သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေရးေလက်င္႔ဖို႔ ရုရွားတပ္မွဴးေတြ ဘဲလာရုစ္ ကိုေရာက္ရွိ


Ukraine crisis - Reuters video grab

ယူကရိန္းနယ္စပ္မွာ တင္းမာမႈေတြ ေပၚေပါက္ေနခ်ိန္ အင္အားျပတဲ့ အေနနဲ႔ ဘဲလာ႐ုစ္ႏိုင္ငံနဲ႔ ၁ဝ ရက္ၾကာ ပူးတဲြစစ္ေရး ေလ့က်င့္ေနတဲ့ ႐ုရွားတပ္ဖဲြ႕ဝင္ ၃ ေသာင္းကို ႀကီးၾကပ္ဖို႔ ႐ုရွားထိပ္တန္းတပ္မွဴးေတြ ဗုဒၶဟူးေန႔က အိမ္နီးခ်င္း ဘဲလာ႐ုစ္ကို ေရာက္လာပါတယ္။

စစ္ေရးေလက်င္႔ဖို႔ ရုရွားတပ္မွဴးေတြ ဘဲလာရုစ္ ကိုေရာက္ရွိ


{{Zawgyi/ Unicode}}
ယူကရိန္းနယ္စပ္မွာ တင္းမာမႈေတြ ေပၚေပါက္ေနခ်ိန္ အင္အားျပတဲ့ အေနနဲ႔ ဘဲလာ႐ုစ္ႏိုင္ငံနဲ႔ ၁ဝ ရက္ၾကာ ပူးတဲြစစ္ေရး ေလ့က်င့္ေနတဲ့ ႐ုရွားတပ္ဖဲြ႕ဝင္ ၃ ေသာင္းကို ႀကီးၾကပ္ဖို႔ ႐ုရွားထိပ္တန္းတပ္မွဴးေတြ ဗုဒၶဟူးေန႔က အိမ္နီးခ်င္း ဘဲလာ႐ုစ္ကို ေရာက္လာပါတယ္။

ၾကာသပေတးက စတင္တဲ့ ပူးတဲြစစ္ေရး ေလ့က်င့္မႈအတြက္ ႐ုရွားစစ္တပ္က ဗိုလ္ခ်ဳပ္ႀကီး Valery Gerasimo ဦးေဆာင္တဲ့ S-400 ေျမျပင္က ေဝဟင္ပစ္ မစ္ဇိုင္းဒုံး တပ္ရင္း ၂ ရင္းနဲ႔ တိုက္ေလယာဥ္ေတြ အမ်ားအျပားကိုလည္း ဘဲလာ႐ုစ္ႏိုင္ငံကို ေစလႊတ္ထားတာပါ။

ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္နဲ႔ ကီလိုမီတာ ၂၁ဝ ေလာက္သာ ကြာေဝးတဲ့ ဘဲလာ႐ုစ္ႏိုင္ငံမွာ ႐ုရွားကပူးတဲြ စစ္ေရးေလ့က်င့္ေနတာေၾကာင့္ ယူကရိန္းအတြက္ ေနာက္ထပ္ ၿခိမ္းေျခာက္မႈလည္း ျဖစ္ေနပါတယ္။ ယူကရိန္းအေရွ႕ပိုင္း နယ္စပ္မွာ တပ္အင္အား ၁ သိန္းေက်ာ္ ခ်ထားတဲ့ ႐ုရွားဟာ ပင္လယ္နက္မွာလည္း စစ္သေဘၤာေတြ ေစလႊတ္ထားတာပါ။

ဘဲလာ႐ုစ္နဲ႔ ႐ုရွားပူးတဲြစစ္ေရးေလ့က်င့္မႈေတြ စတင္တဲ့ ေန႔မွာပဲ ယူကရိန္းကလည္း မဟာမိတ္ အေနာက္ႏိုင္ငံေတြက ေပးအပ္ထားတဲ့ တင့္ကားဖ်က္ မစ္ဇိုင္းဒုံးေတြ၊ အေဝးထိန္း ေလယာဥ္ေတြ ပါဝင္တဲ့ ၁ဝ ရက္ၾကာ စစ္ေရးေလ့က်င့္တဲ့ အစီအစဥ္တခုကို ေၾကညာခဲ့ပါတယ္။

႐ုရွားသမၼတ ေျပာခြင့္ရ Dmitry Peskov ကေတာ့ ႐ုရွားနဲ႔ ဘဲလာ႐ုစ္ႏိုင္ငံေတြအတြက္ မၾကံဳဖူးေသးတဲ့ လုံျခံဳေရး ၿခိမ္းေျခာက္မႈ အႏၲရာယ္ရွိေနတာေၾကာင့္ ပူးတဲြစစ္ေရးေလ့က်င့္ရတာျဖစ္ေၾကာင္း ေျပာဆိုခဲ့တာပါ။

