တရားဝင်အစိုးရ ဖြစ်တယ်။ စစ်ကောင်စီက အကြမ်းဖက်အုပ်စု ဖြစ်တယ်ဆိုတဲ့ တရားဝင်မှုဆိုင်ရာ သံခင်းတမန်ခင်း တိုက်ပွဲ။ ပဉ္စမ - ငါးခုမြောက်အနေနဲ့ ကျနော်တို့ စစ်ကောင်စီကို အသိအမှတ်မပြဘူး၊ လက်မခံဘူး။ သူနဲ့ အဆက်အစပ် မလုပ်ဘူးဆိုတဲ့ “ဘူးသပိတ်တိုက်ပွဲ” ဖြစ်တယ်။ ကျနော်တို့က ဒီတော်လှန်ရေးရဲ့ ဒေါက်တိုင်ကြီး (၅) ခု အားကောင်းနေဖို့လိုတယ်။ ဟန်ချက်ညီနေဖို့လိုတယ်၊ သန်မာနေဖို့လိုတယ်။ ဒီမဏ္ဍိုင် (၅) ခုထဲက တစ်ခုခု အားနည်းသွားမယ်၊ ယိုင်းနည့်သွားမယ်ဆိုရင် ကျန်တဲ့ဟာတွေက ဒီအပေါ်မှာ အနုတ်လက္ခဏာဆောင်သွားမယ်။ ဒါကြောင့် ကျနော်တို့ အမြဲတမ်းပြောနေတာ တော်လှန်ရေးရဲ့ ဒေါက်တိုင်တွေအားလုံး တော်လှန်ရေးနည်းနာတွေအားလုံး အားကောင်းသန်မာနေဖို့ အင်မတန်အရေးကြီးတယ်လို့ ပထမဦးဆုံး ပြောလိုပါတယ်။

ဒုတိယတစ်ခုအနေနဲ့တော့ မှန်ပါတယ်။ ကျနော်တို့တွေ လမ်းမထက်က သပိတ်တိုက်ပွဲတွေဟာ ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီလတွေနဲ့ နှိုင်းယှဉ်ရင် လူထုပါဝင်မှုက လျော့ကျသွားတယ်။ ဒါကလဲ အဆန်းတကျယ်လဲ မဟုတ်ဘူး။ လူထုကို အပြစ်တင်စရာလဲ အကြောင်းမရှိဘူး။ စဉ်းစားကြည့်ရအောင် - လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိခဲ့ဘူး။ ဆိုင်းဘုတ်လေးတွေကိုင်၊ လော်စပီကာလေးတွေကိုင် လမ်းမထက်မှာ မိမိတို့အရေး ဆန္ဒတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြတယ်။ ရဟန်းရှင်လူထုကို သေနတ်အစစ်၊ ကျည်းအစစ်နဲ့ ရက်ရက်စစ်စက် ပစ်သတ်ခဲ့တာ။ အချိန်တိုင်း၊ နေတိုင်းလိုလို ပစ်ခံခဲ့ရတယ်။ ဖြိုခွဲခံခဲ့ရတယ်။ ဒီလိုအခြေအနေမှာတောင် ရှစ်လကြာခဲ့ပေမယ့် သပိတ်တိုက်ပွဲတွေ ရှိနေတယ်ဆိုတာ အင်မတန်ဂုဏ်ယူစရာ ကောင်းနေပါပြီ။ အင်မတန်အသိအမှတ်ပြုဖို့ ကောင်းပြီ။ ကျနော်ထင်တယ် ဒီလောက်ကြာ သပိတ်တိုက်ပွဲက ကမ္ဘာမှာတောင် အရှည်ကြာဆုံး သပိတ်တိုက်ပွဲ။ ဒီနေ့အချိန်အထိ ကျနော်တို့က သပိတ်တွေ ရှိနေသေးတယ်။ ပျောက်ကျားသပိတ်တွေ ရှိနေသေးတယ် တနိုင်ငံလုံးမှာ မြို့ကြီးတွေနဲ့ ကျေးလက်တွေမှာ။ အဲဒီတော့ ပြောချင်တာက လူထုပါဝင်မှု သပိတ်တွေ အားနည်းသွားတာ အကြမ်းဖက်စစ်ကောင်စီ၊ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှု ပစ်ခတ်မှုတွေကြောင့်သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ လပိုင်းလောက်က ကျနော် စစ်ကောင်စီအဖွဲ့ဝင်တစ်ယောက်ကို အင်တာဗျူးတဲ့အခါမှာတော့ သူက ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြလို့ ရတယ်လို့ ပြောတယ်။ ဆန္ဒပြတဲ့ သူတွေအနေနဲ့ အကြမ်းဖက်တာတွေ၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ မလုပ်ဘူးဆိုရင် စစ်ကောင်စီဘက်ကလည်း ဒီလိုမျိုး အကြမ်းဖက်အင်အားသုံး နှိမ်နင်းစရာ မလိုဘူးလို့ ပြောထားတာ ရှိပါတယ်။ ဆိုတော့ အဲဒီအပေါ် ကိုတေဇာဆန်းအနေနဲ့ ဘယ်လိုပြောချင်လဲ။

