သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကိုကျူးကျော်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ကန်သမ္မတ ရုရှားကိုသတိပေး


အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံနေတဲ့ သမ္မတ ဘိုင်ဒန် (ဓာတ်ပုံ - ရိုက်တာ)
အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံနေတဲ့ သမ္မတ ဘိုင်ဒန် (ဓာတ်ပုံ - ရိုက်တာ)

ရုရှား က သူ ချထားတဲ့ စစ်အင်အား အလုံးအရင်း နဲ့ ယူကရိန်း ကို ဝင်တိုက်ခဲ့ရင်၊ လက်ရှိ ကမ္ဘာ့ အနေအထားတွေ က ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် က သတိပေးလိုက်ပါတယ်။

ယူကရိန်း နယ်စပ် မှာ ချထားတဲ့ ရုရှား ရဲ့ တိုက်ခိုက်ရေး တပ်တွေ က ၁၂၇၀၀၀ ရှိပါတယ်။ အဲဒီ တပ်အားလုံး ယူကရိန်း ကို ဝင်ရောက်ခဲ့ရင်၊ ဒါ ဟာ ဒုတိယ ကမ္ဘာစစ်အပြီး အကြီးမားဆုံး ကျူးကျော်စစ် ဖြစ်လိမ့်မယ်လို့လည်း သမ္မတ ဂျိုးဘိုင်ဒင် က ပြောသွားခဲ့ပါတယ်။ အဲဒီလို ဝင်ရောက်ခဲ့ရင် ရုရှားသာမက သမ္မတ ပူတင် အပေါ် ကိုပါ အမေရိကန် က ပြင်းပြင်းထန်ထန် ကြီးကြီးမားမား ပိတ်ဆို့ အရေးယူမယ် လို့ အမေရိကန် သမ္မတ ဘိုင်ဒင် က သမ္မတ ပူတင် ကို နှစ်ယောက်ချင်းရော၊ လူသိရှင်ကြားပါ သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။ အရင်လို တဖြည်းဖြည်း တိုးမြှင့် ပိတ်ဆို့သွားတာမျိုး မဟုတ်ဘဲ၊ အမြင်မားဆုံး ပိတ်ဆို့မှု ကို ချမှတ်လိုက်မှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ John Kirby က ပြောပါတယ်။

ဒါ့အပြင် အမေရိကန် တပ်သား ၈၅၀၀ ဟာလည်း နေတိုး အဖွဲ့ တပ်တွေ ရဲ့ အစိတ်အပိုင်းတစ်ရပ် အဖြစ် ရှိနေပြီး၊ အမြင့်မားဆုံး တပ်လှန့်ထားတယ်လို့လည်း သမ္မတ ဘိုင်ဒင် က ပြောသွားပါတယ်။

ရုရှား က သူ့ ရဲ့ နယ်စပ် မှာ နေတိုးတပ်တွေ နဲ့ လက်နက်တွေ ချထားလာမှာ ကို စိုးရိမ်နေပြီး၊ ယူကရိန်း က နေတိုး အဖွဲ့ဝင် အဖြစ် လျှောက်ထားတာ ကို လက်မခံဖို့ ရုရှား က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ နေတိုး ရဲ့ အဖွဲ့ဝင် ဘယ်သူ ဖြစ်နိုင်မနိုင် ဆုံးဖြတ်ရာမှာ ရုရှား ကို ဗီတိုအာဏာ ပေးမှာ မဟုတ်ဘူး လို့ နေတိုးအဖွဲ့ က ရုရှား ရဲ့ တောင်းဆိုချက် ကို ပယ်ချခဲ့ပါတယ်။ ရုရှား က သူ့ အလိုကျ အစိုးရ တစ်ရပ် ကို ယူကရိန်း မှာ တင်ချင်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး က ပြောဆိုခဲ့တာ ကို ရုရှား က ငြင်းဆိုထားပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskiy က ရုရှား ခေါင်းဆောင်တွေ နဲ့ တွေ့ဖို့ အစီအစဉ် ရှိသလို ပြင်သစ် သမ္မတ Emmanuel Macron ကလည်း ရုရှား သမ္မတ ပူတင် နဲ့ သောကြာနေ့ မှာ ဖုန်းဆက် စကားပြောဖို့ အစီအစဉ် ရှိပါတယ်။

...........................................................................................

တိုက်ရိုက် လင့်ခ်








XS
SM
MD
LG