တခ်ိန္က ဆိုဗီယက္ ယူနီယံရဲ႕ တစိတ္တပိုင္း ျဖစ္ခဲ့တဲ့ ယူကရိန္းအေပၚ တိုက္ခိုက္ႏိုင္မယ့္ စစ္အင္အား ၇ဝ ရာခိုင္ႏႈန္းေလာက္ကို ႐ုရွားက အသင့္ျပင္ထားတယ္လို႔လည္း အေနာက္ႏိုင္ငံက ေထာက္လွမ္းေရး ကၽြမ္းက်င္သူေတြက ယူဆထားၾကပါတယ္။

႐ုရွားသမၼတ Vladimir Putin ကေတာ့ ယူကရိန္းအေပၚ က်ဳးေက်ာ္ဖို႔ ရည္ရြယ္မထားေၾကာင္း ေျပာဆိုထားၿပီး တခ်ိန္တည္းမွာပဲ ယူကရိန္းကို ေျမာက္အတၱလန္တိတ္စာခ်ဳပ္ (NATO) အဖဲြ႕မွာ လက္မခံဖို႔လည္း ေတာင္းဆိုထားပါတယ္။

...................................................

တိုက္႐ိုက္ လင့္ခ္

စစ်ရေးလေကျင့်ဖို့ ရုရှားတပ်မှူးတွေ ဘဲလာရုစ် ကိုရောက်ရှိ

{{Zawgyi/ Unicode}}
ယူကရိန်းနယ်စပ်မှာ တင်းမာမှုတွေ ပေါ်ပေါက်နေချိန် အင်အားပြတဲ့ အနေနဲ့ ဘဲလာရုစ်နိုင်ငံနဲ့ ၁ဝ ရက်ကြာ ပူးတွဲစစ်ရေး လေ့ကျင့်နေတဲ့ ရုရှားတပ်ဖွဲ့ဝင် ၃ သောင်းကို ကြီးကြပ်ဖို့ ရုရှားထိပ်တန်းတပ်မှူးတွေ ဗုဒ္ဓဟူးနေ့က အိမ်နီးချင်း ဘဲလာရုစ်ကို ရောက်လာပါတယ်။

ကြာသပတေးက စတင်တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွက် ရုရှားစစ်တပ်က ဗိုလ်ချုပ်ကြီး Valery Gerasimo ဦးဆောင်တဲ့ S-400 မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံး တပ်ရင်း ၂ ရင်းနဲ့ တိုက်လေယာဉ်တွေ အများအပြားကိုလည်း ဘဲလာရုစ်နိုင်ငံကို စေလွှတ်ထားတာပါ။

ယူကရိန်းနိုင်ငံ Kyiv မြို့တော်နဲ့ ကီလိုမီတာ ၂၁ဝ လောက်သာ ကွာဝေးတဲ့ ဘဲလာရုစ်နိုင်ငံမှာ ရုရှားကပူးတွဲ စစ်ရေးလေ့ကျင့်နေတာကြောင့် ယူကရိန်းအတွက် နောက်ထပ် ခြိမ်းခြောက်မှုလည်း ဖြစ်နေပါတယ်။ ယူကရိန်းအရှေ့ပိုင်း နယ်စပ်မှာ တပ်အင်အား ၁ သိန်းကျော် ချထားတဲ့ ရုရှားဟာ ပင်လယ်နက်မှာလည်း စစ်သင်္ဘောတွေ စေလွှတ်ထားတာပါ။

ဘဲလာရုစ်နဲ့ ရုရှားပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စတင်တဲ့ နေ့မှာပဲ ယူကရိန်းကလည်း မဟာမိတ် အနောက်နိုင်ငံတွေက ပေးအပ်ထားတဲ့ တင့်ကားဖျက် မစ်ဇိုင်းဒုံးတွေ၊ အဝေးထိန်း လေယာဉ်တွေ ပါဝင်တဲ့ ၁ဝ ရက်ကြာ စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ်တခုကို ကြေညာခဲ့ပါတယ်။

ရုရှားသမ္မတ ပြောခွင့်ရ Dmitry Peskov ကတော့ ရုရှားနဲ့ ဘဲလာရုစ်နိုင်ငံတွေအတွက် မကြုံဖူးသေးတဲ့ လုံခြုံရေး ခြိမ်းခြောက်မှု အန္တရာယ်ရှိနေတာကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်ရတာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

တချိန်က ဆိုဗီယက် ယူနီယံရဲ့ တစိတ်တပိုင်း ဖြစ်ခဲ့တဲ့ ယူကရိန်းအပေါ် တိုက်ခိုက်နိုင်မယ့် စစ်အင်အား ၇ဝ ရာခိုင်နှုန်းလောက်ကို ရုရှားက အသင့်ပြင်ထားတယ်လို့လည်း အနောက်နိုင်ငံက ထောက်လှမ်းရေး ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ ယူကရိန်းအပေါ် ကျုးကျော်ဖို့ ရည်ရွယ်မထားကြောင်း ပြောဆိုထားပြီး တချိန်တည်းမှာပဲ ယူကရိန်းကို မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့မှာ လက်မခံဖို့လည်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG