{{Zawgyi/Unicode}}
ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ႏိုဝင္ ဘာလ ၁၁ ရက္ေန႔မွာလည္း တိုက္ခိုက္တာရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ၁၀ ရက္ေန႔ကလည္း အဲဒီဘက္မွာ ႏွစ္ဘက္ၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ တႏွစ္ေက်ာ္ၾကာ တိုက္ပြဲေတြ ရပ္တန႔္ထားတဲ့ ရခိုင္ျပည္နယ္မွာ အခုလိုတိုက္ပြဲေတြ ျဖစ္လာတာေၾကာင့္ တိုက္ပြဲျဖစ္ေနတဲ့ ေနရာအနီးမွာ ရွိတဲ့ေက်း႐ြာသားေတြအေနနဲ႔ စိုးရိမ္ေနၾကတာပါ။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း မင္းခေမာင္းေက်း႐ြာအုပ္စုနဲ႔ ငါးရန႔္ေခ်ာင္း ေက်း႐ြာအုပ္စုအနီးမွာရွိတဲ့ ေတာင္တန္းေတြေပၚမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီတို႔ ႏိုဝင္ဘာ ၁၁ ရက္ မနက္ပိုင္းေလာက္က တိုက္ ပြဲျဖစ္ခဲ့ပါတယ္။ တိုက္ပြဲျဖစ္တဲ့ေနရာနဲ႔ အနီးမွာရွိတဲ့ မင္းခေမာင္းေဒသခံတဦးကေတာ့ လက္နက္ငယ္သံေတြ မိနစ္အနည္းငယ္ ၾကားလိုက္တယ္လို႔ ေျပာပါတယ္။
“ဒီေန႔ ၁၁ နာရီေလာက္မွာျဖစ္တာ ႀကီးႀကီးမားမားေတာ့မဟုတ္ဘူး။ ၁၅ မိနစ္ေလာက္ပဲျဖစ္တာ။ လက္နယ္ငယ္သံေတြေလာက္ပဲ ၾကားရတယ္။”
ဗုဒၶဟူးေန႔ကလည္း ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း ေဝလာေတာင္အနီးမွာရွိတဲ့ ရခိုင္လက္နက္ကိုင္ AA တပ္ဖြဲ႔ဝင္ေတြရွိတဲ့ ေနရာေတြကို တပ္မေတာ္ဘက္က ဝင္ေရာက္လာတာေၾကာင့္ တိုက္ပြဲျဖစ္ခဲ့ၿပီး ၾကားဝင္ညႇိႏႈိင္းတာေတြ ရွိေနေပမယ့္ႏွစ္ဘက္အဖြဲ႔ေတြၾကား စစ္ေရးတင္းမာေနတဲ့ အေနအထားမွာရွိတယ္လို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကို ေျပာထားပါတယ္။
စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ARSA အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ တိုက္ခိုက္ခဲ့တာလို႔ ဗြီအိုေအကိုေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလေ႐ြးေကာက္ပြဲ မတိုင္ခင္ကတည္းက စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား နားလည္မႈနဲ႔ အပစ္ရပ္ထားတာ တႏွစ္ေက်ာ္ရွိလာၿပီးတဲ့ေနာက္ မေန႔ကစၿပီး တိုက္ပြဲေတြ ျပန္ျဖစ္လာတာပါ။ အခုလို တိုက္ပြဲေတြ ျဖစ္လာတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ လက္ရွိ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာ အနီးမွာရွိတဲ့ မင္းခေမာင္းေဒသခံတဦးက ေျပာပါတယ္။
“က်ေနာ္တို႔က ဒီမွာေနတာ ႏွစ္ေပါင္း ၁၀ ေက်ာ္ရွိေနၿပီ။ ေသနတ္သံက တခါမွမၾကားဖူးဘူး။ အဲဒါေၾကာင့္ ႐ြာသားေတြက စိုးရိမ္တာေပါ့။”
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္းေလာက္ကစၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြ အႀကီးအက်ယ္ျဖစ္ခဲ့တာေၾကာင့္ ေဒသခံ ၂ သိန္းေက်ာ္ေလာက္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရသလို လက္ရွိအခ်ိန္ထိလည္း ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ေတြ တသိန္းနီးပါး ရွိေနပါေသးတယ္။
============
{{Unicode}}
မောင်တောမှာ စစ်တပ်နဲ့ AA ကြား ပစ်ခတ်မှုထပ်ဖြစ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နိုဝင် ဘာလ ၁၁ ရက်နေ့မှာလည်း တိုက်ခိုက်တာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၁၀ ရက်နေ့ကလည်း အဲဒီဘက်မှာ နှစ်ဘက်ကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တနှစ်ကျော်ကြာ တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ ရခိုင်ပြည်နယ် မှာ အခုလိုတိုက်ပွဲတွေ ဖြစ်လာတာကြောင့် တိုက်ပွဲဖြစ်နေတဲ့ နေရာအနီးမှာ ရှိတဲ့ကျေးရွာသားတွေအနေနဲ့ စိုးရိမ်နေကြတာပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းကျေးရွာအုပ်စုနဲ့ ငါးရန့်ချောင်း ကျေးရွာအုပ်စုအနီးမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းလောက်က တိုက် ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနီးမှာရှိတဲ့ မင်းခမောင်းဒေသခံတဦးကတော့ လက်နက်ငယ်သံတွေ မိနစ်အနည်းငယ် ကြားလိုက်တယ်လို့ ပြောပါတယ်။
“ဒီနေ့ ၁၁ နာရီလောက်မှာဖြစ်တာ ကြီးကြီးမားမားတော့မဟုတ်ဘူး။ ၁၅ မိနစ်လောက်ပဲဖြစ်တာ။ လက်နယ်ငယ်သံတွေလောက်ပဲ ကြားရတယ်။”
ဗုဒ္ဓဟူးနေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်အနီးမှာရှိတဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို တပ်မတော်ဘက်က ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ကြားဝင်ညှိနှိုင်းတာတွေ ရှိနေပေမယ့်နှစ်ဘက်အဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ အနေအထားမှာရှိတယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ARSA အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဗွီအိုအေကိုပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ တနှစ်ကျော်ရှိလာပြီးတဲ့နောက် မနေ့ကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။ အခုလို တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ အနီးမှာရှိတဲ့ မင်းခမောင်းဒေသခံတဦးက ပြောပါတယ်။
“ကျနော်တို့က ဒီမှာနေတာ နှစ်ပေါင်း ၁၀ ကျော်ရှိနေပြီ။ သေနတ်သံက တခါမှမကြားဖူးဘူး။ အဲဒါကြောင့် ရွာသားတွေက စိုးရိမ်တာပေါ့။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တာကြောင့် ဒေသခံ ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို လက်ရှိအချိန်ထိလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေ တသိန်းနီးပါး ရှိနေပါသေးတယ်။
#Rakhine #AA #voaburmese #ရခိုင်လက်နက်ကိုင် #မောင်တော #ဗွီအိုအေမြန်မာပိုင်း
=========