သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားစစ္တပ္ တိုက္ခိုက္ေရးအင္အား ၇၀ ရာခုိင္ႏႈန္း ျပင္ဆင္ထားဟု ကန္ယူဆ


ဘယ္လာ႐ုစ္မွာ ျပဳလုပ္တဲ့ ႐ုရွား-ဘယ္လာ႐ုစ္ ပူးတြဲစစ္ေရးေလ့က်င့္မႈအတြင္း ေတြ႔ရတဲ့ ႐ုရွားစစ္သည္တဦး။ (ေဖေဖာ္ဝါရီ ၄၊ ၂၀၂၂)

(Zawgyi / Unicode)

ဒီလအလယ္မွာ ယူကရိန္းကို က်ဴးေက်ာ္စစ္ အျပည့္ဆင္ႏိုင္တဲ့ အေနအထား ရရွိၿပီး သမၼတ ပူတင္ ဆုံးျဖတ္ႏိုင္ေအာင္ ႐ုရွားစစ္တပ္ဟာ သူ႔ရဲ႕ တိုက္ခိုက္ေရးအင္အား ၇၀ ရာခုိင္ႏႈန္းကို ျပင္ဆင္ၿပီးျဖစ္တယ္လို႔ အေမရိကန္ တာဝန္ရွိသူေတြက ေျပာၾကပါတယ္။

လာမယ့္ ရက္သတၱပတ္ေတြမွာ က်ဴးေက်ာ္ဖို႔ သမၼတ ပူတင္က ရည္ရြယ္ပုံရတယ္လို႔ ဌာနတြင္းမွာ ယူဆသတ္မွတ္ထားတဲ့ ရည္ၫႊန္းခ်က္ေတြကို အမည္မေဖာ္လိုတဲ့ တာဝန္ရွိသူေတြက ေအပီသတင္းဌာနကို ေျပာၾကပါတယ္။

႐ုရွားရဲ႕ မဟာဗ်ဴဟာ ႏ်ဴကလီးယား စစ္ေရးေလ့က်င့္မႈကို ပုံမွန္အားျဖင့္ ရြက္ေႂကြခ်ိန္ ေအာက္တိုဘာလမွာ လုပ္ေလ့ရွိေပမယ့္ ေဖေဖာ္ဝါရီလလယ္နဲ႔ မတ္လအၾကားမွာ လုပ္ဖို႔ အစီအစဥ္ကို ေရႊ႕ထားတယ္လို႔ အဆိုပါတာဝန္ရွိသူက ေျပာပါတယ္။ ဒါကို အၫႊန္းအခ်က္တရပ္အျဖစ္ အေမရိကန္စစ္တပ္က ယူဆပါတယ္။

ယူကရိန္းကို အေမရိကန္ တိုက္ခိုက္ေရးတပ္ေတြ မပို႔ဘူးလို႔ သမၼတ ဘိုင္ဒန္က ေျပာထားပါတယ္။ ဒါေပမယ့္ ပိုလန္နဲ႔ ႐ုိေမးနီးယားကိုေတာ့ အေမရိကန္တပ္ေတြကို ထပ္ေစလႊတ္လိုက္ပါတယ္။

႐ုရွားကလည္း ေထာင္ခ်ီတဲ့တပ္ေတြကို ဘယ္လာ႐ုစ္မွာ ခ်ထားေနပါတယ္။ ေနတိုးအဖြဲ႔ဝင္ႏိုင္ငံေတြ ျဖစ္ၾကတဲ့ ပုိလန္၊ လစ္သူေယးနီးယားနဲ႔ လတ္ဗီးယားႏုိင္ငံတို႔က ဘယ္လာ႐ုစ္နဲ႔ နယ္စပ္ခ်င္းဆက္ေနတဲ့ ႏိုင္ငံေတြ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရုရှားစစ်တပ် တိုက်ခိုက်ရေးအင်အား ၇၀ ရာခိုင်နှုန်း ပြင်ဆင်ထားဟု ကန်ယူဆ

ဒီလအလယ်မှာ ယူကရိန်းကို ကျူးကျော်စစ် အပြည့်ဆင်နိုင်တဲ့ အနေအထား ရရှိပြီး သမ္မတ ပူတင် ဆုံးဖြတ်နိုင်အောင် ရုရှားစစ်တပ်ဟာ သူ့ရဲ့ တိုက်ခိုက်ရေးအင်အား ၇၀ ရာခိုင်နှုန်းကို ပြင်ဆင်ပြီးဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြပါတယ်။

လာမယ့် ရက်သတ္တပတ်တွေမှာ ကျူးကျော်ဖို့ သမ္မတ ပူတင်က ရည်ရွယ်ပုံရတယ်လို့ ဌာနတွင်းမှာ ယူဆသတ်မှတ်ထားတဲ့ ရည်ညွှန်းချက်တွေကို အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက အေပီသတင်းဌာနကို ပြောကြပါတယ်။

ရုရှားရဲ့ မဟာဗျူဟာ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို ပုံမှန်အားဖြင့် ရွက်ကြွေချိန် အောက်တိုဘာလမှာ လုပ်လေ့ရှိပေမယ့် ဖေဖော်ဝါရီလလယ်နဲ့ မတ်လအကြားမှာ လုပ်ဖို့ အစီအစဉ်ကို ရွှေ့ထားတယ်လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။ ဒါကို အညွှန်းအချက်တရပ်အဖြစ် အမေရိကန်စစ်တပ်က ယူဆပါတယ်။

ယူကရိန်းကို အမေရိကန် တိုက်ခိုက်ရေးတပ်တွေ မပို့ဘူးလို့ သမ္မတ ဘိုင်ဒန်က ပြောထားပါတယ်။ ဒါပေမယ့် ပိုလန်နဲ့ ရိုမေးနီးယားကိုတော့ အမေရိကန်တပ်တွေကို ထပ်စေလွှတ်လိုက်ပါတယ်။

ရုရှားကလည်း ထောင်ချီတဲ့တပ်တွေကို ဘယ်လာရုစ်မှာ ချထားနေပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ပိုလန်၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတို့က ဘယ်လာရုစ်နဲ့ နယ်စပ်ချင်းဆက်နေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG