သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းတြင္း ေက်း႐ြာတခ်ိဳ႕စစ္တပ္စီးနင္း၊ ထိခိုက္ေသဆုံးမႈရွိ


စစ္ကိုင္းတိုင္းအတြင္း အေျခအေန။

Zawgyi/Unicode

ေဒသခံေတြနဲ႔ စစ္ေကာင္စီအၾကား စစ္ေရးတင္းမာမႈေတြရွိေနတဲ့ စစ္ကိုင္းတိုင္းအတြင္းက ေက်း႐ြာတခ်ိဳ႕ကို ျမန္မာစစ္တပ္က ဝင္ေရာက္စီးနင္းတာေတြ ပစ္ခတ္တာေတြေၾကာင့္ ေသဆုံးထိခိုက္မႈရွိသလို ဖမ္းဆီးခံရမႈေတြလည္း ရွိေနပါတယ္။ ႏိုင္ငံတဝွမ္း အၾကမ္းဖက္တိုက္ခိုက္မႈေတြနဲ႔ ပစ္ခတ္ဖမ္းဆီးမႈေတြနဲ႔ပတ္သက္လို႔ ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။
စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ဆႏၵျပမႈေတြအၾကမ္းဖက္ႏွိမ္နင္းခံရတဲ့ေနာက္ လက္နက္ကိုင္ပုန္ကန္မႈေတြျဖစ္လာရာမွာ အရင္က အေတာ္ေလး တည္တည္ၿငိမ္ၿငိမ္ရွိခဲ့တဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းေဒသ ေက်း႐ြာတခ်ိဳ႕လည္း ပါဝင္လာပါတယ္။ ဆႏၵျပလူငယ္ေတြအမ်ားစုပါတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြဖြဲ႔ၿပီး စစ္ေကာင္စီတပ္ေတြကို တုံ႔ျပန္တိုက္ခိုက္တာမ်ိဳးေတြရွိလာပါတယ္။ အဲဒီေနာက္ပိုင္း အဲဒီေဒသေတြအတြင္း အင္တာနက္ျဖတ္ေတာက္တာေတြနဲ႔ စစ္ဆင္ေရးတခ်ိဳ႕ စစ္ေကာင္စီဘက္က လုပ္လာတာပါ။
စစ္ကိုင္းတိုင္း ကေလးၿမိဳ႕အနီးက သာစည္ေက်း႐ြာကို စက္တင္ဘာ ၂၆ ရက္ မေန႔ ညေနပိုင္းက စၿပီး စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ ပစ္ခတ္တာေတြေၾကာင့္ ႐ြာသားတဦး လက္နက္ႀကီးအစမွန္ၿပီး ေသဆုံးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ CDM ရဲဝန္ထမ္းတဦးနဲ႔ အမ်ိဳးသားတဦးတို႔ကိုလည္း ပစ္သတ္ၿပီး သခၤ်ဳိင္းမွာ ပစ္ထားခဲ့တယ္လို႔ ေဒသခံတဦးက VOA ကို ေျပာျပပါတယ္။
“ည ၈ နာရီေက်ာ္ ၉ နာရီေလာက္မွာ က်ေနာ္တို႔ကို တေယာက္က လွမ္းေျပာတယ္ ဗ်၊ သာစည္ရဲ႕ သခၤ်ဳိင္းကုန္းမွာေပါ့ေနာ္- သူတို႔ (စစ္ေကာင္စီတပ္) က ပစ္သတ္ထားခဲ့တာ ၂ ေယာက္ရွိတယ္တဲ့။ က်ေနာ္တို႔ ညတြင္းခ်င္းသြားၾကည့္ဖို႔က ႐ြာရဲ႕ အေျခအေနအရ ႐ုန္း႐ုန္း...႐ုန္း႐ုန္း ျဖစ္မွာစိုးလို႔ မနက္မွပဲၾကည့္မယ္ဆိုၿပီးေတာ့ သြားေတာ့ အဲ့မွာ သာစည္သခၤ်ဳိင္းမွာ ၂ ေလာင္းေတြ႔တာေပါ့။ ၿပီးေတာ့ သာစည္သခၤ်ဳိင္းကေန ေျမာက္အရပ္တည့္တည့္ တမိုင္ေလာက္အကြာ လယ္ကြင္းထဲမွာပဲ၊ အဲ့ဒါကလည္း သူက လက္နက္ႀကီးက အဆံမွန္တာေပါ့။ လက္နက္ႀကီးကြဲၿပီးေတာ့ ကြဲတဲ့ အဆံမွန္တာေပါ့။ အဲ့လို တေယာက္၊ ၃ ေယာက္ ေတြ႔တယ္ဗ်။ တေယာက္က ရဲ CDM ဆိုေတာ့၊ အဲ့တေယာက္ရယ္၊PDF တေယာက္ရယ္ဆိုေတာ့ သူတို႔ကို က်ေနာ္တို႔ မီးသၿဂိဳဟ္ၿပီးေတာ့ အ႐ိုးကို အုပ္ဂူေလးတည္ထားေပးတယ္ဗ်။”
သာစည္႐ြာက အိမ္ေျခ ၁,၀၀၀ ေက်ာ္ရွိတဲ့ ႐ြာႀကီးျဖစ္ၿပီး အခုလို စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္စီးနင္း ပစ္ခတ္မႈေတြေၾကာင့္ ႐ြာရဲ႕ အိမ္ေျခတဝက္ေလာက္က ႐ြာကေန ထြက္ေျပး တိမ္းေရွာင္ေနၾကတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
စစ္ကိုင္းတိုင္းထဲက ယင္းမာပင္ၿမိဳ႕နယ္ ကံစုေက်း႐ြာကိုလည္း မေန႔က စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ စီးနင္း ပစ္ခတ္တာေၾကာင့္ ႐ြာသား ၃ ဦး​ ေသဆုံးတယ္လို႔ေဒသခံတဦးက ေျပာပါတယ္။
“က်ေနာ္တို႔ ယင္းမာပင္ ကံစု႐ြာကို စစ္ေကာင္စီက ဝင္ေမြတယ္ေပါ့ဗ်ာ။ ေတာတိုက္ ထဲကို ဝင္ေမြတယ္။ ေတာတိုက္က လူေနအိမ္ေတြ မရွိဘူးေလ။ ေနာက္တခုက အမ်ိဳးသား ၃ ေယာက္ကို စစ္ေကာင္စီက ရက္ရက္စက္စက္ သတ္ျဖတ္သြားတယ္ေပါ့။ သတ္ခံရတဲ့သူေတြက စိုးႏိုင္လင္း ၂၇ ႏွစ္ေပါ့။အဲ့ဒီ ကိုစိုးႏိုင္လင္းမွာ အမ်ိဳးသမီးက ကိုယ္ဝန္ေဆာင္နဲ႔ က်န္ခဲ့တယ္ဗ်ာ။ ေနာက္တေယာက္က စိုးႏိုင္ထြန္း ၂၃ ႏွစ္၊ သူက မုံ႐ြာတကၠသိုလ္ သခ်ၤာေက်ာင္းသား ေနာက္ဆုံးႏွစ္။ ေနာက္တေယာက္ေတာ့ ဦးေက်ာ္၊ အသက္က ခန္႔မွန္းေျခ ၃၀ ေလာက္ပဲ။ သူတို႔ ၃ ဦးကို မေန႔က အၾကမ္းဖက္စစ္ေကာင္စီက ရက္ရက္စက္စက္ သတ္ျဖတ္သြားတယ္။ လက္ရွိမွာေတာ့ အၾကမ္းဖက္စစ္ေကာင္စီက ကံစု႐ြာထဲမွာ ဝင္ေမႊေနတယ္။ အဲ့ဒီမွာ စတည္း ခ်တယ္။ ယာယီ စခန္းေတြ ခ်ထားတယ္။”
ေနာက္ထပ္ စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕နဲ႔ ၈ မိုင္ေဝးတဲ့ ေၾကးမုံ႐ြာ ဆူးေလကုန္းရပ္ကြက္ကို ဒီကေန႔ စက္တင္ဘာ ၂၇ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ၿပီး ပစ္ခတ္လို႔ ႐ြာသားတဦးေသဆုံးၿပီး ဖမ္းဆီးခံရတာေတြ ရွိတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။
“ေဝလီေဝလင္းပဲ သူတို႔ ေသနတ္ေတြေဖာက္ၿပီးဝင္လာတယ္။ သူတို႔ဝင္လာတဲ့အခ်ိန္ နဲ႔ ေနာက္ပိုင္းမွာ ကေလးတေယာက္ကထြက္တဲ့အခ်ိန္နဲ႔ ထိပ္တိုက္ေတြ႔တယ္။ လမ္းဆုံမွာ တေယာက္နဲ႔တေယာက္ ေတြ႔လိုက္တဲ့အေနအထားနဲ႔ အဲ့ေကာင္ေလးက ပါလာတဲ့ တူမီးနဲ႔ပစ္တာေပါ့။ ေသလည္းေသေကာ ေနာက္ျပန္လွည့္တဲ့ 4 Wheel ကားက နင္းၿပီးထြက္သြားတာ။ ေသတဲ့အေလာင္းကို ကားနဲ႔နင္းၿပီးထြက္သြားတာ။ ၇ ေယာက္ေလာက္ရွိတယ္။ အျပင္ထြက္လို႔မို႔လို႔ ေတြ႔တဲ့သူ ၂ ေယာက္ရယ္၊ ေယာက္က်ားေလး ၂ ေယာက္က အျပင္ထြက္ရင္း ျပဳရင္းေတြ႔တဲ့သူဆြဲေခၚသြားတာ။ မိန္းကေလးေတြလား ေယာက္က်ားေလးေတြလားမသိဘူး။ ၅ ေယာက္ကေတာ့ မုန႔္ လုပ္တဲ့အိမ္မွာ ဖမ္းခံရတာ။ ဆိုင္ကယ္ေတြေကာ တင္သြားတယ္ၾကားတယ္။”
ေသဆုံးသြားတဲ့အမ်ိဳးသားနဲ႔ အျပန္အလွန္ပစ္ခတ္ခဲ့ၾကၿပီး ေသဆုံးသြားသူဟာ ေဒသခံ PDF အဖြဲ႔ဝင္လားဆိုတာကိုေတာ့ သီးျခား အတည္ျပဳခ်က္မရပါဘူး။ ေၾကးမုံ႐ြာနဲ႔ မုံေ႐ြး႐ြာဟာ ေဘးခ်င္းကပ္ျဖစ္ၿပီး ၿပီးခဲ့တဲ့လကလည္း မုံေ႐ြး႐ြာကို စစ္ေကာင္စီတပ္ေတြေရာက္လာၿပီး ေျခာက္လွန႔္ပစ္ခတ္တာေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ မုံေ႐ြး႐ြာဟာ အိမ္ေျခ ၁,၀၀၀ နီးပါးရွိၿပီးေတာ့ ေၾကးမုံ႐ြာကေတာ့ အိမ္ေျခ ၈၀၀ ဝန္းက်င္ရွိတဲ့ ႐ြာႀကီးျဖစ္ပါတယ္။
ႏိုင္ငံတဝန္းမွာ စစ္ေကာင္စီတပ္ေတြက ပစ္ခတ္ဖမ္းဆီးမႈေတြ ဆက္တိုက္လုပ္ေနေပမယ့္ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကလည္း ဆက္ရွိေနပါတယ္။ မႏၲေလး၊ ကေလး၊ ေရႊဘို၊ ဝက္လက္၊ လက္ပံေတာင္း စတဲ့ ေဒသေတြမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဒီကေန႔ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


---------

Unicode

စစ်ကိုင်းတိုင်းတွင်း ကျေးရွာတချို့စစ်တပ်စီးနင်း၊ ထိခိုက်သေဆုံးမှုရှိ

ဒေသခံတွေနဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတချို့ကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းတာတွေ ပစ်ခတ်တာတွေကြောင့် သေဆုံးထိခိုက်မှုရှိသလို ဖမ်းဆီးခံရမှုတွေလည်း ရှိနေပါတယ်။ နိုင်ငံတဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါမယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေအကြမ်းဖက်နှိမ်နင်းခံရတဲ့နောက် လက်နက်ကိုင်ပုန်ကန်မှုတွေဖြစ်လာရာမှာ အရင်က အတော်လေး တည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသ ကျေးရွာတချို့လည်း ပါဝင်လာပါတယ်။ ဆန္ဒပြလူငယ်တွေအများစုပါတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို တုံ့ပြန်တိုက်ခိုက်တာမျိုးတွေရှိလာပါတယ်။ အဲဒီနောက်ပိုင်း အဲဒီဒေသတွေအတွင်း အင်တာနက်ဖြတ်တောက်တာတွေနဲ့ စစ်ဆင်ရေးတချို့ စစ်ကောင်စီဘက်က လုပ်လာတာပါ။
စစ်ကိုင်းတိုင်း ကလေးမြို့အနီးက သာစည်ကျေးရွာကို စက်တင်ဘာ ၂၆ ရက် မနေ့ ညနေပိုင်းက စပြီး စစ်ကောင်စီတပ်တွေက ဝင်ရောက် ပစ်ခတ်တာတွေကြောင့် ရွာသားတဦး လက်နက်ကြီးအစမှန်ပြီး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ CDM ရဲဝန်ထမ်းတဦးနဲ့ အမျိုးသားတဦးတို့ကိုလည်း ပစ်သတ်ပြီး သင်္ချိုင်းမှာ ပစ်ထားခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပြပါတယ်။
“ည ၈ နာရီကျော် ၉ နာရီလောက်မှာ ကျနော်တို့ကို တယောက်က လှမ်းပြောတယ် ဗျ၊ သာစည်ရဲ့ သင်္ချိုင်းကုန်းမှာပေါ့နော်- သူတို့ (စစ်ကောင်စီတပ်) က ပစ်သတ်ထားခဲ့တာ ၂ ယောက်ရှိတယ်တဲ့။ ကျနော်တို့ ညတွင်းချင်းသွားကြည့်ဖို့က ရွာရဲ့ အခြေအနေအရ ရုန်းရုန်း...ရုန်းရုန်း ဖြစ်မှာစိုးလို့ မနက်မှပဲကြည့်မယ်ဆိုပြီးတော့ သွားတော့ အဲ့မှာ သာစည်သင်္ချိုင်းမှာ ၂ လောင်းတွေ့တာပေါ့။ ပြီးတော့ သာစည်သင်္ချိုင်းကနေ မြောက်အရပ်တည့်တည့် တမိုင်လောက်အကွာ လယ်ကွင်းထဲမှာပဲ၊ အဲ့ဒါကလည်း သူက လက်နက်ကြီးက အဆံမှန်တာပေါ့။ လက်နက်ကြီးကွဲပြီးတော့ ကွဲတဲ့ အဆံမှန်တာပေါ့။ အဲ့လို တယောက်၊ ၃ ယောက် တွေ့တယ်ဗျ။ တယောက်က ရဲ CDM ဆိုတော့၊ အဲ့တယောက်ရယ်၊PDF တယောက်ရယ်ဆိုတော့ သူတို့ကို ကျနော်တို့ မီးသဂြိုဟ်ပြီးတော့ အရိုးကို အုပ်ဂူလေးတည်ထားပေးတယ်ဗျ။”
သာစည်ရွာက အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး အခုလို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ပစ်ခတ်မှုတွေကြောင့် ရွာရဲ့ အိမ်ခြေတဝက်လောက်က ရွာကနေ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ် ကံစုကျေးရွာကိုလည်း မနေ့က စစ်ကောင်စီတပ်တွေက ဝင်ရောက် စီးနင်း ပစ်ခတ်တာကြောင့် ရွာသား ၃ ဦး သေဆုံးတယ်လို့ဒေသခံတဦးက ပြောပါတယ်။
“ကျနော်တို့ ယင်းမာပင် ကံစုရွာကို စစ်ကောင်စီက ဝင်မွေတယ်ပေါ့ဗျာ။ တောတိုက် ထဲကို ဝင်မွေတယ်။ တောတိုက်က လူနေအိမ်တွေ မရှိဘူးလေ။ နောက်တခုက အမျိုးသား ၃ ယောက်ကို စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်ပေါ့။ သတ်ခံရတဲ့သူတွေက စိုးနိုင်လင်း ၂၇ နှစ်ပေါ့။အဲ့ဒီ ကိုစိုးနိုင်လင်းမှာ အမျိုးသမီးက ကိုယ်ဝန်ဆောင်နဲ့ ကျန်ခဲ့တယ်ဗျာ။ နောက်တယောက်က စိုးနိုင်ထွန်း ၂၃ နှစ်၊ သူက မုံရွာတက္ကသိုလ် သင်္ချာကျောင်းသား နောက်ဆုံးနှစ်။ နောက်တယောက်တော့ ဦးကျော်၊ အသက်က ခန့်မှန်းခြေ ၃၀ လောက်ပဲ။ သူတို့ ၃ ဦးကို မနေ့က အကြမ်းဖက်စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်။ လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီက ကံစုရွာထဲမှာ ဝင်မွှေနေတယ်။ အဲ့ဒီမှာ စတည်း ချတယ်။ ယာယီ စခန်းတွေ ချထားတယ်။”
နောက်ထပ် စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ ၈ မိုင်ဝေးတဲ့ ကြေးမုံရွာ ဆူးလေကုန်းရပ်ကွက်ကို ဒီကနေ့ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပစ်ခတ်လို့ ရွာသားတဦးသေဆုံးပြီး ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။
“ဝေလီဝေလင်းပဲ သူတို့ သေနတ်တွေဖောက်ပြီးဝင်လာတယ်။ သူတို့ဝင်လာတဲ့အချိန် နဲ့ နောက်ပိုင်းမှာ ကလေးတယောက်ကထွက်တဲ့အချိန်နဲ့ ထိပ်တိုက်တွေ့တယ်။ လမ်းဆုံမှာ တယောက်နဲ့တယောက် တွေ့လိုက်တဲ့အနေအထားနဲ့ အဲ့ကောင်လေးက ပါလာတဲ့ တူမီးနဲ့ပစ်တာပေါ့။ သေလည်းသေကော နောက်ပြန်လှည့်တဲ့ 4 Wheel ကားက နင်းပြီးထွက်သွားတာ။ သေတဲ့အလောင်းကို ကားနဲ့နင်းပြီးထွက်သွားတာ။ ၇ ယောက်လောက်ရှိတယ်။ အပြင်ထွက်လို့မို့လို့ တွေ့တဲ့သူ ၂ ယောက်ရယ်၊ ယောက်ကျားလေး ၂ ယောက်က အပြင်ထွက်ရင်း ပြုရင်းတွေ့တဲ့သူဆွဲခေါ်သွားတာ။ မိန်းကလေးတွေလား ယောက်ကျားလေးတွေလားမသိဘူး။ ၅ ယောက်ကတော့ မုန့် လုပ်တဲ့အိမ်မှာ ဖမ်းခံရတာ။ ဆိုင်ကယ်တွေကော တင်သွားတယ်ကြားတယ်။”
သေဆုံးသွားတဲ့အမျိုးသားနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေဆုံးသွားသူဟာ ဒေသခံ PDF အဖွဲ့ဝင်လားဆိုတာကိုတော့ သီးခြား အတည်ပြုချက်မရပါဘူး။ ကြေးမုံရွာနဲ့ မုံရွေးရွာဟာ ဘေးချင်းကပ်ဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း မုံရွေးရွာကို စစ်ကောင်စီတပ်တွေရောက်လာပြီး ခြောက်လှန့်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ မုံရွေးရွာဟာ အိမ်ခြေ ၁,၀၀၀ နီးပါးရှိပြီးတော့ ကြေးမုံရွာကတော့ အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကလည်း ဆက်ရှိနေပါတယ်။ မန္တလေး၊ ကလေး၊ ရွှေဘို၊ ဝက်လက်၊ လက်ပံတောင်း စတဲ့ ဒေသတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #VOABurmese#စစ်ကိုင်း#သာစည်#ကြေးမုံရွာ#မုံရွေး#စစ်ကောင်စီ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG