သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားဆန္႔က်င္ေရး ယူကရိန္းနယ္စပ္ၿမိဳ႕မွာ ဆႏၵျပ


ယူကရိန္းနယ္စပ္ၿမိဳ႕ Kharkiv မွာ ႐ုရွားဆန္႔က်င္ေရး ဆႏၵျပေနၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားနယ္စပ္ကေန ၂၅ မိုင္အကြာမွာရွိတဲ့ ယူကရိန္းရဲ႕ ဒုတိယအႀကီးဆံုးၿမိဳ႕ Kharkiv မွာ တနဂၤေႏြေန႔က ႐ုရွားဝင္ေရာက္က်ဴးေက်ာ္မွာကို လက္မခံေၾကာင္း ေဒသခံ ေထာင္ေပါင္းမ်ားစြာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

အမ်ိဳးသားေရးအဖြဲ႔ေတြ ဦးေဆာင္စီစဥ္တဲ့ Unity March ညီညြတ္မႈျပသတဲ့ ခ်ီတက္ဆႏၵျပပြဲမွာ ကေလးငယ္ေတြနဲ႔ အသက္ႀကီးသူေတြပါ ပါဝင္ ခ်ီတက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဆႏၵျပသူတခ်ိဳ႕ဟာ ယူကရိန္းအလံကို လႊမ္းၿခံဳထားၾကသလို ႐ုရွားကို မလိုလားေၾကာင္းနဲ႔ ႏိုင္ငံေတာ္သီခ်င္းေတြ သီဆိုၾကၿပီး ၿဗိတိန္နဲ႔ အေမရိကန္ကို ေက်းဇူးတင္ေၾကာင္း ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ထားၾကတာပါ။

ရာသီဥတုက ေရခဲမွတ္ေအာက္ ေအးေနေပမယ့္ ေဒသခံေတြက Kharkiv ဟာ ယူကရိန္းျဖစ္ေၾကာင္း ေရးသားထားတဲ့ စာတန္းႀကီးကို ကိုင္ေဆာင္ၿပီး ၿမိဳ႕ရဲ႕ ပင္မရင္ျပင္ ၂ ခုၾကား ခ်ီတက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ယူကရိန္းနယ္စပ္မွာ ႐ုရွားက တပ္အင္အား တသိန္းေက်ာ္ ခ်ထားတာေၾကာင့္ ယူကရိန္းကို အခ်ိန္မေရြး ဝင္သိမ္းမွာကို အေနာက္ႏိုင္ငံေတြက စိုးရိမ္ေနၾကေပမယ့္ ႐ုရွားကေတာ့ ဒါကို ျငင္းဆိုထားတာပါ။

လူဦးေရ ၁ သန္းခြဲေက်ာ္ရွိတဲ့ Kharkiv ၿမိဳ႕ဟာ ယူကရိန္းၿမိဳ႕ေတာ္ Kyiv ကေန မိုင္ ၂၅၀ ေလာက္ေဝးၿပီး ႐ုရွားနဲ႔ နယ္စပ္ခ်င္းကပ္ေနတဲ့ ၿမိဳ႕ကေလး ျဖစ္ပါတယ္။ ယူကရိန္းမွာ ၂၀၁၄ က ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြ ယူကရိန္းအေရွ႕ပိုင္းက Donetsk နဲ႔ Lugansk ၿမိဳ႕ေတြကို သိမ္းခဲ့ခ်ိန္က Kharkiv မွာပါ အေျခေနေတြ ပရမ္းပတာ ျဖစ္ခဲ့ေပမယ့္ ယူကရိန္းတပ္ေတြက ျပန္ထိန္းထားႏိုင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရုရှားဆန့်ကျင်ရေး ယူကရိန်းနယ်စပ်မြို့မှာ ဆန္ဒပြ

ရုရှားနယ်စပ်ကနေ ၂၅ မိုင်အကွာမှာရှိတဲ့ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ Kharkiv မှာ တနင်္ဂနွေနေ့က ရုရှားဝင်ရောက်ကျူးကျော်မှာကို လက်မခံကြောင်း ဒေသခံ ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားရေးအဖွဲ့တွေ ဦးဆောင်စီစဉ်တဲ့ Unity March ညီညွတ်မှုပြသတဲ့ ချီတက်ဆန္ဒပြပွဲမှာ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေပါ ပါဝင် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတချို့ဟာ ယူကရိန်းအလံကို လွှမ်းခြုံထားကြသလို ရုရှားကို မလိုလားကြောင်းနဲ့ နိုင်ငံတော်သီချင်းတွေ သီဆိုကြပြီး ဗြိတိန်နဲ့ အမေရိကန်ကို ကျေးဇူးတင်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတာပါ။

ရာသီဥတုက ရေခဲမှတ်အောက် အေးနေပေမယ့် ဒေသခံတွေက Kharkiv ဟာ ယူကရိန်းဖြစ်ကြောင်း ရေးသားထားတဲ့ စာတန်းကြီးကို ကိုင်ဆောင်ပြီး မြို့ရဲ့ ပင်မရင်ပြင် ၂ ခုကြား ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်အင်အား တသိန်းကျော် ချထားတာကြောင့် ယူကရိန်းကို အချိန်မရွေး ဝင်သိမ်းမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြပေမယ့် ရုရှားကတော့ ဒါကို ငြင်းဆိုထားတာပါ။

လူဦးရေ ၁ သန်းခွဲကျော်ရှိတဲ့ Kharkiv မြို့ဟာ ယူကရိန်းမြို့တော် Kyiv ကနေ မိုင် ၂၅၀ လောက်ဝေးပြီး ရုရှားနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မြို့ကလေး ဖြစ်ပါတယ်။ ယူကရိန်းမှာ ၂၀၁၄ က ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ယူကရိန်းအရှေ့ပိုင်းက Donetsk နဲ့ Lugansk မြို့တွေကို သိမ်းခဲ့ချိန်က Kharkiv မှာပါ အခြေနေတွေ ပရမ်းပတာ ဖြစ်ခဲ့ပေမယ့် ယူကရိန်းတပ်တွေက ပြန်ထိန်းထားနိုင်ခဲ့ပါတယ်။

XS
SM
MD
LG