သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြည့်မြင်တိုင် ဆန္ဒပြပွဲ နှိမ်နင်းမှု အတွင်းရေးမှူးချုပ် အပြင်းထန်ဆုံး ရှုတ်ချ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (စက်တင်ဘာ ၂၀၊ ၂၀၂၁)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (စက်တင်ဘာ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင်း တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က ကားနဲ့ဝင်တိုက်ပြီးနောက် လက်နက်မဲ့ အရပ်သားတွေကို ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချလိုက်ပြီး ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုဟာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ချိုးဖောက်မှုဖြစ်သလို ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ ဆွေးနွေးကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်ကို ရှင်းရှင်းလင်းလင်း အာခံလိုက်တာဖြစ်တယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ဟာ လက်သင့်ခံနိုင်စရာ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ် Ramanathan Balakrishnan ကလည်း ပြောပါတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်ပြီး ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်၊ ဖိနှိပ်မှုတွေကို ရှောင်ကြဉ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂက ထပ်ပြီး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)





XS
SM
MD
LG