{{Zawgyi/Unicode}}
ခ်င္းျပည္နယ္ထဲမွာ လက္နက္ႀကီး လက္နက္ငယ္ေတြက်တဲ့အတြက္ ထိခိုက္ခဲ့တဲ့ ဘာသာေရးအေဆာက္အဦး ၂၂ ခုထက္ မနည္းရွိတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖဲြ႔ေတြက ေျပာပါတယ္။ လက္နက္ကိုင္ ပဋိပကၡေတြၾကား ဘာသာေရးအေဆာက္အဦးေတြ၊ ဘုရားေက်ာင္းေတြကို ပစ္မွတ္ထား တိုက္ခိုက္တာေတြဟာ က်င့္ဝတ္နဲ႔ညီၫြတ္မႈ မရွိတဲ့အတြက္ ဒါေတြကို ေလးစားလိုက္နာဖို႔လိုေၾကာင္း ျမန္မာအရပ္ဘက္ အဖြဲ႔အစည္းေတြက တိုက္တြန္းထားပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
“စစ္ေကာင္စီကေတာ့ လက္နက္ႀကီးအသုံးျပဳတဲ့အခ်ိန္မွာ ျပည္သူေတြရဲ႕အိမ္လည္းမေ႐ြးဘူး၊ ဘုရားေက်ာင္းလည္းမေ႐ြး အကုန္ပစ္တာ။ .... ေမလတုန္းက မိုးၿဗဲတိုက္ပြဲမွာ ျဖစ္ၿပီးေတာ့ လူထုေတြကို သြပ္ႏွစ္ခ်ပ္၊ သုံးခ်ပ္နဲ႔ ျပန္အစားထိုးတဲ့ ဟာမ်ိဳးေတြကေတာ့ ဒါ လုံးဝလက္ခံႏိုင္စရာမရွိဘူး။ လူထုေတာင္းဆိုမႈက အေျခခံက်တဲ့ လူ႔အခြင့္အေရး၊ ဒီမိုကေရစီ၊ ဖက္ဒရယ္အေရး အဲဒါပါပဲ။” (ကယား ေဒသခံ)
စစ္ေကာင္စီတပ္ေတြနဲ႔ လက္နက္ကိုင္ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား တိုက္ပြဲ ျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္ထဲမွာ ဘာသာေရးဆိုင္ရာ အေဆာက္အဦး အမ်ားအျပား ပ်က္စီးေနရတယ္လို႔ ခ်င္းတိုင္းရင္းသား အရပ္ဘက္အဖြဲ႔ေတြက ေထာက္ျပ ေျပာေနၾကပါတယ္။ ၾသဂုတ္လကစလို႔ အခုအခ်ိန္ထိ ခ်င္းျပည္နယ္ထဲက ခရစ္ယာန္ဘုရားေက်ာင္း ၂၂ ခုထက္မနည္း ပ်က္စီးခဲ့တယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO ရဲ႕ ဒုတိယအမႈေဆာင္ဒါ႐ိုက္တာ ဆလိုင္းဇာအုပ္က ခုလို ေျပာျပပါတယ္။
“လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြရယ္၊ လက္နက္ငယ္ေတြနဲ႔ ေပါင္းလိုက္ရင္ ဘုရားေက်ာင္း ပ်က္စီးသြားတဲ့ဟာက (ခ်င္းျပည္နယ္မွာ) ၂၂ ခု ရွိသြားၿပီခင္ဗ်။ ဩဂုတ္လကေန။ လူေနအိမ္က ဩဂုတ္လကေန ေျပာမယ္ဆိုရင္ ၃၇၀- ၈၀ ေလာက္ ရွိသြားၿပီ။”
ကယားျပည္နယ္ထဲက အထင္ကရ ဘုရားေက်ာင္း ၇ ထိခိုက္ပ်က္စီးခဲ့ရတယ္လို႔ တိုးတက္ေသာ ကရင္နီျပည္သူ႔အင္အားစု အဖဲြ႔ကလည္း ဒီေန႔ ႏိုဝင္ဘာ ၁၂ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ပါတယ္။ ဖယ္ခံု၊ ဒီးေမာ့ဆို၊ ဖ႐ူဆို စတဲ့ၿမိဳ႕နယ္ေတြထဲကအပါအဝင္ ပ်က္စီးသြားတဲ့ဘုရားေက်ာင္းေတြရဲ႕ စာရင္းကို ထုတ္ျပန္ပါတယ္။ ဘုရားေက်ာင္းအမ်ားစုဟာ လက္နက္ႀကီးထိမွန္တာျဖစ္ၿပီး တခ်ိဳ႕ဘုရားေက်ာင္း ေတြဟာ ႏွစ္ႀကိမ္ တိုက္ခိုက္ခံခဲ့ရတယ္လို႔ ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ရဲ႕ တပ္ရင္း (၃) က ဗိုလ္ဟန္းေဂၚက ဗြီအိုေအကို ေျပာပါတယ္။
“၇ လံုးဆိုတာေတာင္ information အရေလာက္ပဲ။ တကယ့္ေျမျပင္မွာ information မရတဲ့ေနရာ အမ်ားႀကီးရွိတယ္။ ဘုရားေက်ာင္းကို အသုံးခ်ၿပီးေတာ့ လက္နက္ႀကီးနဲ႔ ပစ္တာေတြ၊ ဘုရားေက်ာင္းေပၚမွာ စစ္ေဘးေရွာင္ေတြ မေနရဲေလာက္ေအာင္ ၿခိမ္းေျခာက္တာေတြ အမ်ားႀကီးရွိတယ္။”
အရပ္သားေတြ ေနထိုင္ရာဘက္ကို စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ခုလို ဘာသာေရးအေဆာက္အဦးေတြ ထိမွန္တာျဖစ္တယ္လို႔ ေျပာပါတယ္။ ခုလို စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြ အျပန္အလွန္ တိုက္ခိုက္ေနၾကတဲ့ ေနရာမွာ ဘာသာေရး အေဆာက္အဦးေတြနဲ႔ စာသင္ေက်ာင္းေတြရွိတဲ့ ပတ္ဝန္းက်င္မွာ စစ္မ်က္ႏွာျပင္မျဖစ္ေအာင္ က်င့္ဝတ္ေတြကို ေစာင့္ထိန္းဖို႔၊ ေလးစားလိုက္နာဖို႔လိုတယ္လို႔ ကယားျပည္နယ္ ေဒသခံေတြက ေျပာပါတယ္။
“စစ္ေကာင္စီကေတာ့ လက္နက္ႀကီးအသုံးျပဳတဲ့အခ်ိန္မွာ ျပည္သူေတြရဲ႕အိမ္လည္းမေ႐ြးဘူး၊ ဘုရားေက်ာင္းလည္းမေ႐ြး အကုန္ပစ္တာ။ က်ေနာ္တို႔အေနနဲ႔ လုံးဝလက္မခံႏိုင္ဘူးေပါ့။ ေမလတုန္းက မိုးၿဗဲတိုက္ပြဲမွာ ျဖစ္ၿပီးေတာ့ လူထုေတြကို သြပ္ႏွစ္ခ်ပ္၊ သုံးခ်ပ္နဲ႔ ျပန္အစားထိုးတဲ့ ဟာမ်ိဳးေတြကေတာ့ ဒါ လုံးဝလက္ခံႏိုင္စရာမရွိဘူး။ လူထုေတာင္းဆိုမႈက အေျခခံက်တဲ့ လူ႔အခြင့္အေရး၊ ဒီမိုကေရစီ၊ ဖက္ဒရယ္အေရး အဲဒါပါပဲ။”
ႏိုဝင္ဘာ ၁၁ ရက္မွာလုပ္တဲ့ ကုလလုံၿခဳံေရးေကာင္စီ အစည္းအေဝးကေတာ့ ျမန္မာႏိုင္ငံမွာ အၾကမ္းတိုက္ခိုက္မႈေတြ ရပ္ဆိုင္းၾကဖို႔ တိုက္တြန္းထားပါတယ္။ အၾကမ္းဖက္မႈေတြ မေပၚေပါက္ေအာင္လည္း စစ္တပ္ဘက္က အတတ္ႏိုင္ဆုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ပါလို႔ လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ ၁၅ ႏိုင္ငံစလုံးက တိုက္တြန္းခဲ့ပါတယ္။
ျပည္တြင္း၊ ျပည္ပက အရပ္ဘက္နဲ႔ လူ႔အခြင့္အေရးအဖြဲ႔အစည္း ၅၀၀ ေက်ာ္ကလည္း လက္နက္ကိုင္ ပဋိပကၡေတြၾကား ဘာသာေရးအေဆာက္အဦးေတြ၊ ဘုရားေက်ာင္းေတြကို ပစ္မွတ္ထား တိုက္ခိုက္ တာေတြဟာ က်င့္ဝတ္နဲ႔ညီၫြတ္မႈ မရွိတဲ့အတြက္ ဒါေတြကို ေလးစားလိုက္နာဖို႔လိုေၾကာင္း ထုတ္ျပန္ထားပါတယ္။
ေအာက္တိုဘာလ ၂၉ ရက္တုန္းက ထန္တလန္ၿမိဳ႕ေပၚကို လက္နက္ႀကီးေတြ က်ေရာက္ခဲ့တဲ့အတြက္ လူေနအိမ္ ၁၀၀ ေက်ာ္နဲ႔ ဘုရားေက်ာင္း ၂ ခု မီးေလာင္ကြၽမ္းခဲ့ပါတယ္။ စစ္တပ္ေတြ တပ္စြဲထားတဲ့ဘက္ကလာတဲ့ လက္နက္ႀကီးေတြ က်ေရာက္ခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္ စီက ႏိုဝင္ဘာ ၁၁ ရက္ ထုတ္ျပန္ခ်က္မွာေတာ့ ထန္တလန္ၿမိဳ႕ေပၚက လူေနအိမ္နဲ႔ ဘာသာေရးအေဆာက္အဦေတြ မီးေလာင္ပ်က္စီးမႈဟာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ဩဇာခံျဖစ္တဲ့ ေဒသခံ PDF အၾကမ္းဖက္အဖြဲ႔ေတြရဲ႕ လုပ္ေဆာင္မႈေတြလို႔ ထုတ္ျပန္ခဲ့ပါတယ္။
============
{{Unicode}}
တိုက်ပွဲတွေကြောင့် ချင်းဘာသာရေးအဆောက်အဦး ၂၀ ထက်မနည်းပျက်စီး
ချင်းပြည်နယ်ထဲမှာ လက်နက်ကြီး လက်နက်ငယ်တွေကျတဲ့အတွက် ထိခိုက်ခဲ့တဲ့ ဘာသာရေးအဆောက်အဦး ၂၂ ခုထက် မနည်းရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ဘာသာရေးအဆောက်အဦးတွေ၊ ဘုရားကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေဟာ ကျင့်ဝတ်နဲ့ညီညွတ်မှု မရှိတဲ့အတွက် ဒါတွေကို လေးစားလိုက်နာဖို့လိုကြောင်း မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
“စစ်ကောင်စီကတော့ လက်နက်ကြီးအသုံးပြုတဲ့အချိန်မှာ ပြည်သူတွေရဲ့အိမ်လည်းမရွေးဘူး၊ ဘုရားကျောင်းလည်းမရွေး အကုန်ပစ်တာ။ .... မေလတုန်းက မိုးဗြဲတိုက်ပွဲမှာ ဖြစ်ပြီးတော့ လူထုတွေကို သွပ်နှစ်ချပ်၊ သုံးချပ်နဲ့ ပြန်အစားထိုးတဲ့ ဟာမျိုးတွေကတော့ ဒါ လုံးဝလက်ခံနိုင်စရာမရှိဘူး။ လူထုတောင်းဆိုမှုက အခြေခံကျတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်အရေး အဲဒါပါပဲ။” (ကယား ဒေသခံ)
စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်ထဲမှာ ဘာသာရေးဆိုင်ရာ အဆောက်အဦး အများအပြား ပျက်စီးနေရတယ်လို့ ချင်းတိုင်းရင်းသား အရပ်ဘက်အဖွဲ့တွေက ထောက်ပြ ပြောနေကြပါတယ်။ သြဂုတ်လကစလို့ အခုအချိန်ထိ ချင်းပြည်နယ်ထဲက ခရစ်ယာန်ဘုရားကျောင်း ၂၂ ခုထက်မနည်း ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ခုလို ပြောပြပါတယ်။
“လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရယ်၊ လက်နက်ငယ်တွေနဲ့ ပေါင်းလိုက်ရင် ဘုရားကျောင်း ပျက်စီးသွားတဲ့ဟာက (ချင်းပြည်နယ်မှာ) ၂၂ ခု ရှိသွားပြီခင်ဗျ။ ဩဂုတ်လကနေ။ လူနေအိမ်က ဩဂုတ်လကနေ ပြောမယ်ဆိုရင် ၃၇၀- ၈၀ လောက် ရှိသွားပြီ။”
ကယားပြည်နယ်ထဲက အထင်ကရ ဘုရားကျောင်း ၇ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု အဖွဲ့ကလည်း ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့မြို့နယ်တွေထဲကအပါအဝင် ပျက်စီးသွားတဲ့ဘုရားကျောင်းတွေရဲ့ စာရင်းကို ထုတ်ပြန်ပါတယ်။ ဘုရားကျောင်းအများစုဟာ လက်နက်ကြီးထိမှန်တာဖြစ်ပြီး တချို့ဘုရားကျောင်း တွေဟာ နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ရဲ့ တပ်ရင်း (၃) က ဗိုလ်ဟန်းဂေါ်က ဗွီအိုအေကို ပြောပါတယ်။
“၇ လုံးဆိုတာတောင် information အရလောက်ပဲ။ တကယ့်မြေပြင်မှာ information မရတဲ့နေရာ အများကြီးရှိတယ်။ ဘုရားကျောင်းကို အသုံးချပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ ဘုရားကျောင်းပေါ်မှာ စစ်ဘေးရှောင်တွေ မနေရဲလောက်အောင် ခြိမ်းခြောက်တာတွေ အများကြီးရှိတယ်။”
အရပ်သားတွေ နေထိုင်ရာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ခုလို ဘာသာရေးအဆောက်အဦးတွေ ထိမှန်တာဖြစ်တယ်လို့ ပြောပါတယ်။ ခုလို စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ နေရာမှာ ဘာသာရေး အဆောက်အဦးတွေနဲ့ စာသင်ကျောင်းတွေရှိတဲ့ ပတ်ဝန်းကျင်မှာ စစ်မျက်နှာပြင်မဖြစ်အောင် ကျင့်ဝတ်တွေကို စောင့်ထိန်းဖို့၊ လေးစားလိုက်နာဖို့လိုတယ်လို့ ကယားပြည်နယ် ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီကတော့ လက်နက်ကြီးအသုံးပြုတဲ့အချိန်မှာ ပြည်သူတွေရဲ့အိမ်လည်းမရွေးဘူး၊ ဘုရားကျောင်းလည်းမရွေး အကုန်ပစ်တာ။ ကျနော်တို့အနေနဲ့ လုံးဝလက်မခံနိုင်ဘူးပေါ့။ မေလတုန်းက မိုးဗြဲတိုက်ပွဲမှာ ဖြစ်ပြီးတော့ လူထုတွေကို သွပ်နှစ်ချပ်၊ သုံးချပ်နဲ့ ပြန်အစားထိုးတဲ့ ဟာမျိုးတွေကတော့ ဒါ လုံးဝလက်ခံနိုင်စရာမရှိဘူး။ လူထုတောင်းဆိုမှုက အခြေခံကျတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်အရေး အဲဒါပါပဲ။”
နိုဝင်ဘာ ၁၁ ရက်မှာလုပ်တဲ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကတော့ မြန်မာနိုင်ငံမှာ အကြမ်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းထားပါတယ်။ အကြမ်းဖက်မှုတွေ မပေါ်ပေါက်အောင်လည်း စစ်တပ်ဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပါလို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တိုက်တွန်းခဲ့ပါတယ်။
ပြည်တွင်း၊ ပြည်ပက အရပ်ဘက်နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း ၅၀၀ ကျော်ကလည်း လက်နက်ကိုင် ပဋိပက္ခတွေကြား ဘာသာရေးအဆောက်အဦးတွေ၊ ဘုရားကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက် တာတွေဟာ ကျင့်ဝတ်နဲ့ညီညွတ်မှု မရှိတဲ့အတွက် ဒါတွေကို လေးစားလိုက်နာဖို့လိုကြောင်း ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၉ ရက်တုန်းက ထန်တလန်မြို့ပေါ်ကို လက်နက်ကြီးတွေ ကျရောက်ခဲ့တဲ့အတွက် လူနေအိမ် ၁၀၀ ကျော်နဲ့ ဘုရားကျောင်း ၂ ခု မီးလောင်ကျွမ်းခဲ့ပါတယ်။ စစ်တပ်တွေ တပ်စွဲထားတဲ့ဘက်ကလာတဲ့ လက်နက်ကြီးတွေ ကျရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင် စီက နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာတော့ ထန်တလန်မြို့ပေါ်က လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦတွေ မီးလောင်ပျက်စီးမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဩဇာခံဖြစ်တဲ့ ဒေသခံ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေလို့ ထုတ်ပြန်ခဲ့ပါတယ်။
#ချင်းပြည်နယ် #ဘာသာရေးအဆောက်အဦး #ဘုရားကျောင်း #CHRO ဆလိုင်းဇာအုပ် #ချင်းလူ့အခွင့်အရေး #တိုက်ပွဲ
============