ဖြေ ။ ။ အင်မတန် မျက်နှာပြောင်တိုက်တဲ့ ဟာသစကားလို့ပဲ ပြောလိုပါတယ်။ တချို့ မန္တလေးမှာဆိုရင် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သံဃာသပိတ် အဖြိုခွင်းခံရပါတယ်။ သံဃာတော် တကယ့်ဘုရားသားတော် လယ်တီဆရာတော်တွေ ဦးဆောင်တဲ့ သံဃာတွေကို ရက်ရက်စက်စက် တန်းပြီးတော့ အရပ်ဝတ်တွေနဲ့ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်းမပါဘူး အရပ်ဝတ်တွေနဲ့ သေနတ်စစ်တွေနဲ့ တန်းပစ်တယ်။ ကားနဲ့ဝင်တိုက်တယ်။ ဆိုင်ကယ်နဲ့ ဝင်တိုက်တယ်။ ဒါက နမူနာတစ်ခုပဲကို ပြောတာ။ အဲဒါမျိုးတွေက မကြာခဏ ဖြစ်နေတယ်။ ကျနော်တို့ အခုနပြောသလို လက်နက်နဲ့ တူတာဆိုလို့ အပ်တိုတစ်ချောင်းတောင် မပါဘူး။ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံလေးတွေနဲ့ ချီတက်နေတဲ့ သပိတ်တိုက်ပွဲတွေ။ အကြမ်းဖက်ဖို့ နေနေသာသာ ကျနော်တို့က မိမိတို့ရဲ့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ တောင်းဆိုနေတဲ့ သပိတ်ပြည်သူတွေကို စစ်ကောင်စီက ရက်ရက်စက်စက် နေ့စဉ်နဲ့အမျှ အချိန်နဲ့အမျှ ဖြိုခွဲနေတယ်။ သတ်ဖြတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ တကယ် အခုနပြောခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်အနေနဲ့ မယုံဘူးဆိုရင် သူကိုယ်တိုင် အသွင်ယူပြီးတော့ ဒီနေ့ ရန်ကုန်မှာဖြစ်တယ်၊ မန္တလေးမှာဖြစ်တဲ့ သပိတ်စစ်ကြောင်းတစ်ခုခုမှာ လိုက်ကြည့်ပါလို့။ ဘယ်လိုကြုံရမလဲဆိုတာကို သူကိုယ်တိုင်ဖြစ်စေ၊ သူ့မိသားစုဝင်တွေကို ဖြစ်စေ လမ်းမထက်ကိုတက်ပြီးတော့ ကြည့်ရှုကြည့်ပါလို့ပဲ ပြောလိုပါတယ်။ စစ်ကောင်စီက စည်းမျဉ်းစည်းကမ်း ဘယ်ကျင့်ဝတ်ကိုမှ မလိုက်နာဘဲနဲ့ လမ်းမထက်က သပိတ်တွေကို ရက်ရက်စက်စက် နှိပ်စက်နေတယ်၊ ဖြိုခွင်းနေတယ်။ ပစ်ခတ်နေတယ်ဆိုတာကို သက်သေသာကာရတွေ၊ အထောက်အထားတွေ၊ မှတ်တမ်းမှတ်ရာတွေ အခိုင်အမာရှိပါတယ်လို့လည်း ပြောလိုပါတယ်။ သို့သော် ကျနော်သေချာတာကတော့ ကျနော်တို့ ပြည်သူတွေအထဲကတော့ ဘယ်လောက်ပဲ အဖမ်းအဆီးခံရပါစေ၊ စစ်ကောင်စီ ဘယ်လောက်ပဲ နှိပ်စက်ပါစေ။ ကျနော်တို့ရဲ့ တိုက်ပွဲနည်းနားတွေအားလုံးကို လက်တွန့်သွားမှာ မဟုတ်ဘူး။ နောက်ဆုတ်မသွားဘူး။ သွေးမအေးသွားဘူး။ သပိတ်တိုက်ပွဲက အရှိန်ဟုန်ကောင်းကောင်းနဲ့ ဆက်ရှိနေမှာ သေချာတယ်လို့ ပြောလိုပါတယ်။

အသံတိတ်သွားမှာ မဟုတ်ဘူး။ အလံလိပ်သွားမှာ မဟုတ်ပါဘူး။

မေး ။ ။ ဒီလိုမျိုး စစ်ကောင်စီဘက်က အကြမ်းဖက် နှိမ်နင်းတာတွေနဲ့ တဆက်တည်း နောက်တစ်ခု မေးချင်တာက အခုနောက်ပိုင်းဆိုရင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေက လူတွေကို ဖမ်းတယ်။ ပြီးရင် နောက်နေ့ကျရင် အလောင်းလာထုတ်ပါဆိုပြီး ပြောတာတွေ ရှိတယ်။ ဥပမာ တစ်ခုအနေနဲ့ဆိုရင် မန္တလေးက မြို့မတီးဝိုင်းက ကိုဖက်တီးဆိုလဲ ဖမ်းသွားပြီးတော့ သူတို့လက်ထက်မှာပဲ သေသွားတယ်။ နောက် ဒါမျိုးဖြစ်တာတွေက တော်တော်များများလည်း ရှိတယ်။ ဒီအပေါ်မှာ ကိုတေဇာဆန်းအနေနဲ့ ဘယ်လိုမှတ်ချက်ပေးလိုလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ မန္တလေးမှာဆိုရင်တောင် ဒီနေ့ဖမ်းသွားတယ်။ နောက်တစ်ရက်နှစ်ရက်အတွင်း အလောင်းလာယူပါဆိုပြီး ထုတ်ပေမယ့် အလောင်းမမြင်ရဘူး။ ဥပမာ ဦးဖက်တီးဆိုရင် ကျနော်တို့ အလောင်းတောင် မမြင်ခဲ့ရပါဘူး။ ဒီလိုမျိုးကိစ္စတွေက မန္တလေးအပါအဝင် တနိုင်ငံလုံးမှာ ဖြစ်နေတယ်။ မနက်ခင်းဖမ်းသွားတယ်။ ညနေကျတော့ သေသွားပြီ။ ဒီနေ့ည ဖမ်းသွားရင် နောက်နေ့မနက်မှာ ဆုံးသွားတယ်ဆိုတာတွေက အလောင်းတောင် တွေ့ခွင့်မရလိုက်ဘူး။ ဒါတွေသည် ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တဲ့၊ ဘယ်တော့မှ ပြီပျောက်သွားမှာ မဟုတ်တဲ့ သင်ပုန်းချေလို့ မရတဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်။ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်။ လူသားမျိုးနွယ် လူ့အခွင့်အရေးကို အင်မတန်မှ ချိုးဖောက်နေတဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ပြောလို့တယ်။ စစ်ကောင်စီသည် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ အကြမ်းဖက်အုပ်စု ဖြစ်တယ်ဆိုတာကိုလည်း သူ့ရဲ့လုပ်ရပ်တွေက အင်မတန်ထင်ရှားစွာ သက်သေပြနေတယ်လို့ပဲ ပြောလိုပါတယ်။

မေး ။ ။ အခုနောက်ပိုင်းမှာတော့ တနိုင်ငံလုံးလိုလိုမှာ လူထုက ခုခံစစ်တွေကို လုပ်လာကြတယ်ဆိုတော့ နေရာတော်တော်များများမှာ လူထုနဲ့ ထိပ်တိုက်တွေ့တာတွေ ရှိလာတယ်။ စစ်ကောင်စီအနေနဲ့ ဒီလိုမျိုး လူထုနဲ့ ထိပ်တိုက် နေရာတိုင်းလိုလိုမှာ ထိပ်တိုက်တွေ့ပြီးတော့ လူထုရဲ့ ခုခံစစ်တွေနဲ့ တွေ့လာနေတဲ့ အခြေအနေပေါ်မှာ ကိုတေဇာဆန်းအနေနဲ့ ဘယ်လိုမြင်မိသလဲ။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အင်မတန်လေးစားရတဲ့ စာရေးဆရာကြီး ဗန်မော်တင်အောင် ရေးခဲ့သလိုပေါ့ - ကျနော်တို့က ဓါးမိုးပြီးတော့ အုပ်ချုပ်နေတဲ့ အာဏာရှင်ကို ဓါးကိုင်ပြီးတော့ အန်တုပြီးတော့ ပြန်လည်ယှဉ်ပြိုင်ဖို့က ကျနော်တို့ရဲ့ သမိုင်းပေးတာဝန်ပဲ။ ကျနော်တို့ ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ တောက်လျှောက်ငြိမ်းချမ်းစွာပဲ လူဦးရေးသိန်းနဲ့သန်းနဲ့ လမ်းမထက်မှာ မိမိတို့ရဲ့ လိုအင်ဆန္ဒတွေကို တောင်းဆိုခဲ့တယ်။ သို့သော် ကျနော်တို့ ပြန်လည်ရရှိခဲ့တာက ကျည်းဆန်တွေပဲ။ သေနတ်တွေပဲ။ ကျနော်တို့ ပေးဆပ်ခဲ့တာ လူ့အသက်တွေပဲ။ ဒီဟာမှာ ကျနော်တို့အနေနဲ့ တရားမျှတတဲ့ ခုခံစစ်၊ ခုခံတော်လှန်စစ်ဆိုတာက မဖြစ်မနေ ရွေးချယ်ရမယ့် နည်းလမ်းတစ်ခု ဖြစ်လာတယ်။ တော်လှန်ရေးရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာတယ်။ ဒါကလဲ ကမ္ဘာပေးမှာ သီအိုရီတွေ ရှိတာပဲ။ တရားမျှတတဲ့စစ်၊ ခုခံစစ်ဆိုတာ ကမ္ဘာမှာလည်း သီအိုရီသဘောတရား ရှိပါတယ်။ ဒါကြောင့် ဒီနေ့ဒီအချိန်မှာ ကျနော်တို့က တရားမျှတတဲ့ ခုခံတော်လှန်စစ်ကို ပြည်သူတွေက မဖြစ်မနေ အခြေအနေအရပ်ရပ်ကသာ တွန်းပို့တဲ့ တော်လှန်သစ်ကို ရွေးချယ်ခဲ့ပြီး ဆောင်ရွက်နေတယ်လို့ပဲ ပြောလိုပါတယ်။

