သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲတခ်ဳိ႕ ဆက္ရွိေနဆဲ


စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ကေလးၿမိဳ႕က ဆႏၵျပပြဲ။ (ႏုိဝင္ဘာ ၁၄၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

စစ္တပ္က အာဏာသိမ္းမႈ ၉ လေက်ာ္လာခ်ိန္မွာပဲ ရန္ကုန္၊ မႏၲေလးနဲ႔ တခ်ိဳ႕ၿမိဳ႕ေတြမွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပဲြေတြ ဒီေန႔ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။

မႏၲေလးၿမိဳ႕မွာေတာ့ မႏၲလာတကၠသိုလ္ေက်ာင္းသား ေက်ာင္းသူမ်ား စစ္ေၾကာင္း၊ စက္မႈစစ္ေၾကာင္း၊ ျမေတာင္စစ္ေၾကာင္းနဲ႔ အရမ္းညီတဲ့ ခ်မ္းစည္ စစ္ေၾကာင္းေတြ ေပါင္းၿပီး “ေတာ္လွန္ပုန္ကန္ CDM၊ စစ္အုပ္ခ်ဳပ္မႈ ဒို႔လက္မခံ” ဆိုတဲ့ စာတန္းေတြ ပိုစတာေတြ ကိုင္ေဆာင္ၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။

ရန္ကုန္ သဃၤန္းကၽြန္းၿမိဳ႕နယ္မွာ ဆိုရင္လည္း ေက်ာင္းသားလူငယ္တခ်ိဳ႕က စစ္ေကာင္စီလက္ေအာက္မွာ ေက်ာင္းမတက္ၾကဖို႔ ေတာင္းဆိုတဲ့အေနနဲ႔ ေက်ာင္းေတြမွာ စာတန္းေတြ ခ်ိတ္ဆဲြတာေတြ၊ ေဆးေတြနဲ႔ မႈတ္ၿပီးေတာ့ ေက်ာင္းမတက္ေရး လႈပ္ရွားမႈ ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ပန္းဆိုးတန္း ကုန္းေက်ာ္တံတားနဲ႔ မဂၤလာဒုံက လူကူးကုန္းေက်ာ္တံတားေတြမွာ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္တဲ့ ပိုစတာေတြကို ခ်ိတ္ဆဲြ ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာဆိုရင္လည္း ဆႏၵျပတဲ့သူေတြ ရာနဲ႔ခ်ီ ဆႏၵျပခဲ့ၾကၿပီး KIA နဲ႔ PDF ေတြကို ေထာက္ခံေၾကာင္း ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ကေလး၊ ေရႊဘုိ၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ၿမိဳင္ၿမိဳ႕နယ္ေတြမွာလည္း ေဒသခံေတြက စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္ေၾကာင္းနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို ေထာက္ခံေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------

(Unicode)

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတချို့ ဆက်ရှိနေဆဲ

စစ်တပ်က အာဏာသိမ်းမှု ၉ လကျော်လာချိန်မှာပဲ ရန်ကုန်၊ မန္တလေးနဲ့ တချို့မြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

မန္တလေးမြို့မှာတော့ မန္တလာတက္ကသိုလ်ကျောင်းသား ကျောင်းသူများ စစ်ကြောင်း၊ စက်မှုစစ်ကြောင်း၊ မြတောင်စစ်ကြောင်းနဲ့ အရမ်းညီတဲ့ ချမ်းစည် စစ်ကြောင်းတွေ ပေါင်းပြီး “တော်လှန်ပုန်ကန် CDM၊ စစ်အုပ်ချုပ်မှု ဒို့လက်မခံ” ဆိုတဲ့ စာတန်းတွေ ပိုစတာတွေ ကိုင်ဆောင်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုရင်လည်း ကျောင်းသားလူငယ်တချို့က စစ်ကောင်စီလက်အောက်မှာ ကျောင်းမတက်ကြဖို့ တောင်းဆိုတဲ့အနေနဲ့ ကျောင်းတွေမှာ စာတန်းတွေ ချိတ်ဆွဲတာတွေ၊ ဆေးတွေနဲ့ မှုတ်ပြီးတော့ ကျောင်းမတက်ရေး လှုပ်ရှားမှု ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ပန်းဆိုးတန်း ကုန်းကျော်တံတားနဲ့ မင်္ဂလာဒုံက လူကူးကုန်းကျော်တံတားတွေမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပိုစတာတွေကို ချိတ်ဆွဲ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့မှာဆိုရင်လည်း ဆန္ဒပြတဲ့သူတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပြီး KIA နဲ့ PDF တွေကို ထောက်ခံကြောင်း ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကလေး၊ ရွှေဘို၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မြိုင်မြို့နယ်တွေမှာလည်း ဒေသခံတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG