သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြည့်မြင်တိုင်ဆန္ဒပြပွဲ လူသေဆုံးမှု စစ်ကောင်စီ ငြင်းဆို


စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်လူထု ဆန္ဒပြပွဲ။ (ဒီဇင်ဘာ ၅၊ ၂၀၂၁)
စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်လူထု ဆန္ဒပြပွဲ။ (ဒီဇင်ဘာ ၅၊ ၂၀၂၁)

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့တိုက် ဖြိုခွဲခဲ့မှုမှာ သေဆုံးမှုမရှိဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ သေဆုံးမှုရှိကြောင်း သတင်းထုတ်ထားပါတယ်။

ကြည့်မြင်တိုင်မြို့နယ်တွင်း ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့ မနက်က ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က လူစုခွဲတာမှာ ၁၁ ဦး ဖမ်းဆီးခဲ့ကြောင်း၊ ဒဏ်ရာရသူ ၃ ဦးရှိပြီး တဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာ ရထားကြောင်း၊ ဒဏ်ရာရသူတွေကို စစ်ဆေးရုံပို့ထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။ ဖမ်းဆီးထားသူတွေကို အမှုဖွင့် အရေးယူမယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။

လူ ၁၁ ဦး ဖမ်းဆီးခံရတယ်ဆိုတာကို NUG ဘက်ကလည်း ဖော်ပြထားပေမယ့် ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဖော်ပြမထားပါဘူး။

ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်တာကြောင့် ထိခိုက်သေဆုံးရတယ်ဆိုတဲ့ သတင်းတွေကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရား ဖမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးရေး၊ နောက် ပြည်သူတွေရဲ့ ဆန္ဒကို လေးစား တန်ဖိုးထားဖို့ စစ်အာဏာရှင်များကို တောင်းဆိုကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)






XS
SM
MD
LG