မေး ။ ။ နောက်ဆုံးတစ်ခု မေးချင်တာ ရှိပါတယ်။ ကျနော်တို့ အခုနပြောသလို အခုဆိုရင် စစ်တပ်အာဏာသိမ်းတာဟာ (၈) လ ရှိလာခဲ့ပြီ။ (၈) လ ကျော်လာခဲ့ပြီ။ ဆိုတော့ ဒီ (၈) လကျော်ကြာ ကာလမှာ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုတေဇာဆန်း ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့နိုင်ငံတကာ ၁၀-၁၁ နောက်ပိုင်းမှာက နိုင်ငံရေးစပြီးတော့ ဖြေလျှော့မှုတွေ စခဲ့တယ်။ နိုင်ငံရေးဖြေလျှော့မှုတွေနဲ့အတူ တစုံတရာ စီးပွားရေး၊ လူမှု့စီးပွားရေး တိုးတက်မှုတွေ များစွာရှိခဲ့ပါတယ်။ စီးပွားရေးဖြစ်ထွန်းတိုးတက်မှုတွေ၊ လူနေမှုတွေ အများကြီး ဆယ်စုနှစ်လောက်အတွင်း တိုးတက်ခဲ့ပါတယ်။ သို့သော် ဒါတွေအားလုံးကို ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုက အားလုံးကို နောက်ပြန်ဆုတ်စေတဲ့။ တနည်းပြောရင် လမ်းကိုချော်ထွက်သွားစေတဲ့ လုပ်ရပ်ကြီးလို့ပဲ ပြောလိုပါတယ်။ ဒီနေ့အခြေအနေမှာ မြန်မာကျပ်ငွေဈေးနှုန်းက အဆမတန် ထိုးကျသွားပြီး ကျနော်တို့နိုင်ငံရဲ့ လူမှုစီးပွားရေး အဆင့်တိုင်းမှာ များစွာနိမ့်ကျသွားပြီ. ကျနော်တို့ သိရတာက ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ၁၁ ရာခိုင်နှုန်းအထိ ဆုတ်ယုတ်သွားပြီလို့ သိရတယ်။ ပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင် စစ်အာဏာသိမ်းမှုကြောင့် ကျနော်တို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးတွေအားလုံး များစွာဆုတ်ယုတ်သွားပြီ။ အနောက်ကို များစွာဆုတ်သွားပြီလို့ ပြောလိုပါတယ်။ ဒါတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံကလည်း စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်တယ်။ စစ်အုပ်စုပဲ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိပါစေ။ ကျနော်တို့ မျှော်လင့်ချက်ပန်းတိုင်ကို ရောက်ဖို့ကိုတော့ ဒီတော်လှန်ရေးကြီးကို ချီတက်နေမှာဖြစ်တယ်။ လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ဒုက္ခသုတ်ခမျိုးစုံရဲ့ တစ်ခုတည်းသော တရားခံသည် သမိုင်းတရားခံကတော့ စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်အုပ်စုပဲ ဖြစ်တယ်လို့ပဲ ပြောလိုပါတယ်။

ကိုရန်နိုင် ။ ။ ဟုတ်ကဲ့ပါ ကိုတေဇာဆန်း ကျေးဇူးပါပဲ။

တေဇာဆန်း။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG