သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကုိ တုိက္ဖုိ႔ ႐ုရွားသမၼတဆုံးျဖတ္ထားၿပီလုိ႔ ယုံၾကည္ေၾကာင္း သမၼတဘုိင္ဒင္ေျပာ 


Biden

႐ုရွားသမၼတ Vladimir Putin ဟာ ယူကရိန္းကုိ က်ဳးေက်ာ္တုိက္ခုိက္ဖုိ႔ ဆုံးျဖတ္ထားၿပီးျဖစ္တယ္လုိ႔ အေမရိကန္သမၼတ Joe Biden ကေျပာၾကားလုိက္ပါတယ္။ ယူကရိန္းကုိတုိက္ဖုိ႔ ဆုံးျဖတ္ထားၿပီးျဖစ္တယ္လုိ႔ သူ႔အေနနဲ႔ ယုံၾကည္ေၾကာင္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္မွာ ေသာၾကာေန႔က သမၼတဘုိင္ဒင္ ေျပာဆုိလုိက္တာပါ။

ယူကရိန္းကုိ တုိက္ဖုိ႔ ႐ုရွားသမၼတဆုံးျဖတ္ထားၿပီလုိ႔ ယုံၾကည္ေၾကာင္း သမၼတဘုိင္ဒင္ေျပာ

{{Zawgyi/Unicode}}

႐ုရွားသမၼတ Vladimir Putin ဟာ ယူကရိန္းကုိ က်ဳးေက်ာ္တုိက္ခုိက္ဖုိ႔ ဆုံးျဖတ္ထားၿပီးျဖစ္တယ္လုိ႔ အေမရိကန္သမၼတ Joe Biden ကေျပာၾကားလုိက္ပါတယ္။ ယူကရိန္းကုိတုိက္ဖုိ႔ ဆုံးျဖတ္ထားၿပီးျဖစ္တယ္လုိ႔ သူ႔အေနနဲ႔ ယုံၾကည္ေၾကာင္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္မွာ ေသာၾကာေန႔က သမၼတဘုိင္ဒင္ ေျပာဆုိလုိက္တာပါ။

စေနေန႔မွာ ႐ုရွားသမၼတကုိယ္တုိင္ ၾကီးၾကပ္မယ့္ မဟာဗ်ဳဟာေျမာက္ ႏ်ဴကလီးယား တပ္ဖဲြ႔ေတြရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြ စတင္မယ့္အေၾကာင္း ႐ုရွားစစ္တပ္ကလည္း ေသာၾကာေန႔မွာပဲ ေၾကညာထားပါတယ္။

သမၼတဘုိင္ဒင္ကေတာ့ ႐ုရွားသမၼတဟာ ႏ်ဴကလီးယားလက္နက္ေတြကုိသုံးဖုိ႔ အေလးအနက္ သေဘာထားလိမ့္မယ္လုိ႔ မထင္ေၾကာင္း ေျပာပါတယ္။ ယူကရိန္းအေရွ႕ပိုင္းက Donbas ေဒသက မူလတန္းေက်ာင္းကေလး မွာ ပစ္ခတ္မႈ ျဖစ္ပြါးတာဟာ ႐ုရွားေထာက္ခံပံ့ပိုးေနတဲ့ တိုက္ခိုက္ေရးသမားေတြ လုပ္ေဆာင္တာလို႔ သမၼတဘိုင္ဒန္က ေျပာေပမယ့္ ႐ုရွားကေတာ့ ဒါဟာ ယူကရိန္းဘက္က လုပ္ေဆာင္တာလို႔ တုံ႔ျပန္ပါတယ္။

Donbas ေဒသမွာ လူမ်ဳိးတုံး သတ္ျဖတ္မႈေတြ က်ဳးလြန္ေနတယ္ ဆုိတဲ့ ေျပာဆုိမႈေတြ၊ ႐ုရွားကုိ ယူကရိန္းက တုိက္ခုိက္တယ္ ဆုိတာေတြ အပါအဝင္ ႐ုရွားက မမွန္သတင္းေတြ ျဖန္႔ခ်ီဖုိ႔ ႀကိဳးစားတာေတြ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

ယူကရိန္းကို ဝင္က်ဴးေက်ာ္ဖို႔အတြက္ ႐ုရွားဟာ သူလုပ္ေဆာင္ေနက် အခုလို အလုပ္မ်ိဳးေတြ ပံုမွန္လုပ္ေလ့ရွိတယ္လို႔လည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။ ႐ုရွားအေနနဲ႔ ဒီလုိမမွန္မကန္ အေၾကာင္းျပခ်က္ေတြ သုံးလိမ့္မယ္ဆုိတာ အေမရိကန္အစုိးရက သီတင္းပတ္နဲ႔ခ်ီ သတိေပးထားၿပီး ျဖစ္ေၾကာင္းလည္း သမၼတဘုိင္ဒင္က ေျပာပါတယ္။ ဒါေပမဲ့လည္း ႐ုရွားအေနနဲ႔ စစ္ေရး အရွိန္ေလွ်ာ့ခ်ၿပီး သံတမန္ေရးနည္းလမ္းနဲ႔ ေျဖရွင္းဖို႔ ျဖစ္ႏိုင္ေျခ ရွိေနဆဲျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တင္းမာမႈေတြ ႀကီးထြားလာေနခ်ိန္မွာပဲ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken ဟာ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီး Sergey Lavrov ေရွ႕သီတင္းပတ္ ၾကာသပေတးေန႔မွာ လူကုိယ္တုိင္ေတြ႔ဆုံဖုိ႔လည္း စီစဥ္ထားပါတယ္။

....................................................

ယူကရိန်းကို တိုက်ဖို့ ရုရှားသမ္မတဆုံးဖြတ်ထားပြီလို့ ယုံကြည်ကြောင်း သမ္မတဘိုင်ဒင်ပြော

{{Zawgyi/Unicode}}

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။ ယူကရိန်းကိုတိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သောကြာနေ့က သမ္မတဘိုင်ဒင် ပြောဆိုလိုက်တာပါ။

စနေနေ့မှာ ရုရှားသမ္မတကိုယ်တိုင် ကြီးကြပ်မယ့် မဟာဗျုဟာမြောက် နျူကလီးယား တပ်ဖွဲ့တွေရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ စတင်မယ့်အကြောင်း ရုရှားစစ်တပ်ကလည်း သောကြာနေ့မှာပဲ ကြေညာထားပါတယ်။

သမ္မတဘိုင်ဒင်ကတော့ ရုရှားသမ္မတဟာ နျူကလီးယားလက်နက်တွေကိုသုံးဖို့ အလေးအနက် သဘောထားလိမ့်မယ်လို့ မထင်ကြောင်း ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသက မူလတန်းကျောင်းကလေး မှာ ပစ်ခတ်မှု ဖြစ်ပွါးတာဟာ ရုရှားထောက်ခံပံ့ပိုးနေတဲ့ တိုက်ခိုက်ရေးသမားတွေ လုပ်ဆောင်တာလို့ သမ္မတဘိုင်ဒန်က ပြောပေမယ့် ရုရှားကတော့ ဒါဟာ ယူကရိန်းဘက်က လုပ်ဆောင်တာလို့ တုံ့ပြန်ပါတယ်။

Donbas ဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ် ဆိုတဲ့ ပြောဆိုမှုတွေ၊ ရုရှားကို ယူကရိန်းက တိုက်ခိုက်တယ် ဆိုတာတွေ အပါအဝင် ရုရှားက မမှန်သတင်းတွေ ဖြန့်ချီဖို့ ကြိုးစားတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ယူကရိန်းကို ဝင်ကျူးကျော်ဖို့အတွက် ရုရှားဟာ သူလုပ်ဆောင်နေကျ အခုလို အလုပ်မျိုးတွေ ပုံမှန်လုပ်လေ့ရှိတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ရုရှားအနေနဲ့ ဒီလိုမမှန်မကန် အကြောင်းပြချက်တွေ သုံးလိမ့်မယ်ဆိုတာ အမေရိကန်အစိုးရက သီတင်းပတ်နဲ့ချီ သတိပေးထားပြီး ဖြစ်ကြောင်းလည်း သမ္မတဘိုင်ဒင်က ပြောပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ စစ်ရေး အရှိန်လျှော့ချပြီး သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောပါတယ်။

တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ရှေ့သီတင်းပတ် ကြာသပတေးနေ့မှာ လူကိုယ်တိုင်တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

XS
SM
MD
LG