သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယင္းမာပင္နယ္ထဲ စစ္ေကာင္စီယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရ


land mine

{Zawgyi/Unicode}

စစ္အင္အားေတြတိုးခ်ဲ႕ေနတဲ့ စစ္ကိုင္းတိုင္းထဲက ယင္းမာပင္နယ္ထဲမွာ ေဒသခံကာကြယ္ေရးတပ္ ဖြဲ႔ေတြက စစ္ယာဥ္တန္းတခ်ိဳ႕ကို မိုင္းဆြဲတိုက္ခိုက္ခဲ့ပါတယ္။ တိုက္ခိုက္မႈအတြင္း လုံၿခဳံေရးတပ္ဖြဲ႔ဝင္တခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ပါတယ္။ စစ္ကိုင္းတိုင္းထဲက အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္အင္အားေတြတိုးျမွင့္ေနတဲ့ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္အေရွ႕ဘက္ ဖိုဝင္ေတာင္လမ္းမွာ ဒီကေန႔ ေအာက္တိုဘာ ၁၁ ရက္ မနက္ပိုင္းက စစ္ေကာင္စီယာဥ္တန္းကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြက တိုက္ခိုက္ခဲ့ပါတယ္။ ဆိုင္ကယ္ေတြ ကားေတြနဲ႔ စစ္ယာဥ္တန္းကို မိုင္းခဲြတိုက္ခဲ့တဲ့အေၾကာင္း ယင္းမာပင္ PDF က တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“သူတို႔ဆိုင္ကယ္က အစီးေရ ၃၀ ေလာက္ရွိမယ္။ ကားအေသးက ၃ စီးေပါ့။ ကားအႀကီးက ၂ စီးေပါ့။ မံုရြာဘက္ကေန လာတဲ့ယာဥ္တန္းေပါ့။ ယင္းမာပင္ဘက္ကိုလာတာ။ ဖိုဝင္ေတာင္နား အေရာက္မွာ ယင္းမာပင္ PDF ကေန ၾကားျဖတ္ မိုင္းဆြဲတိုက္ခိုက္လိုက္တာေပါ့။ သူတို႔ဘက္ကဆိုင္ကယ္တို႔ ကားတို႔ေပါ့ေနာ္၊ သူတို႔စီးလာတဲ့ဟာေတြ ထိခိုက္မႈေတြရွိတယ္။ က်ေနာ္တို႔ခန္႔မွန္းတာကေတာ့ အတံုးအလဲေပါ့ဗ်ာ။ စစ္ေကာင္စီဘက္က ၃၀ ထက္မနည္း ထိခိုက္ဒဏ္ရာရ ေသဆံုးႏိုင္တယ္လို႔ ခန္႔မွန္းရတယ္။ တခ်ိန္တည္းမွာပဲ သူတို႔ဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ တရစပ္ပစ္ခတ္တာေတြ ရွိတယ္။ က်ေနာ္တို႔ ေဒသခံ PDF ကေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ ထိခိုက္ဒဏ္ရာရခဲ့တာမရွိဘဲ ျပန္ဆုတ္ႏိုင္ခဲ့တဲ့ အေျခအေနရွိပါတယ္။”

အခုလို ယင္းမာပင္မွာ စစ္ေကာင္စီယာဥ္တန္း မိုင္းခဲြတိုက္ခိုက္ခံရတာေၾကာင့္ မံုရြာၿမိဳ႕ကေန စစ္ကူထပ္လာတဲ့ ယာဥ္တန္းကိုလည္း ယင္းမာပင္မေရာက္ခင္ ပုလဲၿမိဳ႕ မင္းတိုင္ပင္ရြာအနီးမွာ ပုလဲ PDF က မိုင္းခဲြတိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဗီြအိုေအက ေမးျမန္းတာကို စစ္ေကာင္စီက ေျဖၾကားရာမွာေတာ့ ယင္းမပင္ မံု႐ြာ ကားလမ္းေတာင္ဘက္ကေန ေဒသႏၱရလက္လုပ္ဆဲြမိုင္း ၄ လံုးနဲ႔ တိုက္ခိုက္ခဲ့တဲ့အတြက္ ေမာ္ေတာ္ ယာဥ္အငယ္နည္းထိခိုက္ခဲ့ၿပီး လံုၿခံဳေရးတပ္ဖြဲ႔ဝင္အခ်ဳိ႕ ထိခိုက္ဒဏ္ရာရတယ္လို႔ ေျပာပါတယ္။ အဲဒီေနရာကို နယ္ေျမတည္ၿငိမ္ လံုၿခံဳေရးေဆာင္႐ြက္ေနတယ္လို႔လည္း စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

ခုလို စစ္ကိုင္းတိုင္းထဲက ယင္းမာပင္နဲ႔ ပုလဲၿမိဳ႕ဘက္မွာ စစ္ယာဥ္တန္းေတြအေပၚ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ တိုက္ခိုက္တာေတြ႐ွိခဲ့သလို စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕ ၾကည္ရြာနဲ႔ ပ်ံက်ရြာၾကားမွာလည္း စစ္ေကာင္စီယာဥ္တန္းကို မိုင္းခဲြခဲ့တယ္လို႔ ဒီပဲယင္း PDF ကေျပာပါတယ္။

“မိုင္းဆြဲခံရတာက ၾကည္ရြာနဲ႔ပ်ံက်ရြာၾကားမွာ။ ပ်ံက်ရြာကို သူတို႔လမ္းအတိုင္း မသြားရဲဘူး။ မသြားရဲေတာ့ လမ္းျဖတ္ကူးၿပီး လယ္ေတြထဲကသြားဖို႔ လမ္းအကူးမွာ မိတာ။ အဲ့ဒါေတာ့ သိပ္ၿပီး ထိခိုက္ဒဏ္ရာရမယ္ မထင္ဘူး။ က်ေနာ္တို႔အတည္မျပဳႏိုင္ဘူး။ မထိဖို႔မ်ားပါတယ္။ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ေဘးပတ္ဝန္းက်င္ကို ရမ္းသမ္းၿပီးပစ္တာေပါ့။”

ဒီပဲယင္းၿမိဳ႕နဲ႔ ၁၅ မိုင္အကြာက သစ္ရာအိုရဲစခန္းကို ဒီပဲယင္း PDF က မေန႔ ေအာက္တိုဘာ ၁၀ ရက္ ညပိုင္းမွာ မီးရိႈ႕ဖ်က္စီးခဲ့ပါတယ္။ သစ္ရာအုိ ရဲကင္းက ရဲတပ္ဖဲြ႔ဝင္ေတြကေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္းထဲက ဒီပဲယင္းၿမိဳ႕ေပၚကို ေခၚထားတဲ့အတြက္ အဲဒီရဲကင္းမွာ လူေတာ့ မ႐ွိပါဘူး။

ဒီပဲယင္းၿမိဳ႕နယ္ ၾကည္ရြာအနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF တို႔ ဇူလိုင္လ ၂ ရက္ေန႔ ကတည္းက တိုက္ပြဲေတြစတင္ျဖစ္ခဲ့ၿပီးစစ္ေကာင္စီဘက္ကလည္း က်ဆံုးမႈေတြရွိခဲ့သလို ဒီပဲယင္း PDF ဘက္ကလည္း ၁၅ ဦးထက္မနည္း ေသဆံုးခဲ့ပါတယ္။

စစ္ကိုင္းတိုင္းထဲက ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ စက္တင္ဘာလ အလယ္ေလာက္ကစၿပီး အခုအထိ မိုဘိုင္းအင္တာနက္ေတြနဲ႔ ဖုန္းလိုင္းေတြ ျပတ္ေတာက္ေနသလို စစ္တပ္ကလည္း အင္အားေတြလည္း တိုးျမွင့္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


------------

{Unicode}

ယင်းမာပင်နယ်ထဲ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ

စစ်အင်အားတွေတိုးချဲ့နေတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်နယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ် ဖွဲ့တွေက စစ်ယာဉ်တန်းတချို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်အင်အားတွေတိုးမြှင့်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ဘက် ဖိုဝင်တောင်လမ်းမှာ ဒီကနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့ စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခဲ့တဲ့အကြောင်း ယင်းမာပင် PDF က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“သူတို့ဆိုင်ကယ်က အစီးရေ ၃၀ လောက်ရှိမယ်။ ကားအသေးက ၃ စီးပေါ့။ ကားအကြီးက ၂ စီးပေါ့။ မုံရွာဘက်ကနေ လာတဲ့ယာဉ်တန်းပေါ့။ ယင်းမာပင်ဘက်ကိုလာတာ။ ဖိုဝင်တောင်နား အရောက်မှာ ယင်းမာပင် PDF ကနေ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်လိုက်တာပေါ့။ သူတို့ဘက်ကဆိုင်ကယ်တို့ ကားတို့ပေါ့နော်၊ သူတို့စီးလာတဲ့ဟာတွေ ထိခိုက်မှုတွေရှိတယ်။ ကျနော်တို့ခန့်မှန်းတာကတော့ အတုံးအလဲပေါ့ဗျာ။ စစ်ကောင်စီဘက်က ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရ သေဆုံးနိုင်တယ်လို့ ခန့်မှန်းရတယ်။ တချိန်တည်းမှာပဲ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်တာတွေ ရှိတယ်။ ကျနော်တို့ ဒေသခံ PDF ကတော့ အေးအေးချမ်းချမ်းနဲ့ ထိခိုက်ဒဏ်ရာရခဲ့တာမရှိဘဲ ပြန်ဆုတ်နိုင်ခဲ့တဲ့ အခြေအနေရှိပါတယ်။”

အခုလို ယင်းမာပင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် မုံရွာမြို့ကနေ စစ်ကူထပ်လာတဲ့ ယာဉ်တန်းကိုလည်း ယင်းမာပင်မရောက်ခင် ပုလဲမြို့ မင်းတိုင်ပင်ရွာအနီးမှာ ပုလဲ PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက မေးမြန်းတာကို စစ်ကောင်စီက ဖြေကြားရာမှာတော့ ယင်းမပင် မုံရွာ ကားလမ်းတောင်ဘက်ကနေ ဒေသန္တရလက်လုပ်ဆွဲမိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မော်တော် ယာဉ်အငယ်နည်းထိခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။ အဲဒီနေရာကို နယ်မြေတည်ငြိမ် လုံခြုံရေးဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ခုလို စစ်ကိုင်းတိုင်းထဲက ယင်းမာပင်နဲ့ ပုလဲမြို့ဘက်မှာ စစ်ယာဉ်တန်းတွေအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်တာတွေရှိခဲ့သလို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ကြည်ရွာနဲ့ ပျံကျရွာကြားမှာလည်း စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲခဲ့တယ်လို့ ဒီပဲယင်း PDF ကပြောပါတယ်။

“မိုင်းဆွဲခံရတာက ကြည်ရွာနဲ့ပျံကျရွာကြားမှာ။ ပျံကျရွာကို သူတို့လမ်းအတိုင်း မသွားရဲဘူး။ မသွားရဲတော့ လမ်းဖြတ်ကူးပြီး လယ်တွေထဲကသွားဖို့ လမ်းအကူးမှာ မိတာ။ အဲ့ဒါတော့ သိပ်ပြီး ထိခိုက်ဒဏ်ရာရမယ် မထင်ဘူး။ ကျနော်တို့အတည်မပြုနိုင်ဘူး။ မထိဖို့များပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပြီးပစ်တာပေါ့။”

ဒီပဲယင်းမြို့နဲ့ ၁၅ မိုင်အကွာက သစ်ရာအိုရဲစခန်းကို ဒီပဲယင်း PDF က မနေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ မီးရှို့ဖျက်စီးခဲ့ပါတယ်။ သစ်ရာအို ရဲကင်းက ရဲတပ်ဖွဲ့ဝင်တွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းထဲက ဒီပဲယင်းမြို့ပေါ်ကို ခေါ်ထားတဲ့အတွက် အဲဒီရဲကင်းမှာ လူတော့ မရှိပါဘူး။

ဒီပဲယင်းမြို့နယ် ကြည်ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တို့ ဇူလိုင်လ ၂ ရက်နေ့ ကတည်းက တိုက်ပွဲတွေစတင်ဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့သလို ဒီပဲယင်း PDF ဘက်ကလည်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့တော်တော်များများမှာ စက်တင်ဘာလ အလယ်လောက်ကစပြီး အခုအထိ မိုဘိုင်းအင်တာနက်တွေနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေသလို စစ်တပ်ကလည်း အင်အားတွေလည်း တိုးမြှင့်နေပါတယ်။

#MyanmarViolence #MyanmarMilitaryCoup #MyanmarMilitary #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG