= = [[ Zawgyi ]] = =
စစ္ကိုင္းတိုင္း ယင္းမာပင္ စစ္ေကာင္စီနဲ႔ PDF တိုက္ပြဲဆက္
စစ္ကိုင္းတိုင္း ယင္းမာပင္အနီးတဝိုက္မွာ ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲျပင္းထန္ခဲ့ၿပီး၊ စစ္ေကာင္စီဖက္က ပစ္ခတ္တဲ့လက္နက္ႀကီးတခ်ိဳ႕ အနီးေက်း႐ြာေတြကို က်ေရာက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီေျပာခြင့္ရသူကေတာ့ တိုက္ပြဲျဖစ္ခဲ့တယ္ဆိုတာကို အတည္ျပဳေပမယ့္၊ စစ္တပ္ဖက္က အထိအခိုက္မရွိဘူးလို႔ ေျပာပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့သတင္းကို အလိမၼာေျပာျပပါမယ္။
မေန႔က ႏိုဝင္ဘာ ၉ ရက္ မနက္ပိုင္းကေန ညေနပိုင္းအထိ ယင္းမာပင္ၿမိဳ႕နယ္ ေကာင္းဆင္႐ြာနဲ႔ တယ္ပင္ကန္ေက်း႐ြာနားမွာ စစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြၾကား တိုက္ပြဲျဖစ္ပြားေနတာပါ။ တိုက္ပြဲေၾကာင့္ ေဒသခံေတြ အိုးစြန႔္ခြာ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။
အသက္ႀကီးပိုင္းနဲ႔ ေဒသခံတခ်ိဳ႕က ေက်း႐ြာအိမ္ထဲမွာပဲ ပုန္းေရွာင္ က်န္ရွိေနၾကပါတယ္။ မေန႔ညပိုင္းဖက္မွာ စစ္ေကာင္စီတပ္က ႐ြာျပင္ကေန လက္နက္ႀကီးနဲ႔ပစ္လို႔ ႐ြာထဲ က်န္တဲ့ေဒသခံေတြပါ ထပ္ေျပးၾကရတယ္လို႔ ထယ္ပင္ကန္႐ြာသားတဦးကေျပာပါတယ္။ လက္နက္ႀကီးသံေတြေၾကာင့္ လန႔္ၿပီး အသက္ ၈၀ အ႐ြယ္ အမ်ိဳးသမီးႀကီးတဦး ေသဆုံးသြားတယ္လို႔လည္းေျပာပါတယ္။
“အဲ့သူတို႔ ညထဲဝင္လာၿပီးေတာ့ တိန္း….ေဒါင္း….နဲ႔ ဘာလက္နက္လဲ ေသခ် ာမသိဘူးဗ်၊ ပိတ္ထုေနတဲ့ အခါက်ေတာ့ က်ေနာ္တို႔လည္း မေနရဲေတာ့ ေရွာင္ရင္းမတတ္ကေန ႐ြာအျပင္ဘက္မွာ အေမႀကီးတစ္ေယာက္က ေသဆုံးသြားတာဗ်၊ အဖိုးႀကီး အဖြားႀကီးေတြလည္း မက်န္ရဲပါဘူးဗ်၊ က်ေနာ္တို႔လည္း ေျပးရတာ။ ေျပးရတဲ့အခါက်ေတာ့ သူက လမ္းမွာေရာက္တဲ့အခါက်ေတာ့ သူတို႔ လက္နက္နဲ႔ ထုလိုက္တဲ့အခ်ိန္မွာ က်ေနာ္တို႔ မွန္လို႔ေတာ့ မဟုတ္ဘူးဗ် အဲ့ဒါကေတာ့ သူတို႔အဲ့အသံႀကီး ၾကားၿပီးေတာ့ လန႔္ၿပီးေတာ့ ေသသြားတာဗ် က်ေနာ္တို႔ကလည္း အဲ့လိုႀကီး ျဖစ္လိမ့္မယ္လို႔ မထင္ဘူး ေခၚၾကည့္ေတာ့ ေခၚမရေတာ့ဘူးဗ်ာ။”
ယင္းမာပင္ၿမိဳ႕နယ္အတြင္း မုံ႐ြာ-ယင္းမာပင္-ပုလဲ လမ္းမတစ္ေလွ်ာက္မွာ ယင္းမာပင္ PDF ၊ ဆားလင္းႀကီး PDF ၊ ပုလဲ PDF နဲ႔ ကနီ PDF တို႔ ပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲျဖစ္ပြားခဲ့တာပါ။ တိုက္ပြဲအတြင္း ေဒသခံ PDF ပူးေပါင္းအဖြဲ႕ဘက္က ၅ ဦးေလာက္ က်ဆုံးခဲ့ၿပီး စစ္ေကာင္စီဘက္က အမ်ားအျပား ထိခိုက္က်ဆုံးခဲ့တာလို႔ ယင္းမာပင္ PDF တာဝန္ရွိသူ တဦးက ေျပာပါတယ္။
“သူတို႔ကလည္း အက်ေတြမ်ားတယ္၊ အက်ေတြ မ်ားတယ္ဆိုတာ က်ေနာ္တို႔ ေထာင္ထားတဲ့ ကြန္ကရက္မိုင္းတုံးကို သူတို႔ ကပ္ၾကည့္တာ ခြဲခ်လိုက္ေတာ့ အဲ့မွာ သူတို႔ ေျချပတ္ လက္ျပတ္ေတြ ရွိတယ္၊ ေနာက္ၿပီးေတာ့ လဲသြားတဲ့ လူေတြရွိတယ္ အဲ့မွာ ၁၅ ေယာက္ေလာက္ရွိတယ္ အဲ့မွာ အဲ့မွာတင္ကိုက ဖိုလ္ဝင္းေတာင္နဲ႔ ေကာင္းဆင္႐ြာၾကားမွာေပါ့ေနာ္၊ အဲ့ေနာက္ၿပီးေတာ့ က်ေနာ္တို႔ဘက္ကလည္း ၅ ေယာက္ေလာက္က်တယ္၊ ၅ ေယာက္ထက္မနည္းေပါ့၊ က်ေနာ္တို႔လက္ရွိ ဆားလင္းႀကီး PDF အဖြဲ႕က ေပ်ာက္ေနတာ ၄ ေယာက္၊ ၃ ေလာင္းကေတာ့ ေတြ႕ထားတယ္ေပါ့ေနာ္၊ တစ္ေယာက္ေတာ့ ေပ်ာက္ေနတုန္း ရွာေနတုန္းေပါ့၊ ေနာက္ၿပီးေတာ့ ယင္းမာပင္ၿမိဳ႕နယ္ ေကာင္းဆင္႐ြာရဲ႕ အေရွ႕ဖက္မွာ ငါးကန္ေလးရွိတယ္ အဲ့ငါးကန္ေလးနားမွာ အေလာင္ း ၂ ေလာင္းလို႔ ေျပာတယ္။ အဲ့ဒါ ဘယ္သူဘယ္ဝါ ဆိုတာေတာ့ မကြဲရေသးဘူး။”
ယင္းမာပင္နယ္ အေရွ႕ဖက္ျခမ္းမွာ မေန႔က တိုက္ပြဲေတြရွိခဲ့ၿပီး၊ သူတို႔ဖက္ကေတာ့ အထိအခိုက္မရွိခဲ့ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို ေျပာပါတယ္။
“ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္၊ အဲ့မွာေတာ့ ေကာင္းဆင္႐ြာ နားေလးမွာလည္း ထပ္ၿပီးေတာ့ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့တာရွိပါတယ္၊ အဲ့ဒီမွာေတာ့ ဒီ က်ေနာ္တို႔ ဒီဘက္ကေတာ့ လုံၿခဳံေရးစစ္ေၾကာင္းေတြဘက္ကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈေတာ့ မရွိဘူး၊ ဟိုဘက္ကေနၿပီးေတာ့က က်ေနာ္တို႔က ဟိုဘက္ကေတာ့ က်ေနာ္တို႔ ေသဆုံးခဲ့တဲ့ လူရွိတယ္၊ ၿပီးရင္ က်ေနာ္တို႔ ဒီလက္လုပ္မိုင္းရယ္ တခ်ိဳ႕လက္နက္ေတြလည္း ဖမ္းဆီးရမိတာ ရွိပါတယ္ဗ်။”
အခု ႏိုဝင္ဘာလ၁၀ ရက္မနက္ပိုင္းမွာလည္း စစ္ကိုင္း ေခ်ာင္းဦးအဝင္မွာ မိုင္းေပါက္ကြဲမႈရွိခဲ့ၿပီး၊ စစ္တပ္ဖက္က အထိအခိုက္ရွိတယ္လို႔ ေဒသခံ PDF ေတြက ေျပာပါတယ္။ ဒါေပမယ့္ ဒါနဲ႔ပတ္သက္လို႔ေတာ့ သီးျခားအတည္ျပဳခ်က္မရသလို၊ စစ္ေကာင္စီဖက္ကလည္း တစုံတရာေျပာဆိုထုတ္ျပန္တာမရွိပါဘူး။
= = {{ Unicode }} = =
စစ်ကိုင်းတိုင်း ယင်းမာပင် စစ်ကောင်စီနဲ့ PDF တိုက်ပွဲဆက်
စစ်ကိုင်းတိုင်း ယင်းမာပင်အနီးတဝိုက်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဖက်က ပစ်ခတ်တဲ့လက်နက်ကြီးတချို့ အနီးကျေးရွာတွေကို ကျရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရသူကတော့ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုပေမယ့်၊ စစ်တပ်ဖက်က အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို အလိမ္မာပြောပြပါမယ်။
မနေ့က နိုဝင်ဘာ ၉ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ ယင်းမာပင်မြို့နယ် ကောင်းဆင်ရွာနဲ့ တယ်ပင်ကန်ကျေးရွာနားမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲကြောင့် ဒေသခံတွေ အိုးစွန့်ခွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။
အသက်ကြီးပိုင်းနဲ့ ဒေသခံတချို့က ကျေးရွာအိမ်ထဲမှာပဲ ပုန်းရှောင် ကျန်ရှိနေကြပါတယ်။ မနေ့ညပိုင်းဖက်မှာ စစ်ကောင်စီတပ်က ရွာပြင်ကနေ လက်နက်ကြီးနဲ့ပစ်လို့ ရွာထဲ ကျန်တဲ့ဒေသခံတွေပါ ထပ်ပြေးကြရတယ်လို့ ထယ်ပင်ကန်ရွာသားတဦးကပြောပါတယ်။ လက်နက်ကြီးသံတွေကြောင့် လန့်ပြီး အသက် ၈၀ အရွယ် အမျိုးသမီးကြီးတဦး သေဆုံးသွားတယ်လို့လည်းပြောပါတယ်။
“အဲ့သူတို့ ညထဲဝင်လာပြီးတော့ တိန်း….ဒေါင်း….နဲ့ ဘာလက်နက်လဲ သေချ ာမသိဘူးဗျ၊ ပိတ်ထုနေတဲ့ အခါကျတော့ ကျနော်တို့လည်း မနေရဲတော့ ရှောင်ရင်းမတတ်ကနေ ရွာအပြင်ဘက်မှာ အမေကြီးတစ်ယောက်က သေဆုံးသွားတာဗျ၊ အဖိုးကြီး အဖွားကြီးတွေလည်း မကျန်ရဲပါဘူးဗျ၊ ကျနော်တို့လည်း ပြေးရတာ။ ပြေးရတဲ့အခါကျတော့ သူက လမ်းမှာရောက်တဲ့အခါကျတော့ သူတို့ လက်နက်နဲ့ ထုလိုက်တဲ့အချိန်မှာ ကျနော်တို့ မှန်လို့တော့ မဟုတ်ဘူးဗျ အဲ့ဒါကတော့ သူတို့အဲ့အသံကြီး ကြားပြီးတော့ လန့်ပြီးတော့ သေသွားတာဗျ ကျနော်တို့ကလည်း အဲ့လိုကြီး ဖြစ်လိမ့်မယ်လို့ မထင်ဘူး ခေါ်ကြည့်တော့ ခေါ်မရတော့ဘူးဗျာ။”
ယင်းမာပင်မြို့နယ်အတွင်း မုံရွာ-ယင်းမာပင်-ပုလဲ လမ်းမတစ်လျှောက်မှာ ယင်းမာပင် PDF ၊ ဆားလင်းကြီး PDF ၊ ပုလဲ PDF နဲ့ ကနီ PDF တို့ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း ဒေသခံ PDF ပူးပေါင်းအဖွဲ့ဘက်က ၅ ဦးလောက် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်ကျဆုံးခဲ့တာလို့ ယင်းမာပင် PDF တာဝန်ရှိသူ တဦးက ပြောပါတယ်။
“သူတို့ကလည်း အကျတွေများတယ်၊ အကျတွေ များတယ်ဆိုတာ ကျနော်တို့ ထောင်ထားတဲ့ ကွန်ကရက်မိုင်းတုံးကို သူတို့ ကပ်ကြည့်တာ ခွဲချလိုက်တော့ အဲ့မှာ သူတို့ ခြေပြတ် လက်ပြတ်တွေ ရှိတယ်၊ နောက်ပြီးတော့ လဲသွားတဲ့ လူတွေရှိတယ် အဲ့မှာ ၁၅ ယောက်လောက်ရှိတယ် အဲ့မှာ အဲ့မှာတင်ကိုက ဖိုလ်ဝင်းတောင်နဲ့ ကောင်းဆင်ရွာကြားမှာပေါ့နော်၊ အဲ့နောက်ပြီးတော့ ကျနော်တို့ဘက်ကလည်း ၅ ယောက်လောက်ကျတယ်၊ ၅ ယောက်ထက်မနည်းပေါ့၊ ကျနော်တို့လက်ရှိ ဆားလင်းကြီး PDF အဖွဲ့က ပျောက်နေတာ ၄ ယောက်၊ ၃ လောင်းကတော့ တွေ့ထားတယ်ပေါ့နော်၊ တစ်ယောက်တော့ ပျောက်နေတုန်း ရှာနေတုန်းပေါ့၊ နောက်ပြီးတော့ ယင်းမာပင်မြို့နယ် ကောင်းဆင်ရွာရဲ့ အရှေ့ဖက်မှာ ငါးကန်လေးရှိတယ် အဲ့ငါးကန်လေးနားမှာ အလောင် း ၂ လောင်းလို့ ပြောတယ်။ အဲ့ဒါ ဘယ်သူဘယ်ဝါ ဆိုတာတော့ မကွဲရသေးဘူး။”
ယင်းမာပင်နယ် အရှေ့ဖက်ခြမ်းမှာ မနေ့က တိုက်ပွဲတွေရှိခဲ့ပြီး၊ သူတို့ဖက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။
“ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်၊ အဲ့မှာတော့ ကောင်းဆင်ရွာ နားလေးမှာလည်း ထပ်ပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်၊ အဲ့ဒီမှာတော့ ဒီ ကျနော်တို့ ဒီဘက်ကတော့ လုံခြုံရေးစစ်ကြောင်းတွေဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး၊ ဟိုဘက်ကနေပြီးတော့က ကျနော်တို့က ဟိုဘက်ကတော့ ကျနော်တို့ သေဆုံးခဲ့တဲ့ လူရှိတယ်၊ ပြီးရင် ကျနော်တို့ ဒီလက်လုပ်မိုင်းရယ် တချို့လက်နက်တွေလည်း ဖမ်းဆီးရမိတာ ရှိပါတယ်ဗျ။”
အခု နိုဝင်ဘာလ၁၀ ရက်မနက်ပိုင်းမှာလည်း စစ်ကိုင်း ချောင်းဦးအဝင်မှာ မိုင်းပေါက်ကွဲမှုရှိခဲ့ပြီး၊ စစ်တပ်ဖက်က အထိအခိုက်ရှိတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့တော့ သီးခြားအတည်ပြုချက်မရသလို၊ စစ်ကောင်စီဖက်ကလည်း တစုံတရာပြောဆိုထုတ်ပြန်တာမရှိပါဘူး။