သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကားနဲ႔တိုက္လို႔ ဒဏ္ရာရသူ အမ်ိဳးသမီးသတင္းေထာက္ အေျခအေန စိုးရိမ္ရဆဲ


ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းမွာ စစ္ကားနဲ႔တိုက္ ၿဖဳိခြင္းခံရတဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရး ရန္ကုန္လူထု သပိတ္စစ္ေၾကာင္း။ (ဒီဇင္ဘာ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာ တနဂၤေႏြေန႔က ဆႏၵျပသူေတြကို စစ္ေကာင္စီက ကားနဲ႔ အတင္းဝင္တိုက္ ဖမ္းဆီးခဲ့စဥ္ ဦးေခါင္းမွာ ဒဏ္ရာရခဲ့တဲ့ အမ်ိဳးသမီးသတင္းေထာက္ရဲ႕ အေျခအေန စိုးရိမ္ရဆဲ ျဖစ္ပါတယ္။ ဦးေခါင္းဒဏ္ရာကို ခြဲစိတ္ကုသထားၿပီး မိသားစုေတြဘက္က ေတြ႔ခြင့္ရဖို႔ ႀကိဳးစားေနတယ္လို႔ ေရွ႕ေနက ေျပာပါတယ္။ ခါးေအာက္ပိုင္း ဒဏ္ရာရသြားတဲ့ ဓာတ္ပုံသတင္းေထာက္ဟာလည္း စစ္ေဆး႐ုံမွာ ကုသမႈ ခံယူေနရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို နန္းေလာဝ္ ေျပာျပပါမယ္။

ဒီဇင္ဘာ ၅ ရက္ တနဂၤေႏြေန႔က ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းမေပၚမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ခ်ီတက္ဆႏၵျပေနတဲ့ လူအုပ္ထဲ စစ္တပ္က ကားအရွိန္ျပင္းျပင္းနဲ႔ ဝင္တိုက္ဖမ္းဆီးစဥ္ Myanmar Pressphoto Agency (MPA) သတင္းဌာနက ႐ုပ္သံသတင္းေထာက္ျဖစ္တဲ့ မမွဴးရတနာခက္မို႔မို႔ထြန္း ဦးေခါင္းမွာ အျပင္းအထန္ ဒဏ္ရာရခဲ့သလို ဓာတ္ပံုသတင္းေထာက္ ကိုေကာင္းဆက္လင္းဟာလည္း ခါးေအာက္ပိုင္းဒဏ္ရာနဲ႔ ဖမ္းဆီးခံခဲ့ရပါတယ္။ မမွဴးရတနာခက္မို႔မို႔ထြန္းရဲ႕ အေျခအေန စိုးရိမ္ရဆဲျဖစ္တယ္လို႔ MPA သတင္းဌာန အယ္ဒီတာတဦးျဖစ္တဲ့ ကိုေဂ်ပိုင္က ဗြီအုိေအကုိ ေျပာပါတယ္။

“လက္ရွိကေတာ့ သူတို႔ ႏွစ္ေယာက္လံုးက စစ္ေဆး႐ုံအမွတ္ ၂ မွာ ေဆးကုသမႈ ခံယူေနတယ္။ ကုိေကာင္းဆက္လင္းက ခါးေအာက္ပိုင္းေပါ့ေနာ္၊ ေအာက္ပိုင္းေပါ့ေနာ္ ဒဏ္ရာရထားတယ္။ မမွဴးရတနာကေတာ့ က်ေနာ္တို႔ ေနာက္ဆုံးသိထားတာကေတာ့ စစ္ေဆး႐ုံမွာ ေဆးကုသေန စိုးရိမ္ရတယ္လို႔ သိထားတယ္ေပါ့ေနာ္၊ အဲ့ေလာက္ပဲ က်ေနာ္တို႔သိတယ္။”

မမွဴးရတနာခက္မို႔မို႔ထြန္း မနက္ကအထိ သတိမရေသးဘူးလို႔ စစ္ေဆး႐ံုကို ေရာက္ေနတဲ့ မိသားစုဝင္တေယာက္က သူ႔ရဲ႕ လူမႈကြန္ရက္ေပၚမွာ မနက္က ေရးသားထားပါတယ္။ ဆရာဝန္နဲ႔သာ စကားေျပာခြင့္ရၿပီး ကုသမႈ ခံယူေနရတယ္လို႔သာ သိရတယ္လို႔လည္း ေျပာထားပါတယ္။ စစ္ေဆး႐ံုမွာ ကုသမႈ ခံယူေနတဲ့ သတင္းေထာက္ ၂ ေယာက္လံုး မိသားစုနဲ႔ ေတြ႔ခြင့္ရဖုိ႔ ႀကိဳးစားေပးေနတယ္လို႔ သူတုိ႔ကို လိုက္ပါေဆာင္ရြက္ေပးေနတဲ့ သူတုိ႔ရဲ႕ အက်ဳိးေဆာင္ေရွ႕ေနကလည္း ဗီြအိုေအကို ေျပာပါတယ္။

“MPA နဲ႔ ႐ုပ္သံသတင္းေထာက္ မမွဴးရတနာကေတာ့ ဒီ ဦးေခါင္းမွာ အႀကီးစားဒဏ္ရာ ရရွိထားတာကို ခြဲစိတ္ၿပီးေတာ့ အခု ICU ထဲမွာေပါ့ေနာ္၊ ICU ထဲမွာလို႔ က်ေနာ္သိရတယ္။ ဒီေန႔ သူ႔မိသားစုေတြန႔ဲ အဆက္အသြယ္ရတဲ့အတြက္ မိသားစုေတြက အခု သူ႔ကို ကုသေပးေနတဲ့ အမွတ္ ၂ စစ္ေဆး႐ုံေပါ့၊ အမွတ္ ၂ စစ္ေဆး႐ုံကို သူတို႔ မမွဴးရတနာန႔ဲ ေတြ႔ခြင့္ရဖို႔ သြားၿပီး ေဆာင္ရြက္ေနၾကပါတယ္။ ဒါ လက္ရွိအေနအထားေပါ့။ ေနာက္ ဒီ MPA ကပဲ ကိုေကာင္းဆက္လင္းကေတာ့ အဲဒီ အမွတ္ ၂ စစ္ေဆး႐ုံမွာပဲ သူရရွိထားတ့ဲ ဒဏ္ရာေပါ့၊ ရရွိထားတယ္ဆုိတာ တင္ပါးဆုံ႐ုိးနဲ႔ ခါး႐ုိးထိထားတဲ့ ဒဏ္ရာအတြက္ လမ္းမေလွ်ာက္ႏိုင္လို႔ အဲ့ဒီမွာပဲ အမွတ္ ၂ စစ္ေဆး႐ုံမွာပဲ ဒီတပ္မေတာ္စစ္ေဆး႐ုံေပါ့၊ ကုတင္ ၅၀၀ ေပါ့၊ အဲ့ဒီမွာ ကုသမႈခံယူေနတယ္လို႔ က်ေနာ္သိထားပါတယ္။ ဒါလည္း သူ႔မိသားစုေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ က်ေနာ္ သက္ဆုိင္တဲ့ ဒီ ကိုေကာင္းဆက္လင္းနဲ႔ ေတြ႔ခြင့္ရဖို႔ ႀကိဳးစားေနဆဲ အေနအထားပဲ ျဖစ္ပါတယ္။”

စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့အေနနဲ႔ ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းမွာ တနဂၤေႏြေန႔က ဆႏၵျပသူေတြကို စစ္တပ္က Double Cap အမ်ဳိးအစား ကားႀကီးကို အ႐ွိန္ျပင္းျပင္း ေမာင္းႏွင္ အတင္းဝင္တုိက္ခဲ့တဲ့အျပင္ ပစ္ခတ္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ အခုလုိ အၾကမ္းဖက္ လူစုခဲြ ဖမ္းဆီးစဥ္ ၅ ဦး ေသဆံုးခဲ့ပံုရတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူေတြနဲ႔ မ်က္ျမင္ေတြက ဗြီအိုေအကို ျေပာျပပါတယ္။ ဒါေပမယ့္ ေသဆုံးသူ ဘယ္သူဘယ္ဝါဆိုတဲ့ အမည္ တစုံတရာ ထုတ္ျပန္ေျပာျခင္း မရွိပါဘူး။

စစ္ေကာင္စီ ထုတ္ျပန္ခ်က္မွာေတာ့ ခြင့္ျပဳခ်က္မဲ့ ဆႏၵျပသူေတြကို လူစုခြဲ ဖမ္းဆီးရာမွာ အမ်ဳိးသား ၈ ဦး၊ အမ်ဳိးသမီး ၃ ဦး ဖမ္းမိေၾကာင္းနဲ႔ အမ်ဳိးသမီးတဦးရဲ႕ ဒဏ္ရာ စိုးရိမ္ရေၾကာင္း ေျပာထားပါတယ္။ ေသဆံုးသူ ရွိ မရွိ တစံုတရာ ေျပာမထားပါဘူး။ စစ္ကားနဲ႔ အတင္းဝင္တိုက္ လူစုခဲြခဲ့ေၾကာင္းကိုလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပမထားသလို ဒဏ္ရာရသူေတြ ဘယ္လိုဒဏ္ရာရခဲ့သလဲ ဆိုတာလည္း ေျပာၾကားထားျခင္း မရွိပါဘူး။

ဆႏၵျပသူေတြအေပၚ စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းတာကို မေက်နပ္ေၾကာင္း ျပသတဲ့အေနနဲ႔ ရန္ကုန္ၿမိဳ႕ ရပ္ကြက္တခ်ဳိ႕မွာ တနဂၤေႏြေန႔ ညပိုင္းက သံပံုးတီး ဆန္႔က်င္ခဲ့ၾကပါတယ္။ ဒီေန႔ တနလၤာေန႔မွာလည္း ရန္ကုန္သပိတ္လူငယ္ေတြနဲ႔အတူ ရပ္တည္ေၾကာင္း ျပသတဲ့အေနနဲ႔ မႏၱေလး၊ ေရႊဘုိ၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ဖားကန္႔ စတဲ့ၿမိဳ႕ေတြမွာ စစ္အာဏာရွင္ ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။ စစ္ေကာင္စီကို ဆန္႔က်င္တဲ့ေနရာမွာ လူထုရဲ႕ မေက်နပ္သံေတြက က်ယ္က်ယ္ေလာင္ေလာင္ ေပၚထြက္ေနဖုိ႔ အေရးႀကီးတယ္လို႔ မႏၲေလး လူထုသပိတ္ ဦးေဆာင္သူတေယာက္က ခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔က ေျမျပင္၊ ေျမေအာက္၊ CDM၊ လူထုသပိတ္၊ ၿပီးေတာ့ ဘူးသပိတ္ေတြ စသျဖင့္ေပါ့၊ အဲ့လို လႈပ္ရွားမႈေတြ၊ ႏိုင္ငံတကာ သံခင္းတမံခင္း၊ မီဒီယာေတြ စသျဖင့္ ေထာင့္ေပါင္းစုံ ဘက္ေပါင္းစုံကေနၿပီးမွ လုပ္မွသာ ေအာင္ျမင္ႏိုင္မယ္။ တခ်ဳိ႕ကေတာ့ စိုးရိမ္စိတ္ေတြနဲ႔ေပါ့ေနာ္၊ ဒီအခ်ိန္ဟာ လက္နက္ကိုင္ၿပီးေတာ့ ေတာ္လွန္ရမယ့္အခ်ိန္ ျဖစ္ေနၿပီ၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈေတြကို ရပ္လိုက္ပါေတာ့၊ တခ်ဳိ႕က စိုးရိမ္စိတ္နဲ႔ေပါ့။ တခ်ဳိ႕က ဒါကို မျမင္လိုစိတ္နဲ႔ေပါ့။ အဓိက ဒီေန႔ဒီအခ်ိန္ထိ လူထုသပိတ္ေတြဟာ အင္မတန္ လုိအပ္ပါတယ္။ စစ္ေကာင္စီ အေၾကာက္ဆုံးသည္ လူထုေႂကြးေၾကာ္သံပါပဲ ခင္ဗ်။”

လူ႔အခြင့္အေရးကို ေတာင္းယူလို႔မရရင္ တိုက္ယူၾကမယ္ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ မႏၱေလးၿမိဳ႕မွာ ခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။ ဒီဇင္ဘာ ၁၀ ရက္ေန႔ က်ေရာက္မယ့္ ကမၻာ့လူ႔အခြင့္အေရးေန႔က်ရင္လည္း စစ္အာဏာရွင္ ဆန္႔က်င္ေရး Silent Strike Campaign နဲ႔ အနက္ေရာင္လႈပ္ရွားမႈကို လုပ္ၾကဖုိ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ တုိက္တြန္းႏႈိးေဆာ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

စစ်ကားနဲ့တိုက်လို့ ဒဏ်ရာရသူ အမျိုးသမီးသတင်းထောက် အခြေအနေ စိုးရိမ်ရဆဲ

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ တနင်္ဂနွေနေ့က ဆန္ဒပြသူတွေကို စစ်ကောင်စီက ကားနဲ့ အတင်းဝင်တိုက် ဖမ်းဆီးခဲ့စဉ် ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက်ရဲ့ အခြေအနေ စိုးရိမ်ရဆဲ ဖြစ်ပါတယ်။ ဦးခေါင်းဒဏ်ရာကို ခွဲစိတ်ကုသထားပြီး မိသားစုတွေဘက်က တွေ့ခွင့်ရဖို့ ကြိုးစားနေတယ်လို့ ရှေ့နေက ပြောပါတယ်။ ခါးအောက်ပိုင်း ဒဏ်ရာရသွားတဲ့ ဓာတ်ပုံသတင်းထောက်ဟာလည်း စစ်ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို နန်းလောဝ် ပြောပြပါမယ်။

ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြနေတဲ့ လူအုပ်ထဲ စစ်တပ်က ကားအရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ဖမ်းဆီးစဉ် Myanmar Pressphoto Agency (MPA) သတင်းဌာနက ရုပ်သံသတင်းထောက်ဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်း ဦးခေါင်းမှာ အပြင်းအထန် ဒဏ်ရာရခဲ့သလို ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာလည်း ခါးအောက်ပိုင်းဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ မမှူးရတနာခက်မို့မို့ထွန်းရဲ့ အခြေအနေ စိုးရိမ်ရဆဲဖြစ်တယ်လို့ MPA သတင်းဌာန အယ်ဒီတာတဦးဖြစ်တဲ့ ကိုဂျေပိုင်က ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိကတော့ သူတို့ နှစ်ယောက်လုံးက စစ်ဆေးရုံအမှတ် ၂ မှာ ဆေးကုသမှု ခံယူနေတယ်။ ကိုကောင်းဆက်လင်းက ခါးအောက်ပိုင်းပေါ့နော်၊ အောက်ပိုင်းပေါ့နော် ဒဏ်ရာရထားတယ်။ မမှူးရတနာကတော့ ကျနော်တို့ နောက်ဆုံးသိထားတာကတော့ စစ်ဆေးရုံမှာ ဆေးကုသနေ စိုးရိမ်ရတယ်လို့ သိထားတယ်ပေါ့နော်၊ အဲ့လောက်ပဲ ကျနော်တို့သိတယ်။”

မမှူးရတနာခက်မို့မို့ထွန်း မနက်ကအထိ သတိမရသေးဘူးလို့ စစ်ဆေးရုံကို ရောက်နေတဲ့ မိသားစုဝင်တယောက်က သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ မနက်က ရေးသားထားပါတယ်။ ဆရာဝန်နဲ့သာ စကားပြောခွင့်ရပြီး ကုသမှု ခံယူနေရတယ်လို့သာ သိရတယ်လို့လည်း ပြောထားပါတယ်။ စစ်ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ သတင်းထောက် ၂ ယောက်လုံး မိသားစုနဲ့ တွေ့ခွင့်ရဖို့ ကြိုးစားပေးနေတယ်လို့ သူတို့ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေကလည်း ဗွီအိုအေကို ပြောပါတယ်။

“MPA နဲ့ ရုပ်သံသတင်းထောက် မမှူးရတနာကတော့ ဒီ ဦးခေါင်းမှာ အကြီးစားဒဏ်ရာ ရရှိထားတာကို ခွဲစိတ်ပြီးတော့ အခု ICU ထဲမှာပေါ့နော်၊ ICU ထဲမှာလို့ ကျနော်သိရတယ်။ ဒီနေ့ သူ့မိသားစုတွေနဲ့ အဆက်အသွယ်ရတဲ့အတွက် မိသားစုတွေက အခု သူ့ကို ကုသပေးနေတဲ့ အမှတ် ၂ စစ်ဆေးရုံပေါ့၊ အမှတ် ၂ စစ်ဆေးရုံကို သူတို့ မမှူးရတနာနဲ့ တွေ့ခွင့်ရဖို့ သွားပြီး ဆောင်ရွက်နေကြပါတယ်။ ဒါ လက်ရှိအနေအထားပေါ့။ နောက် ဒီ MPA ကပဲ ကိုကောင်းဆက်လင်းကတော့ အဲဒီ အမှတ် ၂ စစ်ဆေးရုံမှာပဲ သူရရှိထားတဲ့ ဒဏ်ရာပေါ့၊ ရရှိထားတယ်ဆိုတာ တင်ပါးဆုံရိုးနဲ့ ခါးရိုးထိထားတဲ့ ဒဏ်ရာအတွက် လမ်းမလျှောက်နိုင်လို့ အဲ့ဒီမှာပဲ အမှတ် ၂ စစ်ဆေးရုံမှာပဲ ဒီတပ်မတော်စစ်ဆေးရုံပေါ့၊ ကုတင် ၅၀၀ ပေါ့၊ အဲ့ဒီမှာ ကုသမှုခံယူနေတယ်လို့ ကျနော်သိထားပါတယ်။ ဒါလည်း သူ့မိသားစုတွေနဲ့ ဆက်သွယ်ပြီးတော့ ကျနော် သက်ဆိုင်တဲ့ ဒီ ကိုကောင်းဆက်လင်းနဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေဆဲ အနေအထားပဲ ဖြစ်ပါတယ်။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူတွေကို စစ်တပ်က Double Cap အမျိုးအစား ကားကြီးကို အရှိန်ပြင်းပြင်း မောင်းနှင် အတင်းဝင်တိုက်ခဲ့တဲ့အပြင် ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခုလို အကြမ်းဖက် လူစုခွဲ ဖမ်းဆီးစဉ် ၅ ဦး သေဆုံးခဲ့ပုံရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေနဲ့ မျက်မြင်တွေက ဗွီအိုအေကို ြပောပြပါတယ်။ ဒါပေမယ့် သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတဲ့ အမည် တစုံတရာ ထုတ်ပြန်ပြောခြင်း မရှိပါဘူး။

စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ ခွင့်ပြုချက်မဲ့ ဆန္ဒပြသူတွေကို လူစုခွဲ ဖမ်းဆီးရာမှာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ဖမ်းမိကြောင်းနဲ့ အမျိုးသမီးတဦးရဲ့ ဒဏ်ရာ စိုးရိမ်ရကြောင်း ပြောထားပါတယ်။ သေဆုံးသူ ရှိ မရှိ တစုံတရာ ပြောမထားပါဘူး။ စစ်ကားနဲ့ အတင်းဝင်တိုက် လူစုခွဲခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြမထားသလို ဒဏ်ရာရသူတွေ ဘယ်လိုဒဏ်ရာရခဲ့သလဲ ဆိုတာလည်း ပြောကြားထားခြင်း မရှိပါဘူး။

ဆန္ဒပြသူတွေအပေါ် စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာကို မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ ရန်ကုန်မြို့ ရပ်ကွက်တချို့မှာ တနင်္ဂနွေနေ့ ညပိုင်းက သံပုံးတီး ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီနေ့ တနင်္လာနေ့မှာလည်း ရန်ကုန်သပိတ်လူငယ်တွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ မန္တလေး၊ ရွှေဘို၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဖားကန့် စတဲ့မြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တဲ့နေရာမှာ လူထုရဲ့ မကျေနပ်သံတွေက ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေဖို့ အရေးကြီးတယ်လို့ မန္တလေး လူထုသပိတ် ဦးဆောင်သူတယောက်က ခုလိုပြောပါတယ်။

“ကျနော်တို့က မြေပြင်၊ မြေအောက်၊ CDM၊ လူထုသပိတ်၊ ပြီးတော့ ဘူးသပိတ်တွေ စသဖြင့်ပေါ့၊ အဲ့လို လှုပ်ရှားမှုတွေ၊ နိုင်ငံတကာ သံခင်းတမံခင်း၊ မီဒီယာတွေ စသဖြင့် ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေပြီးမှ လုပ်မှသာ အောင်မြင်နိုင်မယ်။ တချို့ကတော့ စိုးရိမ်စိတ်တွေနဲ့ပေါ့နော်၊ ဒီအချိန်ဟာ လက်နက်ကိုင်ပြီးတော့ တော်လှန်ရမယ့်အချိန် ဖြစ်နေပြီ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ရပ်လိုက်ပါတော့၊ တချို့က စိုးရိမ်စိတ်နဲ့ပေါ့။ တချို့က ဒါကို မမြင်လိုစိတ်နဲ့ပေါ့။ အဓိက ဒီနေ့ဒီအချိန်ထိ လူထုသပိတ်တွေဟာ အင်မတန် လိုအပ်ပါတယ်။ စစ်ကောင်စီ အကြောက်ဆုံးသည် လူထုကြွေးကြော်သံပါပဲ ခင်ဗျ။”

လူ့အခွင့်အရေးကို တောင်းယူလို့မရရင် တိုက်ယူကြမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မန္တလေးမြို့မှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ဒီဇင်ဘာ ၁၀ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့လူ့အခွင့်အရေးနေ့ကျရင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး Silent Strike Campaign နဲ့ အနက်ရောင်လှုပ်ရှားမှုကို လုပ်ကြဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ တိုက်တွန်းနှိုးဆော်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG